{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Monday, August 25, 2008

လူတော်တို့ ၏ ညံကွက်များ

အချစ် ဇတ်လမ်း ၀တ္တုတိုလေးပါ ၊ နမ်မည်က `` ပင်လယ်နှင့်မြင့်မိုရ်တောင် `` လို့ ခေါ်ပါသည်။

- ကိုသီဟကို လူတော်ရုံသာမဟုတ် ကံ ပါကောင်းသူဟု ဆိုရပေမည်။ ကိုသီဟကျောင်းတက်သည့်အချိန်တွင် သူမိဘများသည် ကားပိုင်၊ တိုက်ပိုင် နှင့် အတော်ပင် ကြီးပွားချမ်းသာရုံမက ရာထူးအာဏာလည်းရှိလေသည်။ ကိုသီဟသည် ငွေကြေးချမ်းသာပြည့်စုံသော်လည်း ဘ၀င်မမြင့်၊ မာနမကြီး၊ မိတ်ဆွေအပေါင်းအသင်းများကို ကူညီသင့်သည့်နေရာ၌ ကိုယ်ဖိရင်ဖိ ကူညီ၏။
- ပွင့်ပွင့်လင်းလင်းပျော်ပျော်ရွှင်ရွှင်လည်း နေတတ်၏။ထို့ ကြောင့် ကိုသီဟသည် ကျောင်းမှ ဆရာများလေားကတွင်သာမက မိတ်ဆွေ အပေါင်းအသင်းများလောကတွင်ပါ ထင်ရှားကျော်စောခဲ့သူ တစ်ဦးဖြစ်သည်။
- `` ကိုသီဟရေ တို့ ကို ဒီကိစ္စလေး ကူညီပါဦးနော် ``
- ရုံးနှင့် ဆိုင်သေား ကိစ္စ ၊ ကိုသီဟ ရင်းနှီးကျွှမ်းဝင်မှုနှင့် ဆိုင်သော ကိစ္စကို ဆရာများနှင့် သူငယ်ချင်းမှားက အကူအညီတောင်းကြသည်။
- `` ဟာ ရတယ်ပေး၊ ကျွှန်တော်လုပ်ပေးမယ် ``
- ကိုသီဟကား မည်သူက အကူအညီတောင်းသည် ဖြစ့်စေ ငြင်းသည်ဟူ၍ မရှိတတ်၊ သူမတတ်နိင်သေား ကိစ္စပင် ကြိုးစားကြည့်သည်။ မရမှ လက်လျှောသည်။
- အကူအညီတောင်းသူများကလည်းများ ကူညီရဖန်လည်း များသေားကြောင့် အချို့ ကိစ္စရပ်များတွင် တာဝန်ကျေ၊ မပြီးမြောက်သည်လည်း ရှိ၏။
- `` ခင်ဗျား စဉ်းစားကြည့် ကျွှန်တော်က ဘုရားသခင်မှ မဟုတ်ဘဲ အမြဲတန်း ဘယ်အောင်မြင်နိင်ပါ့မလဲ ဆရာရယ် ``
- `` မအောင်မြင်သေားအခါ ကိုသီဟက အကူအညီတောင်းသူများကို ထိုသို့  ရယ်ကျဲကျဲဖြင့် ပြေားတတ်သည်။ မည်သို့ ပင်ဖြစ့်စေ အရေးရှိလျှင်တော့ ကိုသီဟကို သတိရမိကြသည်သာ။
- `` ထို ကိုသီဟသည် မဟာဝိဇ္ဇာတန်း တက်စဉ်ကလ၌ အလွန်ချေားမေားလှပသေား ခင်လေးနွယ် ဟူသည့် မိန်မပျိုလေးတစ်ဦးကို အရူအမူး စွဲလန်းမိတော့၏။ ခင်လေးနွယ် ဆိုသည့် ရှမ်းတိုင်းရင်သူလေးက လှလည်း လှသည်။ သွက်လည်း သွက်သည်။ ထက်လည်း ထက်သည်။
- တောင်ငူဆောင်ရှေ့ ရှိ အရှည်ကြီးလက္ဘ်ရည်ဆိုင်တွင် ကျွှန်တော်တို့ သည် ခင်လေးနွယ်ကို စတင်တွေဆုံရသည်။ ခင်လေးနွယ်မှာ မြန်မာစာ ဂုဏ်ထူတန်းကျောင်းသူဖြစ့်၍ ခေတ်ဆန်သလောက် ငေးကြည့်ရသူဖြစ့်ကြောင်း ကျွှန်တော်တို့  အားလုံး မှတ်ချက်ချကြလေသည်။
- ခင်လေးနွယ် ကျွှန်တော်တို့  သူငယ်ချင်း အုပ်စု့ ထဲသို့  ရောက်လာချင်းသည် မှတ်မှတ်ရရ ကျောင်ဖွင့်စ ကျောင်းလခသွင်းပြီး တောင်ငူဆောင်ရှေ့  လက္ဘ်ရည်ဆိုင်မှာ ထိုင်စဉ်က ဖြစ်သည်။ ကျွှန်တော်တို့  အတန်းထဲမှ ရိုးရိုးအေးအေး နေတတ်သူ ခင်သက်ထားက ခေါ်ဆောင်လာခဲ့ခြင်းဖြစ့်သည်။
- မိတ်ဆက်ပေးသည့်တိုင် စကားမပြေားဘဲ ခင်လေးနွယ်က ပြုံး၍နေသည်။ ကျွှန်တော်တို့  အုပ်စု့ နှင့် စိမ်း၍ပင်ထင်။ သို့ သော် လက္ဘ်ရည်ဖိုးနှင့် မုန့် ဖိုးများ ရှင်းသေားအခါ ခင်လေးနွယ်က သူစလင်းဘတ်ထဲမှ နှစ်ရာတန်များ ထုတ်ကာ ရှင်ပေးလိုက်သည်။
- `` ဟာ ဧည့်သည်က မရှင်းပါနဲ့  ဘယ်နှယ့် ဟေလူ မယူနဲ့  ဒီမှာလာယူ ``
- ကိုသီဟ က အရှည်ကြီးကို ဟစ်အော်ခေါ်ကာ ငွေရှင်သည်။ မရ။ ခင်လေးနွယ်က ကိုသီဟ လက်ကို လှမ်းဆွဲကာ -
- `` ကျွှန်မက မိတ်ဆွေဖြစ့်တဲ့ အထိမ်းအမှတ်အဖြစ့် ကျွှေးတာပါ။ မပေးပါနဲ့  ရှင် ``
- ဟု တာမြစ်သည်။ စကားသံဝဲ၀ဲလေးဖြင့် တားသေား ခင်လေးနွယ်ကို ကိုသီဟ ကြည့်လိုက်သေား မျက်လုံးမှားမျာ ရီဝေနေ၏။ ခဏကြာတော့ ၀ိုင်းမှာ သှူုယ်ချင်းမိန်းကလေးမှား ထပြန်သွားကြသည်။ ကျွှန်တော်တို့  ယောက်ကျားလေးများသာ ကျန်ခဲ့တော့၏။
- `` အော်..ခင်လေးနွယ် ခင်လေးနွယ် ရင်မအေးစဖွယ်ပါလား ``
- ခင်လေးနွယ် ထွက်သွားသည်ကို မျက်စေ့တစ်ဆုံးကြည့်ရင်း ကိုသီဟက မှတ်ချက်ချလိုက်သည်။ ကိုသီဟသည် ပပျော်တတ်သူဖြစ့်၍ သူကို ခင်သေား မိန်းကလေးများနှင့် စစနောက်နောက် ရေားရေားနှေားနှေား နေတတ်သည်။
- `` ကိုသီဟ ခင်လေးနွယ်ကို ခင်ဗျားစွဲသွားပြီထင်တယ် ``
- သူငယ်ချင် တစ်ယောက်က စလိုက်သည်။ ကိုသီဟက
- `` ကျွှန်တော် ဖူးစာရှင်ကို ခုမှ တွေ့ တာပဲဗျာ၊ ခင်လေးနွယ်ကို ကျွှန်တော် ချစ်တယ်၊ ခင်လေးနွယ်အတွက် ကျွှန်တော် ဘာမဆိုလုပ်ရမယ် ``
- ကိုသိန်းလွင်ကဲ့သို့  ရှက်တတ်ဖုံးကွယ်တတ်သူမဟုတ်သေား ကိုသီဟ က ပွင့်ပွင့်လင်းလင်း ပြေားသည်။
- `` ကြည့်လဲလုပ်နော်၊ သူက နယ်ကလာတာဆိုတော့ နောက်မှာ နံပါတ်ကြီးပါချင်ပါလာမှာ တော်ကြာ မချစ်မိတာက လွမ်းနှင့်သည် ဖြစ့်နေဦးမယ် ``
- `` ဒါကတော့ သူပေါ်မှာ မူတည်တယ်လေ၊ ``မြလိမ္မာရင် မြဖို့ ချည်းပဲ `` ဆိုတဲ့ စကားလိုပေါ့ သူလိမ္မာရင် ကိုသီဟက သူဖို့ ချည်းပဲ ``
- ဟု ၀င်ပြေားလိုက်၍ တစ်ဝိုင်းလုံး တဟားဟား ရယ်ကြရသည်။
- ထိုနေ့ က အတန်းမှန်သေား ကိုသီဟ တစ်ယောက် ကျောင်းမှာ တနေကုန်နေသည်။ စာသင်ချိန် တစ်ချိန်ပြီးတိုင်း ထွက်လာတတ်သေား ခင်လေးနွယ်ကို ရေပူရေချမ်း ကမ်းလှမ်းနေသည်။
- အပြန်လမ်းတွင်
- `` မင်းဥစ္စာ ကြည့်လဲ လုပ်ပါဦး သီဟရာ ဒီနေ့ မှပဲတွေ့ ၊ ဒီနေ့ မှာပဲ အိနြေ္ဒပျက်အောင်ပိုးနေတော့ `` လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့် ပျံ `` သည်ဖြစ့်နေပါဦးမယ် ``
- ဟု ကျွှန်တော်က နောက်လိုက်သည်။
- `` အကိုကြီး ဘာသိ့လို့ လဲကျွှန်တော်တို့  အတန်းထဲမှာ နွယ်ကို ချိန်နေတဲ့ သူတွေ အများကြီးပဲဗျ၊ ကျွှန်တော် လက်ဦးမှ ရမယ် ``
- ကိုသီဟက ခင်လေးနွယ်ကို လက်လွတ်သွားမည်ကို စိုးရိမ်သံမျိုးဖြင့် ဆိုလာသည်။
- ``​မင်းသိပ်ပြာလောင်မခတ်နဲ့  သီဟ၊ ပိပိယိယိသေသေသပ်သပ် လုပ်ပါကွာ ``
- `` လာဒီအကြောင်းကို အကိုကြီးနဲ့  ကျွှန်တော် စားသောက်ဆိုင်တစ်ဆိုင်မှာ ဆွေနွေးကြတာပေါ့ ``
- ကိုသီဟက သူချစ်ရေးချစ်ရာ အဖြာဖြာကို စာသောက်ဆိုင်သို့  ခေါ်၍ ကျွှန်တော်ကို ဘီယာတိုက်ကာ ရင်ဖွင့်ပါလေတော့သည်။ ထိုအထဲ၌ သူမိဘများကို ပြေားကြား၍ တောင်းရမ်းဖို့ လည်းပါ၏။ ပြီးတော့ ခင်လေးနွယ် ကို အမြန်ဆုံး ချစ်ရေးဆိုဖို့ လည် ပါ၏။
- ကိုသီဟ ကား ဒရောသောပါးနိင်လှသည်။ ကျွှန်တော်သည် စိတ်ခံစားမှုဖြင့် ပြေားနေသေား ကိုသီဟ ကို ကြည့်ရင်း -
- `` မင်း ပြေားတာတွေက အဝေကြီး ကျန်ပါသေးတယ်ကွာ၊ ပထမခြေလှမ်းက ခင်လေနွယ် နဲ့  မင်းရင်နှီးခင်မင်ပြီး အတူသွားဖို့  လိုတယ် ``
- ဟု ပြောမိခဲ့သည်။
- ကိုသီဟ ကား ခေသူမဟုတ်ပါ။ ခင်လေးနွယ်ကို အကြောင်းပြုလျက် သူအိမ်မှ ``သ`` နံပါတ် အက်စ်အီး ကားလေးကို ယူလာကာ ခင်လေးနွယ် အပါအ၀င် သူငယ်ချင်းများကို တင်ဆောင်၍ အင်ယာကန်စပ်တွင် ရခိုင်မုန့် တီ ကျွေးသည်။ ခင်လေးနွယ် တက်နေသေား ကွန်ပျူတာသင်တန်းသို့  လိုက်ပို့ သည်။
- အနည်းဆုံးတော့ ခင်လေးနွယ်သည် ကိုသီဟ နောက်သို့  အဖေါ်တစ်ဦးပါမှ လိုက်တတ်သည်။ အနည်းဆုံးတော့ ခင်လေးနွယ်ပါဖို့  ကျွှန်တော်တော်ကို ခေါ်တတ်လေသည်။
- ထိုစဉ်ကတည်းက ကျွှန်တော် အကဲခတ်မိသည်။ ကျောင်းတွင် ကျွှန်တော် အသက်အကြီးဆုံး၊ သူငယ်ချင်းများက ကျွှန်တော်ကို အစ်ကိုကြီးဟု ခေါ်ကာ သူတို့ ကိစ္စများတိုင်ပင်လေ့ရှိသည်။ ထို့ ကြောင့်ပင်ထင်၏။ ခင်လေးနွယ်သည် ကိုသီဟ အပေါ်တွင် တည်တံစွယ ဆက်ဆံသော်လည်း ကျွှန်တော်ကို ရင်နှီးစွာ ဆက်စံလေ့ရှိသည်။
- ကျွှန်တော်ကလည်း အောင်သွယ်မလုပ်ပါ။ ခင်လေးနွယ်မှာ အကင်းပါးသူဖြစ့်၍ ကျွှန်တော်ကို ထိုသို့  ထင်သွားပါက ကိုသီဟ အတွက် အလားအလာမကောင်းနိင်ကြောင်း ကျွှန်တော် ရိပ်မိသည်။ ရင်းနှီးစကားပင် -
- `` ကိုမြင့်ကြည်တို့  လူက စကားပြေားသိပ်လွယ်တယ်ရှင့်၊ သူကိုကြည့်ရတာ ဘာမှ့  အလေးအနက်မရှိဘူး ``
- ဟု ခင်လေးနွယ်က ကျွှန်တော်ကို ကိုသီဟ နောက်ကွယ်တွင် ပြော၏။
- `` ဟာ ဒီလိုတော့ မဟုတ်ပါဘူး၊ သူက ပျော်တတ်တာပါ၊ မခင်လေးနွယ် တကယ်အရေးကြီးတဲ့အခါမှာတော့ သူတည်တည်တံတံ ကြိုးစားလုပ်တတ်တဲ့ လူမျိုးပါ။ ``
- ကျွှန်တော် စကာကြောင့် မခင်လေးနွယ်က ပြုံးသည်။ သူအပြုံးမှာ သ်ပါလည်းလျှို့ ဝှက်၍ တစ်စုံတရာကို နာလည် သိ့ရှိ နေကြောင်း အဓိပ္ပါယ် ပေါ်ထွက်နေသည်။
- သို့ သော် ကိုသီဟ သည် မခင်လေနွယ်ပေါ်၌ မျှော်လင့်သေားသူ၏ အရှိန်အဟုန်ကို မရပ်တန့် ခဲပါချေ၊ နှစ်တ၀က်လောက်တွင် မခင်လေးနွယ်နှင့် ကိုသီဟတို့ အတော်ရင်နှီးနေပြီဖြစ်သည်။
- တစ်နေ့ တွင် ကိုသီဟ က ကျွှန်တော် အိမ် အစေားကြီးလာ၏။
- `` အကိုကြီး ကျွှန်တော် မနက်ဖြန်ကျရင် နွယ်ကို ပဲခူလိုက်ပို့  မလို့  အစ်ကိုကြီးလိုက်ခဲ့ပါ ``
- `` ဟာကွာ ခင်လေးနွယ်က မင်ကိုလိုက်ပို့  ခိုင်နေမှ့ တော့ မင်နဲ့  နှစ်ယောက်ထဲသွားတာ ပိုကောင်းတာပေါ့ ``
- `` အကိုကြီးကလဲ မူမနေစမ်းပါနဲ့  တစ်လမ်းလုံး ကျွှန်တော် အကိုကြီးကို အကျွေး အမွေးနဲ့  ပြု့ စုပါ့မယ်၊ နွယ်ကသာ ကျွှန်တော်နဲ့  နှစ်ယောက်ထဲ လိုက်ဖို့  သဘေားတူရင် အကိုကြီးကို ဘာလာခေါ်စရာလိုလဲ ``
- ကိုသီဟ စကားကြောင့် ကျွှန်တော် သဘောပေါက်သွားသည်။ ပါးနပ်သေား ခင်လေးနွယ်က ကိုသီဟ လမ်းတွင် စိတ်ထင်တိုင်း သူ့ ကို ပွင့်လင်းရဲတင်စွာ မဆက်စံနိင်စေရန် ကျွှန်တော်ကို ``ဖြူးစ်`` ခံသလို ခံကာ သွားလိုကြောင်း နာလည်လိုက်သည်။
- `` ကိုသီဟရာ အစ်ကိုကြီးမအားဘူး ဘာညာဆိုပြီးသွားခေါ်ပေါ့ ``
- ကိုသီဟက ခေါင်းခါလိုက်၏။
- `` အစ်ကိုကြီးကလဲ နွယ်အကြောင်း သိ့ရဲသားနဲ့ ၊ သူက ခေါင်းမာတယ်၊ ကဲပါ မနက်ဖြန် မနက်အိမ်ကပဲစောင့်၊ နွယ်ကိုခေါ်ပြီး ကျွှန်တော်လာခဲ့မယ်။ ကဲ ကျွှန်တော် သွားစရာရှိလို့  သွားမယ် ``
- ကိုသီဟ ထွက်သွားသည်။ နောက်တနေ့ တွင် ရုံးသုံး လေးဘီးကား ဘီ ၆၀၀ နှင့် ခင်လေးနွယ်ကို တင်ကာ ခေါ်လာသည်။ စီးလာပုံက ခင်လေးနွယ်က ကိုသီဟ ဘေးခေါင်းခန်းတွင် မထိုင်ဘဲ လေးဘီးကား နောက်ခုံတန်းလေးပေါ်မှာ ထိုင်လာ၏။
- လေးဘီးကားနှင့် မိုင်ငါးဆယ်ကျော်သေား ပဲခူသို့  အသွားအပြန် ခရီမှာ ရင်လေးဖွယ်ကောင်းလှသည်။ လေးဘီးဆိုသည်ကား မိုးရွာလျှင်ပင် ပွိုင့်ထဲသို့  ရေ၀င်ပါက နှာစေးချောင်ဆိုးဖြစ်ကာ ရပ်တတ်ပျက်တတ်၏။
- ပြီးတော့ ကိုသီဟ၏ ရုံးသုံးလေးဘီးကားစုတ်ကို ကျွှန်တော် ခဏခဏ စီးဖူ၍ ခဏခဏ ဒုတ္ခရောက်ဖူပြီး လမ်းမှာ ဆင်းတွန်းလာတွန်းရ၊ ကားဝပ်ရှောမှ့ မက်ကင်နှစ်ကို ဖုန်းဆက်ခေါ်လာပေးရ၊ ထိုကြောင့် ကျွှန်တော်ကတော့ ခပ်လန့် လန့်  -
- `` သီဟ မင်းဘယ်လို လုပ်လာတာလဲ၊ ဖြစ်ပါမလားကွာ ``
- အိမ်ပေါ်မှ့  ဆင်းကာ ကျွှန်တော်က ကိုသီဟကို စိတ်ပူသံဖြင့် ပြေားလိုက်သည်။
- `` ဖြစ့်တယ် အစ်ကိုကြီး၊ ၀ပ်ရှော့မှာ သေချာအောင် လုပ်ပြီးမှ လာတာ ``
- `` ဖြစ့်ရင်ပြီးရောကွာ ``
- ကျွှန်တော် သီဟ ခေါင်းခန်းတံခါးကိုဖွင့်၍ ၀ငိထိုင်လိုက်သည်။ ကိုသီဟက အနားကပ်၍
- `` အစ်ကိုကြီး ဇေယျာမြိုင်မှာ လက္ဘ်ရည်သောက်ပြီးရင် နောက်ခန်းမှာ သွားထိုင်ပြီး နွယ့်ကို ကျွှန်တော်ရှေမှာ ထိုင်ဖို့  ပြောပေးနော် `` ဟု ခပ်တိုးတိုးဆို၏။
- `` ဟေ ခုဘာဖြစ်နေလဲ၊ စိတ်ကောက်နေတာလား ``
- `` မဟုတ်ဘူး ပဲများနေတာ ``
- ရေကျော်က ဇေယျာမြိုင်ပန်ခြံ ကိုစိုးဝင်းတို့  ဆိုင်မှာ လက္ဘ်ရည်သောက်မုန့် စားကြသည်။ ခင်လေးနွယ်က သူအသားအရည်နှင့် လိုက်ဖက်သေား ငှက်ခါးရောင် အင်္ကျီနှင့် လုံချည်ကို ၀တ်ဆင်လာသည်။ ဆံနွယ်များတွင် အဖိုးတန် သဇင်ပန်းမှား ဆင်ထား၏။
- ဇေယျာမြိုင်ပန်းခြံတွင် လက္ဘ်ရည်ဆိုင်ထိုင်ကြတော့
- `` ကျွှန်မက ကိုမြင့်ကြည် ပါပါ့မလားလို့ ၊ မပါရင်မသွားတော့ဘူလို့  ကိုသီဟကိုပြေားထားတာ ``
- `` ဘာဖြစ်လို့ လဲ ``
- `` ကိုသီဟက သိပ်နောက်တာ စတာ၊ သူနဲ့  နှစ်ယောက်ထဲဆို နွယ်ရူးလိမ့်မယ် ``
- ခင်လေးနွယ် စကားကြောင့် ကိုသီဟက ရယ်သည်။ သူဝါသနာအတိုင်း
- `` သားကို အဲလိုမပြောနဲ့  `` ဟု စနေပြန်သည်။
- ကားပေါ်ပြန်တက်ကြတော့ ခင်လေးနွယ်ကပင် `` ကိုမြင့်ကြည် နောက်လာလေ၊ စကားပြောရအောင် ``
- ဟု ခေါ်သည်။ ကျွှန်တော် ခင်လေးနွယ် နှင့် ခုံတန်း တစ်တန်းစီ မျက်နှာချင်းဆိုင်ထိုင်၏။ ကိုသီဟက စိတ်မချပုံမျိုးနှင့်လှမ်းကြည့်ရင် လျှာထုတ်ကာ လှောင်ပြနေပြန်သည်။
- `` တွေ့ လား သူ့ မျက်နှာပိုး တစ်ချက်မှ မသေဘူး ``
- ခင်လေးနွယ်က နှုတ်ခမ်းစူ၍ ပြောသည်။ ကိုသီဟ နှင့် ပတ်သက်၍ ခင်လေးနွယ် ဘာများပြေားမှာပါလိမ့်ဟု ကျွှန်တော် စိုးရိမ်နေမိ၏။ ပုဇွန်တောင်ဈေးမှ ကားကွေသည်နှင့် ပင် -
- `` ကိုမြင့်ကြည် ကိုတော့ အကိုကြီးတစ်ယောက်လို ဖြစ်နေလို့  ပြေားရဦးမယ်၊ ကိုသီဟ ကို ဘယ်လို မြင်သလဲ `` ဟု မေးသည်။
- `` ဗျာ ``
- ကျွှန်တော် ခင်လေးနွယ် မေးခွန်းကို အဖြေရခက်သွား၏။ သူက ဘာက်ု ဆိုလိုမှန်း ကျွှန်တော် မသိ့ခင် အဖြေပေးရခက်နေသည်။
- `` ကိုမြင့်ကြည် တို့  သူငယ်ချင်း ကိုမြင့်ကြည် ပေါင်းလာတာကြာရောပေါ့၊ ဒီတော့ ကိုသီဟ အကြောင်းကို ကိုမြင့်ကြည်က ကျွှန်မထက် ပိုသိ့မယ် ထင်လို့ ပါ ``
- `` စကားပြောလိမ္မာသေား ခင်လေးနွယ်က ကျွှန်တော်ကို ချည်နှောင်စပြုသည်။ ကိုသီဟ သည် ထိုအခက်အခဲမျိုး ခဏခဏကြုံရပေမည် ဟု ကျွှန်တော် တွေးမိ၏။
- `` ဆိုပါဦး မခင်လေးနွယ်၊ တော်တော်များများတော့ ကျွှန်တော် သိ့တာပေါ့ဗျာ ``
- ကျွှန်တော် မယုတ်မလွန် စကားကြောင့် ခင်လေးနွယ်က ပြုံးသည်။
- `` ကိုသီဟ က ပျော်တတ်တယ်၊ သူ့  ဘ၀မှာ ဘာမှ ပူစရာမရှိဘူး၊ ဟုတ်တယ်မဟုတ်လား ``
- `` စကားမဆုံးမီ ခင်လေးနွယ်က ကျွှန်တော်ကို ထောက်ခံ ခိုင်နေပြန်သည်။
- `` မှန်ပါတယ်ဗျာ ``
- `` ဒီတော့ သူက ဘ၀က်ု ဘာမှ ရုန်ကန် ကြိုးစားစရာမလိုဘူး၊ သူအိမ်ကို သိပ်အားကိုးတယ်၊ သူ ဘ၀ကို အိမ်ထောင်သည် တစ်ယောက်အနေနဲ့ ခိုင်ခိုင်မာမာ ကြိုးစားနိင်မယ့်သူလို့  ကိုမြင့်ကြည် အာမခံနိင်လား ဟင် ``
- ကျွှန်တော်ထံမှ စကားသံထွက်မလာတော့ ခင်လေးနွယ်က ထပ်၍ ကွန့် လာပြန်သည်။ မလွယ်ပါလား။ ခင်လေးနွယ်လို ထက်မြက်၍ ပွင့်လင်းသေား မိန်ကလေးမျိုးကို ကိုသီဟ ကိုင်တွယ်ချုပ်ထိန်းနိင်ပါမည်လား၊ ကျွှန်တော် စိုးရိမ်မိသည်။
- ဤသို့ ဖြင့် ခင်လေးနွယ်သည် ကိုသီဟနှင့် သူမ ဘ၀ဆိုင်ရာ ပြဿနာရပ်များကို ကျွှန်တော်အား တင်ပြကာ ချက်ချင်း အဖြေထုတ်ခိုင်းနေသည်။ ကြာတော့ ကျွှန်တော်ပင် ခင်လေးနွယ်၏ ပရိသတ်တစ်ယောက်လို ဖြစ်လာလေသည်။
- “ ကျွှန်မက သူလိုမဟုတ်ဘူး၊ ကျွှန်မ ကျိုက်လို့  လက်ထပ်မယ့် သူကို ကျွှန်မ မိဘတွေကို အသိ့ပေးရုံပဲ၊ သူတို့ က လက်မခ့ရင်တောင် စွန့် စားပြီး ကျွှန်မ ဘ၀ ကျွှန်မ ထူထောင်ရဲတယ်၊ ကဲ ကိုသီဟ ဒီလိုလုပ်ရဲမလား ”
- ကိုသီဟ ၏ အားနည်းချက်များကို သည်အချိန်တိုအတွင်း ခင်လေးနွယ်က တော်တော်လေ့လာမိပုံရသည်။ ဟုတ်တော့ ဟုတ်သည်။ မဖေအရှိန်အ၀ါ မနေသြဇာကို ကိုသီဟ လွန်ဆန်ရဲသေားသူတော့ မဟုတ်။
- ကိုသီဟကို သားလိမ္မာ တစ်ယောက်အဖြစ်တော့ ချီးမွမ်းစရာရှိပါသည်။ အိမ်က ကိစ္စပေါ်လျှင် အရာအားလုံးကို စွန့် ပြစ်၍ ကိုသီဟက လုပ်ဆောင်တတ်သည်။ ကျွှန်တော်တို့  သူငယ်ချင်းများကတော့ နာလည်ခွင့်လွှတ်နိင်ပါသည်။
- “ တစ်ခါတစ်လေ ကျတော့ သိပ့် အလေးအနက် တွေးလွန်းရင် မကောင်းဘူထင်ပါတယ် မခင်လေးနွယ်၊ မဖြစ့်သေးတာတွေကို ဖြစ်မလာမီတွေးလွန်းတာ နည်းနည်းများစေားနေမလာလို့ ”
- မတတ်သာသည့်အဆုံးတွင် မခင်လေးနွယ်ကို ကျွှန်တော် စကားပြေားလိုက်မိသည်။
- “ တွေးထားတာတော့ မမှားဘူပေါ့ ရှင် ”
- ကိုသီဟ မောင်းလာသေား လေးဘီးကားက လှည်းကူးလမ်းဆုံကို ရောက်လာသည်။ မိုးက သည်းသည်းမည်းမည်း ၇ွာလာ၏။ ကိုသီဟ ကားရပ်လိုက်သည်။ သဘေားက ခင်လေးနွယ်ကို ကားရှေခန်းသို့  ခေါ်သည့် သဘေားပင်။
- “ ကဲ နောက်က မိုး မလုံဘူး မခင်လေးနွယ်၊ ရှေခန်းကို ပြောင်းထိုင်ပါလား ”
- ကျွှန်တော်က အလိုက်သိ့စွာ မခင်လေးနွယ်ကို တိုက်တွန်းလိုက်သည်။ ကိုသီဟ ကလည်း တံခါးကိုဖွင့်၍ ထီးဆောင်းကာ ရောက်လာသည်။
- “ လာ နွယ်၊ မိုးတွေ သိပ်ပက်နေတယ်၊ ရှေခန်းမှာ လာထိုင်လေ ” ဟုဆို၏။
- “ ဟုတ်တယ် အအေးမိသွားမှဗျာ ”
- ကျွှန်တော်က ထပ်တိုက်တွန်းသည်။ မခင်လေးနွယ်က ခေါင်းခါပြန်၏။
- “ ကဲ သဘေားတော်မြတ်အတိုင်း၊ သဘေားတော်မြတ်အတိုင်း ”
- “ ကိုသီဟက အရိုအသေပြုဟန်ဖြင့်နောက်ကာ ကားရှေခန်းသို့  ပြန်သွားပြီး ဆက်မောင်းပြန်၏။ လှည်းကူကျော်၍ တစ်မိုင်မျှမောင်းမိလျှင် မိုးက မရွာတော့။
- “ ကျွှန်မ ရှေသွားထိုင်ရင်ကောင်းမယ်ထင်တယ် ”
- မိုးစဲတော့မှ ခင်လေးနွယ်က မပွင့်တပွင့် ပြေားသည်။ ကျွှန်တော် ကိုသီဟကို နောက်မှ သံပြားခေါက်လိုက်ကာ ကားရပ်ခိုင်းလိုက်သည်။ ခင်လေးနွယ်က ကားရှေ့ ခန်းကို ပြောင်းကာ ၀င်ထိုင်လိုက်၏။
- ကိုသီဟ က သူမိုးကာ ဂျာကင်ကို ချွတ်၍ ခင်လေးနွယ်ကို ခြုံပေးလိုက်လေသည်။
- ပဲခူး ခရီးစဉ်တွင် လေးဘီးကားက မပျက်၍ တော်သေးသည်။ ခင်လေးနွယ်ကို သူအစ်ကိုအိမ်သို့  ပို့ ပြီး ကျွှန်တော်နှင့် ကိုသီဟ ရွှေမော်ဓေား ဘုရားဖူးကြသည်။ ထိုနောက် ဘုရားခြေရင်း လက္ဘ်ရည်ဆိုင်မှာ ထိုင်မိကြ၏။
- “ မလွယ်ဘူး အကိုကြီးရေ၊ အစ်ကိုကြီးကို ဘာတွေ ပြေားလဲ ”
- ကျွှန်တော်က ကားပေါ်တွင် ခင်လေးနွယ် ပြေားသေား စကားများကို အကျဉ်းချုံးကာ ကိုသီဟ ကို ပြန်ပြေားမိလိုက်၏။ ကိုသီဟ သက်ပြင်းချသံ တိုးတိုးကို ကြားလိုက်ရသည်။
- “ သီဟ၊ ခင်လေးနွယ်ဟာ သူဆုံးဖြတ်ချက်ကို ဘယ်တော့မှ မပြောင်းတတ်ဘူးနော်၊ အဲဒါကိုမင်း သတိထား၊ အခု့ ပဲကြည့် သူအကို ကို တို့ နှစ်ယောက်ကို ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးတယ်၊ သူအကိုကလဲ ရယ်လို့ မေားလို့  ”
- “ ဟုတ်တယ် အကိုကြီး၊ နွယ်က တောင်ကြီးနဲ့  ကျိုင်းတုံတောင် တစ်ယောက်ထဲ မော်တော်ဆိုင်ကယ် စီသွားရဲတဲ့ မိန်းကလေး၊ ဘယ်သူမှ ကျောက်တာမဟုတ်ဘူး ”
- “ ဟုတ်လား ”
- ကိုသီဟ စကားကို ကျွှန်တော် အံ့သြမိပြန်ပါသည်။ ဤအတိုင်းဆိုလျှင် ခင်လေးနွယ်၏ အသိပညာနှင့် အတွေ့ အကြုံကို လျော့တွက်၍ မဖြစ်နိင်တော့ပါချေ။
- ပဲခူး မှ ရန်ကုန်သို့  ပြန်သည့်ခရီးတွင်လည်း ရင်မေားခဲ့ပါသည်။ ခင်လေးနွယ်မှာ ပြုံးလျက် ရယ်လျက်ပင် ကိုသီဟနှင့် တွဲ၍ ကားခေါင်းခန်းမှ ထိုင်လိုက်လာခဲ့၏။ သည့်နောက်ပိုင်းတော့ ကိုသီဟနှင့် ခင်လေးနွယ်တို့  ကျောင်းမှာ တတွဲတွဲ ဖြစ်ခဲ့သည်။ ကျွှန်တော်ပင် အဖေါ်လိုက်စရာမလိုတော့ပါချေ။
- “ ကျွှန်တော် သူကို အားလုံး ပွင့်ပွင့်လင်းလင်း ကတိပေးလိုက်ပြီ အစ်ကိုကြီး၊ နွယ် သိပ်ကြေနပ်သွားပြီ၊ သိပ်ပျော်သွားပြီ ”
- ကိုသီဟက ခင်လေးနွယ်နှင့် အစဉ်ပြေသွားပြီပြစ်ကြောင်း ကျွှန်တော်ကို ဖွင့်ပြေားခဲ့၏။
- “ ကောင်းတာပေါ့ကွာ၊ ဒါပေမဲ့ ခင်လေးနွယ်ကို သူငယ်ချင်တွေ ဆက်စံသလို ပေါ့တိပေါ့ဆ မဆက်စံနဲ့  သူက သိပ်တွေးပြီး သိပ်တိကျတဲ့ မိန်းကလေး ဆိုတာ သတိထားသင့်တယ် ”
- ကျွှန်တော် စကားကြောင့် ကိုသီဟ တဟားဟား ရယ်မေားလိုက်သည်။
- “ မပူပါနဲ့  အကိုကြီးရာ အခု့ တော့ နွယ်က ကျွှန်တော်ကို ယုံကြည်စိတ်ချသွားပါပြီ ”
- ဤသို့ ဖြင့် ကိုသီဟနှင့် ခင်လေးနွယ် တို့ အတွဲကို တောင်ငူဆောင်ရှေ့ က ဆိုင်တန်းမှာ စာကြည့်တိုက်မှာ ပြည်လမ်းပေါ်က့Hi စားသောက်ဆိုင်မှာ ကျွှန်တော်တို့  မကြာခဏ မြင်ခဲ့ရသည်။
- တစ်နေတွင် ကိုသီဟက ည (၆) နာရီလောက် ကျွှန်တော်အိမ်ကို့  စီးတော်ယာဉ် လေးဘီးကားဖြင့် ပေါက်ချလာ၏။
- “ လာ အကိုကြီး နွယ်ရဲ့  အမေ ရောက်နေတယ်၊ အဲဒါ ရှမ်းထမင်းချဉ် ကျွေးချင်လို့  အစ်ကိုကြီးကိုပါ ဖိတ်ခိုင်းလိုက်တယ် ”
- ဟာ မင်းကလဲး ကြိုကြိုတင်တင်မပြေားဘူး၊ ငါမလိုက်ချင်ပါဘူးကွာ ”
- “ လိုက်ခဲ့ပါ အကိုကြီးရာ ကျွှန်တော် တစ်ယောက်ထည်းဆိုရင် မကောင်းလို့ ”
- သို့ ဖြင့် ကျွှန်တော်လိုက်ခဲ့ရပြန်ပါသည်။ ခင်လေးနွယ်၏ အမေသည် ခင်လေးနွယ် တည်းခိုသေား စံရိပ်ငြိမ်ရှိ နှစ်ထပ်တိုက်လေးတွင် ရောက်နေခြင်း ဖြစ်၏။ သူ၏ အမေမှာ ရိုးသား၍ သဘေားထား ဖြူစင်သေား ရှမ်းအမျိုးသမီးကြီးဖြစ့်၍ ခေတ်လဲမှီသည်။ ရယ်ရယ်မေားမေားလည်း ပြေားတတ်သည်။
- “ အဒေါ်တို့ စီကို လာလည်ပေါ့ကွယ်၊ အင်းလေးမှာလည် အိမ်ရှိတယ်၊ အဲဒီမှာ မင်းတို့  သူငယ်ချင်းတွေချည်း တည်းပြီး ပျော်ပျော်ပါးပါး နေလို့  ရတယ် ”
- ဟုပြေားသည်။
- ရှမ်းထမင်းချဉ်ကလည်း ကောင်းပါ၏။ ဧည့်ဝတ်ကလည်း ကြေပါ၏။ သည်အတိုင်းဆိုလျှင် ကိုသီဟသည် ခင်လေးနွယ် နှင့် လက်ထပ်ဖြစ်ခဲ့လိပ်မည်ဟု ကျွှန်တော်ထင်သည်။
- ထိုအထင် မမှန်ကြောင်းကို ရက်သတ္တပါတ်မျှကြာသောအခါ ကျွှန်တော် သိရပါလေတော့သည်။ ကျွှန်တော် ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့်
- “ ကိုမြင့်ကြည် နွယ် စကားပြေားချင်လို့ ပါ ” ဟု ဆိုလာသည်။
- “ ပြေားပါ မခင်လေးနွယ် ”
- “ ကိုမြင့်ကြည် အားသလား၊ အေးအေးဆေးဆေး စကားပြေားလို့ ရလား ”
- “ ကျွှန်တော်ကို ဖုန်းထည်းမှ မခင်လေးနွယ် ကြာကြာစကားပြေားဖို့  ရည်ရွယ်ချက်ရှိကြောင်း သိလိုက်ရ၏။
- “ ရပါတယ် မခင်လေးနွယ် ပြေားပါ ”
- “ ကျွှန်တော် တုန့် ပြန်မှုကို ကြားသည်နှင့် မခင်လေးနွယ်၏ သက်ပြင်းချသံကို ဦးစွာကြားရသည်။
- “ ကိုမြင့်ကြည်ရဲ့  သူငယ်ချင်းကို ကျွှန်မ နာလည်လို့  မရဘူး သူဘာတွေ လုပ်နေတယ်ဆိုတာကိုလည်း ကျွှန်မ စဉ်းစားလို့  မရဘူး ”
- “ ဗျာ ဘာဖြစ့်လို့ လည်း ”
- “ သူ ကျွှန်မကို ဂတိတွေ အများကြီးပေးခဲ့တယ်၊ ဟို အသေစိတ်တော့ ပြေားမပြတော့ဘူးနော် ”
- “ ဟုတ်ကဲ့ ”
- “ အဲဒီ ကတိတွေ တခု့ မှ မတည်ဘူးရှင်၊ သူငယ်ချင်းတွေနဲ့  ဆက်စံတဲ့မခါမှာလည်း ဒီလိုပဲလားမသိဘူး ”
- “ ကျွှန်တော် ဘာမှ ပြန်မပြေားဖြစ့်။
- “ ဟို သူငယ်ချင်းတွေပေါ်မှာ ကတိပျက်တာ တမျိုးပေါ့နော်၊ နွယ်အပေါ်မှာ ကတိပျက်တာ သိပ်ခံရခက်တယ်ရှင်။ ချစ်သူ တစ်ယောက်အဖြစ်၊ မလေးမစား လုပ်ခံရတာဘယ်ရှိမလဲနော် ”
- မခင်လေးနွယ်မှာ စိတ်ခံစားမှု တော်တော်ပြင်းထန်နေပုံရသည်။ ဖုန်းထဲံဲ့မှ စကားသံမှား တုန်ယင်နေသည်။
- ရှိက်သံ တချက် အင့်ကနဲဖြစ့်သွားသည်။
- “ တောင်ကြီးကို လာရင် အိမ်မှာ ဖေဖေရှိလို့  ၀င်မလာခဲ့ဖို့  မှာထားတယ်၊ ကိုမြင့်ကြည်၊ အဲဒါလေ အိမ်မှာ ဖေဖေရှိတုန်း မြို့ ထည်းက ဖေဖေမိတ်ဆွေတွေ၊ ဖေဖေ့အပေါ်မှာ သြဇာရှိတဲ့ လူကြီးတွေလဲ ပါတာပေါ့နော်၊ အဲဒါကို သူအရှိန်အ၀ါနဲ့ ရအောင်ရှာပြီး အိမ်ကိုခေါ်လာတယ်၊ ကိုမြင့်ကြည် စဉ်းစားကြည့်စမ်း၊ဒါဟာ လုပ်သင့်တဲ့ အလုပ်လား၊ ဖေဖေက ဘယ်လို ထင်မလဲ၊ အစကတည်းက ဖေဖေဟာ မာနကြီးတဲ့သူပဲ၊ ဂုဏ်ရှိတာတွေ ငွေရှိတာတွေ မလိုဘူး၊ သမီးကြိုက်တဲ့ သူကို သူပေးစားမယ် လို့ ပြေားပြီးသား၊ ဒါပေမဲ့ ဒီလိုတွေဆုံနည်းမျိုးနဲ့  အပေါ်က လာတွေတာကို ကြောက်ပြီး ကျွှန်မကို ကိုသီဟနဲ့  ပေးစားလိုက်ရမှာလား လို့ မေးတယ်၊ ကျွှန်မ သိပ့်ရှက်တာပဲ ”
- “ ဟာ ဗျာ..ကျွှန်တော် ကိုသီဟ တောင်ကြီးသွားတာမသိလိုက်လို့ ပါ ကျွှန်တော် သိရင်....”
- “ နောက်ကျသွားပါပြီ ကိုမြင့်ကြည်ရယ် ကျွှန်မ ကိုမြင့်ကြည် သူငယ်ချင်းကို ဘယ်တော့မှ ထပ်မတွေချင်တော့ဘူး၊ ကိုမြင့်ကြည်ကို ကျွှန်မ အကိုတစ်ယောက်အနေနဲ့  အသိ့ပေးနုတ်ဆက်တာပါ၊ ကျေးဇူးပဲနော် ”
- ကျွှန်တော် ဘာမှ ပြေား၍မရတော့။ တယ်လီဖုန်းကို တစ်ဖက်မှ ချလိုက်သည်။ တယ်လီဖုန်းဆက်ပြီး နောက် ညနေပိုင်းမှာပင် ကိုသီဟ ပြေးရောက်လာသည်။ သူတောင်ကြီးကို သွားခဲ့ကြောင်း၊ မခင်လေးနွယ် သူကို စိတ်ဆိုးသွာလို့  ကူညီစေချင်ကြောင်းများ ရေပက်မ၀င်ပြေားသည်။ ကိုသီဟ၏ ခံစားမှုကို ကျွှန်တော် စာနာ နားလည်နိုင်ပါသည်။
- “ မင်ကို ငါ အစကတည်းက သတိပေးခဲ့သားပဲ သီဟရာ ၊ မင်က ခင်လေးနွယ်ကို လျော့တွက်တာကိုး ”
- ကျွှန်တော် ဖုန်ထဲမှ မခင်လေးနွယ်ပြေားသည့် စကားများကို ပြန်၍ ဖေါက်သည်ချလိုက်၏။ ထို စကားများကို နာထောင်၍ သီဟ ငိုင်သွားသည်။
- ကျွှန်တော် မှားသွားပြီ အကိုကြီး၊ အင်း နွယ်ရဲ ခံစားမှုတွေပြောင်းလံနိင်ပါစေလို့ ပဲ ဆုတောင်းရတော့မှာပဲ ”
- ကိုသီဟနှင့် ကျွှန်တော်တို့  မဟာဝိဇ္ဖာနောက်ဆုံးနှစ်ကို အတူ ဆက်တက်ဖြစ့်ခဲ့သည်။ ထိုနှစ့်တွင် မခင်လေးနွယ် ကျောင်းသို့  လုံးဝ ပေါ်မလာတော့။ ကျောင်းထွက်၍ ကုန်သည် တစ်ဦးနှင့် လက်ထပ်သွားကြောင်း သတင်းကိုသာ ကျွှန်တော်တို့ ကြားရတော့သည်။
- ကိုသီဟ သည် ပေါင်းသင်းဆက်စံရေးတော်ပါသည်။ သို့ သော် သူသည် နေရာတကာတွင် ဂုဏ်ငွေ အသိုင်းအ၀ိုင်းနှင့် ဆက်စံလျှင် ရနိင်သည်ဟု ထင်မှတ်မိခြင်းကာသာ သူ၏ ညံကွက် တစ်ခု့ ဟု ဆိုရပေတော့မည်။

( ၁၉၉၉ ခုနှစ်၊ စာရေးစရာ မောင်မြင့်ကြည် ( စာပေဗိမာန်) ရေးသားခဲ့သေား ၀ထ္ထုတို တစ်ပုဒ်ပါ။)
´