အချိန်ရခဲ့ရင် အသင်၏ ရည်ရွယ်ချက်တစ်ခု ဖြစ့်မြောက်ရန်အတွက် ဒီစာပိုက်ကလေးကို တစ်ခဏ ပြီးဆုံးအောင် ဖတ်ကြည့်စေချင်ပါတယ် ခင်ဗျာ
ခေါင်းစဉ်လေးက “ အပြစ်မကင်း ချွတ်ယွင်းချက်များနှင့် ပြည့်နေသေား လူသားများ၏ အမူကျင့် ( ၇ ) ချက် ” ဖြစ်ပါသည် ။
အမူအကျင့် ၁ ။ တုံပြန်ပါ ၊
မိမိတို့ ရဲ့  ပြဿနာအားလုံးကို မိမိတို့ ၏ မိဘ ၊ ဆရာသမားတွေ ၊ ဒါမှ့ မဟုတ့် မိမိတို့ ၏ အိမ်နီးနားချင်းတွေ ၊ ရည်းစား ၊ နောက်ဆုံး တစ်ယောက်ယောက် ၊ တစ်ခု့ ခု့ အပေါ်သာ အပြစ်ပုံချလိုက်ပါ ။ 'သင်' ခံရသူနေရာက နေပါ ။ 'သင်' ဘ၀ အတွက် ဘာတာဝန်မှ မယူပါနဲ့  ။ တိရစ္ဆာန် တစ်ကောင်လို လှူပ်ရှားပါ ။ ဆာရင်စားလိုက် ၊ ကိုလုပ်ချင်လိုလုပ်လိုက်တဲ့ကိစ္စ မှာတာကိုသိလိုက်ရင်လဲ အဲဒိအတိုင်းသာ ဆက်လုပ်ပါ ။
အမူအကျင့် ၂ ။ စိတ်ထဲတွင် မပြီးဆုံးခြင်းနှင့် စပါ ၊
စီမံကိန်းမထားပါနဲ့  ။ ဖြစ်တဲ့နည်းနှင့် ရည်မှန်းချက် ပန်းတိုင်ကို ရှောင်ရှားပါ ။
နက်ဖြန်အတွက် ဘယ်တော့မှ မစဉ်းစားပါနဲ့ ။ မိမိရဲ့  ပြုမူလှူပ်ရှားမှူတွေရဲ့  အကျိုးဆက်နဲ့  ပတ်သက်လို့ ဘာဖြစ်လို့  သေားကဖြစ်နေမှာလဲ ၊ တဒင်္ဂအတွက်သာ ရှင်သန်ပါ ။ လိင်မှူပွေပါ ။ အချိန်ဖြုန်းပါ ။ ပျော်ပျော်နေပါ ။ နက်ဖြန်ဆိုတာ မရေရာ ၊ သေချင်သေမှာ ။
အမှူအကျင့် ၃ ။ ပထမဆုံးသော အရာများကို နောက်ဆုံးထားပါ ၊
မိမိဘ၀မှာ အရေးအကြီးဆုံးက ဘာပဲဖြစ်ဖြစ် အဲဒါကို မလုပ်ပါနဲ့  ၊ တစ်ကျော့ ထပ်စောင့်ကြည့်ဖို့  အချိန် အလုံအလောက်ယူပြီးတဲ့ တိုင်အောင်ပေါ့ ။ ဖုန်းပြေားရင်လဲ မဆုံးနိင်အောင် အကြာကြီးပြော ၊ နေရင်လဲ လတ်လျား လတ်လျားသာနေ ။
အိမ်က လုပ်စရာတွေ ဆိုရင်လဲ အမြဲတမ်း နက်ဖြန်ရောက်တဲ့အထိ နေ့ ရွှေ့  ညရွှေ့ လုပ် ၊ ကိစ္စတစ်ခုကို မလုပ်ဆောင်မီ ထိုအရာသည် အရေးမကြီးကြောင်း သေချာပါစေ ။
အမှူအကျင့် ၄ ။ အနိင် အရှူံးကို စဉ်းစားပါ ၊
ရက်စက်ကြမ်းကြုတ်တဲ့ ပြိင်ပွဲတစ်ရပ်လို ဘ၀ကိုရှူမြင်ပါ ။ မိမိ၏ အတန်းဖော် ၊ မိမိ၏ လုပ်ဖော်ကိုင်ဖက်တွေက မိမိကိုတွေ့ ဖို့  မိမိထံလာရမယ် ။ ဒီတော့ အဲဒိ အမျိုးသား ၊ ဒါမှမဟုတ် အဲဒီ အမျိုးသမီး ထံ မိမိက အရင်သွားတွေ့ တာက ပိုကောင်းတာပေါ့ ။ ဘယ်အရာမျိုးမှာပဲ ဖြစ်ဖြစ် ဘယ်သူ့ ကိုမှ အနိင်မရပါစေနဲ့  ။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ နိင်မယ် မိမိ ရှူံးမယ်ဆိုတာကို သတိရပါ ။ ဒါပေမယ့် မိမိရှူံးမယ့် အခြေအနေ ရောက်တော့မယ်ဆိုရင်တော့ အဲဒီနိင်မယ့် သူကို မိမိနဲ့ အတူ စိတ်ဓာတ်ကျအောင် လုပ်လိုက်ပေတော့ ။
အမှူအကျင့် ၅ ။ အရင်ပြေားဖို့  ကြိုးစားပါ ၊ ပြီးမှ နာထောင်ချင်ယောင်ဆောင်ပါ ၊
မိမိကို ပါစပ်တစ်ပေါက်နဲ့  မွေးလာတာ ဒီတော့ ဒါကို အသုံးချပါ ။ ကိုကသာ အများကြီးပြေားသူ ဖြစ်ပါစေ ။ အမြဲတမ်း မိမိဘက်က အမြင်ကို ပထမဆုံးဖော်ပြပါ ။ လူတိုင်းက မိမိအမြင်ကို နာလည်ကြပြီ ဆိုတာသေချာတာနဲ့  ခေါင်းလေးညိတ် လိုက် ၊ ' အင်း အင်း ' ဆိုပြီး သံယောင်လိုက်လိုက်နဲ့  နာထောင်ချင်ယောင် ဆောင်ပေတော့ ၊ ဒါမှမဟုတ် လူတွေရဲ့  အမြင်ကို မိမိက အမှန်အကန် အလိုရှိတယ် ဆိုရင်တော့ သူတိုကို အရင်ပြောခွင့် ပေးလိုက်ပါ ။
အမှူအကျင့် ၆ ။ ပူးပေါင်းဆောင်ရွက်မှု မပြုပါနှင့် ၊
ကဲ ကြည့်စမ်း ။ ဒိပြင်လူတွေဟာ ဘယ်လောက်ထူးဆန်းလဲ ။ ဒါဘာကြောင့်လဲ ၊ သူတို့ က မိမိနဲမတူကြလို့ ပဲပေါ့ ။ ဒီတော့ သူတို့ နဲ့ အဆင်ပြည်အောင် ဘာကြောင့်များ ကြိုးစားနေတော့မှာလဲ ။ ပူးပေါင်း ဆောင်ရွက်မှုဆိုတာ လူတွေ အတွက်မဟုတ်ပါဘူး ။ အရေးကြီးတာက မိမိမှာ အကောင်းဆုံး စိတ်ကူတွေ အမြဲရှိနေဖို့ ပါ ။ ရှိလာတဲ နောက်မှာတော့ မိမိ လုပ်ကိုင်ဆောင်ရွက်သမျှ အရာတိုင်ဟာ ပိုကောင်းလာမှာပဲ ။ ဒီတော့ ကိုယ့်ကိုယ်ပိုင် ကမ္ဘာလေးမှာပဲ ကိုယ်နေပါ ။
အမှူအကျင့် ၇ ။ ဖတ်ဖတ်မေားအောင်နေပါ ၊
ကိုယ့်ကိုကိုယ် အားသစ် ပြန်မွေဖို့  ၊ တိုးတက်အောင်လုပ်ဖို့  ၊ ဘယ်တော့မှ အချိန်မရတဲ့ ဘ၀မျိုးနဲ့  မနေမနား အလုပ်များနေပါစေ ။ ဘယ်တော့မှလဲ မလေ့လာနဲ ။ အသစ်အဆန်းဆိုရင် ဘာကိုမှလဲ မသင်ယူနဲ့ ။ ပူပင်စရာမျိုးကို ရောဂါဘယလို ရှောင်ပါ ။ဘုရားရေ ၊ နောက်ပြီး စာအုပ်ကောင်းကောင်းတွေနဲ့ လဲ ဝေးဝေးနေနော် ။ မိမိကို စိတ်ဓါတ်တက်ကြွ လန်းဆန်းစေမယ့် ဘယ်အရာနဲမဆို ကင်းအောင်နေ ၊ သဘာဝတရာရဲ့  အလှအပကိုတောင် မခံစားနဲ့  ။
မွဲဆေးတွေပါ ၊
အသင် မြင်တဲ့အတိုင်း အထက်က ဆိုခဲ့တဲ့ အမှူအကျင့်တွေဟာ မွဲဆေးတွေပါပဲ ။ မိမိတို့ တွေ တော်တော်များများကလဲ အဲဒီမကောင်းတဲ့ အမူအကျင့်မှာပဲ မွေ့ လျှော်နေကြတာလေ ။ ဒါကြောင့်လဲ သဘာဝဟာ တစ်ခါတရံမှာ တကယ်ကို ပုပ်စော်နံတာ အံသြစရာတော့ မဟုတ်ပါဘူး ။
အမှူအကျင့်ဆိုတာ ဘာတွေလဲ ၊
အမှူအကျင့် (အလေ့အကျင့် ) ဆိုတာ မိမိတို့  ထပ်ကာ ထပ်ကာလုပ်တဲ့ အရာတွေပဲပေါ့ ။ ဒါပေမယ့် မိမိတို့ မှာ အဲဒီ အမှူအကျင့်တွေ ရှိနေတာကို ကိုယ့်ကိုကိုယ် သတိမထားမိသလောက်ပါပဲ ။ သတိထားမိတယ် ဆိုရင်လဲ အဲဒီအသိ ရှိတဲ့အချိန်က နည်းနည်းလေးပဲဖြစ်မှာပါ ။ အမှန်တော့ မိမိတို့  သတိမထားမိဘဲနှင့် အဲဒီ အမှူအကျင့် တွေက မိမိတို့ ကို အလိုလို ဦးဆောင် နေတာပါ ။ တစ်နည်းပြေားရရင် အမှူအကျင့်တွေဟာ ( Auto Pilot ) တွေပါပဲ ။
ထုံးစံအတိုင်း အကောင်းနဲ့  အဆိုးကတော့ ရှိပါတယ် ၊
ကောင်းတဲ့အကျင့်ဆိုတာ ၊
- ပုံမှန် ၊ အချိန်မှန် ကျင့်သုံး လိုက်နာ လုပ်ဆောင်တာ
- ကြိုတင်အကွက်ချ စီစဉ်တာ
- သူတစ်ပါးကို လေးစားမှုပြတာမျိုးတွေပါပဲး ။
အဆိုးတွေကို နမှူနာပြရရင်
- အဆိုးမြင်တာ ၊ မကောင်းတွေးတာ
- သိမ်ငယ်စိတ်ဝင်တာ
- သူများကို အပြစ်တင်တာမျိုးတွေပါ ။
မိမိမှာရှိတဲ့ အကျင့်က ဘယ်လိုမျိုးတွေလဲ ။ အကောင်းတွေလား ၊ အဆိုးတွေလား ။ ရှိတဲ့အကျင့် အကောင်းအဆိုးပေါ် မူတည်ပြီးတော့ မိမိတို့  ဘ၀မှာလဲ အကောင်းတွေ အဆိုးတွေ ဖြစ်လာမှာပါ ။
တစ်နည်းပြေားရရင် ဘ၀မှာဖြစ်ခြင်း ပျက်ခြင်းတွေဟာ မိမိတို့ ရဲ အကျင့်တွေက လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ မိမိတို့  ထပ်ခါ ထပ်ခါ လုပ်ဆောင်တဲ့ အတိုင်းသာ မိမိတို့ တွေဟာ ဖြစ်လာရတာ မဟုတ်ပါလား ခင်ဗျာ...။ ။
သားသား၏ လေးကျော် နှင့် လေးညီ အတွက်ရည်ရွယ်ပါသည် ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။