{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Wednesday, August 13, 2008

မြန်မာပြည်သူ ပြည်သားများ ကျန်းမာ ချမ်းသာ ကြပါစေ ၊(Click)

မင်္ဂလာအပေါင်း နှင့် ပြည့်စုံပါစေ နှင့် ပြည့်စုံအောင်နေ

မိမိသည် လွန်ခဲ့သော မတ်(ခ်ျ)လ လောက်မှာ တက္ကဆက်သို့ အလည်ခရီး သွားရောက် ခဲ့သည်။ ကံကောင်းသဖြင့် ဓမ္မဒူတ ဆရာတော် အရှင် ဆေကိန္ဒနှင့် တက္ကဆက် သီတဂူ ကျောင်းတွင် ဆုံစည်းခွင့်ရခဲ့သည်။ ဆရာတော်ရောက်ရှိခိုက် ဓမ္မလက်ဆောင် ၁၅မိနစ်ခန့် ဒကာ ဒကာမများကို မိန့် ကြားခဲ့သည်။

မိမိလည်း ဆရာတော် ဘာများပြောမလဲ နားစိုက်ခဲ့သည်။ ဆရာတော်သည် ပရိတ်ကြီး ပါဠိအဆုံးနားတွင် ပါသော မင်္ဂလာဆုတောင် ဂါထာလေးကို ရှင်းပြဟေားကြားခဲ့သည်။ အလွန် ရှင်းလင်းသော ဆုံးမစကား တရား လက်ဆောင် တခုဖြစ်သည်။ မိတ်ဆွေ အားလုံးကို မျှဝေခံစားချင်ပါသည်၊ ဆရာတော် မိန့် ကြားသောဂါထာသည် အများနေ့ စဉ်ရွက်ဆိုသော ဂါထာတစ်ပုဒ်ဖြစ်သည်။

ဘ၀တု သဗ္ဗ မင်္ဂလံ၊ ရက္ခန္တု သဗ္ဗ ဒေ၀တာ၊
သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒ္ဒါ သုခီ ဘ၀န္တုတေ။

ဆရာတော်က အမိန့် ရှိပါသည်၊ ဘ၀တု သဗ္ဗ မင်္ဂလ- မင်္ဂလာပေါင်းနဲ့ ပြည့်စုံပါစေ၊ ရက္ခန္တု သဗ္ဗ ဒေ၀တာ- နတ်မြတ်နတ်ကောင်းတွေ စောင့်ရှောက်ပါစေ၊ အဲသလို ဘာသာ ပြန်ဆိုမလား တဲ့။ ပရိသတ်ကို မေးပါသည်။

အဲသလိုဘာသာ ပြန်မည့်အစား၊ ဦးဇင်းကတော့ မင်္ဂလာအပေါင်း နဲ့ ပြည့်စုံအောင်နေလို့ ဘာသာပြန်လိုက်ချင် ပါတယ်။

နတ်မြတ်နတ်ကောင်းတွေ စောင့်ရှောက် ပါစေလို့ ဘာသာပြန်မည့်အစား နတ်မြတ်နတ်ကောင်းတွေ စောင့်ရှောက်အောင်နေလို့ ဘာသာ ပြန်လိုက်ချင်ပါတယ်။

ပါစေ..ပါစေ ဆိုတာနဲ့ မင်္ဂလာတွေက ပြည့်စုံနိုင်ပမလား။ နတ်မြတ်နတ် ကောင်းတွေက လာစောင့်ရှောက် မလား မဖြစ်နိုင်ပါဘူး၊ ဦးဇင်းတို့ ပရိသတ်တွေ ကိုယ်တိုင် မင်္ဂလာအပေါင်းနဲ့  ပြည့်စုံအောင်ကိုနေမှ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံမှာပါ။

နတ်မြတ်နတ်ကောင်း တွေစောင့်ရှောက်အောင်နေမှ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက် မှာပါ၊ ကိုယ်ကနေ ချင်သလိုနေ ဖြစ်ချင်သလိုဖြစ် နေလို့ ကတော့ ဝေးပါသေးတယ်၊ ဘယ်မင်္ဂလာမှ ပြည့်စုံမှာ မဟုတ်သလို ဘယ်နတ်ကောင်းတွေကမှ လာပြီစောင့်ရှောက်မှာမဟုတ်ပါဘူး

အင်္ဂလိပ်စာမှာ May Be and Must Be ဆိုတာရှိပါတယ်။ ဦးဇင်းတို့ ပရိသတ်တွေ ပါစေ..ပါစေဆိုတဲ့ May be ကို မလုပ်ပါနဲ့ ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင် နေကိုနေမယ်လို့ ဆိုတဲ့ သဘောမျိုး Must be ဖြစ်အောင် လုပ်စေ ချင်ပါတယ်။

သဗ္ဗ ဗုဒ္ဓါ နုဘာဝေန- သဒ္ဒါ သုခီ ဘ၀န္တုတေ- ဘုရားအဆူအဆူ တို့ ၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့်၊ သင့်အား ချမ်းသာခြင်းတွေ အမြဲဖြစ်ပါစေ၊ အဲသလို ပြောမလား။ ဦးဇင်းတို့ ဂေါတမမြတ်ဗုဒ္ဓနှင့်တကွ ပွင့်တော်မူကြကုန်သောဘုရားရှင် အားလုံးသည် တန်ခိုးအာနုဘော်ကြီးတော်မူကြပါတယ်။

ဘုရား အဆူဆူဟောကြားသော တရားကို နည်းနည်းလေးမျှ မကျင့်ကြံဘူး၊ ဘုရားရှိခိုးတာတောင် မလုပ်ဘူးတဲ့သူ အတွက် ဘယ်လို ချမ်းသာခြင်းဖြစ်နိုင်မလဲ။

ပုံပြင်လေး ပြောပြပါမယ်။ တောရွာတစ်ရွာမှာ သစ်သီး သစ်ဥများကို ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုတဲ့ လင်မယားနှစ်ယောက်ရှိပါတယ်။ ရတနာသုံးပါး ကိုလည်း ယုံကြည်လေးစားတယ်။ အမြဲတမ်းလည်း သူတို့ရောင်းချနေတဲ့ သစ်သီး သစ်ဥတွေထဲက အဦးအဖျားကို ဆွမ်းကပ် ဆွမ်းလောင်းလုပ်လေ့ရှိတယ်။

တစ်နေ့ ယောင်္ကျား ဖြစ်သူက နောက်ရက်ဈေးရောင်းဖို့ အတွက် တောထဲသွားပြီး သစ်သီး သစ်ရွက်သွားခူးကာ တောင်ထဲထည့်ကာ ထမ်းပြီးပြန်လာသတဲ့။ ရွာအ၀င် ကန်ကြီးမှာ သူခူးဆွတ်လာတဲ့ သစ်သီး သစ်ရွက်တွေ ရေဆေး၊ သစ်ပင်ရင်မှာ ရေချိုးဖို့ အ၀တ်စားလဲကာ ပြန်ဝတ်မည့် အ၀တ်ဖြင့် တောင်ကို အုပ်ထားပြီး ရေ ဆင်းချိုးတယ်။

ရေချိုးပြီး အ၀တ်လဲဖို့ အ၀တ်ကိုယူလိုက်တော့ တောင်းထဲမှာ ရှိတဲ့ သစ်သီး သစ်ဥတွေက ရွှေတုံး ရွှေခဲတွေ ဖြစ်နေတယ်လို့ သူ့ မျက်စိထဲမှာ မြင်နေရတယ်။ သူ မယုံ မကြည် ဖြစ်နေပြီး မျက်လုံးပွတ်ကာ ပွတ်ကာနဲ့ အ၀တ်လဲပြီး သစ်ပင်ရင်း မှာထိုင်နေတုန်း ရုက္ခစိုးနတ်မင်းက အမောင်ယောင်္ကျား သင်ကိုယ်ပိုင်ပစ္စည်းတွေကို ယူပြီပြန် လေလို့ ပြောသတဲ့။

အဲဒီတော့ အမျိုးသားက ကျွှန်ုပ် ပစ္စည်းမဟုတ်ပါ၊ ကျွှန်ုပ်ပစ္စည်းများက သစ်သီး သစ်ဥများသာဖြစ်သည် ဟု ပြန်ပြောသတဲ့။ ရုက္ခစိုးနတ်မင်းက သင့်ကုသိုလ်ကြောင့် သင်ရတာ သင့်ပစ္စည်းပဲပေါ့ဟု ပြောမှ အမျိုးသားက ရွှေတောင်းကိုထမ်းကာ ပြန်သွားလေသတဲ့။

အဲဒီတော့ ပရိသတ်ကို ပုံပြင်လေး ပြောပြပြီးပြီဆိုတော့ အမျိုးသားဟာ ရုက္ခစိုးနတ်မင်းက ဖန်ဆင်းပေးတာလား၊ ဘုရားတန်ခိုးတော်ကြောင့် ရွှေတွေကို ရတာလား၊ ဖြေကြပါဦး။

ပရိသတ် များက ဖြေကြသည်၊ တချို့ က ဘုရားကိုနေ့ စဉ်ဆွမ်းကပ်လို့ ၊ တချို့ က ဘုရားရှိခိုးလို့ ရုက္ခစိုး နတ်မင်းက ဖန်ဆင်းပေးတာလို့ အမျိုမျိုးဖြေကြသည်။ ထို့ နောက် ဆရာတော်က အေးဘုရား ပေးတာလည်မဟုတ်ဘူး၊ ရုက္ခစိုးနတ်မင်း ဖန်ဆင်းပေး တာလည်းမဟုတ်ဘူးတဲ့။ သူကိုယ်တိုင် လုပ်တဲ့ ကုသိုလ်ကြောင့် ရတာပါ။ သူလုပ်လို့ သူ ရတာပေါ့။ သူမလုပ်ရင် ဘယ်လိုနည်းနဲ့ မှမရ နိုင်ပါဘူး။ သဘောပေါက် တယ်နော် ပရိသတ်။

ဘုရား တန်ခိုးတော်ကြောင့် ကျွှန်တော် ကျွှန်မ ကျန်းမာပါစေ ချမ်းသာပါစေလို့ ဆုတောင်းလို့ မရ ဘူးနော်။ ကိုယ်ကချမ်းသာချင်ရင် ကိုယ်တိုင်း ဘုရားပေးတဲ့ ဓမ္မကို ကိုယ်တိုင်ကျင့်သုံးမှ ကိုယ်ချမ်းသာမှာ။ ပါစေ..ပါစေနဲ့ ဘယ်တော့မှ မရဘူးဆိုတာ မှတ်ပါ။

ကဲ..ဒီတော့ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံအောင်နေ.. နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်အောင်နေ.. ချမ်းသာ အောင် မြတ်ဘုရားတရားဓမ္မတွေကို ကျင်းသုံးကြပါလို့ တိုက်တွန်းပါတယ်…

- ဤ စာသားလေးများကို ကျွှန်တော် ထံအီးမေလ်မှ တဆင့် အမှတ်မထင်ပဲ ရောက်လာပြီး ဖတ်ရှုရပါသည် ၊ ဖတ်ရှုပြီသေားအခါ မြတ်စွာဘုရာသခင် ကိုယ်တော်မြတ်ကြီ၏ တရားတော်နှင့် တကွ ဟောကြား သင်ပြ ပေးတော်မူသေား ဆရာတော် အရှင်မြတ်တို့ အား ၄င်း http://manatphyan77.blogspot.com ဘလောက့်ခ် ပိုင်ရှင် အရှင်သူမြတ်အာ ၄င်း သုံးကြိမ် သုံးခါ ရှစ်ခိုးဦးတင်ပြီး မြတ်နိုး၍ မြန်မာပြည်သူ ပြည်သားများ ပြန်လည်ဖတ်ရှုနိင်ရန် ဖေါ်ပြ၍ ကုသိုလ်ပြု့ လိုက်ပါသည် ။

မြန်မာပြည်သူ ပြည်သားများ ကျန်မာ ချမ်းသားကြပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ ဆု့ တောင်း မေတ္တာပို့ သလိုက်ပါသည်။ ။

´