သူရဲကောင်းဆိုတာ.. အခန်း (၃) ၊ ပထမပိုင်း

(၁၉၄၆) ခုနှစ်၊သြဂုတ်လမှာတော့ ခရီးသည်အပြည့်ပါတဲ့ အမေရိကန်လေတပ်ခရီးသည်တင်လေယာဉ်
တစီးနဲ့ဝက်စ်ပဲန်းလ်ဘိခ်ျ (West Palm Beach) ကနေကျနော်တို့ စထွက်လာခဲ့ကြပါတယ်။ လေယာဉ်
က အတ္တလန္တိတ်သမုဒ္ဒရာနဲ့ထိစပ်နေတဲ့ အမေရိကန်အရှေ့ပိုင်းပြည်နယ်တွေ (Eastern Seaboard)
အတိုင်း ပျံလာပြီး၊ ကနေဒါနိုင်ငံနယူးဖောင်လဲန်ပြည်နယ် (Newfoundland)၊ လာဘရေးဒိုးဒေသ
(Labrador) နဲ့ ပေါ်တူဂီပိုင် အဇောရက်စ်ကျွန်း (Azores) တွေပေါ်ကနေ မြောက်ပိုင်းအတ္တလန္တိတ်
သမုဒ္ဒရာနဲ့ ဥရောပတိုက်ကိုဖြတ်လာပြီး မြောက်အာဖရိကကို ထပ်ပြီးဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။
မိုင် (၆၀၀) သို့ (၈၀၀) ခန့်ပျံသန်းလာပြီးတိုင်းမှာ လေယာဉ်ဆီဖြည့်ဖို့အတွက် ခရီးတထောက်နား
ကြရပါတယ်။

US Eastern Seaboard (အနီရောင်ချယ်ထား)
ကိုင်ရို (Cairo) မြို့ကိုရောက်ဖို့ စုစုပေါင်း (၅) ရက်ကြာပါတယ်။ တယ်ရန်မြို့ကိုရောက်ဖို့ နောက်ထပ်
ကျန်တဲ့မိုင်ပေါင်းများစွာအတွက် ကျနော်တို့စီးဖို့ အဖေလွှတ်လိုက်တဲ့ အင်ဂျင်နှစ်လုံးတပ် ကုန်တင်လေ
ယာဉ်အစုတ်တစီးက ကိုင်ရိုမှာစောင့်နေလေရဲ့။ လေယာဉ်ကိုယ်ထည်ထဲက လူစီးခန်းမှာ ပြတင်း
ပေါက်ငယ်လေးတွေရှိနေပြီး၊ အပူချိန်ကဖာရင်ဟိုက်ဒီဂရီ တရာကျော်နေတယ်။ ပေ (၃၀၀၀) လောက်
ရှိချင်ရှိနိုင်တဲ့အမြင့်ကို လေယာဉ်တက်လာပြီး သိပ်မကြာပါဘူး၊ ကန္တာရသဲပြင်တွေဆီကတက်လာတဲ့
အပူလှိုင်းရိုက်တဲ့ဒဏ်ကို ခံကြရတော့တာပါပဲ။ လူတိုင်းလိုလိုပဲ လေယာဉ်မူးကြပါတယ်။ ကျနော်လဲ
နောက်ဘယ်တော့မှ လေယာဉ်ပေါ်ခြေမချတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်မိတယ်။
လေယာဉ်က ဘဂ္ဂဒက် (Baghdad) မှာတထောက်နားပြီး ဆီဖြည့်ပါတယ်။ လေဆိပ်တဝိုက်မှာတော့
ဘယ်ကြည့်ကြည့် အဝါရောင်သဲတွေချည်းပဲတွေ့နေရပါတယ်။ မွန်းလွဲပိုင်းလေထုက ပူလောင်ပြီး
ခြောက်သွေ့လွန်းလှသလို ကျနော်တခါမှ မကြုံဖူးတဲ့ လေပြေမျိုးလဲ တိုက်နေလေရဲ့။ တိုက်နေတဲ့လေ
က ဘယ်လိုမှ လူကိုလန်းဆန်းမလာစေဘူးလေ။ လူတယောက်ယောက်က လေပူတွေမှုတ်သွင်းနေတဲ့
ပူဖေါင်းကြီးတခုထဲမှာ နေနေရတဲ့အတိုင်းပဲ။ လေဆိပ်ကလည်း ခရီးသည်နားနေဆောင်မရှိသလို အ
ရိပ်အာဝါသရတဲ့နေရာကလည်းမရှိပြန်ဘူး။ အဲဒီတော့ လေယာဉ်ဆီဖြည့်နေတုန်း တောင်ပံေ
တွအောက်မှာဝင်ခိုနေရတယ်လေ။ လေယာဉ်မူးတာရယ်၊ ရာသီဥတုပူလွန်းတာတွေကြောင့်
လေယာဉ်ပေါ်ပြန်တက်လာပြီး ကျနော်လဲ အိပ်ပျော်သွားတာ တယ်ရန်ကိုလေယာဉ်ဆိုက်မှပဲ
ပြန်နိုးလာတော့တယ်။
အဖေက တယ်ရန်လေဆိပ်မှာလာတော့ မကြိုနိုင်ပေမယ့် လာကြိုဖို့လူတွေကို စစ်ကားတစီးနဲ့
လွှတ်လိုက်ပါတယ်။ ကျနော်တို့ကားက ဖုန်တထောင်းထောင်းထနေတဲ့ အဝေးပြေးလမ်းတခုအတိုင်း ခပ်နွမ်းနွမ်းပုံစံနဲ့လူတွေ၊ မြည်းတွေ၊ ခေါင်းမြီးခြုံထားတဲ့အမျိုးသမီးတွေကိုကျော်ဖြတ်ပြီး
တယ်ရန်မြို့ထဲကိုမောင်းလာခဲ့ပြီှးမှ အဝိုင်းတခုကိုပတ်၊ မြို့ထဲကပြန်ထွက်ပြီး တောင်တန်းတွေရှိတဲ့ဘက်
ကိုမောင်းပါတယ်။ နောက်ဆုံးကျတော့ သံတံခါးကြီးတခုရှေ့မှာ ကားရပ်လိုက်ပါတယ်။ ဒါဓါတ်ပုံထဲက
အိမ်ကြီးပဲဆိုတာ ကျနော်ချက်ချင်းမှတ်မိလိုက်ပါတယ်။
ကျနော်လဲ အိမ်ရှေ့လှေခါးကိုတက်သွားတာ အပေါ်လဲရောက်ရော တံခါးပွင့်သွားပြီး အဖေ့ကိုတွေ့
လိုက်ရပါတယ်။ အဖေက ကျနော့်ကိုနှုတ်ဆက်ပြီး ကျနော်ဝင်လို့ရအောင် လမ်းဖယ်ပေးပါတယ်။
ကျနော်က အဲဒီနှစ်မှာ အရမ်းပဲထွားလာတော့ အဖေက သူ့သားကိုတောင်မမှတ်မိဘူးဖြစ်နေတာလေ။
ကျနော်ကလှေခါးပြန်ဆင်းပြီး အဖေ့ကိုလိုက်ပြောရတယ်။ အဲဒီတော့မှ အဖေနဲ့ကျနော်လဲ ပွေ့
ဖက်နှုတ်ဆက်ဖြစ်ကြတော့တယ်။ လေးနှစ်တာကာလအတွင်းမှာ ပထမဆုံးအဖြစ် အဖေ့ရဲ့အရိပ်
အာဝါသအောက် ရောက်လာရပါတယ်။
အဲဒီအချိန်က အီရန်နိုင်ငံမှာ အဖေနဲ့ အီရန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျော့ရှ်အယ်လဲန်
(George Allen) တို့က အရှိန်အဝါအကြီးဆုံး အမေရိကန်နိုင်ငံသား (၂) ယောက်ပါ။ အဖေက
အီရန်ရှားဘုရင်နဲ့လိုအပ်သလို တွေ့ဆုံနိုင်ပြီး၊ အီရန်ဝန်ကြီးချုပ်နဲ့လဲ အမြဲလိုလိုဆွေးနွေးတိုင်
ပင်လေ့ရှိပါတယ်။ နောက်.. အဖေက အရေးပါတဲ့ အီရန်လူမျိုးစုခေါင်းဆောင်တွေနဲ့လဲ ရင်းနှီးမှုရှိပြီး၊
သံအမတ်ကြီး ဂျော့ရှ်အယ်လဲန်ထက်တောင်မှ အဖေကအဆက်အသွယ်ပိုကောင်းနေပါတယ်။

အီရန်စစ်ရဲတပ် (၁၉၄၁)
(၂၀၀၀၀) လောက်နဲ့ စနစ်တကျဖွဲ့စည်းမှုရှိတဲ့ တပ်တတပ်ဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံအရှေ့ပိုင်း
အရွယ်အစားလောက်ရှိတဲ့ ဒေသတခုကို ဥပဒေထိန်းသိမ်းရေးလုပ်ရတယ်ဆိုတော့ စစ်တပ်ကြီးလို့တော့
မဆိုနိုင်ပေမယ့်၊ စစ်ရဲတပ်ရင်း (၁၅) ရင်းကို အီရန်နိုင်ငံတဝှမ်းမှာရှိတဲ့ မဟာဗျူဟာကျတဲ့နေရာတွေမှာ
တပ်စွဲထားလိုက်တော့၊ အီရန်စစ်ရဲတပ်က တည်ငြိမ်ပြီး အင်အားကောင်းတဲ့တပ်ဖွဲ့တခုဖြစ်လာပါတယ်။
အီရန်နိုင်ငံထဲမှာ အင်အားအကောင်းဆုံးတပ်လဲ ဖြစ်နိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်မပြီးသေးခင် တော်တော်ကြာကြာကတည်းက အဖေ့ရဲ့တာဝန်ကပြောင်းနေခဲ့ပါပြီ။
အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့က ဥရောပတိုက်မှာ နာဇီတွေကိုတိုက်နေကြ
တဲ့မဟာမိတ်တွေဖြစ်နေဆဲပေမယ့် ဆိုဗီယက်တွေက အီရန်ကိုသူတို့လက်အောက်ခံဖြစ်လာစေဖို့
လှုပ်ရှားနေကြပါတယ်။ အဲဒီတော့ အဖေ့ရဲ့တာဝန်က အီရန်မှာကွန်မြူနစ်ဝါဒကြီးထွားမလာအောင်
ထိန်းသိမ်းဖို့ဖြစ်လာခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ သင်္ဘောတင် အမေရိကန် ရိက္ခာ၊လက်နက်
အထောက်အပံ့တွေကို အသေအလဲလိုအပ်နေပြီး၊ အဲဒီရိက္ခာ၊လက်နက်တွေ ဆိုဗီယက်ကိုရောက်
လာဖို့ အီရန်စစ်ရဲတပ်က လမ်းခရီးမှာ ကူညီစောင့်ရှောက်ပေးနေရသော်ငြားလည်း၊ အီရန်အပေါ်မှာ
အမေရိကန်ပြည်ထောင်စုရဲ့ သြဇာသက်ရောက်မှုရှိလာနေတာရယ်၊ အီရန်မှာအင်အားကောင်းတဲ့
စစ်ရဲတပ်တခုရှိနေတာရယ်ကို ဆိုဗီယက်ကွန်မြူနစ်အာဏာရှင် စတာလင်ကမရှုစိမ့်ဘူးဖြစ်နေခဲ့ပါတယ်။

ရှားဘုရင်မိုဟာမက်ရေဇာပါလာဗီနှင့်မိဖုရားဖာရာပါလာဗီ
Pahlavi) က အသက်နှစ်ဆယ်ကျော်ကျော်ပဲရှိနေသေးပြီး သူ့ရဲ့အာဏာကိုခိုင်မာအောင် ကြိုးပမ်း
တည်ဆောက်နေရပါတယ်။ ကျနော်အီရန်ကိုမရောက်ခင်လေး၊ (၁၉၄၆) ခုနှစ်နွေဦးမှာ အီရန်နိုင်ငံရဲ့ အဖျား
အနားကျတဲ့ပြည်နယ်တွေကနေ ဆိုဗီယက်တပ်တွေနဲ့ ဗြိတိသျှတပ်တွေရုပ်သိမ်းသွားခဲ့တော့ လပ်သွားတဲ့
တပ်တွေရဲ့နေရာတွေကို ဝင်ဖြည့်ပြီး နယ်ဘက်ဒေသတွေမှာတည်ငြိမ်မှုရှိအောင် လက်နက်တွေဖြုတ်သိမ်း
တာတို့၊ ဘုရင်စနစ်ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ထိန်းလို့မရတော့ဘူးဆိုရင် နယ်မြေခံရဲတပ်ဖွဲ့ကို
ကူညီပေးရတာတို့အတွက် တာဝန်ယူရတာက အဖေ့စစ်ရဲတပ်ပေါ့။
အဲဒီတော့ ဆိုဗီယက်ကွန်မြူနစ်တွေရဲ့ လံကြုပ်ဝါဒဖြန့်ချိရေးအတွက် ထားခံရတာတဲ့ပစ်မှတ်က အဖေဖြစ်
လာပါတယ်။ ဆိုဗီယက်ကွန်မြူနစ်အာဘော် တာ့စ် (Tass) သတင်းဋ္ဌာနရဲ့သတင်းတွေမှာ အဖေ့ကို
ရှုံ့ချထားတာတွေပါလာသလို၊ အီရန်ကွန်မြူနစ်တွေလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ “ရွှပ်ဇကော့ဖ်ကျဆုံးပါစေ”
ဆိုတဲ့စာတမ်းတွေက အမြဲတမ်းပါနေရော။ အဖေက သူ.. ကွန်မြူနစ်ဆန့်ကျင်ရေးသမားဖြစ်နေတာနဲ့ပတ်
သက်ပြီး ဘာကိုသိပ်တော့အမှုမထားသလို၊ အီရန်ကိုဆိုဗီယက်အုပ်စုထဲ ပါမသွားအောင် ထိန်းထားနိုင်
တာနဲ့ပတ်သက်လို့လဲ သူ့ကိုယ်သူဂုဏ်ယူပါတယ်။
ကျနော်တို့အခုနေတဲ့ အိမ်ကြီးမှာ အဖေနဲ့တခြားစစ်အရာရှိ (၄) ယောက်နေကြပါတယ်။ သူတို့ထဲက
နှစ်ယောက်ရဲ့ဇနီးတွေက လတ်တလောပဲအီရန်ကိုလိုက်လာခွင့်ပြုချက်ရထားကြသူတွေပါ။ အနားယူ
လို့ရတဲ့အဖွင့်နေရာတွေ၊ ဝရန်တာတွေ၊ မာဘယ်လ်ကျောက်ပြားဖြူတွေနဲ့ အချိုးကျကျဆောက်ထား
တဲ့စံအိမ်ကြီးပါ။ အိမ်ရဲ့ပတ်ပတ်လည်မှာတော့ နှစ်ဧကအကျယ်ရှိပြီး သေသေချာချာပျိုးထောင်ထားတဲ့
ပန်းခြံတခုရှိပါတယ်။ အကာအရံလိုလဲဖြစ်ပြီး ပြင်သစ်တံခါးလို့ခေါ်တဲ့ အပြင်ကိုလှမ်းမြင်နေရတဲ့တံခါးက
ထွက်ပြီး မာဘယ်လ်ကျောက်ပြားလှေခါးအတိုင်း ဆင်းသွားလိုက်ရင် အဲဒီပန်းခြံကိုရောက်ပါတယ်။
ကျနော့်ကို အကြီးအကျယ်အံအားသင့်သွားစေတာကတော့ စံအိမ်မှာရှိနေတဲ့ ရေကူးကန် (၂) ကန်ပါ။
ရေကူးကန်တကန်လောက်ပိုင်ဆိုင်ဖို့ဆိုတာကို ကျနော်အိပ်မက်တောင်တခါမှမမက်ခဲ့ဖူးလို့ပါ။ အိမ်အောက်
ထပ်မှာကတော့ မာဘယ်လ်ကျောက်ပြားဖြူတွေနဲ့ ပါရှန်ကော်ဇော အကောင်းစားတွေခင်းထားတဲ့
ဧရာမထမင်းစားခန်းကြီး၊ ဧည့်ခန်းအကြီးကြီးနဲ့ အိမ်ရှေ့ခန်းမကျယ်ကြီးတွေရှိပါတယ်။ စံအိမ်ရဲ့အပေါ်
ထပ်မှာတော့ လူနေခန်းတွေနဲ့ ဧည့်ခန်းနဲ့တွဲထားတဲ့ လူနေခန်းတွေရှိပါတယ်။ ရုံးခန်းတွေကတော့
မြေအောက်ထပ်မှာပါ။ အဖေက ကျနော့်ကို အိမ်ရဲ့အမှုထမ်းတွေတယောက်စီနဲ့ မိတ်ဆက်ပေးပါတယ်။
အဖေ့အကူဝန်ထမ်းဖြစ်တဲ့ အလီရယ်၊ စားတော်ကဲရယ်၊ စားပွဲထိုးတွေရယ်၊ နောက်..ဥယျာဉ်မှူးနဲ့
မိတ်ဆက်ပေးပါတယ်။ နောက်ကျန်တဲ့တယောက်ကတော့ အထွေထွေလုပ်သားတယောက်ပါ။
လူကောင်ထွားပေမယ့် စိတ်အခြေအနေက ပုံမှန်မဟုတ်ရှာပါဘူး။
အီရန်မှာက လူနေအိမ်တွေထဲမှာ ညဘက်ဆိုပူတော့ လူတွေက အိမ်ပြင်ထွက်အိပ်ကြပါတယ်။
ကျနော့်အခန်းမှာက ဝရန်တာမပါတော့ အမိုးပေါ်တက်အိပ်ရပါတယ်။ အမိုးပေါ်ကနေဆို တယ်ရန်မြို့ရဲ့တောင်
ဘက်နဲ့ မြို့ပြင်ကကန္တာရကို လှမ်းမြင်နေရတာပေါ့။ မြောက်ဘက်မှာတော့ အယ်ဘာ့ဇ် (Elburz)
တောင်တန်းတွေရယ်၊ ပေ (၁၈၀၀၀) လောက်မြင့်တဲ့ ဒါမာဗန်တောင် (Damavand) ရယ်ကိုလှမ်းမြင်နေရပါတယ်။ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ နောက်နေ့မနက်အာရုံတက်မှာ
ဗလီမျှော်စင်တွေကနေ မော်ဇင် (Muezzin) လို့ခေါ်တဲ့ ဗလီဆရာတွေရဲ့ အလုအယက်အော်သံတွေကြောင့်
လန့်နိုးလာခဲ့ပါတယ်။ အနိမ့်အမြင့် အတက်အကျတွေနဲ့ အသံအနေအထားတွေကတော့ မဆိုးပါဘူး။
တယ်ရန်မြို့မှာက ဗလီပေါင်းစုံရှိနေတော့ အရပ်မျက်နှာသုံးခုကလာတဲ့ အသံပေါင်းစုံကိုကြားနေရတော့တာပဲ။

ဒါမာဗန်တောင်
ဟာတွေပါပဲ။ အယ်လ်ဘာ့ဇ်တောင်ရဲ့ ရှဲမ်ရေဂျီတောင်ပူစာတွေကြားထဲကို ဝင်သွားတဲ့လမ်းပေါ်မှာ ကျနော်တို့
စံအိမ်ကြီးကိုဆောက်ထားတော့၊ ကုလားအုတ်လှည်းတန်းတွေက ကျနော်တို့အိမ်ရှေ့ကနေဖြတ်ပြီး
တယ်ရန်မြို့ထဲကို ဝင်ဝင်သွားကြပါတယ်။
ကုလားအုတ်တွေရဲ့လည်မှာ ခေါင်းလောင်းတခုထဲမှာ ခေါင်းလောင်းလေးတခုထည့်ထားတဲ့ ကြေးဝါခေါင်းလောင်းတွေ
ချိတ်ထားတတ်ပါတယ်။ ကုလားအုတ်တွေလျှောက်သွားရင် ခေါင်းလောင်းသံတချွင်ချွင်နဲ့ထွက်နေပြီး၊
ခြံဝင်းတံတိုင်းအပြင်ဘက်မှာ ကုလားအုတ်တွေဖြတ်လျှောက်သွားတဲ့အသံတွေကို ကြားရတတ်ပါတယ်။
ကော်ဇော၊ စောင်ကြမ်းတွေရောင်းတဲ့ ကုန်သည်တွေက ကျနော်တို့ခြံတံခါးကို လာလာခေါက်တတ်ကြပါတယ်။
တခါတလေတော့ မှန်မှန်ကန်ကန်ရှိမယ့်ပုံပေါက်တဲ့ ကုန်သည်တွေကို ပေးဝင်ပြီး သူ့ပစ္စည်းတွေကိုကြည့်တတ်
ကြပါတယ်။ ကုန်သည်က သူ့ကော်ဇော်တခုချင်းကို ထုတ်ပြတာကို အိမ်မှရှိတဲ့လူစုံတက်စုံထွက်ကြည့်ကြတယ်။
တခါတလေလဲ ဈေးဆစ်နေတာကို နှစ်နာရီ၊ သုံးနာရီလောက်ကြာချင်ကြာတတ်တယ်။
ကျနော်တို့သုံးတဲ့ရေကလဲ လမ်းမနဲ့မျဉ်းပြိုင် ဆောက်ထားတဲ့ (Jube) လို့ခေါ်ကြတဲ့ ကွန်ကရစ်ရေတံလျှောက်ကြီး
ကပဲယူပြီး ခြံရှေ့ဂိတ်ကနေသွင်းတာပါ။ တယ်ရန်မှာက မြေအောက်ရေပိုက်တွေမရှိပါဘူး။ ရေပေးစနစ်က
တောင်စောင်းပေါ်မှာဆောက်ထားတဲ့ မြို့ရဲ့အနေအထားကို အသုံးချထားပါတယ်။ မြို့တော်အင်ဂျင်နီယာတွေက
Jube ကို တနေ့နှစ်ကြိမ်ရေလွှတ်ပါတယ်။ ရေကတောင်ကုန်းအတိုင်းအောက်ကိုစီးပါတယ်။ ဥယျာဉ်မှူးနဲ့
အထွေထွေလုပ်သားတို့က ဆည်အသေးစားလေးတခု နေ့တိုင်းဆောက်ပြီး ရေတချို့ကို အိမ်သုံးရေအတွက်
အိမ်ခေါင်မိုးပေါ်က ရေတိုင်ကီထဲကို လမ်းလွှဲပေးပါတယ်။
ကျနော်တို့နေတဲ့ အပေါ်ပိုင်းမှာက ချမ်းသာကြွယ်ဝတဲ့လူတွေနေကြပြီး၊ မြေနိမ့်ပိုင်းမှာတော့ ဆင်းရဲနွမ်းပါးတဲ့လူတွေ
နေကြပါတယ်။ အဲဒီတော့ အမြင့်ပိုင်းမှာနေတဲ့ လူချမ်းသာတွေက သန့်ရှင်းတဲ့ရေကို အရင်ရကြပြီး၊ မြို့အောက်ဘက်အဆုံးပိုင်းကို ရေရောက်သွားချိန်ကျတော့ ရေတွေကနောက်ကျိသွားပြီလေ။ စိတ်ပျက်စ
ရာကောင်းပါတယ်။
ကျနော်တို့သောက်တဲ့သောက်ရေကတော့ အမေရိကန်သံရုံးမှာရှိတဲ့ ရေတွင်းကရေပါ။ သံရုံးက အဲဒီတွင်းရေကို
စည်ထဲထည့်ပြီး မြည်းပေါ်တင်ပြီးပို့ပေးပါတယ်။ ကျနော်တို့က ရေကိုပါတီပွဲတွေပြီးတော့ ကျန်နေတတ်တဲ့
ဗော့ဒ်ကာအရက်ပုလင်းလွတ်တွေထဲ ထည့်ထားရတယ်။ ကျနော်တို့သွားတိုက်လေ့ရှိတဲ့ ရေချိုးခန်းထဲမှာ
ရေပုလင်းတလုံးကတော့ အမြဲလိုလိုထားထားပါတယ်။

ရှားဘုရင်၏ နန်းတော်များအနက်မှတခုဖြစ်သော အလီကာပူးနန်းတော်
အဖေနဲ့ကျနော်တို့ ကားတစီးနဲ့မြို့ထဲသွားကြပါတယ်။ အဖေက မာဘယ်လ်ကျောက်တွေနဲ့ဆောက်ထားတဲ့
နန်းတော် (၃) ခု မျက်နှာချင်းဆိုင်ရှိနေတဲ့ နန်းရင်ပြင်ကို ပြပါတယ်။ နန်းတော်တခုက နှင်းဆီရောင်၊ တခုက
လှပတဲ့အစိမ်းရောင်နဲ့ ရှားဘုရင်ရဲ့နန်းတော်ကတော့ အဖြူရောင်ပါ။
နောက်..သူ့ရဲ့စစ်ရဲတပ်အတွက် ဗျူရိုကရေစီတိုက်ပွဲတွေနွှဲရတဲ့ အစိုးရဝန်ကြီးဋ္ဌာနတွေနဲ့ ရှေးဟောင်းဗလီတွေကို
လည်းပြပါသေးတယ်။ ကျနော်လည်း လမ်းပေါ်ကလူတွေနဲ့ တိရစ္ဆာန်တွေဆီက မျက်လုံးမခွာနိုင်အောက်ကို
ဖြစ်နေတာလေ။ ရုပ်ကြမ်းကြမ်းနဲ့ ခါးကြားမှာ ဓါးမြှောင်တွေထိုးထားတဲ့ တောသားတွေမောင်းတဲ့၊ ဖျင်ကြမ်း
အိတ်အလေးကြီးတွေသယ်လာရတဲ့ ကုလားအုတ်တွေနဲ့ မြည်းတွေ၊ အနက်ရောင်ဝတ်ရုံတွေခြုံထားပြီး မူလာ
လို့ခေါ်တဲ့ တရားဟောဆရာတွေ၊ သူတောင်းစားတွေနဲ့ အနူတွေ..လူမျိုးစုံပါပဲ။ တိရစ္ဆာန်တွေကလည်း ထိန်း
တဲ့လူတွေမပါပဲ လျှောက်သွားနေ.. တယောက်တပေါက်ပြောနေတဲ့ အသံတွေကလည်းဆူညံနေတာပါပဲ။
ဒေသခံတွေက ဒိုရော့ရှ်ကက်စ် (Doroshkes) လို့ခေါ်တဲ့၊ ချုံးချုံးကျနေတဲ့ မြင်းလှည်းတက္ကစီတွေကိုလည်း
နေရာတကာမှာတွေ့နေရပြီး၊ အဲဒီမြင်းလှည်းတွေကိုဆွဲနေတဲ့ မြင်းပိန်လေးတွေကြည့်ရတာ တော်တော်ထူး
ဆန်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီမြင်းပိန်လေးတွေကို ခွဲခြားသိနိုင်ဖို့အတွက် ဘာလုပ်ကြလဲဆိုတော့.
. မြင်းပိုင်ရှင်တွေက သူတို့လက်တွေကိုဒန်းဆိုးပြီး အဲဒီဒန်းဆိုးထားတဲ့လက်တွေကို မြင်းတွေရဲ့တင်ပါး
ဆုံတွေပေါ်မှာ နှိပ်တယ်၊ နောက်.. မြင်းလှည်းမှာ ဆေးရောင်တွေအမျိုးမျိုးသုတ်ကြတယ်လေ။

ယနေ့ခေတ် ပါရှန်ကော်ဇောဆိုင်တဆိုင်
လျှပ်စစ်မီးသီးတွေနဲ့ အလင်းရောင်ပေးထားတဲ့ ဝင်္ကပါလိုလှိုဏ်ခေါင်းတွေပေါ့။ လှိုင်ခေါင်းနံရံတွေမှာ
အပေါက်တွေ တောက်လျှောက်ဖောက်ထားပါတယ်။ အပေါက်တခုမှာ ဆိုင်ခန်းတခုပါ။ အဖေကသူဝယ်နေကျ
ကော်ဇော်သည်ကိုနှုတ်ဆက်ပါတယ်။ အဲဒီကော်ဇော်သည်က ရောင်းသူနဲ့ဝယ်သူ ဈေးညှိနေတုန်း ဝယ်သူ
ကိုကော်ဖီနဲ့ဧည့်ခံပါတယ်။ နောက်..တူလေးတချောင်း၊ သံလေးတချောင်းနဲ့ ဖယောင်းတိုင်ထွန်းပြီး အလုပ်လုပ်နေတဲ့ ကြေးပန်းထိမ်ဆရာကြီးတယောက် ကြေးဝါလင်ဗန်းကြီးတချပ်ပေါ်မှာ လှပတဲ့
ကနုတ်တွေ ထွင်းနေတာကို ခဏရပ်ကြည့်ခဲ့ကြပါသေးတယ်။
အခြားသောအိမ်သားများနဲ့အတူ နံနက်တိုင်း ထမင်းစားခန်းထဲမှာ ကြက်ဥကြော်၊ ပေါင်မုန့်မီးကင်၊
လိမ္မော်မှုန့်ကိုဖျော်ထားတဲ့ လိမ္မော်ရည်နဲ့ စည်သွပ်ဝက်သားတွေပါဝင်တဲ့ အမေရိကန်နံနက်စာကို
ကျနော်စားလေ့ရှိပါတယ်။ အဖေက စားပွဲထိပ်မှာထိုင်တတ်ပြီး ကျနော်က အဖေ့ရဲ့ညာဘက်ဘေးမှာ
ထိုင်ပါတယ်။ နံနက်စာစားပြီးရင်တော့ ကျနော်ကျောင်းသွားပါတယ်။ အဖေကကျနော့်ကို အီရန်မှာရှိတဲ့
အမေရိကန်နိုင်ငံသားတွေ သူတို့ကလေးတွေကိုထားတဲ့ ပရိုတက်စတင့်ခရစ်ယာန်ကျောင်းတကျောင်းဖြစ်တဲ့
ပရက်စ်ဘီတေးရီးယန်းမစ်ရှင်ကျောင်း (Presbyterian Missionary School) မှာကျောင်း
အပ်ပေးခဲ့ပါတယ်။

ရှားဘုရင်ခေတ်တွင်တွေ့ရသော အီရန်ကျောင်းသူများ (ဘာသာရေးအစွန်းရောက်များကြီးစိုးပြီး ရေနံကြွယ်ဝသော်လည်း စီးပွားရေးညံ့ဖျင်းသော ယနေ့အီရန်နိုင်ငံတွင် ထိုသို့သောလွတ်လပ်မှုများကို အီရန်ပြည်သူများမခံစားရတော့ပေ)
ဗတ်ဖျင်စအုပ်ထားတဲ့ စစ်သုံးထရပ်ကားတစီးပါ။ ယာဉ်မောင်းကတော့ တပ်ကြပ်ကြီးတယောက်ပေါ့။
ကျောင်းသွားတော့လမ်းခုလတ်မှာ အမေရိကန်သံရုံးကိုဝင်ပြီး သံအမတ်ကြီးရဲ့သားကိုဝင်ခေါ်ပါတယ်။
ကျနော့်အတန်းဖေါ်တွေကတော့ အမေရိကန်၊ အီရန်နဲ့ တယ်ရန်မြို့မှာ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံခွင့်ရရှိထား
တဲ့ အာမေးနီးယန်း၊ ရုရှား၊ ဂျာမန်ဂျူးတွေနဲ့ ပါလက်စတိုင်းဂျူးမိဘတွေရဲ့ သားသမီးတွေ ပါဝင်တဲ့
လူမျိုးစုံပါပဲ။ ကျနော်လည်း ယဉ်ကျေးမှုတခုကနေတခုပြောင်းပြီး၊ သူငယ်ချင်းတွေအများကြီးရ
လာခဲ့ပါတယ်။
ကျောင်းလွှတ်ရင် အာမေးနီးယန်းကျောင်းသူလေးတယောက်အိမ်ကို ဒိုးတယ်၊ ပြီးရင်လက်ဆွဲနှုတ်ဆက်ရတဲ့
အမေရိကန်ယဉ်ကျေးမှုကို သူနားလည်အောင် ရှင်းပြမယ်။ ဒါမှမဟုတ်လည်း ကျနော့်ရဲ့အခင်ဆုံး
သူငယ်ချင်းဖြစ်တဲ့ ပါလက်စတိုင်းဂျူးလူမျိုး မိုက်ကယ်လီးဘားမင်း (Michael Liberman)
အိမ်ကိုသွားပြီး၊ သူ့အကို ယာကော့ဘ် (Jacob) ပြောပြတဲ့ ဂျူးနိုင်ငံတည်ထောင်ဖို့ အင်္ဂလိပ်တွေကို
ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဂျူးအကြမ်းဖက်အဖွဲ့အစည်းတွေထဲ ဝင်တဲ့အကြောင်းတွေကို သွား
နားထောင်တတ်ပါတယ်။ အဲလိုမှမဟုတ်ရင်လဲ လက်ဖက်ရည်သောက်နေကြတဲ့ အင်္ဂလိပ်တွေရဲ့အိမ်
တအိမ်ကိုချီတက်ပြီး အေးရာအေးကြောင်း လက်ဖက်ရည်ဝင်သောက်တာပေါ့။
အဖေ့ရဲ့တနေ့တာအလုပ်တွေက မနက်မိုးလင်းကတည်းက ညအထိပြည့်နေပါတယ်။ အဲဒီတော့
အဖေ့အနေနဲ့ ကျနော့်ကိုအစစအရာရာ လိုက်မလုပ်ပေးနိုင်ဘူးလေ။ အဲဒီတော့ ကျနော့်ကိုခေါ်သွား
လို့ရတဲ့ နေရာမှန်သမျှကို ခေါ်သွားဖို့ အဖေက မဟာဗျူဟာတခုချပါတယ်။ သံတမန်ဧည့်ခံပွဲတွေနဲ့
ဖိတ်ကြားလာတဲ့ ညစာစားပွဲမှန်သမျှကို ကျနော့်ကိုခေါ်သွားတယ်လေ။ ကျနော်တို့အိမ်မှာဧည့်ခံပွဲရှိ
တိုင်းလဲ အဖေကကျနော့်ကိုတက်စေပါတယ်။ ဒါပေမယ့် အဖေကကျနော်နဲ့မနေပဲ၊ သား
လူတွေနဲ့သွားတွေ့ပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်၊ သားဘယ်သူဘယ်ဝါဆိုတာ လူတွေကိုပြောပြ..
ဆိုပြီးပြောတတ်ပါတယ်။
အဖေက အရှေ့အလယ်ပိုင်းဒေသရဲ့ စွန့်စားခန်းတွေကို ဝေမျှရတာကိုလဲ သဘောကျပါတယ်။
စက်တင်ဘာလကုန်ပိုင်း တညမှာပေါ့.. အပြင်ထွက်ကြမယ်သားရေ..လို့ အဖေက ကျနော့်ကိုပြောပါတယ်။
တယ်ရန်မြို့ကိုအလည်ရောက်နေတဲ့ ဘလူချီလူမျိုးစု (Baluchi Tribe) ခေါင်းဆောင်တယောက်က
ညစာစားဖို့ကျနော်တို့ကိုဖိတ်ထားဆိုတာကို ကားထဲရောက်တော့မှ အဖေကကျနော့်ကိုပြောပြပါတယ်။
ဘလူချီတွေက သူတို့ကိုယ်သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်လို့ယူဆပြီး တနေရာတည်းမှာ အတည်
တကျမနေပဲ ရွှေ့ပြောင်းသွားလာနေထိုင်လေ့ရှိကြတဲ့ အီရန်နိုင်ငံအရှေ့ပိုင်းက လူမျိုးစုတစုပါ။
အခုသွားတွေ့မယ့် ဘလူချီလူမျိုးစုခေါင်းဆောင်ကတော့ ရှားဘုရင်အပေါ်မှာ သစ္စာခံပါတယ်။
ဘလူချီမျိုးနွယ်စုတွေမြို့ပေါ်တက်လာရင် ဟိုတယ်မှာအခန်းငှားမနေဘူးလို့ အဖေကရှင်းပြပါတယ်။
သူတို့ကသူတို့မြို့ကိုပါ တပါတည်းသယ်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကျနော်တို့ကားက တယ်
ရန်မြို့ရဲ့ ဆင်ခြေဖုံးဘက်ကို မောင်းလာခဲ့ပြီး မှောင်ရီသန်းစအချိန်ရောက်တော့ ဟိုးအောက်ဘက်မှာ
အညိုရင့်ရောင် ရွက်ဖျင်တဲတွေနဲ့ ဘလူချီတွေရဲ့ စခန်းကိုလှမ်းတွေ့နိုင်တဲ့ နေရာကိုရောက်လာခဲ့ပါတယ်။
ဘလူချီစခန်းမှာ ဘလူချီခေါင်းဆောင်အတွက် တဲကြီးတလုံးနဲ့ ပတ်ပတ်လည်မှာ မိသားစုတဲတွေ
အဆင်ပြေသလိုထိုးထားပါတယ်။ ဆိတ်တွေ၊ မြည်းတွေ၊ ကုလားအုတ်တွေနဲ့ မြင်းတွေကတော့
နေရာအနှံ့အပြားမှာတွေ့နိုင်ပါတယ်။ တိရစ္ဆာန်တချို့ကိုတော့ ဖြစ်သလိုခြံခတ်ထားတဲ့အထဲမှာတွေ့နေရပြီး၊
တချို့ကိုတော့ ကလေးတွေက ဟိုဟိုဒီဒီကျောင်းနေကြပါတယ်။
ဖုန်တထောင်းထောင်းထနေတဲ့ လမ်းကျဉ်းလေးတခုထဲကနေ ဘလူချီစခန်းထဲကို ကျနော်တို့မောင်း
ဝင်လာခဲ့ပြီး ပင်မတဲကြီးအရှေ့မှာ ရပ်လိုက်ပါတယ်။ ဝတ်ရုံရှည်တွေနဲ့ ရိုင်ဖယ်သေနတ်တွေ၊ ဓါးရှည်တွေ
ကိုင်ထားတဲ့ ဘလူချီလူမျိုးအယောက်နှစ်ဆယ်လောက် ရောက်လာပြီး အဖေရယ်၊ အဖေ့စကားပြန်တို့နဲ့
စကားပြောနေကြပါတယ်။ ကျနော်ကတော့ မလှမ်းမကမ်းမှာစောင့်နေတာပေါ့။ ဆယ့်ငါးမိနစ်လောက်
ကြာတော့ ဖြူ၊နီ၊ပြာ ပုံစံကွက်အမျိုးမျိုးနဲ့ ထိုးထားတဲ့ လူမျိုးစုကော်ဇော်တွေခင်းထားတဲ့ အလယ်တဲဆီကို
ကျနော်တို့ကို လမ်းပြပြီး ခေါ်သွားပါတယ်။ အထဲမှာ နောက်မှီလို့ရတဲ့ ကူရှင်ကြမ်းတွေလဲရှိပါတယ်။
တဲထဲရောက်တော့ ကျနော်က အဖေ့ဘေးမှာထိုင်ပါတယ်။ ရုပ်ကြမ်းကြမ်းနဲ့ ဘလူချီတွေက
ကျနော့်အတွက်တော့လန့်စရာမရှိပါဘူး။ ကျနော်အဖေ့ကိုစကားပြောမိတော့ အဖေက စကား
မပြောသေးဖို့နဲ့ သူလုပ်သလိုလိုက်လုပ်ဖို့ ပြောပြပါတယ်။ ကျနော်တို့အရှေ့ကကော်ဇော်ပေါ်မှာတော့
(၃) ပေရှည်တဲ့ လင်ပန်းကြီးတွေထဲမှာပုံစံမျိုးစုံနဲ့ထည့်ထားတဲ့ ထမင်းပုံတွေရှိပါတယ်။ အနီ၊ အဝါနဲ့ အစိမ်းရောင်တွေ
နည်းနည်းဆိုးထားတဲ့ ထမင်းအချို၊ လိမ္မော်ရောင်ထမင်း၊ ကြက်သားထမင်းနဲ့ သီးစုံထမင်းတွေပါ။ ဟင်းသီး
ဟင်းရွက်တွေကို အစိမ်းသုပ်ထားတဲ့ အသုပ်တွေကိုတော့ အသီးအရွက်တွေကိုဆေးတဲ့ရေက မသန့်နိုင်
တာမို့မစားဖို့ အဖေက ဟိုအရင်တည်းကသတိပေးခဲ့ပြီးသားပါ။
တံစိုးထိုးပြီးကင်ထားတဲ့ သိုးကောင်လုံးကင်တွေကို ယူလာပြီး လင်ပန်းရှည်ကြီးတွေနဲ့ထည့်ထားတဲ့
ထမင်းပုံကြီးတွေပေါ်မှာ တင်ထားကြပါတယ်။ ကျနော့်ရှေ့မှာလဲ သိုးတကောင်လုံးရောက်နေသလိုပါပဲ။
လူတွေက ရယ်မောစကားဆိုနေကြပြီး စားပွဲထိုးတွေက ပန်းကန်တွေထဲကိုထမင်းဟင်းတွေ လိုက်
ထည့်ပေးနေကြပါတယ်။ တဖြည်းဖြည်းနဲ့ ပန်းကန်တွေထဲမှာ ထမင်းဟင်းတွေပြည့်လာပါတယ်။
ဒါပေမယ့် သိုးကောင်လုံးကင်တွေကိုတော့ ဒီတိုင်းထားထားတယ်။ ထမင်းပန်းကန်တွေလဲ
ပြည့်မောက်သွားရော၊ စားပွဲထိုးတွေက သိုးကောင်လုံးကင်တွေဆီက မျက်လုံးတွေကို နှိုက်
ထုတ်ကြပါတော့တယ်။
ဘလူချီလူမျိုးတွေက တိရစ္ဆာန်မျက်လုံးတွေကို အရသာရှိတဲ့အစားအစာလို့ သတ်မှတ်ထားကြပြီး၊
မျက်လုံးစားရတဲ့သူအတွက်တော့ ဂုဏ်ယူစရာတရပ်လို ခံစားကြရတယ်။ ဂုဏ်သရေရှိဧည့်သည်ဖြစ်တဲ့
အဖေကမျက်လုံးတလုံးစရပါတယ်။ အဖေက အဲဒီမျက်လုံးကို ထမင်းနဲ့ရော၊ ထမင်းလုပ်ကို ညာလက်နဲ့
ပါးစပ်ထဲထည့်ပြီး ခပ်တည်တည်နဲ့ဝါးပါလေတော့တယ်။ ဘလူချီလူမျိုးစုခေါင်းဆောင်နဲ့ လက်ထောက်
နှစ်ယောက်သုံးယောက်လောက်က တယောက်တလုံးစီရကြပါတယ်။
ပြီးလဲပြီးရော.. ဗိုလ်ချုပ်ရဲ့သားလဲရှိတယ်။ ဗိုလ်ချုပ်သားကို တလုံးပေးရင်ရောမကောင်းဘူးလားလို့
ပြောကြပါလေရော။ အခြေအနေကြည့်ရတာတော့ စနောက်နေတဲ့သဘော.. ကျနော်လဲဒီလူတွေအ
တည်ပြောနေကြတာ မဖြစ်ပါစေနဲ့လို့ အသည်းအသန်မျှော်လင့်မိတယ်။
ဆက်လက်ပြီး ကျုပ်တို့ဂုဏ်ပြုကြမယ့်သူကတော့ ဗိုလ်ချုပ်ရဲ့သားတော်မောင်ဖြစ်ပါတယ်..
လို့ဘလူချီခေါင်းဆောင်က ကြေငြာလည်းကြေငြာလိုက်ရော လူတိုင်းသဘောကျသွားပြီး လက်ခုပ်တွေ
တဖြောင်းဖြောင်းတီးကြပါလေရောလား။ အဖေကလဲ ခပ်ပြုံးပြုံးပဲ။ ကိုယ်ကျိုးတော့နည်းပြီထင်ပါရဲ့..
အဲလိုနဲ့ သူတို့ကကျနော့်ကို သိုးမျက်လုံးတလုံးပေးပါတယ်။ အမွှေးအကြိုင်တွေနဲ့နယ်ပြီး ကင်ထားတော့
သိုးမျက်လုံးကပုံမှန်မျက်လုံးလို အသက်တော့ဝင်မနေပါဘူး။ အညိုရောင်အလုံးတလုံးနဲ့ ပိုတူပါတယ်။
ဒါပေမယ့် ကျနော်သိသလောက်ကတော့ အဲဒါမျက်လုံးလေ။ သားမစားဘူးနော် အဖေ..လို့ ကျနော်က
အဖေ့ကိုပြောလိုက်တော့၊ စားသာစားလိုက်သားရေ..လို့ အဖေကအားပေးလေရဲ့။ ဘလူချီလူမျိုးစုအတွက်တော့
ကျနော်ကလူစိမ်းတယောက်ဖြစ်နေလို့ သိုးမျက်လုံးစားဖို့ ဇွန်းတချောင်းပေးပါတယ်။ အဲဒါနဲ့ကျနော်လည်း
အသက်ကိုအောင့်၊ သိုးမျက်လုံးကိုဇွန်းနဲ့ခပ်၊ ပါးစပ်ထဲထည့်ပြီး အလုံးလိုက်မျိုချပစ်လိုက်ရတယ်။ ရှိသမျှ
လူတွေအားလုံးက တညီတညွတ်တည်း သြဘာပေးကြလေရဲ့။
သူတို့ကသားကို တခမ်းတနားဂုဏ်ပြုတဲ့သဘောပေါ့၊ သားမစားလိုက်ရင် သူတို့ကိုစော်ကားသလိုဖြစ်
သွားမယ်လေ၊ သားစားလိုက်တော့ အမေရိကန်-အီရန်ဆက်ဆံရေးကို ပံ့ပိုးကူညီပေးသလိုဖြစ်သွားတာပေါ့၊
သားအတွက်အဖေဂုဏ်ယူပါတယ်..
လို့ ညစာစားပွဲပြီးသွားတော့ အဖေက ပြန်ပြောပြတယ်။ အဲဒီအခြေအနေဖြစ်လာစေတဲ့စကားတွေကိုပြောဖို့
ကျနော်သိုးမျက်လုံးတလုံးတော့ မျိုချလိုက်ရတာပေါ့လေ။
အဲဒီနှစ်ဆောင်းဦးရောက်တော့ ပရင့်စ်တန်ကသူငယ်ချင်းတွေအကြောင်း၊ လူငယ်ကင်းထောက်အဖွဲ့ထဲဝင်ပြီး
သစ်ရွက်ကြွေတွေကို ထွန်ခြစ်နဲ့စုပုံခဲ့ရတဲ့အကြောင်းနဲ့ ကျနော့်ရဲ့ကုသိုလ်ကံကောင်းပုံတွေကို မကြာခဏတွေး
မိပါတယ်။ အာရေးဘီးယန်းညများ (Arabian Nights) လို့ တင်စားကြတဲ့ အီရန်မှာ ကျနော်က အဖေနဲ့တူတူရှိနေပြီး
ယောက်ျားဆန်တဲ့ အတွေ့အကြုံတွေရတယ်။ ဆရာလုပ်မယ့် မိန်းမသားတွေလဲမရှိ။ လက်ရှိကျနော့်ဘဝလေးက
ယောက်ျားလေးတိုင်း လိုလားကြတဲ့ အနေအထားလေးပေါ့။

အရှေ့အလယ်ပိုင်းတွင်တွေ့ရတတ်သော သဲယင်ကောင်ဟုခေါ်သောခြင်တမျိုး
ရောဂါဘယထူပြောပေမယ့် ကျနော်စိတ်မပျက်မိပါဘူး။ ခြံထဲကရေကူးကန်တွေထဲမှာ ရေစစ်တဲ့စနစ်မရှိတော့
တခါတလေ ရေကူးပြီးရင် မျှော့တွေခွာချရပေမယ့်လည်း စိတ်မပျက်မိပါဘူး။ ငှက်ဖျားလိုအဖျားရောဂါ
တမျိုးသယ်လာတဲ့ သဲယင်ကောင် (Sand Flies) လို့ခေါ်တဲ့ ခြင်တမျိုးအကိုက်မခံရအောင် ခြင်ထောင်နဲ
့အိပ်ရတာကိုလည်း ကျင့်သားရနေပါပြီ။
အပူပိုင်းရောဂါတွေ ဖြစ်နေကြတဲ့ကိစ္စတွေကတော့ နေ့တဓူဝလိုပါပဲ။ ကျနော်တို့က ကာလဝမ်းရောဂါ
(Cholera)၊ အူရောင်ငန်းဖျားတိုက်ဖွိုက်ရောဂါ (Typhoid)၊ အစက်ထတိုက်ဖွိုက်ရောဂါ (Typhus) နဲ့
အသားဝါငန်းဖျား (Yellow Fever) လိုရောဂါမျိုးတွေအတွက် ကာကွယ်ဆေးတွေထိုးထားတော့
ခံနိုင်ရည်ရှိနေပေမယ့် အီရန်မှာလုပ်တဲ့ ရေခဲမုန့်စားမိရင်တော့ နွားနို့၊ ဆိတ်နို့ထဲမှာရှိတတ်တဲ့ ဘရူဆဲလား
(Brucella) လို့ခေါ်တဲ့ ရောဂါပိုးတမျိုးကြောင့် (Brucellosis) လို့ခေါ်တဲ့ ပိုးစွဲနာကနေဖြစ်လာတဲ့ (Undulant Fever)
လို့ခေါ်တဲ့ တက်လိုက်ကျလိုက်ဖြစ်နေတတ်တဲ့ အဖျားရောဂါတမျိုး ရတတ်ပါတယ်။
အဲဒီအဖျားရောဂါရတဲ့ အဖေ့လက်အောက်အရာရှိတယောက်ဆို ရောဂါစဖြစ်ပြီး တနှစ်လောက်ကြတော့
ဆုံးရှာပါတယ်။ အဖေ့လက်ထောက်အရာရှိနောက်တယောက်ကတော့ ပေ (၃၀) ရှည်တဲ့ တိပ်ပြားသန်ကောင်
(Tape Worm) ရှိနေတဲ့ရောဂါအတွက် ကုသမှုခံယူရပါသေးတယ်။ နောက်..သောက်သုံးရေတွေ
မသန့်ရှင်းလို့ ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea) နဲ့ အသည်းရောင်အသားဝါရောဂါ (Jaundice)
တွေကတော့ နေ့တိုင်းရင်ဆိုင်နေကြရတဲ့ ရောဂါတွေပါ။ ကျနော်တက်နေတဲ့ မစ်ရှင်ကျောင်းက ကျောင်း
သားလေးတွေရဲ့ အသားအရည်တွေကလည်း အသားဝါရောဂါကြောင့် လိမ္မော်ဝါရောင်တွေဖြစ်နေကြပြီး
ကိုယ်ရောင်ကိုယ်ဝါတွေ တထိန်ထိန်နဲ့ပေါ့။ ကျနော်တောင် အသားဝါရောဂါ လေးငါးခါဖြစ်လိုက်သေးတယ်။
ဖြစ်လာတိုင်း လူကနုံးနေပေမယ့် ဆေးသောက်ပြီး ကျနော်ကျောင်းသွားတက်တယ်။
တပတ်လောက်ကြာရင်တော့ ပျောက်သွားပါတယ်။ အသားတွေဝါလာဖို့ဆိုတာ ဖြစ်လာမယ်လို့
မျှော်လင့်ထားပြီးသားကိစ္စတခုပေါ့။ ဒီကိစ္စက ကျနော့်စွန့်စားခန်းရဲ့ အစိတ်အပိုင်းတခုဖြစ်သွားပါတယ်။
အဖေကကျနော့်အတွက် အချိန်မပေးနိုင်ရင် သူတွေ့ခဲ့တဲ့ အရာတွေကို ကျနော်လဲတွေ့မြင်နိုင်အောင်
စီစဉ်ပေးပါတယ်။ တနေ့ အီရန်စကားပြန်တယောက်နဲ့ ကျနော် အီရန်ဗဟိုဘဏ်ကို သွားရပါတယ်။
အဲဒီမှာ ကျနော်တို့ကို အီရန်အရာရှိတယောက်နဲ့ အစောင့်တယောက်လာကြိုပြီး မြေအောက်ဘဏ္ဍာ
တိုက်ကိုခေါ်သွားပါတယ်။ ဘဏ္ဍာတိုက်တံခါးဖွင့်ပြီဲး့ အခန်းတခန်းထဲကို ဝင်လိုက်တော့ အဲဒီအခန်း
ထဲမှာ ကျော်ကြားလှတဲ့ ရှားဘုရင်ရဲ့ နန်းစဉ်ရတနာတွေကို ခန်းလုံးပြည့်ထည့်ပြီး ပြသထား
တာတွေ့ရပါတယ်။
ခင်းပြထားတဲ့ တော်ဝင်သရဖူတွေကို လက်သီးဆုပ်လောက်ရှိတဲ့ ပတ္တမြားတွေ၊ မြတွေနဲ့ တွေ့ရပါတယ်။
အခန်းထဲမှာ စိန်စီထားတဲ့ ခါးစည်းပဝါတွေနဲ့ ရတနာကျောက်စီ ရွှေချထားတဲ့ ဓါးတွေလည်း ပြထားပါတယ်။
အခန်းထောင့်တွေမှာ မြတွေနဲ့ပတ္တမြားတွေကို အပုံလိုက် ပုံထားပါတယ်။ မျက်နှာကြက်မှာ တွဲလောင်းချိတ်
ထားတာတွေကတော့ ဝက်အူချောင်းတွေနဲ့တူတဲ့ ပုလဲတွေပါ။ ပုလဲသွယ်တွေကို အရှည်ကြီးဖြစ်အောင်
တခုနဲ့တခုယှက်ထားတဲ့ ပုလဲကုံးကြီးတွေပေါ့။ ကျနော့်ကိုဖမ်းစားလိုက်တာကတော့ အခန်းရဲ့အလယ်
တည့်တည့်မှာချထားတဲ့ ကမ္ဘာလုံးကြီးပါ။ ရွှေသားအလုံးကြီးပေါ့။
ကမ္ဘာပေါ်ကသမုဒ္ဒရာတွေအားလုံးကိုတော့ မြတွေနဲ့စီထားပြီး အီရန်ကလွဲလို့ တခြားနိုင်ငံအားလုံး
ကိုတော့ ပတ္တမြားတွေနဲ့စီထားပါတယ်။ အီရန်နိုင်ငံကိုတော့ စိန်တွေနဲ့ချယ်ထားတယ်။ အရမ်းအံ့အား
မိသင့်တော့ ကျနော်လဲ မျက်လုံးမခွာနိုင်အောင် စိုက်ကြည့်နေမိပြီး ဒီကမ္ဘာလုံးကိုကြည့်စမ်းပါဦး၊
ဒါကိုကြည့်..လို့ ဘဏ်အရာရှိကို ဗလုံးဗထွေးနဲ့ပြောမိတော့.. အော်..ဒါကပိုတဲ့ရတနာတွေနဲ့လုပ်ထားတဲ့
ပစ္စည်းတခုပါ.. လို့သူကပြန်ပြောပါတယ်။ ပြီးတော့ ရွှေတွေကြည့်ဦးမလားလို့ ကျနော့်ကိုသူကမေးပါတယ်။
ရွှေတွေထားတဲ့အခန်းက အခုအခန်းနဲ့မျက်နှာချင်းဆိုင်က ပိုကြီးတဲ့အခန်းပါ။ အဲဒီအခန်းထဲဝင်
ရတာ ရတနာသိုက်ထဲဝင်ရသလိုပါပဲ။ ရွှေတုံးတွေကို သံယက်မတွေပေါ်မှာဆင့်ဆင့်ပြီး မျက်နှာကြက်
အထိရောက်အောင် စီထပ်ထားပါတယ်။ တခန်းလုံးရွှေတွေနဲ့ပြည့်နေသလိုပဲ။
အခန်းတံခါးနားမှာတော့ အာလာဒင်ရဲ့မီးခွက်စောင့်ဘီလူး ဂျီနီလို လက်ပိုက်ပြီးရပ်နေတဲ့ အီရန်အစောင့်
တပ်သားတယောက်ရှိတယ်။ အဲဒီအစောင့်က တချက်ရီလိုက်ပြီး ပါရှန်စကားနဲ့လှမ်းပြောပါတယ်။ သူ
ဘာပြောတာလဲဆိုတာ သိလားလို့ စကားပြန်က ကျနော့်ကိုမေးပါတယ်။ မသိဘူး..လို့
ကျနော်ပြန်ဖြေလိုက်တော့.. သယ်နိုင်သလောက်ရွှေတွေ သယ်သွားလို့ရတယ်လို့လှမ်းပြောတာ..လို့
စကားပြန်ကပြောပါလေရော။ တကယ်ပြောနေတဲ့ပုံပဲ.. အဲဒါနဲ့ကျနော်လဲပေါင်မုန့်တလုံးစာလောက်ရှိတဲ့
ရွှေတုံးတတုံးကို ယူလိုက်ပါတယ်။ ဖြစ်ချင်တော့ ရွှေတုံးရဲ့အစွန်းတဖက်တောင်မှ ကြွမလာဘူး။ အဲဒါက
အစောင့်တွေအတွက် ဟာသဖြစ်သွားတယ်။
အဖေအပြင်မသွားဖြစ်တဲ့ တချို့ညတွေကျရင်တော့ ကျနော့်အိမ်စာတွေကို အဖေ့ကိုဝိုင်းကူလုပ်ခိုင်းရင်းနဲ့
စကားစမြည်ပြောဖြစ်တတ်ပါတယ်။ အဖေ့အခန်းမှာ ရေနံဆီမီးဖိုလေးတလုံးကို အလယ်မှာချထားတဲ့
ခုံကြီး (၄) ခုံရှိပါတယ်။ အဲဒီခုံတွေမှာ ကျနော်တို့သားအဖ ထိုင်ကြရင် တခါတလေ လေး၊ ငါးနာရီကြာ
တတ်ပါတယ်။ ပြောတာတွေကတော့ စုံလို့ပါပဲ။ ကျနော်တို့တွေ့ခဲ့ကြတဲ့လူတွေ၊ လမ်းမှာတွေ့ရတဲ့
အရာတွေ၊ ကျနော့်ကျောင်းရဲ့ ဘော်လီဘောအသင်း၊ အီရန်လွှတ်တော်၊ နောက်..တိုက်ပွဲတွေ၊
အငြင်းပွားမှုတွေနဲ့ ကျနော်တို့အိမ်က ပျော်ရွှင်စရာကောင်းလာတော့မှာ မဟုတ်တဲ့အကြောင်းတွေပေါ့။
ပျော်ရွှင်မှုဆိတ်သုဉ်းနေတဲ့အိမ်ကို ကျနော်ပြန်မသွားချင်တော့ပါဘူး။
အဲဒီကနေပြီး ပရင့်စ်တန်အိမ်မှာ ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ကျနော်တို့ပြောဖြစ်သွားခဲ့တယ်။
ဒုတိယကမ္ဘာစစ်ပြီးလို့ အိမ်ကိုခွင့်နဲ့ခဏပြန်လာတုန်းက အမေအရက်သောက်နေတာကို
တွေ့ခဲ့တဲ့အကြောင်းကို အဖေကပြောပါတယ်။ အဲဒီကိစ္စကို အဖေသိထားတာကြလှပြီလို့ထင်ထားတော့
ကျနော်လည်း အံအားသင့်သွားတယ်။ အဲဒီတော့မှ ကျနော်တို့ အခြေအနေတွေဘယ်လိုလဲဆိုတာကို
အဖေကမေးပါရော။ အရက်မူးရင်သွေးဆိုးတတ်တဲ့ အမေ့အကြောင်းကို ကျနော်တို့ပြောဖြစ်သွားတယ်။
ဒီပြဿနာက အမေ့အနေနဲ့ ဆင်ခြေဆင်လက် ပေးနိုင်တဲ့ ကြောင်းကျိုးဆက်စပ်မှုဆိုတာကို အဖေသိပါတယ်။
သားအမေက နူးညံ့ချိုသာတဲ့ သူနာပြုတယောက်၊ ကောင်းတဲ့နတ်သမီးတပါးပေါ့.. လို့ အဖေကကျနော့်
ကိုပြောပါတယ်။ ဒါပေမယ့် သားမေမေက သိပ်မကျန်းမာဘူး။ အရက်ဝင်သွားရင် ပင်ကိုယ်အ
သိစိတ်ပျောက်ပြီး အဲဒီရောဂါပေါ်လာတယ်.. ကျနော်တို့စကားပြောနေကြတာက မသိရင်လူနှစ်ယောက်ရဲ့အကြောင်းကို
ပြောနေကြသလိုပါပဲ။
အမေ့ကို အီရန်ကိုလိုက်လာခိုင်းတော့မယ်ဆိုတာ အခု ကျနော်သဘောပေါက်စပြုလာပါပြီ။ အခုအနေအထားက
ကျနော့်အတွက် အဖေပြင်ဆင်လေ့ရှိတဲ့နည်းပါ။ အမေက အဖေ့ရဲ့ဇနီးဖြစ်သလို သားရဲ့အမေလဲဖြစ်တယ်။
အဲဒီတော့ အဖေ့အနေနဲ့ ဘယ်လိုလုပ်ငြင်းလို့ရမလဲသားရယ်.. လို့ ပြောပါတော့တယ်။ အဖေတို့အနေ
နဲ့ အခုလက်ရှိအနေအထားကို ဆုံးရှုံးတော့မယ်၊ လွတ်လပ်ရေး ဆုံးရှုံးတော့မယ် ဆိုတာကို သိပေမယ့်လည်း
ရွေးစရာလမ်းမရှိဘူးသားရေ.. လို့အဖေကပြောရှာပါတယ်။ အိမ်ထဲမှာနေရတဲ့ဘဝကို ကျနော်ပြန်မသွား
ချင်တော့ပေမယ့်၊ အဖေကအခုကိစ္စမှာ ကျနော့်ထောက်ခံမှုကိုတောင်းနေလေရဲ့။ ဆက်ပြောရင်းနဲ့
ကျနော်လဲ ထောက်ခံပေးလိုက်ပါတယ်။
နောက်ဆုံးမှာတော့.. ကိုယ့်ကိုယ်ကိုကာကွယ်ဖို့၊ အစ်မတွေကိုကာကွယ်ဖို့နဲ့ အဆင်ပြေအောင် ဘယ်လို
လုပ်ကြရမလဲဆိုတာကို အဖေတို့အတူတူကြိုးစားကြရမယ်..လို့ အဖေက ပြောပါတယ်။ အဲဒီတော့.
. ရပါတယ်အဖေရယ်..ကျနော်လည်း အဖေ့လိုပါပဲ၊ ကြိုးစားကြတာပေါ့..လို့ ကျနော်ပြန်ပြောလိုက်ပါ
တယ်။ အဖေ့အနေနဲ့တော့ ပြဿနာတရပ်ကို သားတော်မောင်နဲ့ အောင်မြင်စွာ ညှိနှိုင်းလိုက်နိုင်တယ်၊
သားတော်မောင်အနေနဲ့လဲ အကောင်းမြင်တဲ့သဘောထားရှိနေပြီလို့ ယူဆပြီး အိပ်ယာဝင်သွားမှာတော့
အသေအချာပါ။
ကျနော့်မှာတော့ တော်တော့ကို အာရုံနောက်သွားရလေတယ်။ အဖေအိမ်မှာမရှိလို့ အမေအရက်စေ
သာက်တယ်၊ အဖေအိမ်ထောင်ဦးစီးနေရာပြန်ရောက်လာရင် အဲဒီပြဿနာပြီးသွားလိမ့်မယ်..ဆိုတာကို
ယုံကြည်လက်ခံနိုင်ဖို့ ကျနော်အပြင်းအထန်ကြိုးစား နေမိပါတယ်။ ဒါပေမယ့်လည်း အရာခပ်သိမ်းတော့
ကောင်းလာနိုင်မှာမဟုတ်ဘူး ဆိုတာကို ကျနော့်စိတ်ထဲမှာ သိနေမိပါတယ်။
ဤ ဘာသာ ပြန် ၀တ္ထု သည် Freedom News Group နှင့် စာရေးသူ ဒယ်နီယ(လ်)ကိန်းတို့ 
၏ မူပိုင် ဖြစ်သည်။