သူရဲကောင်းဆိုတာ… အခန်း (၄) ၊ ပထမပိုင်း

အယ်လ်ပိုင်းသစ်တော (Alpine Forests) တွေနဲ့ ရေပြာအိုင်တွေ (Blue Lakes) ကတော့
တကယ့်ကိုရင်သပ်ရှုမောဖွယ်ရာပါပဲ။ ဗလီတွေအစား ချာ့ခ်ျကျောင်းတွေ၊ ဒိုရော့ရှ်ကက်စ် မြည်း
လှည်းတွေအစား သံလမ်းပေါ်သွားတဲ့ ကားရထားတွေနဲ့ နန်းတော်တွေအစား အလယ်ခေတ်
လက်ရာစံအိမ်တွေ (Medieval Town Houses) ကို စတင်တွေ့မြင်ရပါတော့တယ်။
ဆွစ်ဇာလန်နိုင်ငံကိုကြည့်ရတာတော့ ချော့ကလက်ဗူးတဗူးနဲ့တူသလိုပါပဲ။
ရုန်းမြစ် (Rhone River) စပြီးမြစ်ဖျားခံတဲ့ ဂျီနီဗာကန်တော်ကြီးက စတင်စီးထွက်လာတဲ့ မြစ်ညာ
တလျှောက်မှာ ဂျီနီဗာမြို့ကိုတည်ထားပါတယ်။ မြောက်ဘက်ကမ်းပေါ်မှာက ခေတ်မှီအဆောက်အ
ဦးတွေရှိပြီး၊ တောင်ဘက်မြစ်ကမ်းပါးပေါ်မှာကတော့ စိန့်ပီးယားဘုရားကျောင်းတော်ကြီး (The
Great Cathedral of St.Pierre) တည်ရှိနေတဲ့ တောင်ကုန်းအထိရှည်လျားကျယ်ပြန့်စွာရှိတဲ့
မြို့ဟောင်း (The Old Town) ရှိပါတယ်။ မြို့ထဲက လမ်းကျဉ်းလေးတွေကြားမှာတော့ ဆွစ်ရိုးရာ
ဟင်းလျာတွေ၊ ဝိုင်နဲ့ဘီယာတွေရောင်းချတဲ့ ထူးခြားကောင်းမွန်တဲ့စားသောက်ဆိုင်
ငယ်လေးတွေရှိပြီး ကျနော်တို့လို အထက်တန်းကျောင်းသားတွေတောင် အချိန်တိုတိုနဲ့
ရှာတွေ့နိုင်ကြပါတယ်။
ဂျီနီဗာနိုင်ငံတကာကျောင်း ကတော့ မြို့ဟောင်းရဲ့ အရှေ့ဘက် (၁) ကီလိုမီတာလောက်အကွာမှာရှိတဲ့၊
အမိုးနီနီနဲ့ အဖြူရောင် အဆောက်အဦးတွေကို စုဝေးပြီးဆောက်ထားတဲ့ နေရာပါပဲ။ ကျောင်းစတက်တဲ့နေ့မှာ၊ ပင်မဆောင်ထဲကိုကျနော်ဝင်သွားတော့ တော်တော်ကိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတယောက် သေတ္တာ
တလုံးကို လှေခါးအတိုင်း ဆွဲချလာနေတာကို တွေ့လိုက်ရတယ်။ သူမလေးက ဘောင်းဘီအပြာနဲ့ ရှပ်အင်္ကျီ
အရောင်တောက်တောက်တထည်ကို ဝတ်ထားပြီး ရှည်လျားနက်မှောင်နေတဲ့ဆံနွယ်လှလှတွေကို
သားရေကွင်းနဲ့စည်းထားလေရဲ့။ ဒီလိုလှတဲ့ မိန်းကလေးမျိုးကို မမြင်ရတာ အတော့်ကိုကြာသွားပါပြီ။
ကျနော်စိုက်ကြည့်နေမိတာကို သူမလေးက သတိထားမိသွားတော့…
ဟိတ်..အဲလိုပဲဆက်ရပ်နေမှာလား… တို့ကိုလာဝိုင်းကူမှာလား… လို့ မေးပါလေရောလား။
ကျနော်လဲ သူမလေးဆီကို အမြန်သွားပြီးကူညီမိပါတော့တယ်။ ကိုယ့်ကိုယ်ကိုလဲ “မိန်းကလေးတယောက်
ကိုကူညီဖို့ ကြိုးစားတာဟာ လူမှုရေးစည်းမျဉ်းကိုဖေါက်ဖျက်တယ်” ဆိုတဲ့၊ မူမမှန်တဲ့ခပ်ကြောင်ကြောင်
အတွေးအခေါ်ရှိတဲ့ အီရန်လိုနိုင်ငံမျိုးမှာမဟုတ်တော့ဘူး ဆိုတာကို သဘောပေါက်သွားမိတယ်။

ယနေ့ခေတ် ဂျီနီဗာနိုင်ငံတကာကျောင်း၏နယ်မြေသုံးခုအနက်မှတခု
ကိုယ်စားလှယ်တွေရဲ့ သားသမီးတွေပညာသင်ဖို့အတွက် ဒီနိုင်ငံတကာကျောင်းကို ဖွင့်လှစ်ခဲ့တာပါ။ လူတိုင်း
အလွယ်ခေါ်ကြတာကတော့ အီကိုးလင့် (Ecolint) တဲ့။ တန်းတူညီမျှမှုရှိတဲ့ Ecolint ကျောင်းကတော့ လှလှပပ၊ ခမ်းခမ်းနားနားကြီးတော့မဟုတ်ပေမယ့် ကျောင်းစားရိတ်လည်း သိပ်မကြီးလှပါဘူး။ ကမ္ဘာပေါ်က သန်းကြွယ်
သူဋ္ဌေးတွေ သူတို့သားသမီးတွေကို ပို့ကြတဲ့ ကျောင်းအိပ်ကျောင်းစားနေရာတဲ့ တခြားဆွစ်ဘော်ဒါကျောင်း
(Boarding School) တွေနဲ့ အဲဒီအပိုင်းမှာ အခြေခံအားဖြင့် ခြားနားသွားပါတော့တယ်။
ဒုတိယကမ္ဘာစစ်က အီကိုးလင့်ကကျောင်းသားကျောင်းသူတွေအပေါ်မှာ ရုပ်ရှင်ဆန်ဆန်
သက်ရောက်မှုတွေရှိခဲ့ပါတယ်။ ကျနော့်ရဲ့ကျောင်းနေဖက်တွေထဲမှာ (၁၉၄၀) စက်တင်ဘာလ
(၇) ရက် ကနေ (၁၉၄၁) မေလ (၁၀) ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့၊ Blitz (ဂျာမန်ဘာသာနှင့် လျှပ်စီး)
ဟုအမည်ရ၍ ဗြိတိန်နိုင်ငံနဲ့ မြောက်အိုင်ယာလန်နိုင်ငံတွေကို ဂျာမန်လေတပ် (Luftwaffe) မှ မဟာဗျူ
ဟာမြောက်ဗုံးကြဲမှုတွေ စတင်ခဲ့တဲ့အချိန်ကနေစပြီး စစ်ဘေးဒဏ်မှ ခိုလှုံနေခဲ့ကြတဲ့ ဗြိတိသျှအထက်
တန်းလွှာတွေရဲ့သားသမီးတွေ၊ ကွန်မြူနစ်ပါတီစွဲအုပ်စုတွေကြားမှာ ကြီးပြင်းလာပြီး၊ အီကိုးလင့်မှာ
ပုံမှန်ပညာရေးအတွက် လာရောက်သင်ယူနေကြတဲ့ အရှေ့ဥရောပက ခပ်တေတေလူငယ်တွေ
လည်းပါ ပါတယ်။

အမေရိကန်တပ်မတော်၊ အမှတ် (၄၂) ခြေလျင်တပ်မမှ ဒါခ်ယောအကျဉ်းစခန်းမှ အကျဉ်းသားများကို လွတ်မြောက်စေခဲ့အပြီးတွင် ထိုစဉ်အကျဉ်းစခန်းရှိအခြေအနေ
ကိုနာဇီများက နည်းမျိုးစုံနဲ့သတ်ဖြတ်ခဲ့တဲ့ ဒါခ်ယော (Dachau) လို့အမည်ရတဲ့ နိုင်ငံရေးအကျဉ်းစခန်း
(Concentration Camp) ကနေမသေပဲပြန်လွတ်လာလို့ ကျနော့်အစ်မတွေကို အကျဉ်းစခန်းမှာထိုးခဲ့ရတဲ့
ဆေးမင်ကြောင်ကိုပြတဲ့ကျောင်းသူလေးတယောက်လဲ ရှိပါသေးတယ်။ နောက်ကျောင်းသူလေးတယောက်
ဆို ပဲရစ်မြို့မှာ သူ့မိသားစုကို နာဇီတွေဝိုင်းထားတော့ သူကဒီကျောင်းရောက်နေလို့ လွတ်သွားတာ။ ကျောင်း
သူကျောင်းသားတွေထဲမှာ ဆွစ်၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမန်၊ အင်္ဂလိပ်၊ အင်ဒီးယန်း၊ ပိုလန်၊ ချက်၊ ယူဂို
ဆလပ်တွေနဲ့ အီသီယိုးပီးယားတွေတောင် ပါသေးတယ်။

ဒါခ်ယော နာဇီအကျဉ်းစခန်းတွင် အကျဉ်းသားများထိုးနှံရသော ဆေးမင်ကြောင် (Tattoo)
မကပါဘူး။ စာသင်နှစ်ရဲ့ နှစ်လယ်လောက်ကျတော့ ချက်နိုင်ငံ ပရက်ဂ် (Prague) မြို့မှာ ကွန်မြူနစ်တွေက
အာဏာသိမ်းပါတယ်။ အဲဒါနဲ့ ကျနော်တို့ကျောင်းရဲ့ ပြင်သစ်နိုင်ငံသူ ကျောင်းအုပ်ကြီးဖြစ်တဲ့ မဒမ်မောရက်ထ်
(Madame Morette) ကကျောင်းသားတွေကို ခန်းမထဲမှာ စုဝေးလိုက်ပါတယ်။ အဲဒီကွန်မြူနစ်အာဏာသိမ်းမှုကို
“လွတ်လပ်မှုသေဆုံးခြင်း” (Death of Liberty) လို့ ကျောင်းအုပ်ကြီးက ခေါ်ဆိုလိုက်ပြီး တကယ့်ကိုကောင်းမွန်
တဲ့ မိန့်ခွန်းတခုကို ပြောခဲ့ပါတယ်။ ဒါပေမယ့်တခုရှိတာကတော့ အောက်ကနားထောင်နေတဲ့ ကျောင်းသူကျောင်း
သားတွေထဲမှာ အဲဒီအာဏာသိမ်းမှုမှာပါတဲ့လူတွေရဲ့ သားသမီးတွေနဲ့၊ အာဏာအသိမ်းခံလိုက်ရတဲ့လူတွေရဲ့သား
သမီးတွေလဲ ပါနေတယ်ဗျား။
အီကိုးလင့်ကျောင်းသားဘဝမှာ အသားကျအောင်လိုက်ပြီးညှိရတာက တယ်ရန်မှာကြုံခဲ့ရတာထက်တောင်
အတော့်ကိုပိုမိုခက်ခဲနေပါတယ်။ ကျနော့်အစ်မတွေက နွေရာသီမှာ အမြော်အမြင်ရှိရှိနဲ့ ပြင်သစ်စကားပြောကို
သင်ယူခဲ့ကြပါတယ်။ အီကိုးလင့်က အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဂျာမန်ဘာသာစကား (၃) မျိုးပြောတဲ့ (Trilingual)
ကျောင်းဆိုတော့ အင်္ဂလိပ်စကားကောင်းကောင်းပြောလို့ အဆင်ပြေလိမ့်မယ်လို့ ကျနော်လဲယူဆခဲ့မိတာပေါ့။
ဖြစ်ချင်တော့ အီကိုးလင့်မှာ နေ့တဓူဝပြောဆိုနေကြတဲ့ ဘာသာစကားက ပြင်သစ်စကားဖြစ်နေတယ်။ ထမင်း
စားခန်းမ (Dining Hall) ထဲမှာ စထိုင်မိတဲ့အချိန်ကစပြီး အခြေအနေသိပ်တော့မကောင်းဘူးဆိုတာ ကျနော်
လည်းသိလိုက်ပါတယ်။ ကျနော်ထိုင်တဲ့စားပွဲမှာ ကျောင်းသား (၁၀) ယောက်ထိုင်နေကြပါတယ်။ အဲဒီဆယ်ယောက်ထဲက ဗြိတိသျှကျောင်းသားတွေကအစ ပြင်သစ်လိုပြောနေကြတယ်။
ကျနော်လား… ပရက်စ်ဘီတေးရီးယန်းမစ်ရှင်ကျောင်းမှသင်ခဲ့ရတဲ့ ပြင်သစ်စကား တလုံးစနှစ်လုံးစလောက်က
လွဲရင် ကျန်တာတလုံးမှကိုနားမလည်ဘူးဗျား… အခုတော့ပြင်သစ်စကားပြောတတ်မှ အဆင်ပြေမယ့်
သဘောဖြစ်သွားပြီ။
“Du Pain, s’il vous plait…” ပေါင်မုန့်ပေးပါဦး …
ဆိုတာလောက်တောင် ပြင်သစ်လိုမပြောတတ်ရင်တော့ ပေါင်မုန့်ရမယ့်အလားအလာ သိပ်မရှိဘူးလေ။
ကျောင်းမှာတော့ ကျနော့်ရဲ့ကိုယ်လုံးကိုယ်ပေါက်က ကျနော့်ရဲ့ကယ်တင်ရှင်ပါပဲ။ အတန်းဖေါ်အများစုက
ကျနော့်ထက်ပုကြပါတယ်။ အီကိုးလင့်ကျောင်းမှာ ထင်ရှားတဲ့ ဘောလုံးအသင်းက ကျနော့်ကိုအသင်းသား
အဖြစ် ချက်ချင်းပဲလက်ခံလိုက်တယ်လေ။ အရင်တုန်းကတော့ ကျနော်တခါမှမကစားဖူးပေမယ့် လူကောင်
ကထွားလွန်းတော့ ဘောလုံးကိုတမိုင်လောက်ရောက်အောင် ကန်နိုင်လို့လေ။ အသင်းနည်းပြက ကျနော့်ကို
နောက်တန်းမှူး (Fullback) အဖြစ်နဲ့ နေရာချထားပါတယ်။
ကစားပွဲချိန်အတွင်း ကျနော့်ရဲ့အဓိကတာဝန်ကတော့ တဖက်အသင်းလူက ကျနော်တို့ဘက်ကိုဖောက်လာပြီး ဂိုးတိုင်ဆီကိုဘောလုံးဆွဲပြေးမလာခင် နောက်တန်းမှာအခွင့်ကောင်းစောင့်နေရတာပါ။ ပုံမှန်အားဖြင့် ကျနော့်
ကိုယ်လုံးရဲ့ သုံးပုံနှစ်ပုံလောက်ပဲရှိတဲ့ တဖက်အသင်းကလူ ကျွံဝင်လာပြီဆိုတာနဲ့ ဘောလုံးနဲ့လူနဲ့သပ်သပ်စီဖြစ်
သွားဖို့က ကျနော့်တာဝန်ပေါ့ဗျာ။ ဘောလုံးရာသီအစတွေမှာ များသောအားဖြင့်တော့ တယောက်ယောက်နဲ့ဝင်
တိုက်မိပြီး ကျနော်ပွဲစတတ်ပါတယ်။
ကျနော့်အသင်းဖေါ်တွေနဲ့ နည်းပြဆရာတို့ရဲ့ကောင်းမှုတွေကြောင့် ကျနော့်ခြေအနှုတ်အသိမ်းတွေက ဖြည်းဖြည်း
ချင်း တိုးတက်လာပါတယ်။ ကျနော်တို့အသင်းက တကယ့်ကိုအသင်းကောင်းတခုပါ။ တခြားကြေးရတတ်ကျောင်း
ကြီးတွေရဲ့အသင်းတွေကိုသာမကပဲ ဆွစ်ဇာလန်နိုင်ငံအနောက်ပိုင်း (Western Switzerland) မှာရှိတဲ့
ဘော်ဒါကျောင်းတွေအားလုံးထဲကမှ အငယ်တန်းချန်ပီယံဆုကို တက်လှမ်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘောလုံး
သမားတယောက်ဖြစ်ရတဲ့ အနေအထားက ကျနော့်ကိုလဲ ကျောင်းမှာ နေရာတနေရာရရှိလာစေခဲ့ပါတယ်။
နိုဝင်ဘာလမတိုင်မီကျတော့ ကျနော်လဲ ပြင်သစ်လိုတော်တော်လေး ပြောဆိုနိုင်လာခဲ့ပါပြီ။
ကျနော်နဲ့အခင်ဆုံးသူငယ်ချင်းတွေကတော့ စတဲမ့်ဟောက်စ် (Stump House) လို့ခေါ်တဲ့ ဆယ်ကျော်သက်
လူငယ်ကျောင်းသားလေးတွေနေရတဲ့ အဆောင်က ဘောလုံးကစားဖေါ်ကစားဖက်တွေပါ။ အီတလီ
စီးပွားရေးသမားတယောက်နဲ့ အင်ဒီးယန်းလူမျိုးမိခင်ရဲ့သားဖြစ်တဲ့ ဂျက် (Jack)၊ ပြင်သစ်ဂျူးလူမျိုး အူရီ
(Uri) နဲ့ ချက်လူမျိုးတယောက်ဖြစ်တဲ့ ဂျီရို (Jiro) တို့ပါ။ တရက်ကိုစာသင်ချိန် (၉) နာရီရှိပြီး၊ သင်ရိုးပမာဏ
က ပုံမှန်အမေရိကန်အထက်တန်းကျောင်းတကျောင်းရဲ့ သင်ရိုးထက် နှစ်ဆကျော်ကျော်ရှိပါတယ်။
ကျနော့်အနေနဲ့တော့ ပြင်သစ်ဘာသာနဲ့ရောရောမိနေတဲ့ လက်တင် (Latin) ဘာသာရပ်ကလွဲရင်
တခြားဘာသာရပ်တွေကို သိပ်အပြင်းအထန်မလုပ်ရပါဘူး။ လက်တင်ဘာသာမှာတော့ (D) အဆင့်ပဲ
ရတယ်ဗျာ။
ကျောင်းပိတ်ရက်တွေမှာတော့ ဂျက်ရယ်၊ အူရီရယ်၊ ဂျီရိုရယ်၊ ကျနော်ရယ် မြို့ထဲကိုလျှောက်ပတ်ကြတယ်။
ကျနော့်ရဲ့တပတ်စာမုန့်ုဖိုးက (Swiss Franc) ဆွစ်ဖရန့်ငွေ (၅) ဖရန့် (US$ 1.25) ပဲရပေမယ့် သိပ်တော့မ
ကုန်လှပါဘူး။ ပြင်သစ်ရုပ်ရှင်တကား ဒါမှမဟုတ် ပြင်ပဂီတဖျော်ဖြေပွဲတခုခုကို ကျနော်တို့ကြည့်တတ်ပါတယ်။
ပြီးရင်တော့ (Pastry) အစာသွတ်မုန့်ကောင်းကောင်းလေးတွေစားကြမယ်၊ (Hot Chocolate) ချော့က
လက်ရည်အပူသောက်ကြမယ်။ ညနေပိုင်းမှာတော့ လူကြီးတယောက်ယောက် အဖေါ်လိုက်ပေးမှ အပြင်
ထွက်လည်လို့ရပါတယ်။ ဒါပေမယ့် ညနေပိုင်းတွေကျရင် ကျောင်းမှာကပွဲတွေ လုပ်ပါတယ်။ ကျနော်လည်း
ဂျစ်တာဘပ် (Jitterbug) နဲ့ တဲန်ဂို (Tango) အကတွေကို ကောင်းကောင်းကတတ်သွားတယ်လေ။

ရုရှားဂီတပညာရှင် ပြိုတာအီးလ်ရစ်ခ်ျချိုင်ကော့ဗ်စကီး
ဂီတဝိုင်းကြီးတွေ တီးခတ်ဖျော်ဖြေတဲ့ပွဲတွေကို ခေါ်သွားတတ်ပါသေးတယ်။ ကျနော့်အနေနဲ့တော့ ရုရှားဂီတ
ပညာရှင် ချိုင်ကော့ဗ်စကီး (Pyotr Ilyich Tchaikovsky) ကိုအကြိုက်ဆုံးပဲလို့ ထင်မိတာပဲ။ ပထမ
ဆုံးအော်ပရာပြဇာတ်ကို စကြည့်တဲ့ညမှာပဲ ကျနော်လဲ စီးကရက်သောက်ခြင်းကို စတင်စမ်းသပ်ကြည့်ခဲ့
ပါတယ်။
အိုက်ဒါ (Aida) ဆိုတဲ့အော်ပရာကတော်တော်ကောင်းတယ်ဗျာ။ တခမ်းတနားနဲ့ချီတက်ပွဲတွေနဲ့ အီဂျစ်နဲ့
ပတ်သက်တဲ့ မြင်ကွင်းတွေကိုကြည့်ပြီး အီရန်ကိုတောင် ပြန်သတိရမိသေးတယ်။ အော်ပရာခေတ္တနားတော့
အပြင်ခဏထွက်လမ်းလေးဘာလေးလျှောက်ကြတာပေါ့။ အပြင်မှာ ကျောင်းသားကြီးတချို့က
စီးကရက်သောက်နေကြတာနဲ့ ကျနော်လဲတလိပ်ထုတ်ပြီး မီးညှိလိုက်တယ်။ သူများတွေဆေးလိပ်ဖွာနေတာကို
မြင်နေရပေမယ့် ပြဿနာက သူတို့ရှိုက်နေသလို ဘယ်လိုရှိုက်ရမလဲဆိုတာ ကျနော်လဲမသိဘူး။ အဲဒီတော့
စီးကရက်တဖွာဖွာလိုက်တိုင်း ကျနော်ဆေးလိပ်မီးခိုးတွေကို မျိုချပစ်လိုက်တယ်ဗျာ။
တအောင့်လောက်ကြာတော့ကျနော်တို့ အထဲပြန်ဝင်ခဲ့ကြတယ်။ ကိုင်းပျော့မျက်မှန်တပ်ထားပြီး၊ ကော်လာ
အမာအင်္ကျီနဲ့ လည်စီးပုဝါစည်းထားတဲ့ ဆွစ်လူကြီးလူကောင်း အဖိုးအိုတယောက်ဘေးမှာ ကျနော်ကထိုင်မိပါတယ်။ ပြဇာတ်ကသီချင်းစဆိုတုန်းပဲရှိသေးတယ် လေချဉ်တွေတက်လာပြီး ဆေး
လိပ်မီးခိုးတွေအလုံးလိုက်ကြီးပြန်ထွက်လာပါလေရော။ ဘေးကဘိုးတော်လဲ တော်တော်လန့်ဖျပ်သွားတဲ့ပုံမျိုးနဲ့ ကြည့်လာတယ်။ နောက်တခေါက်လေချဉ်ထပ်တက်ပြီး ဆေးလိပ်မီးခိုးနောက်တလုံးလဲထွက်လာရော
ဘိုးတော်လဲဟိုဘက်လှည့်သွားတယ်။ ကျနော့်ဘက်ကိုလုံးဝကိုမကြည့်တော့ဘူးဗျား။
ပထမဆုံးမိန်းကလေးတယောက်ကို စနမ်းမိတော့လဲ ကျနော်ငြင်ငြင်သာသာပဲနမ်းခဲ့ပါတယ်။ ပြင်သစ်သူလေး
ကလော်ဒီးန် (Claudine) က လိင်ဆွဲဆောင်မှုတော်တော်ရှိတဲ့ ကျောင်းသူလေးပါ။ ကျနော်တို့အငယ်တန်းဘောလုံး
ချန်ပီယံဆုရတဲ့အချိန်တုန်းက ကျနော့်ကိုသဘောကျနေခဲ့တဲ့ မိန်းကလေးပေါ့။ အားကစားကွင်းတွေကိုကွေ့ပတ်သွားပြီး
သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ လမ်းကလေးမှာလမ်းလျှောက်ဖို့ သူမလေးက ကျနော့်ကိုဖိတ်ခေါ်ပါတယ်။ အဲဒီလမ်းလေးကို
စုံတွဲတွေသွားတာဗျ။ အဲဒီလမ်းမှာ သူ့ရှေ့ရောက်ရင် နမ်းကြရတယ်ဆိုတဲ့ အပင်တပင်လည်းရှိတယ်။ ဆယ်တန်းကျောင်း
သူဖြစ်တဲ့ ပြင်သစ်မလေး ကလော်ဒီးန်အနေနဲ့ မွတ်သိပ်တဲ့ ပြင်သစ်အနမ်းရှည် (French Kiss) တခုကိုမျှော်လင့်နေ
လိမ့်ဆိုတာ ကျနော်သိနေပါတယ်။ ဒါပေမယ့်လည်း ကျနော်ကသိပ်မကျွမ်းကျင်လေတော့ သူမလေးရလိုက်တာက
ကျနော့်ရဲ့နှုတ်ခမ်းတွန့်တွေနဲ့ ခပ်ဖွဖွအနမ်းတွေလောက်ပါပဲ။ ကျနော်တို့ရဲ့ကြည်နူးမှုလေးက ဒါလောက်ပါပဲဗျာ။
နောက်နေ့ကျတော့ သူမလေးက ကျနော့်ကိုထားသွားပါတော့တယ်။
ကျနော့်အစ်မတွေကတော့ မိန်းကလေးဆောင်မှာနေကြပြီး သူတို့စိတ်တိုင်းကျသူတို့နေကြပါတယ်။ ရုသ်အဲန်းက
မာ့ခ်စ်ဝါဒ (Maxism) ကိုစိတ်ဝင်စားသွားတယ်။ အဲဒီတုန်းက သူ့ရည်းစားက စတဲန်ကိုဘော်ရှစ် (Stanko Borchich)
လို့ခေါ်တဲ့ ယူဂိုဆလပ်ကွန်မြူနစ် ကျောင်းသားတယောက်လေ။ စတဲန်ကိုက ရုသ်အန်းကို ဖွတာက ကျနော်တို့
အဖေရဲ့အလုပ်က မကောင်းမှုတွေဆိုပဲ… ကွန်မြူနစ်တွေပေါ်မှာမြင်တဲ့ အဖေ့ရဲ့အမြင်အရ စတဲန်ကိုနဲ့တွဲတယ်ဆို
တာက ရွှပ်ဇကော့ဖ်မိသားစုဝင်တယောက်အနေနဲ့ မိသားစုထဲမှာ ဆိုးဆိုးရွားရွားသူပုန်ထသလိုဖြစ်နေပြီလေ။
ဆယ်လီကျတော့ အဲဒီအချိန်မှာ အလှအပအနုအရွတွေကို ခံစားတတ်နေပါပြီ။ ဆယ်လီနဲ့သူ့သူငယ်ချင်းတွေက
အင်္ဂလိပ်ကဗျာဆရာကြီးတွေဖြစ်ကြတဲ့ ရှယ်လီ (Shelley) နဲ့ ဘိုင်ရွန် (Byron) တို့ရဲ့ကဗျာတွေကိုညနက်
တဲ့အထိဖတ်တတ်ကြတယ်။ ကျနော်တို့အုပ်စုကတော့ ဘာမှသိပ်အလေးအနက်မထားပါဘူး။ ဘောလုံးကစားတယ်၊ ကပွဲတွေသွားတယ်၊ နောက်…စော်လေးတွေနဲ့ချိန်းတွေ့ကြတယ်။ ဒီလောက်ပါပဲ။
ကျနော့်အစ်မတွေနဲ့အများဆုံးတွေ့ရတဲ့အချိန်တွေကတော့ ကျောင်းပိတ်ရက်ရှည်တွေမှာပါ။ တယ်ရန်ကိုပြန်ရမှာကလဲ
ဝေးလွန်းတော့ အဖေနဲ့အမေက ကျနော်တို့ကို ဥရောပတိုက်တဝှမ်းမှာ တာဝန်ခံကြီးကြပ်ပြီး ခေါ်သွားတဲ့သူရှိတဲ့
ခရီးစဉ်တွေကိုသွားစေပါတယ်။ အမှတ်တရအဖြစ်ဆုံးခရီးစဉ်ကတော့ (၁၉၄၈) အီစတာပွဲတော်ပိတ်ရက်တွေမှာ
အနုပညာလက်ရာတွေသွားကြည့်ဖို့ဆိုပြီး ဖလောရဲန့်စ်မြို့ (Florence) ကိုသွားမယ့်အဖွဲ့လေးတခုမှာ အတင်း
လိုက်ခိုင်းတဲ့အခေါက်ပေါ့။ တာဝန်ခံကတော့ အသက် (၄၀) အရွယ်ရှိပြီး ခပ်ဖျော့ဖျော့အသားအရောင်၊ ဆံပင်နီနီတွေနဲ့
နိုင်ငံရေးသိပ္ပံသင်တဲ့ အင်္ဂလိပ်လူမျိုးဆရာ ဟဲန်ဒါဆဲန် (Henderson) ဖြစ်ပါတယ်။

မဂျော်ရီရေကန်ကြီးနှင့် စထရီဆာမြို့
သတင်းဆောင်းပါးရေးဖို့ သြစတြေးလျသတင်းစာတစောင်နဲ့ ချိတ်ထားပါတယ်။ လာမယ့် အီတလီရွေးကောက်ပွဲမှာ
ကွန်မြူနစ်တွေနိုင်နိုင်တဲ့အလားအလာရှိနေတော့ တကမ္ဘာလုံးကအာရုံစိုက်နေကြတယ်လေ။ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့
ရီနေးဆဲန့်စ်ခေတ် (Renaissance) ပြတိုက်တွေ ကိုလှည့်ပတ်ကြည့်ရှုလေ့လာနေရင်းနဲ့ သူသတင်းယူတဲ့နေရာတွေကိုလဲ
မစ္စတာဟဲန်ဒါဆင်က ကျနော်တို့ကိုခေါ်သွားပါတယ်။ မဂျော်ရီရေကန်ကြီး (Lake Maggiore) ရဲ့ဘေး၊ စထရီဆာ (Stresa)
မြို့ ပေါ်က မျက်မှန်တွေတပ်ထားပြီး လက်နှိပ်စက်တချောက်ချောက်ရိုက်နေတဲ့ လူတွေနဲ့ပြည့်နေပြီး၊ အေးတိအေးစက်နဲ့
ပျင်းစရာကောင်းတဲ့ပုံစံပေါက်နေတဲ့ (Christian Democrat) ခရစ်ယာန်ဒီမိုကရက်ပါတီရဲ့ရုံးကို အရင်ဆုံးသွားကြပါတယ်။

ဆိုရှယ်လစ်တော်လှန်ရေးအယူအဆများဖြင့် ကမ္ဘာပေါ်တွင်ထင်ရှားခဲ့သည့် ဂျာမန်ပြည်ဖွားဂျူးလူမျိုးအတွေးအခေါ်ပညာရှင် ကားလ်ဟိုင်းနရစ်ခ်ျမာ့ခ်စ်
ဋ္ဌာနချုပ်ကို ဆက်သွားကြပါတယ်။ ကွန်မြူနစ်ပါတီဝင်တွေကတော့ ကက်ဦးထုပ်တွေဆောင်းပြီး၊ သိုးမွှေးဂျက်ကက်အင်္ကျီတွေ
ဝတ်ထားကြတဲ့ ငါးဖမ်းသမားတွေပါ။ ပျော်ရွှင်နေကြပြီး တော်တော်လဲသောက်နိုင်တဲ့လူတွေပါ။ ကျနော်တို့ကျောင်းသားတွေ
ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုကြလေရဲ့။ တချို့ကတော့ တရင်းတနှီးကျောတွေဘာတွေပွတ်ပြီးပေါ့။ ကျနော့်ကိုလဲ ကြယ်နီတွေ၊
တူတွေ၊ တံစဉ်တွေနဲ့ အလှဆင်ထားတဲ့ ကားလ်မာ့ခ်စ် (Karl Marx) နဲ့ ဂါရီဘာလ်ဒီ (Giuseppe Garibaldi) တို့ရဲ့ ပိုစတာတွေအများကြီးလက်ဆောင်ပေးလိုက်ကြပါသေးတယ်။ ကျနော်လဲ အဲဒီပိုစတာတွေကိုသဘောကျတာနဲ့ ဂျီနီဗာ
ကိုပြန်ယူလာပြီး ကျနော့်အခန်းနံရံပေါ်မှာတောင် ကပ်ထားလိုက်သေးတယ်။

၁၉ ရာစု၌ထင်ရှားသော အီတလီမျိုးချစ်စစ်သူကြီးနှင့်နိုင်ငံရေးသမားဖြစ်သူ ဂျူးဇက်ပီဂါရီဘာလ်ဒီ
မိတယ်လေ။ ကျနော့်အနေနဲ့တော့ အချိန်တွေကအရမ်းအကုန်မြန်လွန်းနေတော့ ကွန်မြူနစ်စနစ်က တကမ္ဘာလုံးကို
ခပ်သွက်သွက်ပြန့်နှံ့လာနေတာနဲ့ပတ်သက်ပြီး သိပ်သတိမထားခဲ့မိပါဘူး။ ဒါပေမယ့် ကွန်မြူနစ်စနစ်ကဆိုးတယ်လို့
အဖေပြောတာကိုတော့ ကျနော်သဘောတူတယ်။ ဒါပေမယ့် ကျနော်တို့အမေရိကန်တွေက နာဇီတွေကိုအပြုတ်ဖြုတ်ခဲ့တယ်၊
ဂျပန်တွေကို အလဲထိုးခဲ့တယ်၊ ကွန်မြူနစ်တွေကိုလဲ အနိုင်ယူဦးမယ်ဆိုတာကိုတော့ ကျနော်ခန့်မှန်းမိပါတယ်။
အီကိုးလင့်မှာပျော်ရွှင်နေသလိုပဲ၊ လာမယ့်ဇွန်လမှာ အီရန်ကိုပြန်ရမယ့် အရေးကိုလည်း ကျနော် ကြိုတွေးမိပါသေးတယ်။
ဒါပေမယ့်ဗျာ… နွေဦးကျတော့ အဖေနဲ့အမေတို့ဆီကရောက်လာတဲ့စာက ကျနော့်မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ။
အဖေ့ကို ဂျာမနီနိုင်ငံ၊ ဖရဲင့်ခ်ဖတ်မြို့ (Frankfurt) က ဥရောပဆိုင်ရာ အမေရိကန်စစ်ဋ္ဌာချုပ်မှာ စစ်ရဲတပ်နဲ့ဆိုင်တဲ့
တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့မိန့်ကျလာတယ်တဲ့။
သေတာပဲဗျာ… ကျနော့်အဖြစ်ကို ရုသ်အဲန်းနဲ့ဆယ်လီတို့ကတော့ ကိုယ်ချင်းမစာနိုင်ကြပါဘူး။ သူတို့က
အထက်တန်းကျောင်းပြီးဖို့နီးနေပြီဆိုတော့ အီကိုးလင့်မှာပဲ ဆက်နေရကြဦးမယ်ဆိုတာကို သိနေကြတယ်လေ။
အဲဒီတော့ ကျနော်လဲညစ်ပြီး တယောက်တည်းကြိမ်မီးအုံးသလို ဖြစ်နေတာပေါ့။ ရက်အနည်းငယ်ကြာတော့မှ
တရက်…ထထိုင်ပြီး
“တနေ့တော့အီရန်ကိုပြန်လာမယ်ကွာ…”
လို့ တယောက်တည်းကြွေးကြော်လိုက်မိတယ်။ အဲဒီစကားကို သွေးနဲ့ရေးဖို့တောင် စိတ်ကူးရလိုက်သေးတယ်။
ဒါပေမယ့်လက်ကိုဓါးနဲ့လှီးရင် ဒဏ်ရာရနေဦးမှာဆိုတော့၊ ဒီစကားကိုမှင်နဲ့ရေးလဲ အဓိပ္ပာယ်နဲ့ တာသွားတာကတော့
အတူတူပါပဲလေလို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။
(ဆက်လက်ဖေါ်သွားပြပါမည်)
Daniel Kane ဘာသာ ပြန် ဆို ပါသည်။