
- ရိပါလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းက ဒီနေ့ သူနဲ့ အတူ ရွေးကောက်ပွဲမှာဝင်မဲ့  ဒုတယသမ္မတ ကို ရွေးလိုက်ပါပြီ။ သူ ရွေးခြယ်မှုနဲ့ ပတ်သက်ပြီး လူတိုင်းက တအံတသြဖြစ်ခဲ့ကြတယ်။ သူ ရွေးလိုက်တာကတော့ အာလာစ်ကားမြို့ တော်ဝန် - ဆာရာ ပေးလင်း ဆိုတဲ့ အမျိုးသမီးတယောက်ကို ရွေးခြယ်ခဲ့လို့ ဖြစ်တယ်။ သူ ရွေးခြယ်မှု က အင်မတန်မှာ မဟာဗျူဟာမြောက်ကျတဲ့ရွေးခြယ်မှုဖြစ်တယ်။
- ပေးလင်း ဆိုတာကတော့ လှတယ်၊ငယ်တယ် ( မက်ကိန်းထက် အသက် ၃၀ ငယ်တယ် )။ ( ၁၉၆၄ ခုနစ် ဖေဖေါ်ဝါရီလ ၁၁ရက် နေ့ မှာမွေးတယ် ) ။ အလုပ် အလွန်လုပ်တယ်။ ကလေး ၅ယောက်မိခင်ဖြစ်တယ်။ အလွန် အလုပ်လုပ်တယ်။ ရီပတ်ကလင်ကန်ပါတီထဲမှာတော့ သူမဟာ သူပုန်မ လေးတယောက်ပါ။လူတွေက Best Shot ကောင်းလိုက်တဲ့ပြစ်ချက်လို့ တောင် ထုတ်ဖေါ် ချီးကြူးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
- အရှင်မွေးခြင်း နေကြီးခြင်းဆိုသလို သတင်းမီဒီယာတွေမှာ ပေးလင်းဆိုတာ ဘယ်သူလဲလို့ ဖြစ်လာကြတယ်။ မြန်မာပရိတ်သပ် အတွက်လည် အမေရိကန် ဒုတိယသမ္မတ ဖြစ်လာနိင်တဲ့ ပေးလင်းဆိုတာ ဘယ်သူလည်း ဆိုတာကို မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။
- ပေးလင်းဟာ အာလက်စကား မြို့ တော်ဝန်အဖြစ် လုပ်နေတာ ၂ နစ်မျှသာ ရှိပါသေးတယ်။ ဒီအချိန်မှာ မက်ကိန်းက ကွန်ကရက်မှာ လုပ်လာတာ ၂၅ နစ်တောင်ရှိနေပါပြီ။ မက်ကိန်း သူကို ရွေးခြယ်မှုနဲ့ ပတ်သက်လို့ စွန့် စားမှုတခုလို့  ရီပတ်ပလင်ကန် ပါတီဝင်တွေက မြင်ကြပါတယ်။ အသက် ၇၂ နစ်ရှိပြီဖြစ်တဲ့ မက်ကိန်းသာ မတော်တဆ သမ္မတအဖြစ်နဲ့ သေသွားရင်တော့ အတွေ့ အကြံနည်းလှသေးတဲ့  ပေးလင်းဟာ အမေရိကန် သမ္မတ ကြီးဖြစ်လာမဲ့ အနေထားပါ။
- မက်ကိန်းရဲ့  ဘုရှ်နဲ့ မခြားနားလှတဲ့ ပေါ်လစီတွေကြောင့် အမေရိကန် တွေကတော့ နားခေါင်းနည်းနည်းရှုံ့ ပါတယ်။ အထူးသဖြင့် အမျိုးသမီး တွေပါ။ အိုဘားမား ကန်ပိန်းရဲ့ ပြောရေး ဆိုခွင့်ရှိ Bill ကတော့ သူကတော့ ပေးလင်းကို လူ ၉ ထောင်လောက်ရှိတဲ့ မြို့ လေးက မြို့ ဝန် ၊ နိင်ငံတကာအတွေ့ အကြုံ သုည မျှသာရှိတဲ့ အမျိုးသမီးကို ဒုတိယသမ္မတ အဖြစ်ရွေးတာဟာ သမ္မတ ရွေးခြယ်မှု မရှု့ မလှ က ဝေးကွာ သွားစေတာပဲလို့ ဝေဖန်လိုက်ပါတယ်။
- ဒါပေမဲ့ မက်ကိန်းရဲ့  ခုလို စွန့် စားရွေးခြယ်မှုကတော့ အမျိုးသမီး မဲ ဆန္ဒ ရှင်တွေရဲ မဲ ကို ရသွားစေနိင်တယ်လို့ လည်း ယူဆသူတွေရှိပါတယ်။ ဒီမိုကရက်ပါတီက အကြံပေး ခရစ် ကော် ဖ နီစ်ကတော့ မက်ကိန်းရွေးခြယ်မှုကို သဘောကျနေပါတယ်။လေးနက်မှုရှိတယ်။ အမျိုးသမီးပရိတ်သပ်ကို ပြစ်မှတ် ထားတာ ပဲလို့ ထောက်ပြပါတယ်။ သူမကတော့ သူကိုရွေးခြယ်တာဟာ အမေရိကန်မှာ အမျိုးသမီးတွေကို မဲပေးခွင့်ပြုခဲ့ပြီး ၈၈ နစ်အကြာမှာ သူမကို ယုံကြည်မှုနဲ့ ရွေးခြယ်လိုက်တာပဲဖြစ်ပါတယ်လို့  အိုဟိုင်းပြည်နယ် ဒေတွန်မြို့  လူထုတရားပွဲမှာ သူမက ပြောခဲ့ပါတယ်။
- သူမက ဒီမိုကရက်ပါတီက မဲပေးသူတွေကို ပြစ်မှတ်ထားပြီး သူမအနေနဲ့ ဟီလာရီကလန်တန် နဲ့  ၁၉၈၄ ခုနစ်က ဒီမိုကရက် ဒုသမ္မတလောင်း( အမျိုးသမီး ) အဖြစ် ရွေးခြယ်ခံခဲ့ရတဲ့ ဂါဒါလင်း ဖဲရာရို တို့ ကို လေးစား ကြောင်း ထုတ် ဖေါ်ပြောဆိုခဲ့ပါတယ်။ သူက ဟီလာရီကလင်တန်ကို ကြက်သရေရှိတယ်။ခိုင်မာတဲ့ သံဌိဓါန် ရှိတယ် ချီကြူး ခဲ့ တယ်။ အမျိုးသမီး သမ္မတ ဖြစ်မှု က ပွဲမပြီးသွားသေပါဘူး။ သမ္မတ ဆိုရင် ကျားမှ ကျား ဆိုတဲ့ မှန်နဲ့ လုပ်ထားတဲ့ ဘာမဟုတ်တဲ့ မျက်နာကြက်ကို ငါတို့  အခုနဲ့ နောက်နောင်အတွက်ပါ ရိုက်ခွဲ လိုက်နိင်ပါတယ် လို့ ပြောခဲ့ပါတယ် ။ အမေရိကန်သမတရွေးကောက်ပွဲကတော့ ပွဲကြီးပွဲကောင်းဖြစ်လာပါတယ်။
- အိုဘားမားက ဒုတယသမတကို ဟီလာရီကလင်တန်ကိုမရွေးခဲ့မှု ကို လူအတော်များများက မနစ်မြို့ ခဲ့ကြပါဘူး။ ဟီလာရီကိုဂရုဏာသက်မှုတွေရှိခဲ့တယ်။ ဟီလာရီက အမျိုးသမီးဖြစ်နေတာရယ်၊ အတွေ့ အကြုံ ရှိတယ်။
မက်ကိန်းက ပေးလင်းကိုရွေးခြယ်မှုနဲ့ ပတ်သက်လို့ မီဒီယာတွေ နိင်ငံရေးအသိုင်းဝိုင်းမှာတော့ ပွက်လောရိုက် သွားပါတယ်။ ရီပတ်ပလင်ကန်တွေ ထောက်ပြတာက -
၁- ဒီမိုကရက်တွေတော့ ပျော်တော့မယ်။
၂- ပေးလင်းက ငယ်လွန်းတယ်။ လူဦးနည်းလှတဲ့ မဟာ ၀ါရှင်တန် နိင်ငံရေး အသိုက်အမြုံက အလွန်ဝေးလှတဲ့ အာလက်စကားဆိုတဲ့ မြို့ က မြို့ တော်ဝန်မျှ၊ ကျေးတောသူနဲ့  မဟာနေပြည်တော် ဟာ အလှမ်းကွာလွန်းလှတယ်။
၃- မက်ကိန်းက လူသန်း ၂၀၀လောက် ကံကြမ္မာကို ပေးလင်းကို တခါပဲ မြင်ဘူးယုံမျှနဲ့ ရွေးလိုက်တာဟာ တာဝန် မဲ့လွန်းလှတယ်။
၎- ပေးလင်းဟာ နိင်ငံရေးအတွေ့ အကြုံနဲ့ နိင်ငံတကာ နိင်ငံရေးအတွေ့ အကြုံ ဘာမှမရှိဘူးသာမန် ကျေးတော သူမျှ၊ ဒီကြားထဲ မက်ကိန်းက အသက် ၇၂ နစ်ရှိပြီ၊ ကင်ဆာ ၄ ကြိမ်ဖြစ်ခဲ့တယ်။ သမ္မတ ဘ၀နဲ့ အနိစ္စသွားရင် ပေးလင်း သမ္မတ ဖြစ်လာမယ်။ သူမ တာဝန်ယူနိင်ပါ့မလား စတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ အမေရိကန် ရေနံကုမဏီကြီး တွေကိုလည်း သူမက မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။ ပေးလင်း ကတော့ အပြုံးမပျက် ဒုတိယသမ္မတ တောင်းလောင်း ရွေးပွဲကို ရဲရဲဝံ၀ံ တက်လာပါပြီ။