
“ ဆွမ်းတော်ကပ်လင်္ကာ ”
အရဟံ အစ ၊ ဂုဏ်ကိုးဝနှင့် ၊ မုချပြည့်စုံ လူနတ်ကုန်၏ ၊ ကြည်ယုံကိုးစား ၊ သက်ထင်ရှားသည် ၊ ဘုရားမြတ်ကို ၊ ရည်မှတ်ဆို၍ ၊ မှီခိုကိုးစား ၊ လေးမျိုးထားကြ ၊ ရုပ်ပွားခေါ်မှတ် ၊ စေတီမြတ်အား ၊ ဆည်းကပ်ကော်ရော် ၊ တပည့်တော်သည် ၊ ထူးသော်အဆင်း ၊ အနံသင်း၍ ၊ ကောင်းခြင်းရသာ ၊ ဟင်းစုံစွာနှင့် ၊ အဟာရကြွယ် ၊ ဤ ဆွမ်းခဲဖွယ်ကို ၊ သုံးသွယ်စေတနာ ၊ မြတ်သဒ္ဒါဖြင့် ၊ လှူပါ ကပ်ပါ ၊ ပူဇော်ပါ၏ ၊ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ။ ။