
- အခြေခံအားဖြင့်တော့ ဒီကမ္ဘာမှာ လူနှစ်မျိုး နှစ်စားရှိပါတယ် ။
- အခြေအနေကို ဖြစ်လာအောင် ဖန်တီးယူတဲ့သူ နဲ့  ဖြစ်လာမှ တုံ့ ပြန်တဲ့သူ ၊ သူတို့ ဘ၀အတွက် တာဝန်ယူတဲ့သူ နဲ သူများကို လွဲချတဲ့သူ ၊ ဖြစ်အောင်လုပ်ယူတဲ့သူ နဲ့  ဖြစ်မှရယူတဲ့သူ တို့ ပဲ ဖြစ်ပါတယ် ။
- ဖြစ်အောင် ဖန်တီးမလား ၊ ဖြစ်မှ တုံ့ ပြန်မလားဆိုတာကို ရွေးချယ်ဖို့  အခွင့်အလမ်း(၁၀၀)လောက်ဟာ အသင်တို့ နားမှာနေစဉ် ရှိကြတာပါပဲ။ ရာသီဥတု့ ဆိုးတာ ၊ အလုပ်ရှာမရတာ ၊ ကိုယ်ရဲ ရှင်ပြိုင်ဖက်ကို ရှုံးသွားတာ ၊ စာမေးပွဲကျတာ စသဖြင့်ဒါမျိုးတွေကြုံရမယ့် အရာမျိုးတွေကို အသင်က ဖြစ့်လာမှပဲ တုံပြန်မှာလား ။ ကိုဖြစ်ချင်သလို ဖြစ့်အောင် ဖန်တီး ယူမှာလား။ ရွေချယ်ရမှာ မိမိရဲ့  အလုပ်ပါ။ အဲဒီ ရွေးချယ်ခွင့်ဆိုတာလဲ တကယ်ကိုရှိတာပါ။
- ဖြစ်မှ တုံ့ ပြန်တတ်သူတွေက ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဆန္ဒအရ ရွေချယ်မှုတွေကို ပြုလုပ်ပါတယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်သူတွေပေါ့။ သူတိုဟာ အဖုံးဖွင့်လိုက်ရင် ဖေါင်းကနဲ အမြုပ်တွေ ဆူတတ် လျှံကျလာတတ်တဲ့ အချိုရည်ဘူးနဲ့ တူပါတယ်။ ဘ၀က သူတို့ ကိုနည်းနည်း လှုပ်ခါလိုက်တာနဲ့  ဖိအားတွေမြင့်တက်လာပြီး ပေါက်ကွဲတော့တာပါပဲ။
- ဖြစ့်အောင် ဖန်တီးတဲ့ သူတွေကြတော့ တန်ဖိုးထားမှုအပေါ်မှုတည်ပြီး ရွေးချယ်မှုကို ပြုလုပ်ပါတယ်။ သူတိုက မလုပ်ခင်မှာ စဉ်းစားကြတယ်။ ဖြစ်ပြီးသမျှ ဖြစ်သွားခဲ့သမျှ အရာအားလုံးအပေါ်မှာ သူတို့ ထိန်းချုပ်လို့  မရဘူးဆိုတာကို သူတို့ သိကြတယ်။ ဒါပေမယ့် သူတို့  ဖန်တီးလုပ်ကိုင်တဲ့ အရာတွေကို သူတို့  ထိန်းကွပ်နိင်တာကိုလဲ သူတို့  သိကြပါတယ်။
- ဖြစ်လာမှ စိတ်လက်မာန်ပါ တုံ့ ပြန်တတ်တဲ့ သူတွေဟာ ဆူဝေနေတဲ့ အမြုပ်တွေလိုပါပဲ။ သူတို့ နဲ့  မတူုတာကတော့ ဖြစ့်အောင် ဖန်တီး လုပ်ဆောင်တတ်သူတွေဟာ ရေနဲ့  အလားသဏ္ဌန် တူနေပါတယ်။ ကြိုက်သလောက်လှုပ်၊ ကြိုက်သလိုခါ၊ ပြီးတော့ အဖုံးကို ဖွင့်လိုက်၊ အချိုရည်ဘူးလို အမြုပ်တွေ လျှံဝေစီကျလာမယ် ထင်သလား။ သူကရေလေ။ ဘာမှဖြစ့်မှာ မဟုတ်ဘူး။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့  စီမံကွပ်ကဲ လုပ်ဆောင်မဲ့သူမျိုး။
- ကိုယ့်ကို ဒုက္ခပေးမယ့်၊ ကိုယ်ဘ၀ကို ဖျက်ဆီးမယ့် လုပ်ရပ်မျိုးကို ဘယ်သူကိုမှ့  လုပ်ခွင့်ပြုမှာ မဟုတ်ဘူး။
- ဖြစ်အောင်ဖန်တီးသူနဲ့  ဖြစ်မှတုံ့ ပြန်သူတို့ အကြားရှိ ခြားနားမှုကို သူတို့ ပြေားလေ့ရှိတဲ့ စကားတွေနဲ့  ကြားသိ့နိင်ပါတယ်။
- ဖြစ်လာမှ တုံပြန်တတ်သူတွေ ပြေားလေ့ရှိတဲ့ စကားက ဒီလိုပါ။
“ ဒါ ငါလေ၊ ဒါ ငါလုပ်နည်း ကိုင်နည်းပဲ ပေါ့ ” သူတို့ တကယ်ပြေားမှာက ဒီလိုပါ။ “ ငါ လုပ်ပုံ ကိုင်ပုံအတွက် ငါမှာ တာဝန်မရှိဘူး၊ ငါ ပြောင်းလဲ မပြောင်;နိင်ဘူး၊ ဒီနည်း ဒီပုံ အတိုင်းလုပ်ဖို့  ငါကို ကြိုပြေားထားကြတာ ” ဒါမှမဟုတ် ဒီလိုဖြစ်မယ်။ ဟူး အများကြီးထင်ပါတယ်၊ ငါဘ၀ကို မင်းပဲ ဖျက်ဆီးတာလေ ” သူတို တကယ်ပြေားမှာက “ ငါစိတ်ကို ငါမနိင်ဘူး ” ဖြစ်ပါမယ်။
- ဖြစ်မှ တုံ့ ပြန်တတ်တဲ့လူရဲ့  စကားက အသင်ထံမှ အင်အားတွေ နုတ်ယူစေနိင်တာကို သတိပြုပါ။ တစ်စုံတရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ကိုယ်ရဲ့ အင်အားတွေ ပေးအပ်သလို ဖြစ်နေတာကိုလဲ သိထားပါ။
- ဖြစ်လာမှ တုံပြန်တယ်ဆိုတာ အသင်ဘ၀ အတွက် အဝေထိန်း ကိရိယာကို အခြားတစ်စုံတစ်ယောက်ကို ပေးလိုက်သလိုပါပဲ၊ နောက်ပြီးတော့ မင်းကြိုက်တဲ့ အချိန်ကိုသာ ပြေား ၊ ငါ့ စိတ်ဆန္ဒတွေဟာ မင်းအလိုကျ ပြောင်းဖို့ အဆင်သင့်ပါလို့  ပြေားနေသလိုဖြစ်နေပြီ။ ဒါပေမဲ့ ဖြစ်အောင်ဖန်တီးသူရဲ့  စကားကတော့ အဝေးထိန်းကိရီယာကို အသင်ရဲ့  ကိုယ်ပိုင်လက်အစုံထဲ ပြန်ထည့်ပေးမှာပါ။
- ဖြစ်လာမှ့  တုံ့ ပြန်ခြင်းထက် အခြေအနေအရ ဖြစ်အောင်ဖန်တီးတတ်သူတွေဟာ လူတစ်မျိုးတွေပါပဲ။ ဘယ်လိုလူတွေလဲ ဆိုတော့ -
ဖြစ်အောင် ဖန်တီးတတ်သူတွေဟာ -
“ အလွယ်တကူနဲ့  စိတ်အနှောက်အယှက် မဖြစ်ကြဘူး ”
“ သူတို့ ရဲ့ ရွေးချယ်မှုတွေအတွက် တာဝန်ယူကြတယ် ”
“ မလုပ်ခင်မှာ စဉ်းစားတယ် ”
“ ဆိုးဆိုးရွားရွား ဖြစ်လာတဲ့ အခါမှာလဲ ပြန်ပြီး ဦးမော့အောင် လုပ်ဆောင်တတ်တယ် ”
“ ဖြစ်လာသမျှအပေါ် အောင်မြင်ဖို့ နည်းလမ်းကို အမြဲတမ်းရှာတတ်တယ် ”
“ ဖြစ်နိင်တာကိုပဲ အာရုံဖိုက်တယ် ”
- မဖြစ်နိင်တာနဲ့ ပတ်သက်လို့  တွေးပူမနေဘူး ၊ ဖြစ်အောင် ဖန်တီးယူခြင်းမှာလည် လက္ခဏာနှစ်ရပ်ရှိတာကို တွေ့ ကြရမှာပါ။ ပထမ လက္ခဏာက မိမိဘ၀ အတွက် မိမိက တာဝန်ယူခြင်း၊ ဒုတိယက “ လုပ်နိင်တယ် ” ဆိုတဲ့ သဘေားရှိခြင်းပါပဲ ။ လုပ်နိင်တယ်ဆိုတာဟာ “ မလုပ်နိင်ဘူး ”ဆိုတာနဲ့  အလွန်ပဲ ကွဲပြားခြားနားပါတယ်။
- အသင်တို့  တစ်ဦးစီဟာ ဘ၀ခရီးတစ်လျှောက်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ စိန်ခေါ်မှုတရပ်ကို ရင်ဆိုင်ရမှာပါပဲ။ ဒီစိန်ခေါ်မှုတွေကို ပိုင်နိင်စွာ ကိုင်တွယ်ဖြေရှင်းမလား ၊ အလျှော့ပေး အညံခံမလား ၊ မိမိတို့ ရွေးချယ်နိင်မှာပါ။
“ အကြောင်းအရာ တခုလုံးကို ဒီလို သုံးသပ်နိုင်ပါတယ် ”
“ ကျွှန်ုပ်တို့ ၏ အောင်မြင်မှု၊ မအောင်မြင်မှုကို ကျွှန်ုပ်တို့  ကိုယ်တိုင်မှလွဲ၍ ဘယ်သူမှ ဖန်တီးပြုလုပ်ပေး၍ မရပေ။ အရာရာကို ဖန်တီးပြုလုပ်နိင်သေား စွမ်းပကားရှင်မှာ ကိုယ်သာဖြစ်သည်။ ကျွှန်ုပ်ရှေရှိ မည်သည့် ခလုပ်ကသင်းကိုမဆို ကျွှန်ုပ်ရှင်းထုတ်နိင်ပါသည်။ သို့ မဟုတ် ဘ၀ ၀င်္ကပါထဲတွင် ဒူထောက်လက်မြှောက် အရှုံးပေးနိုင်သည်။ ကျွှန်ုပ်၏ ရွေချယ်မှု၊ ကျွှန်ုပ်၏ တာဝန်၊ အနိင်သို့ မဟုတ် အရှုံး။ ကျွှန်ုပ်ဘ၀၏ သော့ကိုင်မှာ ကျွှန်ုပ်သာလျှင် ဖြစ်သည်။ ”
“ ဒီတော့ အသင်ကို မေးပါရစေ ”
“ အသင် ဘ၀မှာ အသင်က ဒရိုင်ဘာထိုင်ခုံမှာ နေမှာလား ”
“ ခရီးသည် အဖြစ်ပဲ လိုက်မှာလား ”