{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, November 28, 2008

ယနေ့  အမှတ်တရ - ရှောင်ရှားလို့  မရတဲ့ သောက

- ပုံလေးတွေကို ပညာပေးလိုက်တဲ့ ပညာရှင်ကို ကျေးဇူးတင်ပါသည်လို့  ဦးစွာ ပထမ ရေးသား ဖေါ်ပြ လိုပါသည်။

-ဒီအတွက်ကြောင့် ယခု့  စားလေးကို တွေ့ ပြီး ရေးမိခြင်းဖြစ်ပါသည်။ ဆရာ "၀စကြာ" ပြုစု့ သည့်၊ သောကများကို ဆေးကြေားခြင်း ဆိုတဲ့ စာအုပ်ထဲကပါ၊ အားလုံးကို မျှဝေပါသည်။

- လူဝဘဆိုတာ စိုးရိမ်ကြောင့်ကြမှုနဲ့  ကင်းနိင်မှာ မဟုတ်ပါဘူး။
- လူဘ၀မှာ ပူပန်သောကကို လှည့်ပတ်ရှောင်တိမ်းလို့ လည်း ရမှာ မဟုတ်ပါဘူး။
- အဲဒီ စိုးရိမ်ကြောင့်ကြ ပူပန်သောက ဖြစ်ပေါ်လာစေတဲ့ ပြဿနာ ကိုသာ ဖြေရှင်ဖို့ လိုတယ်၊ အဲဒီလို ရင်ဆိုင် ဖြေရှင်မှ့  ပြဿနာ ပြည်လည်စေမယ့် နည်းလမ်းတွေ၊ အဖြေတွေကို တွေ့  ရှိလာနိင်မှာ ဖြစ်တယ်။

- စိုးရိမ်သောက ပူပန်စရာ ဘာမျှမရှိဘူး ဆိုပြန်ရင်လည်း လူဘ၀ဟာ တိုးတက်မှု ရှိမှာ မဟုတ်ဘူး၊ လူဟာ လှူပ် ရှားရုန်းကန်ရင်း အကျင့်သိက္ခာတွေ မြင့်မားတို့  တက်လာတယ်၊ အဲ့ဒီ အကြောင်းကတော့ ကြောက်စရာ ကောင်း တဲ့ သောကတွေကို ပေါက်ပွားလာစေတဲ့ သိစိတ် (Concience) ဟာ လူတွေကို အကျင့်သိက္ခာရဲ့  တန်ဖိုး ကို လေးစား သိမြင်စေသလို ကြောက် တတ်တဲ့ စိတ်ကြောင့်လည်း ရဲစွမ်း သတ္တိကို မွေးဖွားစေတယ်၊ အဲဒီ ရဲစွမ်း သတ္တိနဲ့  စွန့် စား လှူပ်ရှား ရုန်းကန်ခြင်းဟာ လူသားတွေရဲ့  ဘ၀ပေးတာဝန်၊ သဘာဝ အမွေအနှစ်ပဲ ဖြစ်ပါတယ်။

- တကယ်တော့လည်း အခက်အခဲး၊ အကျပ်အတည်း ဒုတ္ခတရား တွေဟာ လူတွေရဲ့  ကိုယ်စွမ်း ညဏ်စွမ်းတွေ ဖော်ထုတ်လာအောင်၊ ထွက်ပေါ်လာအောင် ဖန်တီးပေးတဲ့ တွန်းအားတွေဆိုလို့  ရှိရင်လည်း မမှာနိင်ဘူးပေါ့။

- တချိန်တုန်းက ဂီတစာဆိုကြီး " ဟန်ဒယ်လ် "ဟာ ဒုတ္ခ အကြီးအကျယ် ရောက်သွား ခဲ့ဘူတယ်၊ ဘယ်လို ဖြစ်သလဲ ဆိုတော့ - လေဖြတ် ခံရပြီး ညာဘက် ကိုယ်တစ်ခြမ်းသေ သွားတယ်၊ ငွေကြေးလည်း တစ်ပြား တစ်ချပ်မှ မရှိတာ့ဘူး၊ ကြွေးရှင် တွေကလည်း သူကို တရာစွဲးမယ်လို့  ခြိမ်းခြောက်နေတယ်၊ ဒါပေမဲ့ " ဟန်ဒယ်လ် " ဟာ စိတ်မပျက်ဘူး ၊ အားမာန်ကိုလည်း မလျှော့ဘူး၊ အဲဒိအခက်အခဲး၊ အကျပ်အတည်းတွေက လွတ်မြောက်ဖို့  သူ တတ်ကျွမ်းတဲ့ ဂီတ ပညာနဲ့  သီချင်းတွေ မနားမနေ ကြိုးစားရေးစပ်ခဲ့လို့ ( Messiah ) ခေါ်တဲ့ ကမ္ဘာကျော် တေးသီချင်းကြီး ပေါ်ထွက်လာခြင်းဖြစ်တယ်။

- ပြီးတော့ - စိုးရိမ်ကြောင့်ကြ ပူပန်သောကဟာ လူကို အကျိုးပြုနိင်သလို အန္တရာယ်လည်း ဖြစ်စေနိင်တယ်၊ စိုးရိမ်သောကတွေ လွန်ကဲလာရင် " စိတ်ထောင်း ကိုယ်ကြေ " ဆိုသလို ကိုယ်၊ စိတ် နှစ်ပါစလုံးရဲ့  ကျန်းမာ ရေးကို ထိခိုက်လာစေနိင်တယ်။

- စိုးရိမ်ကြောင့်ကြ ပူပန်သောကဟာ ကိုတစ်ဦးတည်းမှာသာ ရှိနေတာမဟုတ်ဘူး ဆိုတာကိုလည်း သတိပြုဖို့ ၊ သဘေားပေါက်ဖို့  လိုပါတယ်၊ လူ တစ်ရာမှာ လူ ကိုးဆယ် လောက်ဟာ စိုးရိမ်ကြောင့်ကြ ပူပန်သောကတွေ ခံစားနေကြရတာ ဖြစ်ပါတယ်၊ ဒါကြောင့် စိုးရိမ်ကြောင့်ကြ ပူပန်သောက ဖြစ်စေတဲ့ ပြဿနာကို မရှောင်ရှားပါနဲ့ ၊ပြဿနာကို ဖြေရှင်လိုက်ပါ၊ ပြဿနာကို ရှောင်ရင် - ရှောင်ရင်း ရှောင်ရင်းနဲ့  လက်တွေ ဘ၀နဲ့  ကင်းကွာ သွား တတ်ပါတယ်၊ နယ်ကျင်းသွားတယ် ဆိုတာမျိုးပါ။

- လူဟာ တစ်နေ့  မဟုတ် တစ်နေ့  သောက ဖြစ်စရာ အကြောင်းတွေနဲ့  ကြံရတတ်တာ ဓမ္မတာပါပဲ၊ ဒါပေမဲ့ သာမာန်အသေးအဖွဲး အခက်အခဲးလောက်နဲ့  သောက မဖြစ့်သင့်ဘဲ ဖြစ်လာတတ်တာကို သတိထားရမယ်၊ အဲဒီ အသေးအဖွဲးကိစ္စလေးတွေကို အောက်ခြေအဆင့်မှာပဲ ဖြစ်တဲ့ နည်နဲ့  ချေဖျက်ပြစ်ရမယ်၊ သောက အဆင့်အထိ တက်မလာနိင်အောင် ဖြေရှင်မယ်။

- လက်ငင်းခံစားနေရတဲ့ သောကအပေါ်မှာသောက အပေါ်မှာ တခြားမစီမဆိုင် ပူပန်စရာတွေ ထပ်မံ မပေါင်း မိဖို့ လည်း လိုပါသေးတယ်၊ " ဘူးလေးရာ ဖရုံဆင့် " ဆိုတဲ့ စကားလိုပေါ့ ၊ ဒီနေ့  ခံစားနေရတဲ့ ပူပန်စရာ သောက တွေဟာ နောက်တစ်နေ့  မှာရောပါး ပြောက်ကွယ် သွားတတ်တယ်၊ အခု့  ကြုံတွေ့ နေရတဲ့ ပြဿနာဟာ နောက် တစ်ပါတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်မှာ ဒီအတိုင်းရှိနိင်ပါဦးမလား၊ အတိတ်ကဖြစ်ရပ်တွေကို ပြန်ပြီး စဉ်းစား ကြည့်ပေါ့၊ ကိုယ်ဖြစ်ပျက်ခံစားခဲ့ရတဲ့ အချိုသောက အဟောင်းတွေဆိုရင် ပြန်ပြီး သတိရချင်မှ ရတော့မယ်၊ ဒါကြောင့် သောကကို ကုစားနိင်တဲ့ ဆေးတလက်ဟာ " အချိန် " ပဲ ဖြစ်တယ်လို့  ဆိုကြတာဖြစ်မယ်။

- သောကအဟောင်းတွေ ချုပ်ငြိမ်းပြီးနောက် သောကအသစ်တွေ ပေါ်လာဦးမယ်ဆိုတာကိုတော့ မမေ့သင့်ဘူး။

- လူသမိုင်း တစ်လျှောက်မှာ စွမ်းရည်သတ္တိတွေ ပြည့်စုံပါလျှက် ကြံဆုံရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို နည်းမှန် လမ်းမှန်နဲ့  မဖြေရှင်းကြလို့  ဒုတ္ခရောက်သွားကြသူတွေ အများအပြားရှိတယ်၊ ဘယ်အရာမဆို မချင့်မချိန်၊ မတိုင် မထွာ၊ မဆင်မခြင်ဘဲ တဇွတ်ထိုးလုပ်ကြတဲ့ အတွက် ဒုတ္ခတွေနဲ့  ကြုံကြရတာဖြစ်ပါတယ်၊ မိုက်မဲမှုကြောင့် တစ်ဦး ကို တစ်ဦးနားမလည်မှုကြောင့် အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးကြရတယ်၊ လူတိုင်လိုလိုပါဘဲ၊ ကိုယ်ချင်းမစာ၊ မဆင်မခြင်၊ မညှာမတာပြုမှု ပြေားဆိုမှုတွေကြောင့် မကြာခဏ စိတ်ဆင်းရဲမှု ကြံကြရတယ်။

- ဒါပေမယ့်

- "လူဟာ အမှာနဲ့  မကင်တဲ့အတွက် အမှာလုပ်မိလို့  မိမိကိုယ်ကို ခွင့်မလွှတ်နိင်ဆိုရင်တော့ အယူသည်းတာပဲ ဖြစ်တယ် " လို့  စာရေးဆရာကြီး ဘိုနာရိုဘိုဇာစထရိုက ထောက်ပြထားပါတယ်။

- သောကဖြစ်နေတဲ့ အချိန် စိတ်ပျက်အားငယ်မှုတွေ ကြံတွေခံစားနေစဉ်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိင်ဖို့  ပိုမိုဆင်ခြင် သတိထားရမယ်၊ အခက်အခဲး ပြဿနာတွေနဲ့  တွေကြုံရင်ဆိုင်ရရင် အဲသည် အခက် အခဲးပြဿနာတွေကို ဖြေရှင်းတဲ့ နည်းလမ်းတွေ တစ်နည်းမဟုတ် တစ်နည်းဆိုသလို ပေါ်လာမှာဖြစ်တယ်၊ ပြဿ နာတစ်ရပ်ကို ရင်ဆိုင်ဖြေရှင်ခြင်ဖြင့် အခြားပြဿနာတစ်ရပ်ကို ရင်ဆိုင်နိင်မယ့် အားမာန်ကို ရရှိစေပါတယ်။ ။

- စာဖတ်သူများ မိမိတို ဖြတ်သန်းနေကြတဲ့ ဘ၀ တွေကို အခက်အခဲး မရှိ့  ကျော်လွှားနိုင်ကြပါစေလို့  မေတ္တာပိုသပါသည်။ ။

Thursday, November 27, 2008

ကျှန်တော်တို့ ၏ ဘလော့ခ် ထဲမှ့ ကျွှန်တော်တို့  သားအဖပုံ ပြန်လာတင်ပေးပါ။



- အချိန်က မြန်မာနိင်ငံသား တစ်ဦးလာကြည့် သွားပါသည်။ El Cerrito, USA.ကပါ။ ကျွှန်တော်၏ ဘလော့ခ် ပါတ်စ၀ှက်ကို သူ ဘယ်လိုသိ့ပြီး ဖွင့်သလဲ မသိပါ။ ကျွှန်တော် တို့ သားအဖနှစ်ယောက် အိမ်နားက ပင်လည် ထဲးမှာ ရေကူနေတဲ့ ပုံလေးကို ဖျက်လိုက်ပါသည်။ ကျွှန်တော် တို သားအဖနှစ်ယောက် ဤဘလော့ခ်အား ဖွင့်ကြည့်လိုက်တော့ သားသားက ဖေဖေသားသားပုံ ဘယ်ရောက်သွားလည်းမေးပါသည်။ အသင်မိဆွေ၏ ပညာရပ်အား လေးစားပါသည်။ အသင်မိတ်ဆွေ ပြန်လာထားပါလို့  အမျိုး၊ ဘာသာ၊ သာဿနာ စစ်မှန်သေား မြန်မာ တစ်ဦးအနေနှင့် ပြေားကြားလိုပါသည်။

- ကျွှန်တော်တို့  မိသားစု့ သည် ကွန်ပြူတာ ပညာကို အသုံးပြ့ုတတ်ရုံသာ သိပါသည်။ နားမလည်ပါ။ မတတ်ကျွမ်းပါ။ ဤ ဘလော့ခ်လုပ်တဲ့ ဆန္ဒသည်ပင် ကျွှန်တော်တို့  သားလေး ကြီးပြင်းလာပါက မြန်မာ နိင်ငံသား တစ်ဦးအနေ့  ဖြင့် ဒီအချိန် ဒီအခါ`၌ မြန်မာလူမျိုးတွေ အားလုံး ဒီခေတ်၊ ဒီစနှစ်ကြီးမား ဘယ်လို ဖြတ်သန်း နေကြ ရသည်ကို၎င်း၊ တိုင်းတပါး`၌ ပညာသင်ရင်း မြန်မာစာပေ ပညာကို လေလာ တတ်ကျွမ်း နားလည်စေရန်၎င်း။

- မြန်မာလူမျိုးတို့  ၏ ကိုးကွယ်သည့် ဘာသာစကား ဓလေ့ အကျင့်စရိုတ်၊ မြန်မာ ပါတ်ဝန်း ကျင် သဘာဝတွေ အား နာလည်စေရန်၎င်း၊ သားသား၏ သူပုံလေးတွေအား စိတ်ဝင်တစားကြည့်ပြီး ဤ ကွန်ပြူတာပညာ၊ ခေတ်ပညာ တို့ ကိုနားလည် တတ်ကျွမ်းစေရန်၎င်း၊ ဤ ဘလော့ခ် လေးအားကြည်ပြီး မိမိတို့  တင်ခဲ့သေား ပိုစ်များအား ပြန်လည်ဖတ်ရှုရင်း စာပေပညာ၏ ရဿ ကို ပိုမိုနာလည် သဘေားပေါက်စေရန် အတွက်၎င်း။

- လာရောက်လည်ပါတ်ကြတဲ့ မြန်မာနိင်ငံသူ မြန်မာနိင်ငံသား ချစ် မိတ်ဆွေများ အားလုံး မိ့မိ့တို မိသားစု့ ၏ ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစု့  စရိုတ်လေးအား မိ့မိ့တို့ နှင့်အတူတူ အားလုံးမျှဝေ ခံစားနာလည်ကြရပြီး ချစ်မိတ်ဆွေများအားလုံ၏ ရင်ဆိုင်ကျုံတွေနေကြရတဲ့ ဘေး ၊ ဒုတ္ခ ၊ အခက်အခဲးမှန်သမျှ ရော့ပါး သက်သာ ပျောက့်ကင်း သွားစေရန် အတွက့် ရည်ရွယ်ပြီး၎င်း။

- အသိ့ ညဏ် ပညာ ရောပါး၊ ပြောက်ကွယ် မေ့လျှော့ နေကြတဲ့ မြန်မာ နိင်ငံသူ နိင်ငံသားအားလုံးကို ကျွှန်တော် တို့ မိသားစု့  မျိုးရိုးစဉ်ဆက် ကိုးကွယ်ခဲ့သေား မြတ်ဗုဒ္ဓ၏ အဆုံးအမ တရာတော်များနှင့် ဆရာတော် သံဃာတော်ကြီးများ၏ ဆိုဆုံမတို့ ကို၎င်းး၊ စေတနာတူ၊ ၀ါသနာတူ ၊ တဲ့ ချစ်ခင်ရသေား မိတ်ဆွေများ တိုးပွားစေရန်၎င်း၊ ရည်ရွယ်ပါသည်။

- အသင်မိတ်ဆွေအား မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီး ဟေားကြားခဲ့တဲ့ သေားကများကို ဆေးကြေားခြင်း ဆိုတဲ့တရာစာအုပ်ထဲးက -
- ( ဒုတ္ခသစ္စာတရာအရ ဘ၀ဆိုတာ ဒုတ္ခဖြစ်တယ်လို့  ဆိုပါတယ် ။
လူတိုဟာ ဘ၀ခရီးမှာ အသက်ရှင်ရပ်တည်နေရင်း ဒုတ္ခကိုရင်ဆိုင်ကြရတယ်၊ ဒုတ္ခတစ်မျိုးမျိုး မတွေကြုံ ၊ မခံစားရဘဲလျက် အသက်ရှင်နေထိုင်ဖို့  ဆိုတာ လုံးဝ မဖြစ်နိင်ဘူး။
- မကျန်းမာခြင်း၊ ထိခိုက်နာကျင်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ နောက်ဆုံးတွင် သေရခြင်း စသည့် ကာယိဒုတ္ခများ။
- အထီးကျန်၍ နေရခြင်း၊ စိတ်တုန်လှုပ်ချောက်ချားရခြင်း၊ စိတ်ပျက်အားငယ်ရခြင်း၊ ဒေါသထွက်ရခြင်း၊ စိတ်နုံး ချိခြင်း စသည့် စေတသိက ဒုတ္ခများဟာ လူဘ၀မှာ ခံစားရပါတယ်၊ သည် ဒုတ္ခတွေကို ရှောင်လို့  ရှားလို့  မရနိင်ကောင်းပေ။
- ဒုက္ခာယ ဝေဒနာယ ဖုဠော သမာနော သောစတိ၊
- ကိလမတိ ပရိဒေ၀တိ ဥရတ္တာဋ္ဌိံ ကန္ဒတိ၊
- သမ္မောဟံ အာပဇ္ဇေတိ၊ တဿပဋိ ဃာနုသယော အနုသေတိ။
-( ဆဆက္က သုတ္တန် )
- ဒုတ္ခ ဝေဒနာနဲ့  ကြံတွေလာတဲ့အခါ စိုးရိမ်ပူဆွေး ငိုကြွေးတယ်၊ ရင်ဘတ်ကို လက်နဲ့ ထုပြီး ငိုကြွေးတယ်၊ ငိုရင်း ငိုရင်း မေ့မြေားသွားတယ်၊ အဲဒီသူမှာ ပဋိဃာနုသယ ကိန်းအောင်းနေတာပဲလို့ ဆဆက္ကသုန်မှာ ဗုဒ္ဓက ဟေားထားပါတယ်။

- အသင်မိတ်ဆွေ ဒီတရာစာလေး ဖတ်ပြီး မိ့မိ့စိတ်မှာ ဖြစ်ပေါ်နေတဲ့ သေားကတွေကို သိမြင်ပါစေလို့  ဆု့ တောင်မေတ္တာပို့သလိုက်ပါတယ်။
- အသင်မိတ်ဆွေ ဒီအသိကို သိ့ခဲ့ရပါက ဘာအတွက်ကြောင့် သူတဖက်သား၏ ဘလော့ခ်ဖိုင်ထဲမှ့  သားအဖနှစ်ယောက် ပျော်ရွှင်နေရတဲ့ ပုံကို ဖျက်စီးပြစ်လိုက်တာလည်း တွေကြည့်ပါ။
- အသင်မိတ်ဆွေ တရာသိပါစေလို့  အဝေးမှ့  နေပြီး ကျွှန်တော် တို့  မိသားစု့ က ဆု့ မွန်ကောင်းတောင်းပေးလိုက်ပါသည်။

- စာရှုသူအားလုံး ပစ္စက္ခဘ၀အတွက်ရေား၊ တမလွန်ဘ၀အတွက်ပါ ဘုရား တရား သံဃာ သရဏဂုံသုံးပါးကို ယုံကြည်ကိုကွယ် လေးစား အားထားနိုင်ကြပါစေသော်...။ ။

ချမ်းသားကိုစိတ်မြဲကြပါစေ
'' သံမဏိမြင့်မိုရ် '' မိသားစု့ 

Tuesday, November 25, 2008

ယနေ့  အမှတ်တရ - ( မြန်မာဆိုင်ဘာ ကွန်မြူနတီမှ ကြိုဆိုပါသည်။)

key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း

အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာ ကြည့်ရှူတာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတာကို စစ်ဆေးဖေါ်ထုတ်ခြင်း။

-နစ်နေမန်း ဘလောက်ခ်-


အင်တာနက်သုံးစွဲသူတွေရဲ့  စာရိုက်တာမှန်သမျှကို key logger သုံးပြီး ခိုးမှတ်နေတဲ့ mmcybernet ၀က်ဆိုဒ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီဝက်ဆိုဒ်ကို ကြီးကြပ်နေတဲ့ administrator တွေဟာ ဒီဝက်ဆိုဒ်ထဲမှာ လာရောက်ပြီး register လုပ်ကာသုံးစွဲနေသူတွေရဲ့  စာရေးသားမှုတွေ၊ သွားရောက်ကြည့်ရှူတဲ့ အင်တာနက် စာမျက်နှာတွေကို keylogger သုံးပြီးမှတ်ထားတာကို စစ်ဆေးတွေ့ ရှိရလို့  အဲ့ဒီ ၀က်ဆိုဒ်ကို ရပ်တန့် အောင် လုပ်လိုက်ပြီး သတိပေးစာကို အောက်ပါအတိုင်း ရေးသားထား တွေ့ ရှိရပါတယ်။

နောက်နောင် ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းကို ခိုးကြည့်တာတွေလုပ်မယ်၊ ခိုးမှတ်ထားတာတွေ လုပ်မယ်ဆိုရင် အခုလိုမျိုး ဒဏ်ခတ်ခံရမယ်လို့  သတိပေးထားပါတယ်။

ဒီလို စစ်ဆေးကြည့်ရှူပြီး ဒဏ်ခတ်ဆောင်ရွက်သူတွေကတော့ ကိုယ်ရေးကိုယ်တာမှတ်တမ်းများကို စောင့်ရှောက်ကာကွယ်သူများအဖွဲ့ လို့  ခေါ်ဆိုလို့ ရတဲ့ “Privacy Lover Team” အမည်နဲ့  မည်သူမည်ဝါတွေဆိုတာ မဖေါ်ပြထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။



ဒီလို စစ်ဆေးတွေ့ ရှိရတဲ့ mmcybernet ရဲ့  Admin List ကို ၄င်းတို့ ရဲ့  IP address လိပ်စာများကို ဆက်လက်ကြည့်ရှူတဲ့အခါမှာ နေရာ (၃) ခု ပါဝင်ပတ်သက်နေတာ တွေ့ ရှိရပါတယ်။

ပထမတစ်ခုကတော့ - 203.81.166.10 က ပုဂံနက် (Bagan Cybertech Teleport) ရန်ကုန်က ဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ - 220.255.7.248 က စင်နက် (SingNet Pte Ltd) စင်ကာပူက ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ - 213.85.146.5 က အေဗွီကေ (AVK-Systems Ltd) မော်စကိုမြို့ ၊ ရုရှနိုင်ငံက ဖြစ်ပါတယ်။




ဒီလိုမျိုး အင်တာနက်သုံးစွဲသူတွေရဲ့  မှတ်တမ်းများကို မသိအောင် ခိုးပြီးမှတ်သားတာဟာ ပြည်တွင်းရော နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာပါ။ ဒီလို ကိုယ်ရေးကိုယ်တာမှတ်တမ်းတွေကို ခိုးယူမှတ်သားတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာလည်း ပြစ်မှူကျူးလွန်တဲ့သူများအဖြစ် အကျူံးဝင်ပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ အင်တာနက်ဥပဒေနဲ့  ကိုယ်ရေးကိုယ်တာမှတ်တမ်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများဟာ နအဖကိုယ်တိုင်က စဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။ ဒီ့အတွက် Electronics Act ဥပဒေတို့  Internet Act ဥပဒေတို့ နဲ့  ထောင်ချရမယ်ဆိုရင် နအဖတွေကို ထိပ်ဆုံးကနေ အပြစ်ပေးရမှာ ဖြစ်ပြီး၊ ယခုလို ကျူးလွန်ဖောက်ဖျက်တဲ့ mmcybernet ရဲ့  administrators တွေကိုလည်း ပြစ်ဒဏ်ပေးရမှာ ဖြစ်ပါတယ်။

Saturday, November 22, 2008

The Blog affect.( Click)

( ဒီနားမှာ ထားတဲ့ ကျွှန်တော် တို့  သားအဖနှစ်ဦး ရေကူနေတဲ့ပုံ ပြောက်သွားပါသည်။ )
- ကျွှန်တော် အခု့ တလေား စိတ်တွေ လောကြီးနေသည်။ အကြောင်းက မိတ်ဆွေတစ်ယောက် ဇတ်လမ်းစပြီး ဟုတ်သလိုလို လုပ်သွားတဲ့ ကိစ္စ မိတ်ဆွေကလဲ ဟိုအဝေးမှာ ဆိုတော့ ဒီအင်တာနက်ပဲ အားကိုပြီး တစ်နေ့ တစ်နေ့  ထိုင်စောင့်နေရတော့ စိတ်တွေတိုပြီး အရာရာဖြစ်ချင်ဇောနဲ့  လောကြီးပြီး လုပ်မိနေသည်။ သတိလက်လွတ်ပြီး ဖြစ်ချင်တာတွေ စွတ်လုပ်နေတာတော့ မဟုတ် - တကယ်ကို ဖြစ်ချင်ဇောနဲ့  မြန်မြန်ဇောနဲ့  လောကြီးပြီး လုပ်မိနေခြင်းသာဖြစ်သည်။
- ကျွှန်တော် တို့  ဘ၀ဟာ တစ်ခါတစ်လေမှာ မျှော်တော်ဇောနဲ့  မောနေရတဲ့ ဘ၀အခြေအနေပါလားလို့  ပိုပိုပြီး သဘောပေါက်လာရတယ်။ ကိုယ့်ရဲ့  ကုသိုလ်ပဲ နဲခဲ့လို့ လား၊ ကိုယ့်ရဲ့  ရှေဘုန်းရှေကံပဲ နဲခဲ့လို့ လား၊ ကိုယ့်ရဲ့ ဘ၀ကံကိုပဲ ဆိုးခဲ့လို့ လားတော့ မပြောတတ်ပါ။ ဟုတ်မလို လို၊ ဟုတ်မလို လိုနဲ အဟောသိကံ ဖြစ်ပြီးတော့ပဲ ကျန်ခဲ့ရတဲ့ အနေအထားတွေနဲ့ ပဲ ကြုံနေရတာများလှပါတယ်။ တခါတလေမှာ (Mr.BEAN) ကတောင် အဖေ ခေါ် ရလောက် အောင် ကျွှန်တော် စိတ်တွေ ဥဒ္ဒိစ္စတွေနဲ့  ဇဝေဇ၀ါဖြစ် ဖြစ်သွားရတယ်။
( ဒီနားမှာ ထားတဲ့ Mr.BEEN ပုံ ပြောက့်သွားပါသည်။ )
- ဒါပေမဲ့လဲ ကျွှန်တော့်မှာ အားကိုစရာစူပါမင်း တစ်ယောက်က ဘွားဆိုပေါ်လာတယ်။ အဲဒီ ဆရာသမားကို လေးစားတယ်၊ လေးစားရတဲ့ အကြောင်းက ဆရာသမားက ပညာ စုံတယ် ၊ ဘ၀ စုံတယ်၊ တရား ပြည့်တယ်။ ဒါကြောင့် ကျွှန်တော့် စိတ်ကို လမ်းဖြောင့်ပေးနိင်တယ်။ ကျွှန်တော် ငယ်ငယ်ကတည်းက ဖြတ်သန်းခဲ့တဲ့ ဘ၀ စရိုတ်လက္ခဏာတွေဟာ ယနေ့ အထိ အဲဒီ ဆရာသမားကို အနည်းအကျဉ်းတောင် မမှီဘူး ။ အဲဒီ ဆရာသမားက ယခု့  လက်ရှိ ကမ္ဘာမြေပေါ်မှာ ရှင်သန်နေတယ်၊ ကောင်းကင် စင်္ကြာဝဠာကြီးထဲမှာ ပျံသန်းနေတယ်။ ခင်ဗျားတို့  ကျွှန်တော် တို့  အတွက် နေစဉ် အသက်ရှင်လျှက် ရှင်သန်နည်းပေါင်း မြောက်များစွာကို ပေးနေတယ်။


- ကျွှန်တော် ပြောတာကို အခြေခံ ဘ၀ တူတွေတော့ နာလည်းလွယ်မယ် ထင်ပါတယ်။ ကျွှန်တော် ညွှန်းတဲ့ ဆရာသမားကိုတော့ ခင်ဗျားတို့  စာများများဖတ်နေရင်တွေ့  ကြရမှာပါ။ အဲဒီ့ ဆရာသမားရဲ စာတွေကို ဖတ်ပြီး ခင်ဗျားတို့  တွေ အင်အားတွေရှိပြီး ဘ၀တွေကို ပိုမိုနားလည်လွယ်ကြမယ်လို့ လဲ ယုံကြည်ပါတယ်။ ကိုယ်လျှောက် နေတဲ့ ၀ိုးတိုး ၀ါတားလမ်းတွေကိုလည်း ပြန်လည်ပြီး တည့်မတ်အောင် ထိန်းကျောင်းနိင်လိပ်မည်လို့ လည်း ယုံကြည်ပါတယ်။ သူကတော့ မွေးရာပါ ဆရာဂုဏ်နဲ့  ပြည့်စုံသူပါ။
- ဘာဖြစ့်လို့ လဲဆိုတော့ ကျွှန်တော့် မိတ်ဆွေ ဇတ်လမ်းစလိုက်တဲ့ ကိစ္စက အချိန်ပိုင်း အတွင်မှာကို စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်ဖြစ်ရအောင် စွဲစောင်နိင်ခဲ့တော့ စားမ၀င်အိပ်မပျော်ဖြစ်ပြီး ကျန်းမာ ရေး ထိခိုက်လာလို့  အခု့ န ကျွှန်တော့် ဆရာသမားရဲ့  ဘ၀ရဿ စာလေးတွေ ဖတ်ပြီး ကျွှန်တော် တို့  မိသားစု့  ဒီညနေ အိမ်နားက ကမ်းခြေမှာ လမ်းလျှောက်ထွက်ရင် ပင်လယ်ထဲ သားသား နဲ့  ဆော့ကစားနေတဲ့ ပုံလေးပါတွဲ တင်လိုက်ပါတယ်။
- ဆရာသမားတို့ တတွေအားလုံးလည်း ( The Blog affect.) ကို သတိလေးထားပြီး မိမိ၏ ကျန်းမာရေး ကို လည်း ဂရုစိုက်ဖို့  ဒီနေရာလေးမှနေပြီး တိုက်တွန်းနိုးဆော်လိုက်ပါသည်။ ။
( ကျွှန်တော် ဆရာသမားစီကို အပေါ်ခေါင်စီးက(Click)ကိုနိုပ့်ပြီး အလယ်သွားလို့ ရပါတယ် ခင်ဗျာ)

Wednesday, November 19, 2008

THE KING , MY SON

( ၁၄.၁၁.၂၀၀၈)နေ့ က သားသား၏ ၃ နှစ် ၁၀ လ ပြည့် နေ့ ၊ သားသားကျောင်း၏ မွေးနေ့  ပါတီပွဲး အမှတ်တရ။ အုပ်စု- ( A ) အဖွဲ့ ပါ။


အင်္ကျီ အဖြူနှင့် သားသားပါ။ ကျောင်းမှာ သားသားက ဒီနှစ် KING အရွေးခံရပါတယ်။

ကျောင်းမွေနေ့ ပါတီမှာ က ရလွန်းလို့ မေားနေတဲ့ သားသားပါ။

ကျောင်းသား ကျောင်းသူ လေးတွေ ကပြီးပျော်နေကြတာကို ကြည့်ပြီး ပီတိ့ ဖြစ်နေတဲ့ သားသားပါ။


ကျောင်းပါတီပွဲး အပြီး မိဘများ ရှိရာသို့  အပြေးလားတဲ့ ကျောင်းသားတွေထဲးက သားသားပါ။

သာသားနဲ့  အတူတူ သားသားတို့ နိင်ငံ၊ သားသားတို့  လူမျိုး၊ သားသားလို့  ရွယ်တူတန်းတူ ခလေးတွေ၊ သားသားလို့  ပျှော်ရွှင့်ချမ်းမြေ့  ရှိကြပါစေလို့  ဆုတောင်မေတ္တာပို သလိုက်ပါသည်။ ။

Wednesday, November 12, 2008

အိုဗားမားထက် ပြည်သူချစ်တဲ့ ပုဂ္ဂိုလ်များ - အသက်ရာကျော်ရှည်ပါစေ။



* ဒို့  ပြည်အတွက့် ချွေး တစ်စက် ကျခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ - အသက်ရာကျော်ရှည်ပါစေ။

* ဒို့  ပြည်အတွက့် မျက်ရည် တစ်စက် ကျခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ - အသက်ရာကျော်ရှည်ပါစေ။

* ဒို့  ပြည်အတွက့် သွေး တစ်စက် ကျခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ - အသက်ရာကျော်ရှည်ပါစေ။

* ဒို့  ပြည်အတွက့် စတေး တစ်သက် ချခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ - အသက်ရာကျော်ရှည်ပါစေ။

* ဒို့  ပြည်တွက့် အေချမ်းဖို့ ကျိုးပမ်းနေတဲ့ ပုဂ္ဂိုလ်တွေ - အသက်ရာကျော်ရှည်ပါစေ။

* ဒို့  ပြည်အတွက့် ပေ အသက် မြေကျ ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ - အသက်ရာကျော်ရှည်ပါစေ။

* အိုဗားမားထက် ပြည်သူချစ်တဲ့ ပုဂ္ဂိုလ်များ - အသက်ရာကျော်ရှည်ပါစေ။


* မိသားစု့  အားလုံးနှင့်ထပ်တူ ခံစားရပါသည်။

Thursday, November 06, 2008

Presidential Dance Off ( အိုဘာမား နှင့် မက်ကိန်း အကလေး ကြည့်လိုက်ကြရအောင် )



{ အားသာတယ် = အားနဲတယ် = တော်တယ် = ညံတယ် }

{ လူချင်းတူသော်လည်း - ညဏ်ချင်းမတူ
}
{ညဏ်ချင်းတူသော်လည်း - ၀ီရိယချင်းမတူ}
{ ၀ီရိယချင်းတူသော်လည်း - သတိချင်းမတူ}
{ သတိချင်းတူသော်လည်း - သမာဓိချင်းမတူ}
{ သမာဓိချင်းတူသော်လည်း - ပဋ္ဌာန်ဆက်ချင်းမတူ}
{ ပဋ္ဌာန်းဆက်ချင်းတူသော်လည်း - ဆု့  တောင်းချင်းမတူ}
{ဆု့ တောင်းချင်းတူသော်လည်း - သဒ္ဒါချင်းမတူ}
{ သို့ မတူ၍သာ `ကံ ` ကွဲပြားခြားနားနေကြပါသည်။}

CG USMC F-35-B

Crazy Leaders - Amnesty International Commercial

Wednesday, November 05, 2008

Mc Cain မနိင်ပေမဲ့ Mc Cain ကိုထောက်ခံပါတယ်။

မစ္စတာ မက်ကိန်လို တိုင်ပြည်နှင့် လူမျိုးအပေါ် ရည်ရွယ်ချက်ကြီး ၊ သဘေားထားကြီးပြီး အမျှော်အမြင် အတွေအကြုံပြည်ဝတဲ့ သူ အမေရီကန် ခေါင်ဆောင် ဖြစ့်မလာတာကိုတော့ စိတ်မကောင်းပါဘူး။
အိုဘားမား လိုပုဂ္ဂိုလ် ခေါင်ဆောင်ဖြစ်လာတာကတော့ သူကုန်ကျစရိတ်တွေ သူလူမျိုးကိစ္စတွေကို အရင် ကျေအောင်ဆပ်ပြီးမှ့  သူများကိစ္စ စဉ်းစားနိင်ခဲ့ရင် မြန်မာပြည်ကိစ္စကိုတော့ သူဆင်းခါနီးမှ့ ဖြစ်လာမှာကောင်ဖြစ်လာမယ်လို့  မြင်ပါတယ်။
´