သူရဲကောင်း ဆိုတာ (မြန်မာဘာသာ ပြန်)

၁၉၉၁ ခုနှစ် ပထမ ပင်လယ်ကွေ့ စစ်ပွဲ တွင် ဗဟို စစ်ဌာနချုပ် ၏ စစ်ဦးစီးချုပ် နှင့် စစ်တိုင်းမှုး
ဖြစ်သူ ကြယ်လေးပွင့် အဆင့် ရှိ အမေရိကန်ဗိုလ်ချုပ်ကြီး နော်မန် ရွှပ်ဇကော့ဖ် ၏ ကိုယ်တိုင်
ရေး အထ္ထုပတ္တိ စာ အုပ် ဖြစ်သည့် It Doesn’t Take a Hero အမည် ရှိ စာအုပ် ကို Freedom
News Group ၏ ပင် တိုင် ဆောင်းပါးရှင် ဒယ်နီယလ် ကိန်း က ဘာသာ ပြန် ဆို ရေး သား ထား
ပါသည်။
စာမျက် နှာ ၈၀၀ ကျော် ရှိ သည့် ထိုစာအုပ် ကို FNG တွင် အပတ် စဉ် အခန်း ဆက် ဖော်ပြ ပေး သွား
မည် ဖြစ်ပါသည်။ ထို စာအုပ် ကို ဘာသာ ပြန်ရသည့် ရည်ရွယ် ချက် မှာ ” မြန်မာနိုင်ငံသားအားလုံးနီး
ပါး နှင့် မြန်မာစစ်တပ် ၏ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ လေ့လာသင်ယူနိုင်မည့်..
ဒီမိုကရေစီစနစ်၊ အာဏာသုံးရပ်ကို အပြန်အလှန်ထိန်းညှိထားပုံ၊ အုပ်ချုပ်ရေးအဖွဲ့ နှင့် လွှတ်တော်
အလုပ်လုပ်ပုံတွေ၊ ကမ္ဘာ ပေါ်ရှိ အဆင့်အမြင့်ဆုံး အမေရိကန်တပ်မတော်ရဲ့သဘောသဘာဝနဲ့ လုပ်
ကိုင်ပုံတွေ၊ ပရော်ဖက်ရှင်နယ်စစ်တပ်ပီသမှု၊ နောက်..အင်အားကောင်းလှတဲ့စစ်တပ်ကို အရပ်
သားတွေက နိုင်နိုင်နင်းနင်း စီမံခန့်ခွဲပုံတွေ..လေ့လာ နိုင်ရန် ဖြစ်ပြီး အထူးသဖြင့် ဒီမိုကရေစီရဲ့
သဘောသဘာဝနဲ့ အနှစ်သာရများ ကို သိရှိ နားလည် နှင့် စစ်တပ် နှင့် နိုင်ငံရေး ၊ စစ်တပ် နှင့် တိုင်
ပြည် အုပ်ချုပ်ရေး အာဏာ တို့  ကို သဘောပေါက် စေရန် ရည်ရွယ်သည်။

သူရဲကောင်းဆိုတာ..
“သူရဲကောင်းဆိုတာ အမိန့်တွေပေးနေရုံသာမကပဲ မိမိရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ တသားတည်း
တိုက်ပွဲဝင်နေသူကိုခေါ်တာပါ”
(N. Norman Schwarzkopf)
ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၂) သြဂုတ်လ၊ အဖေ စစ်ထွက်သွားခါနီးဆဲဆဲမှာ ကျနော်သာလျှင်
အိမ်မှာကျန်ရှိနေတဲ့ယောက်ျားသားတယောက် ဖြစ်တယ်ဆိုတာကို အသက်ခုနစ်နှစ်ပဲ ရှိသေးတဲ့
ကျနော်သိအောင် အဖေလုပ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ အဖေရယ်၊ ကျနော်ရယ်၊ အမေရယ် အိမ်နောက်ဖေးမှာရှိနေတဲ့အချိန်ပေါ့။ စိမ်းနေတဲ့
ချုံဖုတ်တွေ၊ သင်းပျံ့နေတဲ့ပန်းနံ့လေးတွေရယ်၊ ပလ္လင်ပုံလိုဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အသား
ကင်မီးဖိုရှိနေတဲ့ ကျနော်တို့အိမ်နောက်ဖေးက ကျနော့်အတွက်တော့ တကယ့်ကို ပဉ္စလက်ဆန်
တဲ့နေရာတခုပါပဲ။ အဲဒီအချိန်မှာ မှောင်ရီသန်းစပြုနေပြီး ပိုးစုန်းကြူးလေးတွေလဲ ထွက်လာနေ
ကြပါပြီ။ ကျနော့်အစ်မတွေဖြစ်တဲ့ ရုသ်အန်း (Ruth Ann) နဲ့ ဆယ်လီ (Sally) တို့နှစ်ယောက်
ကတော့ အိမ်ထဲမှာ အလုပ်တွေရှုပ်နေကြလေရဲ့။
အဖေက ကျနော့်ရှေ့မှာရပ်ပြီး တိုင်းပြည်တာဝန်အတွက် သူအဝေးကိုသွားရတော့မယ့်အကြောင်း
ပြောပါတယ်။ အဖေသွားရတော့မှာဖြစ်လို့ ကျနော်က တာဝန်ကြီးတခုကို ရရှိတော့မှာဖြစ်တယ်လို့
သူကပြောပါတယ်။ ယောက်ျားတွေက မိန်းမတွေကို စောင့်ရှောက်ရတဲ့အတွက် အစ်မတွေကို
စောင့်ရှောက်ဖို့က ကျနော့်အပေါ်မှာမူတည်နေပြီး အဲဒီတာဝန်ကိုယူဖို့ ကျနော့်အရည်အချင်းကိုလဲ
သူ့အနေနဲ့ယုံကြည်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ယုံကြည်မှုကို ပြသဖို့အတွက် အဖေက ကျနော့်ကို
ပစ္စည်းတခုကို ပေးချင်နေတယ်။ သူအိမ်ထဲ ခဏပြန်ဝင်သွားတယ်။ အဲဒါနဲ့ အမေနဲ့ကျနော်
အဖေပြန်ထွက်အလာကို စောင့်နေကြတယ်။ အဖေပြန်ထွက်လာတော့ သူ့ရဲ့စစ်သုံးဓါးရှည်ပါလာ
တယ်။ “သား..ဒီဓါးကိုအဖေပြန်မရောက်မချင်းယူထားနော်” လို့အဖေက ပြောပြီး ဓါးရှည်ကို
ကျနော့်လက်ထဲထည့်ပါတယ်။ ပြီးတော့..“သားကိုအဖေ အားကိုးတယ်.. အခု.. အစ်မတွေ
ကိုစောင့်ရှောက်ဖို့က သားတာဝန်ဖြစ်သွားပြီ..” လို့သူပြောပါတယ်။ အဖေ့ဓါးကတော့ ကျနော်
တို့မိသားစုက အမြတ်တနိုးတန်ဖိုးထားရတဲ့ အရာတခုပါ။ အဖေ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်
(West Point) (http://www.usma.edu/) ကျောင်းဆင်းတဲ့နှစ်၊ (၁၉၁၇) ခုနှစ်မှာ
အဲဒီဓါးကို ရခဲ့တာမို့လို့ အဖေ့ဓါးရှည်ကို ကျနော်တို့က ဝက်စ်ပွိုင့်ဓါး လို့ခေါ်ကြတယ်လေ။
(West Point အရပ်၌တည်ရှိသော အမေရိကန်ပြည်ထောင်စုစစ်တက္ကသိုလ် (United
States Military Academy, USMA) ကို ဝက်စပွိုင့်ဟု ခေါ်ဝေါ်ကြသည်)
ဝက်စပွိုင့်က သူ့ဘဝကိုပုံသွင်းထုဆစ်ပေးခဲ့တယ်လို့ မဆိုင်းမတွပြောပြဖို့တော့ အဖေကဝန်မလေး
တတ်ပါ။ “တာဝန်၊ သိက္ခာ၊ တိုင်းပြည်” ဆိုတဲ့ ဝက်စပွိုင့် စစ်တက္ကသိုလ်ရဲ့ဆောင်ပုဒ်ကတော့
အဖေ့ရဲ့ယုံကြည်ကိုးကွယ်မှုတရပ်ပါပဲ။ အခုတော့ အဲဒီဓါးက ကျနော့်ဓါးဖြစ်လာပါပြီ။ အဖေက
အဲဒီဓါးကို သူ့စာကြည့်ခန်းထဲက စားပွဲပေါ်မှာ တင်ထားလေ့ရှိပါတယ်။ ကျနော် ငယ်ငယ်လေး
တုန်းက အဖေက ဓါးအိမ်ထဲက ဓါးကိုထုတ်ပြီး ဓါးပြားပေါ်မှာထွင်းထားတဲ့ သူ့နာမည်ကိုပြတတ်
ပါတယ်။ အဖေ့နာမည်က (Herbert Norman Schwarzkopf)
(http://en.wikipedia.org/wiki/Norman_Schwarzkopf,_Sr.) ပါ။
နာမည်ထွင်းတဲ့ပုဂ္ဂိုလ်က မှားရေးထားလို့ H နေရာမှာ N ဖြစ်နေပြီး (N. Norman Schwarzkopf)
ဖြစ်နေပေမယ့်လဲ ပြဿနာတော့ သိပ်မရှိပါဘူး။ အမှန်အတိုင်းပြောရရင် ကျနော်ကတော့ ကြိုက်
တယ်။
ဖြစ်ချင်တော့ အဲဒီမှားနေတဲ့ နာမည်က ကျနော့်နာမည်ဖြစ်နေတာရယ်၊ နောက်..ကျနော်က
ဝက်စပွိုင့်မှာ ကျောင်းသွားတက်ရမှာလို့ အဖေနဲ့အမေက စပြောတဲ့နေ့ကိုလည်း အမှတ်ရနေတော့
ဒီဓါးက ကျနော့်အတွက်တော့ တကယ့်ကိုထူးခြားတဲ့ အဓိပ္ပာယ်ရှိနေတယ်လေ။ ကျနော့်ကိုပဲ
ပြောပြီး သူတို့ကိုချန်ထားတော့ အစ်မတွေက နည်းနည်းမှသဘောမကျဘူးတော့ဘူးပေါ့။ ဒါပေမယ့်လည်း
အခု အဖေစစ်ထွက်သွားပြီးနောက်ပိုင်း ဖြစ်လာတော့မယ့် ကျနော့် အနေအထားနဲ့ ပတ်သက်လို့တော့
သူတို့ဘာမှတော့မမေးကြပါဘူး။
အဖေက သူ့ဓါးရှည်ကို ကျနော့်လက်ထဲထည့်ပေးတော့ တကယ့်တာဝန်ကြီးတရပ်လို့ ကျနော်ခံစား
ရတယ်။ ဒီဓါးအတွက်သာမက၊ အမေနဲ့အစ်မတွေအတွက်ပါ တာဝန်ရှိလာပြီဆိုတော့ ထူးထူးခြားခြားကို
ခံစားနေရတယ်။ အမေ့ကိုတော့ ကျနော်တာဝန်ယူနိုင်တယ်လို့ထင်တယ်။ ဒါပေမယ့် ကျနော့်သြဇာ
လုံးဝမသက်ရောက်တဲ့ အစ်မတွေနဲ့ပတ်သက်လို့တော့ ပိုပြီးစိတ်ပူမိပြန်ရော။ ပြီးသွားတော့ အမေက
အဲဒီဓါးကို စာကြည့်ခန်းထဲက ထားနေကျနေရာမှာ ပြန်ထားဖို့နဲ့ အိပ်ယာဝင်ဖို့ ကျနော့်ကိုပြောတယ်။
အမေက မှတ်ပုံတင်ထားတဲ့ သူနာပြုတယောက်ဆိုတော့ ကျနော်တို့ မောင်နှမတွေကို အိပ်ရေးဝဝ
အိပ်ကြဖို့ အမြဲလိုလိုပြောတတ်ပါတယ်။ အဲဒီညမှာ အဖေက ကျနော့်ကို နောက်ဆုံးညအနေနဲ့နမ်း
ပါတယ်။ အပြင်မှာ ရှိနေဆဲ ဆည်းဆာချိန်ကတရွေ့ရွေ့နဲ့ကုန်ဆုံးနေပါပြီ။ ကျနော်လဲ ခုတင်ပေါ်မှာ
လှဲနေရင်းကနေ ပြတင်းပေါက်ကနေ အလင်းရောင်ပျောက်သွားပြီး ကြယ်လေးတွေထွက်လာတာ
ကို ကြည့်နေမိပါတယ်။ ပြီးတော့ အဖေပေးလိုက်တဲ့ တာဝန်ကြီးကို ဘယ်လိုထမ်းဆောင်ရမလဲ
တွေးရင်းနဲ့ အိပ်ပျော်သွားပါတယ်။ နောက်နေ့ ကျနော်နိုးလာတော့ အဖေထွက်သွားနှင့်ပါပြီ။
အဲဒီနောက်တော့ အားလုံးပြောင်းလဲကုန်တော့တာပါပဲ။
ခရစ္စမတ်နေ့တွေ၊ မွေးနေ့တွေမှာပျော်လိုက်၊ သစ်ပင်တက်လိုက်၊ စွပ်ဖားစီးလိုက်နဲ့ ကျနော့်ဘဝဟာ
အဲဒီအချိန်ထိ တကယ့်ကို ပျော်စရာကောင်းတဲ့ဘဝလေးပါပဲ။ မဟာစီးပွားပျက်ကပ် (Great
Depression) ( http://en.wikipedia.org/wiki/Great_Depression) ဆိုက်ခဲ့တဲ့
အချိန်မှာတောင် ကျနော်တို့စားပွဲပေါ်မှာ အစားအသောက်တွေ အလျှံပယ်ရှိနေခဲ့ပါတယ်။
အိမ်ခြေမဲ့တွေ အိမ်နောက်ဖေးတံခါးကိုလာခေါက်တာကို မြင်ရတဲ့အချိန်ကတော့ အဆိုးဝါး
ဆုံးအချိန်လို့ မြင်ခဲ့ဖူးပါတယ်။ အမေက အိမ်အကူအမျိုးသမီးကို အိမ်ယာမဲ့တွေအတွက်
နေ့လယ်စာပေးခိုင်းပါတယ်။ နေ့လယ်စားစားပြီးရင်တော့ သူတို့ကိုပြန်သွားစေပါတယ်။
(၁၉၂၉-၁၉၃၉ ခုနှစ်များအတွင်း ဒုတိယကမ္ဘာစစ်မတိုင်မီကာလတွင် ကမ္ဘာတဝန်းလုံး၌
မဟာစီးပွားပျက်ကပ် ဆိုက်ရောက်ခဲ့သည်)
ကျနော်တို့မိသားစုက နယူးဂျာစီပြည်နယ် (New Jersey) (http://en.wikipedia.org/wiki/New_Jersey)၊
လောရဲန့်စ်ဗီးလ်မြို့ (Lawrenceville) (http://en.wikipedia.org/wiki/Lawrenceville,_New_Jersey)
ရှိ မင်းလမ်း (Main Street) ပေါ်က အိမ်စိမ်း (Green House) လို့သိကြတဲ့ ကျောက်တုံးခံတပ်ကြီးမှာ
နေကြပါတယ်။ အပြင်ဘက်အိမ်နံရံမှာ နွယ်ပင်စိမ်စိမ်းတွေနဲ့ဖုံးနေပြီး တံခါးဘေးမှာ ရှိတဲ့
ကျောက်ပြားပေါ်မှာတော့ (၁၈၁၅) လို့ရေးထွင်းထားပါတယ်။ ဒီအိမ်ကိုအရင်တုန်းက
လောရဲန့်စ်ဗီးလ်ကျောင်းက ပိုင်ဆိုင်ပြီး ပြန်အငှားချထားခဲ့တာပါ။ လောရဲန့်စ်ဗီးလ်ကျောင်း
(Lawrenceville School) (http://www.lawrenceville.org/) ဆိုတာက ယောက်ျားလေး
သီးသန့်ကျောင်းဖြစ်ပြီး ကျောင်းရဲ့ လေ့ကျင့်ရေး ကစားကွင်းတွေက ကျောင်းခြံစည်းရိုး
သံတိုင်တွေကိုကျော်ပြီး လမ်းမရဲ့အခြားတဘက်ကိုပါ ရောက်ပါတယ်။ ပရင့်စတန်မြို့ (Princeton)
(http://www.princetontwp.org/) မြို့ ကတော့ မင်းလမ်းရဲ့ လက်ဝဲဘက်၊ ခြောက်မိုင်လောက်
ဆင်းသွားရင် ရောက်ပါတယ်။ နယူးဂျာစီပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ထရဲန်တန် (Trenton)
( http://en.wikipedia.org/wiki/Trenton,_New_Jersey) မြို့ကတော့ မင်းလမ်း
ကနေဆိုရင် လက်ယာဘက်၊ ခြောက်မိုင်အကွာလောက်မှာရှိပါတယ်။
ကောင်းကင်ဘုံကိုရောက်တဲ့ ပုံပြင်ထဲက ဂျက်ရဲ့ပဲနွယ်ပင်လို ကော့ပါးဘိခ် (Copper Beech)
(http://en.wikipedia.org/wiki/Fagus_sylvatica) ပင်ရှည်ကြီးတပင်ရှိတဲ့ ကျနော်
တို့အိမ်ရှေ့ကကွက်လပ်ကတော့ အကျယ်ကြီးပါပဲ။ အဖေထွက်သွားတဲ့နှစ်မှာ အဲဒီအပင်ကြီး
ရဲ့ပင်စည်မှာ ကျနော့်နာမည်က အစစာလုံးတွေကို ကျနော်ထွင်းခဲ့တယ်။ ကော့ပါးဘိခ်ပင်ဘေး
မှာတော့ တွဲလောင်းကျနေတဲ့ အကိုင်းတွေ ကိုခိုတက်ပြီး အရွက်တွေကြားထဲမှာ ပုန်းနေလို့ရတဲ့
ကဲမ်ပါဒေါင်းန်အဲလ်မ်း (Camperdown Elm)
(http://en.wikipedia.org/wiki/Ulmus_glabra_%27Camperdownii%27)
အပင်ကြီးတပင်ရှိပါတယ်။ အိမ်နောက်ဘက်က အသားကင်မီးဖိုရဲ့အနောက်ဘက်မှာရှိတဲ့
ကြက်တောင်ကွင်းတကွင်းဖောက်ထားပြီး၊ အုတ်နီခဲလမ်းလေးတခုနဲ့ဆက်ထားတဲ့ အမေ့
ပန်းခြံလေးရှိတဲ့ မြေတဧကကိုလဲ အဖေနဲ့အမေတို့ ပိုင်ပါတယ်။
မျက်နှာကျက်ကအမြင့်ကြီး၊ ရှေးဟောင်းပရိဘောဂတွေလို့ အမေက ကျနော်တို့ကိုပေး
မဆော့တဲ့ ရှိတဲ့ အိမ်ရှေ့ခန်းအကျယ်ကြီးနဲ့ ကျနော်တို့အိမ်က အကျယ်ကြီးပဲလို့ခံစားကြရ
ပါတယ်။
ပြတင်းပေါက်ကျယ်ကြီးရှိတဲ့ အဖေ့စာကြည့်ခန်းမှာတော့၊ သားရေအထူကြီးတွေခင်းထားတဲ့
ထိုင်ခုံတွေရှိပြီး၊ ဧည့်ခန်းကြီးရဲ့ အလယ်တည့်တည့်မှာတော့ မိသားစုအတွက်ရေဒီယိုကြီး
တလုံးရှိပါတယ်။ အဲဒီရေဒီယိုကြီးဘေးမှာထိုင်ပြီး “အရိပ်” (The Shadow)
(http://en.wikipedia.org/wiki/The_Shadow)၊ “တကိုယ်တော်ခရီးသည်”
(Lone Ranger)၊ “နကျယ်စိမ်းလူစွမ်းကောင်း” (The Green Hornet)
(http://en.wikipedia.org/wiki/Green_Hornet) နဲ့ ကျနော်တို့အဖေပါတဲ့ ရေဒီယို
ဇာတ်လမ်းတွေကို နားထောင်ခဲ့ကြရတာပေါ့။ လင်းဘတ်ဂ်ပြန်ပေးမှု (Lindbergh Kiddnapping)
(http://en.wikipedia.org/wiki/Lindbergh_kidnapping) ဖြစ်တဲ့အချိန်တုန်းက
အဖေက နယူးဂျာစီပြည်နယ်ရဲချုပ်ဆိုတော့၊ အဖေ့နာမည်ကို သန်းပေါင်းများစွာသော
အမေရိကန်တွေက ကောင်းကောင်းသိကြပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့ကအနားယူပြီးတော့ အမေရိကန်နိုင်ငံမှာ လူကြိုက်အများဆုံး ရေဒီယိုဇာတ်
လမ်းတွေထဲ တခုဖြစ်တဲ့ လူမိုက်များကိုဖြိုခွင်းသူများ (Gang Busters)
(http://en.wikipedia.org/wiki/Gang_Busters) ဆိုတဲ့ မှုခင်းရေဒီယိုဇာတ်လမ်းမှာ
ဇာတ်ကောင်တဦးအဖြစ်ပါဝင်ခဲ့သေးပါတယ်။ အဲဒီဇာတ်လမ်းက တနင်္ဂနွေနေ့ ည (၈) နာရီဆို
လာပြီပေါ့။ တပတ်မှာ အဲဒီတညတည်းပဲ ကျနော်တို့ ညနက်ထိနေခွင့်ရှိပါတယ်။
ဤ ဘာသာ ပြန် ၀တ္ထု သည် Freedom News Group နှင့် စာရေးသူ ဒယ်နီယ(လ်)ကိန်းတို့ 
၏ မူပိုင် ဖြစ်သည်။