{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, March 11, 2011

{ ဂျပန်က ပြည်ပျက် ငလျင် ကြီး သတင်း }(Click)

ဂျပန်က ပြည်ပျက် ငလျင် ကြီး သတင်း

ကြားဖြတ်သတင်း

ငလျင်ဒဏ်ကြောင့် ဖူကူရီးမား တိုကျို နံပတ် ၀မ် နယူကလီယားရီအက်တာကို ကူးလင်းလုပ်တာမအောင်မြင် ဘူး။ ယိုစိမ့်မှုဖြစ်တော့မယ်လို့  အစိုးရက ကြေညာ လိုက်ပြီဖြစ်ပါတယ်။ နှစ်ကီလိုမီတာက လူများအမြန်ဆုံးထွက်ခွာဖို ဂျပန့် အစိုးရကကြေညာနေပါတယ်။ ဂျပန်နိင်ငံရှိ နီးစပ်ရာ မိတ်ဆွေများကိုသတိပေးကြပါ။

ငလျင်သတင်းကို သိလိုသူများ ကိုတင်ဝင်း ( FWUBC) ၀၈၀-၃၄၄၃-၂၄၄၇ ကိုခေါ်နိင်ပါတယ်။

ပြည်ပျက် ငလျင် ကြီး

ဒီနေလည် ၂ နာရီ ၅၀ ဂျပန်မြောက်ပိုင်- ၃၀၀ ကီလိုမီတာ အဝေး မှာ ပင်လယ်ထဲမှာ မဟာငလျင်ကြီးလှုပ်သွားတယ်။ ၈ဒသမ ၉ ပြင်းအားရှိတယ်။ အနီးဆုံးမြို့ ကတော့ မီယာဂီဂန်မြို့ ဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့်ဆူနာမိလိုင်းတွေဖြစ်ပေါ်နေပါတယ်။ မီယာကီကန်မြို့ တော် ဆန်းတိုင်းမှာ ဆူနာမီလှိုင်းကြောင့် ပယ်လယ်က လိုင်းတွေကြောင့်တမြို့ လုံးပျက်ဆီးသွားပါတယ်။

ငလျင်က ခါတိုင်းလှုပ်နေကြတွေနဲ့ မတူပဲ ထူးခြားတယ်လို့ ဆိုတယ်။ ဘေးတိုက်လှုပ်ရှားမှု၊ ဒေါင်လိုင်လှုပ်ရှားမှု မျိုးမဟုတ်ပဲ ဘေးတိုက်နဲ့ စကောဝိုင်းလှုပ်ရှားမှုဖြစ်ပေါ်ခဲ့တယ်။ ကြာမြင်ချိန်က ၄ မိနစ်ကြခဲ့တယ်။ လူတွေလမ်းပေါ်မှာ ရပ်တည်လို့ မရအောင်ကိုဖြစ်ခဲ့တယ်။ ငလျင်လှုပ်ပြီး နောက် သက်ရောက်ငလျင်အသေးစာ (AfterShock) တွေပါအဆက်မပြတ်ဖြစ်နေတယ်။ ဒီငလျင်ကို ဂျပန်လို ယိုရှင်း ( ယို-ကျန်ခဲ့တာ။ရှင်း- ငလျင်) လို့ ခေါ်တဲ့ငလျင်ငယ်တွေ ဆက်တိုက်ဖြစ်နေတယ်။ တချို့ က ရစ်ချပ်တာ အဆင့် ၅ အထိရှိနေပါတယ်။

ငလျင်ဒဏ်ကြောင့် တိုကျိုမြို့ ဟာ အကြီးမားဆုံးသက်ရောက်မှုရှိတယ်။ တိုက်တွေမပြိုပေမဲ့ ဆူနာမိကြောင့် ပျက်ဆီမှုတွေများနိင်တယ်။ အခု လူတွေသန်းနဲ့ ချီ ပြီမြေအောက်ရထာ တွေမှာ ပိတ်မိနေတယ်။ ပင်လယ် ရေတွေဝင်လာတဲ့အတွက် နာရေတာ လေဆိပ်ကြီးပိတ်သွားပါတယ်။ ရေတွေ ၀င်နေတယ်။ ကျည်ဆံရထားတွေပိတ်လိုက်တယ်။ လူတွေသန်းနဲ့ ချီပိတ်မိနေတယ်။ တချို့ မိသားစုတွေကားပေါ်မှာနေနေရတယ်။ ဟောတယ်မှာနေစရာမရှိတော့ဘူး ။ အဝေးပြေးလမ်းတွေပိတ်နေတယ်။ ကားတွေ ပိတ်မိနေတယ်။ တိုကျိုပတ်ဝန်းကျင်နေတဲ့သူတွေ ကိုယ်အိမ်ကိုယ်ပြန်မရဖြစ်နေတယ်။ ဘူတာတွေမှလူတွေပိတ်မိနေတယ်။ ကျည်ဆံရထားပြေးမယ်။ အရေပေါ်လူပဲစီးခွင့်ရှိမယ်။ တိုကျိုမြို့ ဟာ လူ ၁၅ သန်းနေပါတယ်။

ဆိုးတာကတော့ မီယာကီကန်က အနူမြူစက်ရုံကို ပိတ်လိုက်ရတယ်။ ဖူကူရီမ ရီအက်တာလိုခေါ်ကြတယ်။ စက်ရုံက တိုကျိုမြို့ မြောက်ဖက် ကီလိုမီတာ ၂၀၀ အကွာမှာရှိတယ်။ အနုမြူစက်ရုံကိုပိတ်လိုက်ရတယ်။ ပိတ်လိုက်ရင် အနုမြူကို ရေနဲ့ အအေးခံစက်တွေ အေးပေးနေရတယ်။ လျုပ်စစ်မရတဲ့ အတွက် အအေးခံ စက်တွေ မလည်နိင်ဘူးဖြစ်နေပါတယ်။ဒါက သိပ်ကိုဆိုးရိမ်စရာရှိတယ်လို့ ဆိုတယ်။ နယူးကလီယားယိုစိမ့်မှုဖြစ်လာနိင်လို့ ဖြစ်တယ်။ဒါကြောင့် အစိုးရက အရေးပေါ် အနုမြူ အခြေအနေကိုကြေညာပေးထားတယ်။ လူတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြဖို့ အစိုးရကကြေညာထားတယ်။ အစိုးရနဲ့ နယူကလီယထုတ်စက်ရုံက နယူကီလစိမ့်ယိုမှုမရှိသေးဘူးလို့ တော့ထပ်ခါတလဲလဲ ကြေညာပေးနေတယ်။

ဂျပန်နိင်ငံရောက်မြန်မာနိင်ငံသားတဦးဖြစ်တဲ့ ကိုတင်ဝင်း ( ၅၆နှစ်) က သူ့ အတွေ့ အကြုံကိုခုလိုပြောပါတယ်။ ကျနော် အိုတာမြို့  မှာသူအလုပ်လုပ်နေတယ်။ မိုက်ကနဲ တချက်ဖြစ်သွားလို့  ခေါင်းမူးတာလို့ ထင်ပြီ သူမောင်နေတဲ့ တန် ၄၀၀ ကျော်ရှိတဲ့ စက်ကိုရပ်လိုက်တယ်။ ဒီအချိန်မှာ သူရဲ့ အလုပ်ရှင်သူနားမှာရှိနေတယ်။ နောက်ထပ်ငလျင်ကြီးတွေပြင်းထန်လာတဲ့အတွက် သူရဲ့ အလုပ်ရှင်က သူလက်ကိုဆွဲပြီ လာစက်ရုံပြင်ကိုထွက်ကြစို့ ဆိုပြီပြေးထွက်လာကြတယ်။ ကျနော်ရောက်တာ ၁၅ နစ်ရှိပြီ ဒီထက်ပြင်းတာမကြုံဘူးဘူး ။ ဂျပန်သမိုင်းမှာ ဒါဟာအကြီးဆုံးလို့ ဆိုကြတယ်။ ၈ဒသမ ၉ ဆိုတာ မယုံနိင်လောက်အောင်ပဲ။ သားသမီးတွေကို တယ်လီဖုန်းဆက်တော့မရဘူး။ တယ်လီဖုန်းတွေဆက်တာများတောာ့ ရပ်ကုန်တယ်။

ဂျပန်နိင်ငံကအကြီးဆုံးတယ်လီဖုန်း ကုမဏီ ဖြစ်တဲ့ အန်တီတီ ရဲ့  အခွဲ တခုဖြစ်တဲ့ တိုကိုမိုကုမ္မဏီ က ၁၇၁ နဲ့ ဆက်ရင် အလကားဆက်ဖို့ လုပ်ပေးထားတယ်။ ဒါကအရေးပေါ်နံပတ်ပါ။ ၁၇၁ ကိုဆက်ရင် သူတို့  ဆက်သွယ်ပေးနိင်အောင်ကူညီနေပါတယ်။ အင်တာနက်ကနေခေါ်ရင် Http://www. Web171.ne.jp ကနေ ခေါ်နိင်တယ်။

ဂျပန်နိင်ငံ တိုက်တွေဟာ ၇.၈ ရစ်ချပ်တာစကေး အထိသာခံနိင်တယ်။ ဒါပေမဲ့ နောက်ပိုင်ဆောက်လုပ်တဲ့တိုက်တွေက ဒီထက် ပိုမိုခံနိင်အောင် လုပ်လာတယ်လို့ ဆိုတယ်။ ငလျင်ဗဟိုချက်နဲ့ နီးတဲ့မီယာဂီကန် ( Miyagi Ken ) က ဆန်အဓိကထွက်တဲ့နေရာဖြစ်တယ်။
( မီယာဂီကန် = မီယာဂီ ခရိုင် )

-မိုးသီး -


´