{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Saturday, August 23, 2008

အချိန်ရပါက ၀င်ရောက်ဖတ်ခဲ့ပါလို့  ဖိတ်ခေါ်ပါသည်။

" ညဏ်မပါသေား စေတနာရှင်၏ဒုတ္ခ "

လူ့ ဘ၀၌ စိတ်ကောင်းနှလုံးကောင်းမွေး၍ အများအကျိုးကို ဆောင်ရွတ်တတ်သူသည် " လူတော် " သို့ မဟုတ် စိတ်ကောင်းစေတနာကောင်းရှိ၍ အများအကျိုးကို ဆောင်သူုဟု ဆိုအပ်ပေသည်။ သို့ သော် ထိုလူတော် များ သည် " သဒ္ဓါတရား " ရှိသည်မှန်ပါ၏။ သဒ္ဓါတရားကို ပညာဖြင့် ထိမ်းကွပ်မှသာ ကိုကျိုးစီပွားလည်း မဆုတ်ယုတ်၊ အများအကျိုးအတွက်လည်း ဖြစ်ထွန်းနိင်လောက်သည်။

ဤလောကကြီး၌ ကိုချင်းစာတရားဖြင့် လိမ္မာရေးခြားရှိသေား လူတော်လူကောင်းများသာနေသည် မဟုတ် လူဆိုး ၊ လူသွမ်း ၊ လူသရမ်း ၊ လူကောက်ကျစ် ၊ လူဖျက်ပိုးများလည်း ရှိကြလေသေးသည်။ ထိုသူတို့ ၏ လှည့်ပတ်ခြင်း၊ နှိပ်စက်ခြင်းမခံဖို့ ရာ သဒ္ဓါတရားနှင့် စိတ်ကောင်းစေတနာရှိသေား လူတော်တို့  သတိပြ ဖွယ်ရာဖြစ်ကြောင်း အောက်ဖေါ်ပြပါ ဖြစ်ရပ်က သက်သေခံလျှက်ရှိပေသည်။

အစိုးရရုံး တရုံး၌ လှထွန်းသည် ဌာနဆိုင်ရာ အရာရှိကြီး တစ်ဦး၏ လေးဘီးကားကို မောင်းရသောအလုပ်ကို ၀င်ရောက်လုပ်ကိုင်စဉ်ကဖြစ်သည်။ ဌာနဆိုင်ရာ လူကြီးက လှထွန်း၏ ရိုးပုံ အေးပုံ ကိုသဘေားကျသည်။ ဓါတ်ဆီထည့်ပေးထားလျှင် မည်သည့်အခါမှ ဓါတ်ဆီကို လိုသည်ထက် ပို၍မလျှောစေရ။

ဌာနဆိုင်ရာ လူကြီးက မုန့် ဖိုးပေးလျှင်ယူသည်။ စောင့်နေဆိုလျှင် နေသည်။ လိုက်ပို့ ဆိုလျှင် ပို သည်။ ရုံးချိန်ရယ် ဘာရယ်မဟုတ်၊ လှထွန်မှာ ရိုးရိုးကုတ်ကုတ် သူ့ ဝါသနာအတိုင်း စနေ၊ တနင်္ဂနွေ ပါမကျန် တာဝန် ၀တ္တရားကိုကျေပွန်အောင် ထမ်းရွက်လေသည်။

ထိုကြောင့် ဌာနဆိုင်ရာ လူကြီးသည် လှထွန်းကို ချစ်လည်းချစ် သနားလည်း သနားလေသည်။ လှထွန်း ကလည်း သဘေားကောင်း မနေားကောင်း စိတ်ရှည်သူပင်ဖြစ်ရာ ထိုဌာနဆိုင်ရာ လူကြီးတို့ မှာ အတော်ပင် အလွှမ်းသင့်နေကြလေသည်။

" ကျွှန်တော် အရာရှိက သိပ်သဘေားကောင်းတာဗျ၊ ကျွှန်တော်ကို လိုတာပြေားလို့  အမြဲပြေားပါတယ်၊ ကျွှန်တော် ကလဲ ဘာမှ့  မလိုတော့ ပြေားစရာမလိုဘူပေါ့ "

ဟု လှထွန်းက ကျွှန်တော်တို့ ကိုပြန်၍ ဖောက်သည်ချခဲ့လေသည်။ ထိုစဉ်က ယာဉ်မောင်းလစာအပြင် အချိန်ပိုခ၊ လူကြီးကပေးသော မုန့် ဖိုးဖြင့် လှထွန်း ဘ၀မှာ ပြေလည်နေပါသေးသည်။

သို့ သော် လှထွန်းတွင် ၀ါသနာတစ်ခု့ ရှိသည်။ လူကြီးက စေခိုင်းသေား လမ်းတွင် လူကြီးမပါဘဲ လေးဘီးကား နှင့် သူတစ်ယောက်တည်းဖြစ်ပါက ကားမှတ်တိုင်မှ ရဟန်းတော်များ၊ ကိုယ်ဝန်ဆောင်များ၊ ခလေးအမေများကို လမ်းကြုံက တင်ခေါ်ကာ ကူညီတတ်သည်။ န၀လီတင်ခြင်းမျိုးလည်း မဟုတ်။ ခလေးပါလျှင် ကားခမယူသည့် အပြင် သူပင် မုန့် ဖိုးအိပ်ထဲက ပေးလိုက်သေးသည်။

ရှာပါဘိ။ ဤလိုစိတ်ရင်း စေတနာကောင်းသေား လူတော်မျိုးများများရှိသင့်သည် ဟူ၍ပင် ကျွှန်တော်တို ထိုစဉ်က ထင်ခဲ့၏။ သို့ သော် တနေ့ တွင် လှထွန်း ကြုံတွေရသေား ဒုတ္ခကြောင့် ကျွှန်တောပင် ထိတ်လန် သွားမိပါတော့သည်။

ဖြစ်ရပုံမှာ ဌာနဆိုင်ရာ လူကြီးက လှထွန်းကို တစ့်နေ့ နံနက် စေားစေားတွင် သံလျှက်စွန်းသို့  လိုက်၍ ပို့ ခိုင်း၏။ထိုနောက် အစည်းအဝေးရှိသဖြင့် ညနေမှ့  လာကြိုရန်နှင့် ဆူလေအ၀ိုင်းနားရှိ ရုံးတွင် ကာနှင့်အတူ စောင့်နေရန် ဖုန်းဆက်ခေါ်မှ့  လာရန် မှာကြားလိုက်သည်။

လူကြီးကို ပို့ ခဲ့ပြီး လှထွန်းသည် သံလျှက်စွန်းမှ့ သူကားကို မောင်းကာ ပြန်လာခဲ့၏။ ဤတွင် သံလျှက်စွန်းမှ့  အထွက် ညောင်တန်းမှတ်တိုင်နားတွင် တိုက်ပုံအင်္ကျီခဲရောင်နှင့် လူ၀၀ဖြူဖြူ တစ်ဦးက လက်တား၍ ရပ်ပေးလိုက်သည်။ လူ၀၀ဖြူဖြူက " ဘယ်သွားမလို့ လဲ " ဟု မေး၏။ " ဆူလေသွားမလို့ "

" လိုက်လို့  ရမလား၊ အရေးကြီးလို့ ပါ၊ ဘယ်လောက်ပေးရမလဲ "

" ဟာ မပေးပါနဲ့  ကျွှန်တော်က အဲဒိပြန်မှာ၊ တက်ဦးလေးလာ "

ဘီ ၆၀၀ လေးဘီးကားခေါင်းခန်းကို ဖွင့်၍ ပေးလိုက်၏။ လူ၀၀ဖြူဖြူက ကားပေါ်တက်လာသည်။ထွေရာလေးပါး စကားပြေားကြရင်း ခင်သွားသည်။ အနော်ရထာ လမ်းအတိုင်းမောင်းလာရာ ၅၃-လမ်းနား ရောက်သေားအခါ

" ညီလေးရေ ၀ယ်စရာ တစ်ခု့ ရှိလို့  ရေကျော်ဈေးခဏ၀င်ပေးပါလား "

လှထွန်းက နာရီကြည့်၍-

" ရတယ်ဝင်လေ၊ ကျွှန်တော် လူကြီးက ညနေမှ ကြိုရမှာ "

ရေကျော်ဈေးဘေး မောင်အေးလက်္ဘရည်ဆိုင်ရှေ့ တွင် ကားရပ်လိုက်သည်။

" ညီလေး အစ်ကို ခြေထောက်တစ်ဖက် နာနေလို့  မရိုမသေ ဒီဈေးထဲက ပန်းလိပ်စက္ကူဝယ်ပေးပါလား "

" ဘယ်နားက ဆိုင်မှာလဲ "

" ဒီဈေးရုံထဲမှာတင်ပါ "

" ရတယ်လေပေး "

တိုက်ပုံအင်္ကျီခဲရောင်နှင့် လူက အိတ်ထမြှ နှစ်ရာတန် တစ်ရွက် ထုတ်ပေးလိုက်သည်။ လှထွန်းက လေးဘီးကားကို သော့တန်းလန်းနှင့်ထာခဲ့ကာ ရေကျော်ဈေးထဲဝင်ရှာသည်။


ပန်းလိပ်စက္ကူဆိုင် ရေကျော်ဈေးတွင် မရှိပါ။ ဈေးရုံက သုံးရုံသာရှိသည်။ ရေကျော်လမ်းမဘက်က ရုံက အ၀တ်အထည်နှင့် ကုန်မျိုးစုံဆိုင်များ နောက်တစ်ရုံက သားငါရောင်းသည့် အတန်း။

" ပန်းလိပ်စက္ကူ " ကို တစ်ဆိုင်မေး တစ်ဆိုင်ထွက်နှင့် ဈေးရုံသုံးရုံသာ နှံသွားသည်။ မတွေ့ ။ လှထွန်း ရေကျော်ဈေးထဲမှ ထွက်လာသည်။

သူမောင်းလာသော လေးဘီးကား မရှိတော့။

"သူက ကားမောင်းတတ်တယ်ထင်တယ်။ တစ်နေရာသွားပြီး လက္ဘ်ရည်သောက်နေလား"

လှထွန်း နာရီဝက်လောက် စောင့်သည်။ အနီးအပါမှ ဆိုက္ကာသမားများ ကွမ်းယာဆိုင်များ မေးကြည့်သည်။

" အပါး ငါညီ မင်းကား ခိုးသွားတာနေမှာပေါ့ "

ဆိုက္ကာသမား တစ်ဦးစကားကြားမှ ငယ်ထိပ်မွေပေါက်သလို ခံစားရသည်။ သူနား လူ များဝိုင်းလာသည်။

သည်တော့မှ လှထွန်းက ရိုးသားသူဖြစ့်သည့်အတိုင်း သူအလုပ်ဌာနနှင့် အစည်းအဝေးတက်နေသေား အရာရှိထံ ဖုန်းဆက်သည်။ အရာရှိက သူထံလာရန် ချက်ချင်းခေါ်ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့  ကာနံပါတ်နှင့်တကွ ဖုန်းဆက်တိုင်ကြားလိုက်တော့၏။

လှထွန်းမှာ အရာရှိနာတွင် ထိုင်၍ နေမထိထိုင်မထိ တစ်နေကုန်နေရသည်။ ညနေပိုင်းသို့ ရောက်တော့မှပင် ပုဇွန်တောင် ကြက်တန်း၌ ကားကို တစဆီ ဖြုတ်နေစဉ် သက်ဆိုင်ရာ ရဲများက ဖမ်းမိပြီဟူသေား အကြောင်း သိရပါသည်။

လှထွန်းကံကောင်းပေသည်။ ကားသာပျောက်သွားခဲ့လျှင် ထောင်ကျဖို့  လမ်းသာရှိတော့သည်။ ယခုတော့ အရာရှိက သူ၏ ရိုးပုံ အပုံကို သိ၍သာ အလုပ်မှ ထုတ်ပယ်ရုံခံရရှာလေသည်။ " စေတနာကား လူတိုင်းနှင့် မတန်" ဟူသော သဘောကို ကျွှန်တော် မထောက်ခံပါ။

လူတိုင်းကို စေတနာ ထားသင့်ပါသည်။ သို့ သော် မိမိအား ဒုတ္ခမပေးနိင်အောင် ညဏ်နှင့်ယှဉ်သော စေတနာမျိုး ရှိသင့်သည်ဟုက တွေတေားမိပါသည်။

ယခုတော့ လှထွန်း၏ သတင်းဘာမျှမကြားရပါ။ သူလည်း အရွယ်ကြီးလာ၍ ဘ၀ သင်ခန်းစာ အတော်ရခဲ့ပြီထင်ပေသည်။

( ၁၉၉၉ ခုနှစ် ၊ က စာရေးစရာ မောင်မြင့်ကြည် [ စာပေဗိမာန် ] ရေးသားခဲ့သေား ၀တ္တုတိုတပုဒ်ပါ။ )

ဤစာသားလေးတွေကို အသင်မိတ်ဆွေ ဖတ်ကြည့်ပြီး အဓိပ္ပါယ် တစ်ခုခုကိုတော့ နာလည် သဘေားပေါက်လိမ်မည်လို့  ကျွှန်တော်ထင်မိ့ပါတယ်၊ ဒါကြောင့် အသင်မိတ်ဆွေအား ရောက်တဲ့နေရာ၊ ရောက်တဲ့ ဒေသမှ့  မြန်မာလူမျိုးများအား ကိုယ်စွမ်း ညဏ်စွမ်း ရှိနေသ၍ ကယ်တင် ကူညီ စောက်ရှောက် ပေးပါလို့  မေတ္တာရပ်ခံပါသည်။ ။


´