{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, August 06, 2008

WE HAVE OPPOSITE POWE-(Click)

အမေရိကန် သမ္မတနှင့် မြန်မာအတိုက်အခံများ နေ့လယ်စာ အတူစားမည်
ဧရာဝတီ | သြဂုတ် ၅၊ ၂၀၀၈

အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ်သည် သြဂုတ် ၈ ရက်နေ့တွင်ကျင်းပမည့် ပေကျင်းအိုလံပစ် ဖွင့်ပွဲသို့ မသွားမီ သြဂုတ် ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြည်ပရောက် မြန်မာ အတိုက်အခံများနှင့် တွေ့ဆုံ၍ နေ့လယ်စာ အတူစား သောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


(ဓာတ်ပုံ - အေပီ)

“မြန်မာ အတိုက်အခံတွေနဲ့ တွေ့ပြီး နေ့လယ်စာစားရင်း သူတို့နဲ့ စကားပြော လိမ့်မယ်။ ပြီးတော့ ပြည်ပ အခြေစိုက် မြန်မာ မီဒီယာတွေကို အင်တာဗျူး ပေးပါလိမ့်မယ်။ အဲဒီမီဒီယာ တွေကို ပြည်တွင်းက နားထောင်နေကျ ဆိုတော့ ဘုရှ်အနေနဲ့ မြန်မာ ပြည်သူလူထုကို တိုက်ရိုက် သတင်းစကား ပါးနိုင်မယ့် သဘောပေါ့” ဟု အိမ်ဖြူတော် သတင်း ထုတ်ပြန်ရေး အရာရှိ ဒန်းနစ် ဝိုင်လ်ဒါက ပြောသည်။

သမ္မတဘုရှ်သာမကဘဲ သမ္မတ ကတော် လော်ရာဘုရှ်သည်လည်း ထိုင်း မြန်မာ နယ်စပ်၊ မဲဆောက်မြို့သို့ သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

လော်ရာဘုရှ်၏ မဲဆောက်ခရီးစဉ်အတွင်း နယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်သည့် မယ်လ ဒုက္ခသည်စခန်းနှင့် ဒေါက်တာ စင်သီယာမောင်၏ မယ်တော် ဆေးခန်းသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်း ထုတ်ပြန်သည်။

“ဘုရှ်အနေနဲ့ မြန်မာပြည်နဲ့ပတ်သက်လို့ တကယ်ကို စိတ်ဝင်စားတာဗျ။ သူနဲ့ လော်ရာဘုရှ် နှစ်ယောက်လုံး အရှေ့တောင် အာရှနိုင်ငံတွေထဲက နိုင်ငံတနိုင်ငံကို စိတ်ဝင်တစား ဂရုစိုက် တယ်ဆိုတာ ပြတာပဲ” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ချူလာ လောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာရှင် ထက်ထနီ ပွန်ဆူဒရစ်ခ် က သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယခုကဲ့သို့ အမေရိကန်သမ္မတနှင့် ပြည်ပရောက် မြန်မာအတိုက်အခံ ခေါင်းဆောင်များ တွေ့မည့် အရေးကိစ္စကို ကြိုဆိုသည်ဟု ဧရာဝတီသို့ ပြောသည်။

“ဒါ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အရေးကြီးတဲ့ ဆောင်ရွက်မှု တခုပဲ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ သံအမတ်ကြီးဟောင်းနှင့် ဝါရင့် နိုင်ငံရေးသမားကြီးတဦးဖြစ်သူ သခင်ချန်ထွန်းကလည်း “ဒီကိစ္စက မြန်မာ့ သမိုင်းမှာ ပထမဆုံးပဲ။ အရင်က ဒါမျိုးတခါမှ မကြုံဖူးဘူး။ အမေရိကန် သမ္မတအနေနဲ့ မြန်မာ အတိုက်အခံတွေနဲ့ တွေ့မယ် ဆိုတော့ ကြည့်ရတာ သူတို့ လင်မယား နှစ်ယောက်စလုံး မြန်မာ့ ဒီမိုကရေစီ အရေးကိစ္စကို ဘယ်လောက် ထောက်ခံ အားပေး ချင်နေတယ် မသိဘူး” ဟု ပြောသည်။

၂၀၀၃ ခုနှစ် ဇွန်လဆန်းက သမ္မတဘုရှ်သည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ် ချုပ်မှ လွှတ်ပေးသင့်ကြောင်းနှင့် မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေး ရန် မြန်မာစစ်အစိုးရကို တိုက်တွန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၀၃ ဇူလိုင်တွင် မြန်မာစစ်အစိုးရအား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန် လက်မှတ် ရေးထိုးခဲ့၏။

၎ နှစ်အကြာ၊ ၂၀၀၇ စက်တင်ဘာလ၌ မြန်မာပြည်အတွင်း သံဃာတော်များ ဦးဆောင် သော ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့ပြီးနောက်တွင် အမေရိကန် အစိုးရအနေနှင့် စစ်အစိုးရနှင့် ပတ်သက်နေသည့် မြန်မာစီးပွားရေးသမား တဦးစီကို ပစ်မှတ်ထား ဆောင်ရွက်သည့် စီးပွားရေးပိတ်ဆို့မှုကို ပြုလုပ်ခဲ့ပြန်သည်။

အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် တောင်းဆိုနေချိန်တွင် ယခုနှစ် မေလဆန်းက မြန်မာပြည် အတွင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြင်းထန်စွာ ဝင်ရောက်တိုက် ခိုက်သွားခဲ့ရာ မြန်မာ စစ်အစိုးရက အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများ၏ ကယ်ဆယ်ရေး လုပ်သားများ ဝင်ရောက် မှုကို ငြင်းဆန်ခဲ့သည်။

ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်ပြီး မကြာမီ အချိန်တွင် သမ္မတဘုရှ်က မြန်မာ့ရေပိုင်နက် နှင့် အနီးဆုံးနေရာသို့ ကယ်ဆယ် ရေးလုပ်သားများပါဝင်သည့် အမေရိကန် လေယာဉ်တင် စစ်သင်္ဘောများများ စေလွှတ်ကာ အဆင်သင့် စောင့်ဆိုင်းနေစေ ခဲ့သည်။ သို့ရာတွင် မြန်မာ စစ်အစိုးရက ယင်း စစ်သင်္ဘောများ ဝင်ရောက်မှုကို ငြင်းဆန်ခဲ့ပြန်သည်။

“သမ္မတ ဘုရှ်အနေနဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြား အာဆီယံနိုင်ငံတွေကိုပါ မြန်မာ့ ဒီမိုကရေစီ အရေးကိစ္စအတွက် ပါဝင်ဖို့ တွန်းအားပေးဖို့လိုပါတယ်။ မြန်မာပြည်နဲ့ ကုန်သွယ် မှု လုပ်နေတဲ့ နိုင်ငံတွေအားလုံးကို တိုက်တွန်းဖို့လိုတာပါ။ စစ်အစိုးရကို ရှုံ့ချနေရုံ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေရုံ လုပ်နေတာနဲ့တော့ မြန်မာပြည် ဒီမိုကရေစီရဖို့ လက်တွေ့ကျကျ ကြိုးပမ်းရာ မရောက်ပါဘူး” ဟု ထက်ထနီ ပွန်ဆူဒရစ်ခ်က ပြောသည်။
´