{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, August 01, 2008

Tension and Opposite Correction Full-(Click)

ထိုင်းတရားစီရင်ရေးစနစ်နှင့်မြန်မာစစ်အစိုးရတရားစီရင်ရေးစနစ်
(သတင်းသုံးသပ်ချက်)
ကိုဝိုင်း/ ၁ သြဂုတ် ၂၀၀၈

အခွန်ရှောင်လွှဲမှု ကျူးလွန်ခဲ့သူ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ဇနီးအား ထိုင်းရာဇ၀တ်မှု ဆိုင်ရာတရားရုံးတခုက ထောင် ဒဏ် (၃) နှစ် ချမှတ်လိုက်ခြင်းသည် ထိုင်းနိုင်ငံသားများကိုသာမက ကမ္ဘာအနှံ့မှ ပြည်သူများကိုပါ အံ့သြသွားစေခဲ့သည်။ အထူးသဖြင့် နိုင်ငံရေးသြဇာ ငွေကြေးသြဇာ ကြီးမားသည် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ ဇနီးအား စီရင်ချက် ရဲရဲတင်းတင်းချလိုက်သည့် ထိုင်းတရားစီရေးကဏ္ဍကို ကမ္ဘာက အာရုံစိုက်စရာ ဖြစ်လာသည်။

မစ္စတာတပ်ဆင်ကို မြန်မာနိုင်ငံအပေါ် EXIM ဘဏ်က ငွေချေးသည့် ကိစ္စနှင့် ပတ်သက်ပြီး လာမည့် လတွင် တရားခွင်၌ စစ်ဆေးမှုများ စတင်မည်ဖြစ်ကြောင်း တရားရုံးတခုက ဆုံးဖြတ်ခဲ့ပြီး နောက် တရက်၌ ၎င်း၏ ဇနီးသည်အား စီရင်ချက် ချခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသည့် တရားစီရင်ရေးစနစ်အား မြန်မာနိုင်ငံ၏ လက်ရှိ တရားစီရင်ရေး စနစ်နှင့် နှိုင်းယှဉ်ဖော်ပြနိုင်ရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ အတွင်းရေးမှူး ဦအောင်ထူးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းတို့ကို ခေတ်ပြိုင်က မေးမြန်း ခဲ့သည်။

ဦးအောင်ထူးက “ဒီကိစ္စက ထိုင်းနိုင်ငံမှာ စံထားလောက်တဲ့ မှုခင်းဖြစ်သွားတယ်။ ထိုင်းတနိုင်ငံလုံးမှာ shock ဖြစ်သွားတယ်။ သတင်းစာတွေမှာ အကြီးအကျယ် ရေးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာ တဦးချင်းအရ ပြောမယ်ဆိုရင် နိုင်ငံရေးအရ၊ ငွေကြေးအရ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ်က မစ္စတာတပ်ဆင်ပဲ။ လက်ရှိတက်နေတဲ့ ပါတီကလည်းပဲ သူ့ပါတီလို့ ပြောလို့ရတယ်။ တရား စီရင်ရေးဟာ မှန်မှန်ကန်ကန် အလယ်က ရပ်ပြီးတော့ ခုလို သီးသန့်လုပ်ခဲ့တဲ့ကိစ္စက စိတ်ဝင်စားဖို့ ကောင်းတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ ဖြေရှင်းပုံမှာ တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေးကို လွတ်လပ်စွာ ရပ်တည်စေပြီး အုပ်ချုပ်ရေးအပိုင်း၏ လုပ် ဆောင်ချက်များကိုသာမက အတိုက်အခံများ၏ လုပ်ဆောင်ချက်များကိုလည်း ကြီးကြပ်စေခြင်း ဖြစ်ကြောင်း၊ ထိုနည်းလမ်းကို ထိုင်းနိုင်ငံရှိ ပြည်သူအများစုကလည်း လက်ခံလာနေကြပြီ ဖြစ်ကြောင်း ဦးအောင်ထူးက ယူဆသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း ထိုင်းနိုင်ငံသည် ဥပဒေစိုးမိုးမှု ပိုရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဥပဒေစိုးမိုးမှု အလွန်အားနည်းပြီး ပြည်သူများ၏ မူလအခွင့်အရေးသည် ပင် ပိတ်ပင်ခံနေရကြောင်း ပြောသည်။

ဦးဥာဏ်ဝင်းက “ဘာပဲဖြစ်ဖြစ် ယိုးဒယားအနေနဲ့ တရားဥပဒေ စိုးမိုးမှုရှိတယ်။ တရားဥပဒေ စိုးမိုးမှု ရှိလို့သာ နိုင်ငံ့ဝန်ကြီးချုပ်ဟောင်းရဲ့ဇနီးက တရားဥပဒေရဲ့ အဆုံးအဖြတ် ခံယူရတယ်လို့ ကျနော်တို့ အဲဒီလို ပြောနိုင်ပါတယ်။ သူတို့ဆီမှာ ဒီမိုကရေစီရှိတယ်။ ရှိလို့လည်း ဆန္ဒပြခွင့် ဆန္ဒထုတ်ဖော်ခွင့် တွေဟာ ကျနော်တို့ အမြဲတမ်း သတင်းထဲ မြင်နေရတယ်။ ဒီမိုကရေစီ အနေအထားကတော့ မြန်မာနိုင်ငံထက်တော့ သာတာပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ဘာဒီမိုကရေစီမှမရှိဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံက ၎င်း၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနေပုံအား မြန်မာနိုင်ငံသားများအနေဖြင့် လေ့လာသင့်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေးယန္တရားသည် လွတ်လပ်ရေးရပြီးနောက် ယန္တရားများအနက် အဆိုးဆုံးဖြစ်ကြောင်း၊ အာဏာပိုင်များ၏ လွှမ်းမိုးမှုကိုခံနေရသည်သာမက အဂတိလိုက်စားမှုများလည်း ရှိနေကြောင်း ဦးအောင်ထူးက ထောက်ပြသည်။

ဦးအောင်ထူးက “လက်ရှိ တရားစီရင်ရေးက လုံးဝပျက်စီးသွားပြီ။ တပြည်လုံးမှာ အမြင့်ဆုံးလို့ ပြော ရမယ့် တရားသူကြီးချုပ်တွေကို ဘယ်အခါမှာ ခန့်မယ်၊ ဘယ်လိုဖြုတ်မယ်ဆိုတာ ဥပဒေမရှိဘူး။ ခန့်ချင်သလိုခန့်တယ်၊ ဖြုတ်ချင်သလိုဖြုတ်တယ်။ တရားသူကြီးချုပ်တွေကိုတောင် ဖြုတ်ချင်တိုင်း ဖြုတ်လို့ ရတယ်ဆိုတော့ တရားစီရင်တဲ့ ကဏ္ဍတခုလုံးက အာဏာပိုင်တွေကို ရာနှုန်းပြည့် ကြောက်ရ တဲ့အနေအထား ဖြစ်သွားတယ်။ ဥပဒေအတိုင်း စီရင်ချက်တွေမလုပ်ဘဲ ရေးချင်သလိုရေးပြီး စီရင် ချက်တွေချနေတာ၊ ဒီထက်ပိုဆိုးတာက လဘ်စားမှုအပိုင်း။ ဘယ်လောက်ထိအောင် ဆိုးလည်း ဆိုတော့ တရားစီရင်မှု ပရ၀ုဏ်ထဲက ရဲအချုပ်ခန်းကနေ တရားခံကို တရားရုံးဆီကို ပို့ဖို့တောင်မှ ပိုက်ဆံမပေးရင် ရုံးရှေ့ကို မခေါ်ပေးဘူး” ဟု ပြောသည်။

ထို့အပြင် မြန်မာစစ်အစိုးရက အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်သည်လည်း ပျက်စီး နေသော လက်ရှိ တရားရေးစနစ်ကိုသာ ဆက်လက်အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံသားများအတွက် မည်သည့်အခွင့်အရေးမျှ အာမခံထားခြင်း မရှိကြောင်း၊ အခွင့်အရေး ချိုး ဖောက်ခံရသည့် နိုင်ငံသားများအတွက် အကာကွယ်ပေးမည့် တရားစီရင်ရေး အာမခံချက်လည်း မရှိသဖြင့် အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံအား လက်မခံဘဲ စစ်မှန်သည့် ဥပဒေလမ်းကြောင်းကိုသာ ပုံဖော်သွားသင့်ကြောင်း ဦးအောင်ထူးက ပြောသည်။

ဦးအောင်ထူးက “နအဖရဲ့ ဖွဲ့စည်းပုံအောက်မှာတော့ ဒီလို အခွင့်အရေးမျိုးတွေ လုံးဝ ရနိုင်စရာ အကြောင်းမရှိဘူး။ ဘယ် section ကို ကိုင်ပြီး ဒါ ငါတို့အခွင့်အရေးလို့ ပြောစရာကို မရှိဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးထားတယ်ဆိုတာက အောက်မှာပါတယ်။ အပေါ်မှာက နိုင်ငံတော်ရဲ့ လုံခြုံရေးအရ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေများနှင့် မဆန့်ကျင်လျှင်ဆိုတဲ့ဟာကြီးက ကန့်သတ်ထားတဲ့အတွက် ဘာမှပြောလို့မရတော့ဘူး။ အဲဒီတော့ ဖွဲ့စည်းပုံလမ်းကြောင်းအပြင်ကနေ ပြီးတော့ ဒီဖွဲ့စည်းပုံကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို လက်ညှိုးထိုးပြပြီး တိုက်ပွဲဝင်သွားပြီးတော့ စစ်မှန်တဲ့ ဥပဒေလမ်းကြောင်းကို ပုံဆောင်သွားတာသာ အကောင်းဆုံးဖြစ်တယ်” ဟု ပြောသည်။

စင်စစ် ထိုင်းတရာစီရင်ရေးစနစ်သည် ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက်မှ လွတ်လပ်သည် မဟုတ်၊ ထိုင်းစစ်အစိုးရ လက်ထက်မှာပင် စစ်အစိုးရ၏ သြဇာလွှမ်းမိုးမှုအောက်က ကင်းလွတ်ခဲ့ သည်။ မကြာခင်ကလည်း ၀န်ကြီးချုပ်ဟောင်း တပ်ဆင်၏ အမှုလိုက်ပေးသည့် ရှေ့နေ (၃) ဦးက တရားခွင်မှာပင် တရားသူကြီးအား ဒေါ်လာ (၆) သောင်းနှင့် ညီမျှသည့် ဘတ်ငွေများကို ပြောင် လာဘ်ထိုးရန် ကြိုးစား၏။ ထိုရှေ့နေ (၃) ဦးလုံးကို တရားသူကြီးက ထောင် (၆) လစီ ချလိုက်သည်။ ထိုအချိန်မှစပြီး တပ်ဆင်အတွက် လိုက်ပေးသည့် ရှေ့နေအင်အား လျော့ကျသွားသည်ဟု လေ့လာ သူများက သုံးသပ်သည်။ ။

´