Saturday, January 21, 2012
{ ဂုဏ်ယူတယ် }
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၁ဝ၃ နှစ်ပြည့် မွေးနေ့ဆွမ်းကျွေး အခမ်းအနားကို မြို့မ ကျောင်းလမ်းရှိ ဒက္ခိဏာရုံကျောင်းတိုက်တွင် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားသို့ ဦးသန့်၏ သမီး ဒေါ်အေးအေး သန့်နှင့် ပန်းတနော်မြို့နယ် အသင်းမှ တာဝန်ရှိသူများ၊Sri Chinmoy ၏ ငြိမ်းချမ်းရေးကမ္မဋ္ဌာန်းအဖွဲ့မှ ပုဂ္ဂိုလ်များ နှင့် အခြားဖိတ်ကြားထားသူများတက်ရောက် ကြသည်။ ထိုအခမ်းအနားဝယ်Sri Chinmoy၏ ငြိမ်းချမ်းရေး ကမ္မဋ္ဌာန်း အဖွဲ့မှ ပုဂ္ဂိုလ်များကSri Chinmoyကိုယ်တိုင် ဦးသန့်အား ဂုဏ်ပြုရေးစပ်ခဲ့ သော တေးသီချင်း (၃)ပုဒ်ကို သံပြိုင် သီဆိုဂုဏ်ပြုခဲ့ကြသည်။ထို့နောက်ဦးသန့် ၏သမီးဒေါ်အေးအေးသန့် ကဒက္ခိဏာရုံ ကျောင်းတိုက် ဆရာတော်အား ဝတ္ထု အလှူငွေဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့ နောက် ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ကန်တောမင် ပန်းခြံအနီးရှိ ဦးသန့်၏ အုတ်ဂူသို့ သွားရောက်ကာ သန့်ရှင်းရေး များ ပြုလုပ်ခဲ့ကြသည်။ ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ကိုမျိုး (မြန်မာစာ) ကလည်း သူရေးစပ်ထားသော ကဗျာကို ဒေါ်အေးအေး သန့်အားအမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ၁၉၇ဝ က ဦးသန့်သည် ဘာသာရေး ခေါင်းဆောင်Sri Chinmoyအား ကုလသမဂ္ဂရုံးချုပ်သို့ ဖိတ်ကြား၍ ငြိမ်းချမ်း ရေးကမ္မဋ္ဌာန်း စီးဖြန်းစေခဲ့ဖူးသည်။ ယခု အခမ်း အနားတွင်ဂုဏ်ပြုရွတ်ဆိုခဲ့ကြသော တေးသီချင်း (၃)ပုဒ်ကSri Chinmoy က ၁၉၇၆ ခုနှစ် ဧပြီလ(၁)ရက်နေ့က ရေးစပ်ဂုဏ် ပြုခြဲ့ ခင်းဖြစ်သည်။ လာမည့် ဖေဖော်ဝါရီ လ ၁၂ ရက် ပြည်ထောင်စုနေ့တွင်လည်း ပန်းတနော်မြို့နယ်အသင်းမှကြီးမှူး၍ ဦးသန့်အမှတ်တရ စာကြည့်တိုက်ကို ပန်းတနော် မြို့တွင် အုတ်မြစ်ချမည်ဖြစ်ကြောင်းသိရသည်။ ဦးသန့်ကို ၂၂-၁-၁၉ဝ၉ရက်နေ့က ပန်းတနော်မြို့တွင် မွေးဖွားခဲ့ပြီး ၂၅-၁၁-၁၉၇၄ရက်နေ့တွင် အဆုတ်ကင်ဆာရော ဂါဖြင့် နယူးယောက်မြို့တွင်ကွယ်လွန်ခဲ့သည်။
PN-002