+044.jpg)
- ယနေ့ ခေတ် လူငယ် လူကြီးတွေ ကျိုက်နှစ်သက်နေကြသေား `` ဆရာတော် ဦးဇောတိက `` တရာတော်များထဲက (၁၉၉၇ ခုနှစ်၊ ဇွန်လ ထုတ်ဝေတဲ့ ဓမ္မဒါန ) စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်ပါ ၊ နမ်မည်လေးက ``အပြောင်းအလဲများသေား ခေတ်`` လိုခေါ်ပါသည် ၊ အချိန်ရခဲ့ပါက ၀င်ရောက်၍ ဘာဝနာများ ပွားများသွားပါဟု ဖိတ်ခေါ်ပါသည် ခင်ဗျာ။
- အခုခေတ်က အမျိုးမျိုး အပြောင်းအလဲတွေ ဖြစ်နေတယ်။ အပြောင်းအလဲတွေက အင်မတန် များလွန်းလို့  လူတွေက တစ်ခါတစ်လေ ရှေ့ က ဘာဖြစ်မလဲဆိုတာကို မသိဘဲနဲ့  စိတ်ပိုပြီးတော့ ပင်ပန်းကြတယ်။ အဲဒါလေးကို နည်းနည်းလေး ပြေားချင်တယ်။
- We have to condition ourself to chaos. Chaos ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ဖြစ်သွားတာကို chaos လို့  ခေါ်တယ်၊ conditions are going to be changing at a faster pace in the future. အနာဂတ်ကာလလမှာ အခြေနေတွေဟာ ပိုပြီးတော့ လျင်လျင်မြန်မြန် ပြောင်းလဲသွားလိမ့်မယ်တဲ့။ အခု မြန်မာပြည်မှာ ၄-၅ နှစ့်အတွင်း ဘယ်လောက် အပြောင်းအလဲတွေ ဖြစ်နေပြီလဲ ? ဘယ်လောက်မြန်သလဲ ? စဉ်းစားကြည့်နော်၊ အင်မတန်မြန်တယ်။ တချို့ ဆို လိုက်လို့  တောင် မမှီဘူး။ The pendulum swings are going to be wider. Penduium ဆိုတာ ချိန်သီကို ပြေားတာနော်။ နာရီချိန်သီးကြီးလိုဘဲ၊ အဲဒီတော့ နာရီချိန်သီးဟာ ဟိုဘက်ဒီဘက်ကို ရွေ့ နေတာ ယမ်းနေတာဟာ အရင်ကနဲ့ မတူတော့ဘူး။ အရင်ကထက် ပိုပြီး အဝေးကြီးကို လွှဲသလို ဖြစ်နေပြီတဲ့၊ အရင်တုန်းက ဒီနားလေးမှာ ကပ်ပြီးတော့ပဲ နည်းနည်းလေးပဲ လွှဲတယ်၊ အခု အဝေကြီးကို လွှဲတယ်၊ သူကတင်စားပြီးပြေားတာနော်။
- ဘ၀မှာ အပြောင်းအလဲတွေဟာ အများကြီး ဖြစ့်လာနေတယ်၊ Structures and environments will change. Structure ဆိုတာက လုပ်ငန်းတစ်ခုမှာ အဆင့်ဆင့် လုပ်ပုံတွေ၊ ဖွဲ့ စည်းပုံတွေ အမျိုးမျိုးဟာ ပြောင်းလဲသွားလိမ့်မယ်၊ ပတ်ဝန်းကျင် အသိုင်းအ၀န်းမှာ အခု ပြောင်းလဲနေတာတွေ အများကြီးတွေ့ ရတယ်။ ရန်ကုန်မြို့ ကို တစ်ခေါက်နဲ့ တစ်ခေါက် ပြန်လာရင် မတူတာတွေ အများကြီး သတိထားမိတယ်။
- The calarity, security and convenience of the social order that ramains stable over long periods of time will no longer exist.
- ရှေးတုန်းက ဘာမဆို သူ့ ဟာနဲ့ သူ ပုံသေလေးဖြစ်တယ်၊ စည်းကမ်းတကျလေး ဖြစ်နေတယ်၊ ရှင်နေတယ်၊ ဘာမှ စိတ်ရှုပ်စရာ မရှိဘူး။
- ဘယ်ကိစ္စ ဒီလို လုပ်ရတယ်။ ရှင်းတယ်။ အခု ခေတ်မှာ ဘယ်ကိစ္စ ဘယ်လို လုပ်ရတယ်ဆိုတာ လူတိုင်းလိုလိုပဲ သိနေတယ်။ မေးလိုက်ရင်လည်း ဘယ်သူမဆို တိတိကျကျ ပြေားနိုင်တယ်။
- ဒီကိစ္စ ဒီလို လုပ်ရတယ်။ ရှင်တယ်။ အခု ခေတ်မှာ ဘယ်ကိစ္စ ဘယ်လို လုပ်ရတယ်ဆိုတာ မေရင် သူလည်း သိပ် မသိဘူး၊ ကိုယ်လည်း သိပ်မသိ့ဘူး။
- မှန်းပြီးတော့ လုပ်နေရတယ်၊ ရမ်းပြီတော့ လုပ်နေရတယ်။
- ဘယ်သူမှ မသေချာဘူနော်။ အန်မတန် စွန့် စားရတယ်၊ မရဲတရဲနဲ့  လုပ်နေရတယ်။
- အရင်တုန်းကလို ပှံမှန်အကြာကြီးဖြစ့်နေတဲ့ အသိုင်းအ၀န်း၊ ခေတ်အခါ ကာလဆိုတာ မရှိတော့ဘူး၊ ပြီးသွားပြီ၊ ကုန်သွားပြီနော်။
- Will no longer exist တဲ့။ အဲဒီ ကာလဟာ မရှိတော့ဘူး၊ ကုန်သွားပြီ။
- The normal state of affairs will be rough sea. Rough sea ဆိုတာ ပင်လယ်ပြင်မှာ လှိုင်းထ နေတာနဲ့  တူပါတယ် ငြိမ်ငြိမ်သက်သက် ဆိုတာ မရှိတော့ဘူး။
- အခု ခေတ်အပါအ၀င် ရှေ့ လျှောက် ဒီအတိုင်းပဲ သွားတော့မှာ။ ရှေတုန်းကဆို ဘာမှ သိပ် အပြောင်း အလဲလည်း မရှိဘူး၊ ကိုယ် လုပ်စရာရှိတာလေး နေ့ စဉ် ပုံမှန်လေး လုပ်ပြီးတော့ နေစဉ် ကိုအိမ်မှာ ချက်ပြုတ် စားသောက်ပြီးတော့ အေးအေးချမ်းချမ်း နေရတဲ့ ခေတ်မျိုးက ကုန်သွားပြီနော်။ နောင်ခေတ်လူငယ်တွေရဲ့  ဘ၀ဟာ ပိုပြီးတော့ လှိုင်း တံပိုးထန်တယ်။ ပိုပြီးတော့ ကြမ်းတမ်းတယ်။ ဒါဟာ မသိ ကျိုးကျွံ ပြုပြီးတော့ ဟန်လုပ်ပြီးတော့ မေ့ထားလို့  မရဘူနော်။ မသိဟန်ဆောင်ပြီးတော့ ခလေးဆန်ဆန်လေး နေမယ်ဆိုရင် တကယ်အရေးထဲကျတော့ ကြိုတင်ပြင်ဆင်မှု မရှိတဲ့အတွက် ပိုပြီးတော့ ဒုက္ခရောက်နိင်တယ်နော်။
- စာပိုဒ်လေးက ဒီလောက်ပါပဲ ခင်ဗျာ
- အသင်မိဆွေ ဆရာတော်၏ တရာတော်တွေကိုဖတ်ရှုပြီးခဲ့ရင် အသင်မိတ်ဆွေဟာ မိမိရဲ့  ဘ၀ကို တစ်ခုခုတော့ သဘေားပေါက် နာလည်လိပ်မယ်လို့  ထင်မိပါတယ်၊
- ယနေ့  အချိန်အခါမှာ ကျွှန်တော်တို့  အပါအ၀င် ပြည်မြန်မာလူမျိုးတွေဟာ တခုခုကို မွန်းကြပ်နေသလို နေစဉ်ခံစား နေကြရမယ်လို့  ထင်မိပါတယ်၊
- တခါတလေ ကိုလျှောက်နေတဲ့လမ်းဟာ ၀ိုတိုးဝါတားဖြစ့်သွားသလိုမျိုး ခံစားရပါတယ် ဒီအချိန်မှာ ဆရာတော် အပါအ၀င်သံဃာတော် အရှင်သူမြတ်တို့ ရဲ့  တရာသံလေးမျာနင့် ကောင်းနှိးရာရာ စာအုပ်စာပေများကို ဖတ်ရှုပြီး ကိုလျှောက်နေတဲ့ ၀ိုးတိုးဝါးတား လမ်းကလေးကို ပြန်လည်တည့်မတ်အောင် မနဲ ကျိုးစားထိမ်းနေရတဲ့ ဘ၀ အခြေနေပါ။
- လူသတ္တ၀ါ မှန်သမျှဟာ တနေ့  သွားစရာလမ်းဟာ တစ်လမ်းထဲ ရှိမှာပါ၊ ဆယ်လမ်း မရှိပါဘူးလို့  ထင်မိ့ပါတယ်။ ဒါကြောင့် ကိုခံစားနေရသလိုမျိုး ဇဝေဇ၀ါ ၀ိုးတိုးဝါးတား လမ်းမျိုးတွေ မလျှောက်လှမ်း မိရလေအောင် မိမိ၏ ပြည်မြန်မာ ဆွေမျိုး မိတ်ဆွေများအား မှန်ကန်သေား ဖြူစင်သေား သံဿရာဘ၀လမ်းလေးများ လျှောက်လှမ်းနိင်ကြရအောင် စေတနာမေတ္တာဖြင့် နိုးစော် အသိ့ပေးရင် ဂါရ၀ပြု အပ်ပါသည် ခင်ဗျာ။ အားလုံး လျှောက်လှမ်းနေတဲ့ လမ်းတွေ အောင်မြင်ကြပါစေ ။ ။