ထူးခြားသေား ကဗျာလေး တစ်ပုပ်ပါ ၊ အချိန်ရခဲ့ရင် ၀င်ရောက်ဖတ်သွားပါအုံး ခင်ဗျာ ကဗျာလေးနမ်မည်က-
“ အချစ် စာရင်း ”
အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ ချစ်တယ်။
ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးတံ ကိုက်လာသူ
အဲဒီလူ ငါ ချစ်တယ်။
ရေဒီယို ဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ ချစ်တယ်။
တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ ချစ်တယ်။
မျဉ်းကျားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့  အိမ်ကို ဖုန်းဆက်သူ
အဲဒီလူ ငါ ချစ်တယ်။
အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းသွေးထွေးသူ
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ ချစ်တယ်။
ဘတ်စ်ကားထဲ၊ ဘေးလူတွေ အားမနာဘဲ
ဆေပြင်းလိပ်ခဲသူ
အဲဒီလူ ငါ ချစ်တယ်။
ယောင်္ကျားတန်မဲ့၊ မှန်ကြိုက် စနိုးပွတ်
တိုဖတ်ရိုက်သူ
အဲဒီလူ ငါ ချစ်တယ်။
မိန်မတန်မဲ့၊ သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ ချစ်တယ်။
ထမင်းဝိုင်းဘေးနား၊ ခါးထောက်ရင်း နာဖာကလော်
ကလော်ရင်း သွားရည်ကျသူ
အဲဒီလူ ငါ ချစ်တယ်။
သူများအိမ် တက်နေ၊ နေတော့လဲ မဆင်း
ဆင်းတော့လဲ ငွေတောင်းသူ
အဲဒီလူ ငါ ချစ်တယ်။
ကတိလဲ မပေး၊ ပေးရင်လဲ မတည်သူ
အဲဒီလူ ငါ ချစ်တယ်။
အိမ်ရာဝင် အိမ်ရာထ
ဘုရား ၀တ်မချ၊ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ ချစ်တယ်။
အာဃာတထား၊ အမှန်းပွား
ဒေါသများသူ၊ မောဟထူ
အဲဒီလူ ငါ ချစ်တယ်။
အို.....ငါ့ကိုယ်ငါလဲ ငါ ချစ်တယ်။ ။