စာပိုက်လေရဲနံမည်က “ မိမိရဲ့ စိတ်ကို ဂရုစိုက်ပါ ” အချိန်ရခဲ့ရင် ဖတ်ကြည့်ခဲ့ဖို့  ဖိတ်ခေါ်ပါတယ်
မိမိ စိတ်ကို လှူပ်ရှားပြောင်းလဲ နေစေတဲ့အရာက ဘာလဲ။ ဆိုလိုတဲ အဓိပ္ပါယ်က စိတ်ဆိုတာက မိမိရဲ့  နေစဉ်တွေးခေါ်လုပ်ကိုင်မှု စိတ်မျက်နှာပြင်ရဲအောက် ဟိုးအဝေးကြီးမှာ နက်ရှိုင်းစွာရှိနေတဲ့ အတွင်းစိတ်ကို ပြေားတာပါ။ မိမိရဲ့  အနက်ရှိုင်းဆုံး ခံယူချက်တွေ၊ တန်ဖိုးတွေကိန်းဝပ်နေတဲ့ မိမိရဲ့  ဗဟိုအချက်အချာဟာ မိမိ စိတ်ပါပဲ။ ရည်ရွယ်ချက် မြစ်ဖြားခံရာ အဓိပ္ပါယ်ရှိတဲ့၊ သိုဝှက်ထားတဲ့ ငြိမ်းချမ်းမှုရဲ့  အရင်းမူလလဲ ဖြစ်ပါတယ်။ ဘ၀ရဲ့  စိတ်ပိုင်းဆိုင်ရာနယ်မှာ ထူးချွန်ထက်မြက်ဖို့ ကတော့ အတွင်းစိတ်ကို ပြန်လည်သစ်လွင်ဖို့  နိုးကြားလာစေဖို့  အချိန်ယူရပါတယ်။
ကမ္ဘာကျော် စာရေးစရာ ပါးလ် အက်စ်ဘတ်က
ကျွန်ုပ်တို့ ၏ အတွင်းစိတ်ထဲတွင် ကိုယ်တစ်ယောက်တည်း နေသော နေရာတစ်နေရာရှိသည်။ထိုနေရာသည် ဘယ်တော့မှ မကုန်ခန်းသွားလေသော ကျွန်ုပ်တို့ ၏ သတ္တိစွမ်းပကား၊ရုန်ကန် အားများကို အားသစ်လောင်းစိတ် ဖြစ်သည်လို့  ရေးခဲ့ဖူးပါတယ်။
ကိုယ့်စိတ်ကို အားသစ်လောင်း စိတ်သစ်လောင်း စိတ်သစ်မွှေးနိင်မယ့် နည်းလမ်းကောင်းအချို့ ကတော့ ဒီမှာပါ။
၁၊ တရားထိုင်ခြင်း
၂၊ အခြားသူများအတွက် ဆောင်ရွက်ပေးခြင်း
၃၊ ဂျာနယ်တစ်စောင်တွင် စာရေးခြင်း
၎၊ လမ်းလျှောက်ထွက်ခြင်း
၅၊ စိတ်အားတက်စေသေားစာအုပ်များကို ဖတ်ခြင်း
၆၊ ပုံဆွဲခြင်း
၇၊ ဆုတောင်းခြင်း
၈၊ ကဗျာရေးခြင်း၊ သီခြင်းစပ်ခြင်း
၉၊ နက်နဲစွာ စဉ်စားခြင်း
၁၀၊ စိတ်ဓာတ်မြင့်တင်ပေးနိင်သေား ဂီတကိုနားထောင်ခြင်း
၁၁၊ တူရိယာတစ်မျိုးမျိုးကို တီးမှူတ်ခြင်း
၁၂၊ ဘာသာရေးကို လေ့လာလိုက်စားခြင်း
၁၃၊ သူငယ်ချင်းများနှင့် စကားပြေားခြင်း
၁၄၊ ကိုယ့်ရည်မှန်းချက်များ၊ တာဝန် ပြဋ္ဌာန်းချက်များကို ဆင်ခြင် စဉ်းစားခြင်း
အနှစ်ချုပ်ကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သစ်လွင်စေတာဟာ မိမိအတွက်ပဲ အကျိုးဆက်တွေ ဖြစ်ပျက်လာတာ မဟုတ်ပါဘူး အခြားသူတွေကိုလဲ အကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါဟာအရေးကြီးပါတယ်။ ဒါပေမယ့် အရေးတကြီး လုပ်စရာမလိုတဲ့ လုပ်ကိုင်စရာလို့ ဆိုခဲ့ရင် မိမိကဖြစ်လာမှ တုံပြန်တာထက် ဖြစ်အောင်ဖန်တီးယူရမှာ ဖြစ်အောင်လုပ်ရမှာဆိုတာကိုသိမှာပါ။
လုပ်ဖို့  အကောင်းဆုံးကတော ဘ၀ ဟန်ချက်ညီစေတဲ့ ဒီ ဆောင်ရွက်စရာတွေ အတွက် နေ့ စဉ်နေ့ တိုင် အချိန်ကိုထုတ်ယူနိင်ဖို့ ပါပဲ။ ၁၅ မိနစ်၊ နာရီဝက်ပဲ ရ ရ ပေါ့။
တချို့ လူငယ်တွေကတော့ သတ်သတ်မှတ်မှတ်နဲ့  အချိန်တွေကို စုထားတတ်ကြတာနေစဉ်ပါပဲ။ မနက်စေားစေား ဒါမှမဟုတ် ညဘက်တွေမှာ သူတို့  ချည်းပဲရှိနေဖို့ ၊ လေ့ကျင့်ခန်းတွေကို စဉ်စားဖို့  အချိန်ယူကြတယ်။ ဘယ်နည်းက မှန်တယ်ဆိုတာတော့ မရှိပါဘူး။ ဒိတော့ မိမိအလုပ် ဖြစ်အောင် မိမိစိတ်ကြိုက်သာ နည်လမ်းရှာဖွှေနိင်ပါတယ်။
ဒီစာပိုက်လေက အဆုံကိုရောက်ပါပြီ ၊ ရေထားတဲ့စာလုံးလေးတွေကို လာဖတ်တဲ့အတွက် ကျေဇူးတင်ပါတယ်။ ပြီအောင်ဖတ်သွားတဲ့အတွက်လဲ ဂုဏ်ယူပါတယ်။
အရာရာ အကောင်းဆုံး ဖြစ့်ကြပါစေ ဆု့ တောင်းမေတ္တာပို့ သပါသည်။