သူရဲကောင်းဆိုတာ… အခန်း (၅) ၊ ပထမပိုင်း

စကားချပ်၊ ၊စာရှုသူများအနေနှင့် ဖတ်ရှုခဲ့ရသော သူရဲကောင်းဆိုတာ… အပိုင်း (၄) ၊ တတိယပိုင်း
တွင် အမေရိကန်နိုင်ငံနှင့်ပြည်သူ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေသော အမေရိကန်ကြည်းတပ်၏
စစ်ဘက်အရာရှိများကို မွေးထုတ်ပေးသော ၀က်စ်ပွိုင့်စစ်တက္ကသိုလ်မှ အနာဂတ်တွင် အမေရိကန်
တပ်မတော်၏ ခေါင်းဆောင်များဖြစ်လာကြမည့် ၄င်း၏ သင်တန်းသားများတွင် ထူးချွန်သူလူတော်
များကိုသာ ရွေးချယ်လက်ခံပုံအား ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
ထိုအချိန်က ကမ္ဘာတ၀ှမ်းလုံးတွင် စစ်တပ်များဖြန့်ချထားခဲ့သော (လက်ရှိတွင် ဒေသန္တရဆိုင်ရာ တိုက်
ခိုက်ရေးစစ်ဋ္ဌာနချုပ် ခြောက်ခုရှိသော) အမေရိကန်စစ်တပ်တွင် စစ်လက်ရုံး (Component) လေး
ခုရှိပါသည်။ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ကမ်းတက်တပ်ဖွဲ့ များဖြစ်ကြ၏။ ယနေ့ချိန်ထိ အဆိုပါစစ်လက်ရုံး
(၄) ခုမှ အမေရိကန်တပ်များအား တကမ္ဘာလုံးတွင်ဖြန့်ချထားပါသည်။ ထိုမျှအင်အားကြီးမားသောအမေရိကန်
စစ်တပ်၏ကြည်းတပ်တွင် (၁၉၅၆) တွင်ကျောင်းဆင်းမည့် (၁၉၅၂) အပတ်စဉ်အတွက် လက်ခံသော
ဗိုလ်လောင်းအရေအတွက်မှာ (၈၁၆) ဦးမျှသာဖြစ်ပါသည်။ ထိုစဉ်ကအမေရိကန်စစ်တပ်၏အင်အားမှာ ယနေ့အမေရိကန်စစ်တပ်ထက်များစွာကြီးမားလှပါသည်။ လောလောလတ်လတ် (၂၀၁၅) တွင်
ကျောင်းဆင်းမည့် (၂၀၁၁) အပတ်စဉ်တွင်ပင် ကျား၊မ ဗိုလ်လောင်းသစ် စုစုပေါင်း (၁၂၆၁)
ယောက်သာရှိသည်။
လက်ရှိမြန်မာနိုင်ငံ၏ စစ်တက္ကသိုလ် (Defence Services Academy, DSA) ၌မူ စစ်တက္ကသိုလ်
ဗိုလ်လောင်းအဖြစ်ဝင်ခွင့်ရရှိရန် ၀င်ရောက်ဖြေဆိုလိုသူများအနေနှင့်မူ နိုင်ငံတကာအဆင့်ထက်
များစွာနိမ့်ကျသော ပညာရေးစနစ်မှ ဆယ်တန်းအောင်မြင်ပြီးသူများကို အမှတ်စာရင်းပင်တင်ပြရန်မလိုပဲ
အရွေးခံရန်လက်ခံနေပါသည်။ စာရွက်ပေါ်တွင်သာများပြီး ပြင်ပတွင်အင်အားအနည်းငယ်သာရှိသော
မြန်မာစစ်တပ်အတွက် (၂၀၀၀) ပြည့်နှစ်များတွင် လက်ခံသော စစ်တက္ကသိုလ်ဗိုလ်လောင်းအရေအတွက်မှာ
(၂၀၀၀) အထက်တွင်ရှိပါသည်။ ၄င်းတွင် OTC, OTS, DSTA, DSMA တို့မှ ဗိုလ်လောင်းများမပါသေးပေ။
စစ်ဘက်နည်းပညာတက္ကသိုလ် (DSTA) နှင့် စစ်ဘက်ဆေးတက္ကသိုလ် (DSMA) များဆိုသည်မှာ
မဆီလျော်သောကြောင့် အမေရိကန်နိုင်ငံတွင်ပင် တည်ထောင်ထားခြင်းမရှိပါ။ အမေရိကန်စစ်
အင်ဂျင်နီယာတပ်ဖွဲ့ (Corps of Engineers) ၏ အင်ဂျင်နီယာလိုအပ်ချက်အတွက် စစ်ဘက်အင်
ဂျင်နီယာများကိုလည်း ၀က်စ်ပွိုင့်စစ်တက္ကသိုလ်မှပင် မွေးထုတ်ပေး၍ အခြားလိုအပ်သောပညာရှင်
များအမျိုးမျိုးကိုလည်း အရပ်သားပညာရှင်များအားခန့်အပ်ပါသည်။
အမှန်တကယ်လိုအပ်သည်မှာ အမှန်တကယ်အရည်အသွေးပြည့်ဝသော ရေတပ်စစ်တက္ကသိုလ်
(Naval Academy) နှင့် လေတပ်စစ်တက္ကသိုလ်(Airforce Academy) တို့ဖြစ်ကြသည်။
မြန်မာစစ်တပ်သည် ထိုင်းရေတပ်၊ ထိုင်းမရင်းတပ်၊ ထိုင်းလေတပ်တို့နှင့် စွမ်းဆောင်ရည်ကွာခြားလှပါသည်
။ မြန်မာစစ်တပ်အတွက် ကမ်းတက်တပ် (Marine) လိုအပ်သော်လည်း ပြည်သူကိုထပ်မံဒုက္ခပေးမည့်
လူဆိုးဂိုဏ်းနောက်တဂိုဏ်းတိုးလာလျှင်မူကား အဆင်မပြေပါ။
ထိုင်း F-16 တိုက်လေယာဉ်များ အေးအေးဆေးဆေး မြန်မာပြည်တွင်းဝင်ရောက်ပျံသန်းနိုင်ခြင်း၊
ဗုံးကြဲနိုင်ခြင်း၊ ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့်မယှဉ်နိုင်၍ ကုပ်ချောင်းချောင်းနှင့်လှည့်ပြန်လာရခြင်းများကဲ့သို့
အလားတူသိက္ခာမဲ့သောဖြစ်ရပ်များအနာဂတ်ကာလတွင် ထပ်မံမဖြစ်လာစေရန်ဖြစ်ပါသည်။ ထို့ပြင်
ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များအတွက် သီးခြားစစ်တက္ကသိုလ်များတည်ထောင်ထားခြင်းဖြင့်
အာဏာသိမ်းမှုမဖြစ်ပွားစေရန် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့အား အချင်းချင်းပြန်လည်ထိန်း
ညှိထားသောစနစ် (Checks and Balances) ကိုဖေါ်ဆောင်နိုင်လာမည်ဖြစ်ပါသည်။
ဂျပန်ကြည်းတပ်နှင့်ရေတပ် အချင်းချင်းမညီညွတ်မှုကိုထောက်ချင့်ပြီး နောက်ပိုင်းတွင်တည်ထောင်သော
မြန်မာစစ်တက္ကသိုလ်မှ ကြည်းရေလေ စစ်အရာရှိများကိုမွေးထုတ်ပေးသော်လည်း နိုင်ငံတော်ကာကွယ်ရေး
တွင် ညီညွတ်ရမည့်အစား နိုင်ငံတော်အာဏာသိမ်းပြီး အပြိုင်အဆိုင်ခိုးကြသောနေရာနှင့်၊ နိုင်ငံနှင့်ပြည်သူတို့အား သိက္ခာဆို၍တပြားသားမှမကျန်တော့စေပဲ မြန်မာနိုင်ငံသားများ နိုင်ငံတကာကျွန်ဖြစ်လာစေရေးတို့အတွက်
တညီတညွတ်တည်း ညီညွတ်နေကြလေသည်။ သို့သော်အဓိကပြဿနာမှာ ၄င်းတို့၏လုပ်ရပ်များမှားယွင်းနေ
သည်ဆိုခြင်းအား သိရှိပြင်ဆင်နိုင်သည့် ပညာရေး၊ အသိတရားနှင့် ကျင့်ဝတ်များ ၄င်းတို့ထံတွင်မရှိပါ။
စစ်တက္ကသိုလ်မှ မသင်ပေးခဲ့သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် စစ်အာဏာသိမ်းမှုအလားအလာ
လျော့ကျစေရန် ရေတပ်နှင့်လေတပ်အတွက် သီးခြားအဆင့်မြင့်စစ်တက္ကသိုလ်များ တည်ထောင်ရန်
လိုအပ်ပါသည်။ ၄င်းတို့ညီညွတ်စေရေးအတွက်ကိုမူ ကြည်းရေလေ ပူးတွဲစစ်ရေးလေ့ကျင့်မှုများဖြင့်
ထိန်းထားနိုင်ပါသည်။
မြန်မာစစ်တပ်၏အမှန်တကယ်အရာရှိလိုအပ်ချက်အတွက်လုံလောက်ရုံတင်မကပဲ ပိုလျှံနေပြီး နျူကလီး
ယားစီမံကိန်းနှင့် အရပ်ဘက်ဝန်ကြီးဋ္ဌာနများသို့ ကေဒါ (Cadre) များသဖွယ်သွတ်သွင်းပြီး နိုင်ငံရေး
ကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့တွင် မလိုအပ်သော်လည်း တောက်လျှောက်စွက်ဖက်ရန်ဖြစ်ပေသည်။
ထိုအခါ လုံခြုံရေးနှင့်ကာကွယ်ရေးကိုပင် ထိရောက်စွာ မလုပ်နိုင်တော့သော စစ်တပ်မှ ၄င်းနှင့်မအပ်
စပ်သော နိုင်ငံတော်အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့တွင် ၀င်စွက်သောအခါ နိုင်ငံရေး
တွင်ရော အုပ်ချုပ်ရေးတွင်ရော စစ်ရေးတွင်ပါ မအောင်မြင်ပဲ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတရပ်လုံး နိမ့်ကျ
ခဲ့ရပါသည်။ ထိုအခါမြန်မာနိုင်ငံ၏အဆင့်အတန်းမှာ (Failed State) တခုမျှသာဖြစ်သွားရပါတော့သည်။
မြန်မာဆိုသည်နှင့် အခြားနိုင်ငံသားများမှ ချက်ချင်းအထင်သေးသလိုဖြစ်သွားကြသည်မှာ လက်ရှိမျိုးဆက်များ
ရင်ဆိုင်နေကြရသော အမှန်တရားဖြစ်ပါသည်။
ရလာဒ်မှာ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်လူမျိုး၏လက်အောက်ခံသာဖြစ်ပြီး ဒေသတွင်း၌ အတိုးတက်ဆုံး၊
တရုတ်၊ အင်ဒီးယန်း၊ မလေး၊ ဥရောပသားများ လာရောက်အလုပ်လုပ်ကိုင်ကြရပြီး မြန်မာနိုင်ငံသားအနေနှင့်
အတိုင်းအတာတခုထိ ဂုဏ်သိက္ခာရှိသောအနေအထားမှ မြန်မာနိုင်ငံသားများအနေနှင့် နိုင်ငံတကာသို့
အကြောင်းအမျိုးမျိုးနှင့်ထွက်ပြီး ကျွန်ခံ၊ ဒုက္ခသည်ခံ၊ ဖာခံကြရသော အနေအထားသို့ပင်ရောက်သွားရ၏။
မြန်မာပတ်စ်ပို့ဆိုလျှင် ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး ဗီဇာငြင်းပယ်ခံရသည်မှာ ယနေ့ခေတ်တွင် အထူးအဆန်း
မဟုတ်သော်လည်း ကိုလိုနီခေတ်တွင် ကြားပင်မကြားဖူးသော ကိစ္စဖြစ်သည်။ မနေ့တနေ့ကပင် ဟိုတယ်
ခန်းထဲသို့ ဖာခေါ်မရ၍ မြန်မာအမျိုးသမီးတယောက်အား ပါးပိတ်ရိုက်သော ဂျပန်လူမျိုးအား
အရေးမယူနိုင်သည်အထိ မြန်မာလူမျိုးများ၏တန်ဖိုးမှာနိမ့်ကျသွားခဲ့ရသည်။
မည်သူမှန်သည် မည်သူမှားသည်ဆိုခြင်းထက် ကိုယ်ထိလက်ရောက်စော်ကားခြင်း (Physical Assualt)
အား ဂျပန်ဖြစ်လို့ ရဲကပင် အရေးမယူနိုင်သည်ဆိုခြင်းမှာ လူလူချင်းဆိုသော်လည်း မြန်မာနိုင်ငံသားက
တန်ဖိုးမရှိဘူးဆိုသည့် သဘောပင်။ ကူညီပါရစေ “ခုနစ်ပဲ” ဟုဆိုကြသော ထိုမြန်မာရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားများကို
ဒုက္ခပေးသည့်နေရာတွင်မူ မြန်မာစစ်တပ်နှင့် ပိန်မသာလိန်မသာ အလွန်ပင်လက်သံပြောင်လှသည်။ အော်ကြော့လန်ရဲတပ်ဖွဲ့နှင့် ဂိုဏ်းစတားတပ်မတော်တို့တွဲမိသောအခါ မြန်မာပြည်သူများအရှင်လတ်လတ်ကို ငရဲရောက်ကြလေတော့၏။
မိမိနှင့်မသက်ဆိုင်သောနေရာတွင် ၀င်ရောက်စွက်ဖက်သည့်အတွက် ပေးဆပ်ရသည့်တန်ဖိုးမှာ ကြီးကျယ်လှပေသော်ငြား
ပညာရေးနိမ့်ကျသူများနှင့် အတ္တခေါင်ခိုက်နေသူများအတွက်မူ မသိသာလှပေ။ သို့သော် ၄င်းတို့၌ ဂုဏ်သိက္ခာဆိုသည်ကား
လားလားမှမရှိတော့ပါ။ နေ၀င်းအာဏာသိမ်းပြီး (၁၉၆၂) နောက်ပိုင်း စစ်ဗိုလ်ချုပ်အများစုအပါအ၀င် စစ်အရာရှိအများစု
တို့သည်လည်း ရာထူးအာဏာရှိနေချိန်တွင် ဂုဏ်ရှိသော်လည်း သိက္ခာမရှိသောအနေအထားကိုသာ ပိုင်ဆိုင်ကြပါသည်။
ရာထူးအာဏာ မရှိသောအချိန်တွင်မူ ပိုသာဆိုးပေ၏။
တပ်မတော်ဆိုသည်နှင့် ပြည်သူတရပ်လုံးမှ မုန်းတီးရွံရှာပြီး၊ နိုင်ငံတကာ၏အမြင်၌လည်း လက်နက်ကိုင်လူဆိုးဂိုဏ်းဗီလိန်
တခုအနေနှင့်သာ ရှုမြင်ကြခြင်းကိုခံရ၍ လက်နက်မဲ့ပြည်သူများကို အနိုင်ကျင့်သည့်နေရာတွင်၊ မိမိထက်အင်အားနည်းပါးပြီး
တန်းတူညီမျှရှိရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို နှိပ်ကွပ်ရာတွင် လက်သံပြောင်သလောက်၊ ထိုင်းကြည်းတပ်၊ လေတပ်နှင့်ရေတပ်တို့ကို မယှဉ်နိုင်တော့၍လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်ရေတပ်ကိုမယှဉ်နိုင်၍လည်းကောင်း
(၂၀၀၁) ခုနှစ်မှစပြီး ယနေ့အချိန်ထိ ထိုင်းတပ်မတော်၊ ဘင်္ဂလားဒေ့ရှ်တပ်မတော်တို့နှင့် အရေးအခင်းဖြစ်ပွားတိုင်း လူမသိစေရန် အသံမထွက်ပဲငုံ့ခံလိုက်ရသည်ချည်းကို ထောက်ချင့်ပါကလည်းကောင်း၊ ယနေ့မြန်မာစစ်တပ်သည် တကယ့်စစ်တပ်ချင်းရင်ဆိုင်ရပါက စစ်အာဏာရှင်ဟောင်းနေ၀င်းကြုံးဝါးခဲ့သလို လက်နက်မဲ့ပြည်သူလူထုကို သေနတ်ကိုင်ပြီး ဓါးဓါးချင်း လှံလှံချင်း
ယှဉ်ပြိုင်ချေမှူန်းနိုင်သော်လည်း ၄င်း၏အဓိကတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်ပတပ်မတော်များနှင့်ရင်ဆိုင်
တိုက်ခိုက်နိုင်သည့် စစ်မှန်သည့်လက်နက်ကိုင်တပ်မတော် (Armed Forces) တရပ်မဟုတ်တော့ပဲ လက်နက်ကိုင်လူဆိုးဂိုဏ်း
(Armed Gang) တခုအဆင့်လောက်သာ ရှိပါတော့သည်။ လတ်တလော ရှင်မဖြူကျွန်းအရေးအခင်းကိုကြည့်လျှင် သိသာလှပါသည်။
ထို့ကြောင့် နှိုင်းယှဉ်သုံးသပ်မှုများကိုပြုလုပ်နိုင်ပြီး မြန်မာစစ်ဘက်မှ (နိုင်ငံရေးကဏ္ဍတွင် ၀င်ရောက်စွက်ဖက်ပြီး ကိုယ်ကျိုးစီး
ပွားရှာရန်ထက်) မိမိနှင့်အမှန်တကယ်သက်ဆိုင်သော လက်တွေ့တွင်လည်း ပြည်ပတပ်မတော်များကိုရင်ဆိုင်ရာ၌ လိုအပ်နေ
သည့် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍ သက်သက်အတွက်နှင့် နိုင်ငံနှင့်ပြည်သူကို အမှန်တကယ်အကျိုးပြုသော၊ အကျင့်
စာရိတ္တကောင်း၍ ဂုဏ်သိက္ခာမြင့်မားပြီး အရည်အသွေးမြင့်မားထူးချွန်သော စစ်သားစစ်စစ် စစ်အရာရှိများ (Professional
Officers) ကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် မူဝါဒဆိုင်ရာပြန်လည်သုံးသပ်မှုများ (Policy Reviews) နှင့် ဖွဲ့စည်းပုံဆိုင်
ရာပြုပြင်ပြောင်းလဲမှုများ (Structural Reforms) ပြုလုပ်နိုင်ရန်လည်းကောင်း၊ အနာဂတ်တွင် မလိုလားအပ်သောပြဿနာများကို
ရှောင်လွှဲနိုင်ရန်အတွက်လည်း မလိုအပ်ပဲ နိုင်ငံ့ဘဏ္ဍာများကို အလဟဿပြုန်းတီးစေသော စစ်ဘက်နည်းပညာနှင့်ဆေးတက္ကသိုလ်
များအား ဖျက်သိမ်းစေနိုင်ရန်၊ နိုင်ငံနှင့် ပြည်သူတို့အားအကျိုးပြုရန် အဆင့်အတန်းရှိသော ရေတပ်နှင့်လေတပ်စစ်တက္ကသိုလ်များအား ထပ်မံတည်ထောင်စေရန်နှင့် နိုင်ငံကိုအကျိုးပြုမည့် အဆင့်မီပညာရှင်များအား မွေးထုတ်ပေးနိုင်မည့် အရပ်ဘက်တက္ကသိုလ်များ
အားထောက်ကူနိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်ပါသည်။
အလားတူပင် အခန်း (၂၄) ခန်းပါဝင်သောယခုဝထ္ထုအား ဘာသာပြန်ရင်း မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ် တိုးတက်ဖွံ့ဖြိုးရေး
အတွက်ရှေးရှုပြီး ရည်ရွယ်အကြံပြုလိုသည်များကို သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဖေါ်ပြသွားမည်ဖြစ်ပါသည်။
အခန်း (၅) ၊ ပထမပိုင်း
ဝက်စ်ပွိုင့်စစ်တက္ကသိုလ်အနီးက မြို့လေးတမြို့မှာ ချက်ဗလက် (Chevrolet) ကားတွေရောင်းတဲ့ အဖေ့သူငယ်ချင်းတယောက်နဲ့
ကားကြုံလိုက်စီးပြီး အိမ်ကထွက်လာခဲ့ပါတယ်။ ၀က်စ်ပွိုင့်ကိုတပါတည်းယူလာရမယ်ဆိုတဲ့ မုတ်ဆိတ်ရိတ်ဓါး၊ သွားပွတ်တံ၊
နောက်… လာမယ့် (၄) နှစ်အတွင်းမှာ သုံးရမယ့် တကိုယ်ရေသုံးပစ္စည်းတွေအတွက် ဒေါ်လာ (၃၀၀) နဲ့ မရှိမဖြစ်လိုအပ်တဲ့
တခြားပစ္စည်းပစ္စယတွေကိုထည့်ထားတဲ့ ခရီးဆောင်အားကစားအိတ်ကိုတော့ ပေါင်ပေါ်တင်ပြီး ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်။
ကျနော်လဲစိတ်တွေလှုပ်ရှားနေပြီး၊ ကြောက်နေမိတယ်လေ။ အရင်နှစ် နွေတုန်းကလဲအဲဒီလိုပဲ။ အဲဒီတုန်းကအဖေရယ်၊ အမေရယ်၊
ကျနော်ရယ် ဟဒ်ဆန်မြစ် (Hudson River) တလျှောက်ရှုခင်းတွေကြည့်ဖို့ အပျော်စီးသင်္ဘောစီးကြသေးတယ်။

ချစ်သူတို့လမ်း
ချစ်သူတို့လမ်း
သင်္ဘောက ၀က်စ်ပွိုင့်နဲ့တည့်တည့်နေရာရောက်တော့ မြစ်နဲ့အပြိုင်တန်းနေတဲ့ “ချစ်သူတို့လမ်း” ဆိုတဲ့လမ်းကလေးမှာစော်တွေကိုယ်စီနဲ့လေညင်းခံလမ်းလျှောက်နေကြတဲ့ ဗိုလ်လောင်းတွေကို အဖေကပြခဲ့သေးတယ်လေ။ ယူနီဖေါင်းတွေနဲ့
ဗိုလ်လောင်းတွေကိုကြည့်ရင်း…
ငါလည်းအဲလိုဖြစ်နိုင်တာပဲ… ဒါပေမယ့် ငါ…သူတို့လိုရောတော်ရဲ့လား… သူတို့နဲ့တန်းတူဖြစ်နိုင်ပါ့မလား…
စသဖြင့်ဟိုဟိုဒီဒီ လျှောက်တွေးမိတယ်။ အခုတော့ လက်တွေ့ရင်ဆိုင်ရပါတော့မယ်။
ကျနော်တို့ကားလဲ ဂရက်နိုက်ကျောက်တွေနဲ့ အလှဆင်ထားတဲ့ ပင်မ၀င်ပေါက်ကနေ၀င်ပြီး “ဗိုလ်လောင်းသစ်သတင်းပို့ရန်နေရာ”
လို့ပြထားတဲ့ အမှတ်အသားမြှားတွေနောက်လိုက်ပြီး တောက်လျှောက်မောင်းဝင်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ ကျောက်တုံးတွေနဲ့
ထုထည်ကြီးကြီးဆောက်ထားတဲ့ အဆောက်အဦးနှစ်ခုကြားက ခံတပ်အ၀လို ၀င်ပေါက်တခုကိုရောက်လာပါတယ်။ ကျနော်လည်း
အိတ်ကိုဆွဲပြီး ကားပေါ်ကဆင်းပြီးဝင်သွားလိုက်ပြီး စာရေးတယောက်ကို ကျနော့်နာမည်ပြောလိုက်တော့ သူကကျနော်ဝင်ရ
မယ့်အခန်းတံခါးကို ညွှန်ပေးပါတယ်။ အဲဒါနဲ့ဝင်သွားလိုက်တော့ အားကစားခန်းအရွယ်အစားလောက်ရှိတဲ့ အခန်းကြီးထဲမှာ
နံရံတလျှောက်မှာချထားတဲ့စားပွဲတွေမှာထိုင်ပြီး ဗိုလ်လောင်းသစ်တွေကိုကျောင်းဝင်လက်ခံနေကြတဲ့ စာရေးတွေနဲ့ ဗိုလ်လောင်းသစ်တော်တော်များများကိုတွေ့လိုက်ရပါတယ်။
ပထမဆုံးစားပွဲကနေစ… တဆက်တည်းချထားတဲ့စားပွဲတွေ တောက်လျှောက်သွားပြီး မေးခွန်းပေါင်းများစွာကိုဖြေ၊ ပုံစံ
(Form) စာရွက်တွေဖြည့်ပြီး ပါလာတဲ့ဒေါ်လာ (၃၀၀) ကိုပေးခဲ့ရပါတယ်။ ၀က်စ်ပွိုင့်ဆိုတာဒီလိုမျိုးပဲဖြစ်မယ်လို့ ကျနော်
တွက်ထားမိတဲ့အတိုင်းပါပဲ… စာရေးတွေရဲ့လုပ်ကိုင်ဆောင်ရွက်ပုံကတော့ တကယ်ကိုအကွက်စေ့တယ်ဗျာ။ အဲဒါလဲပြီးရော
စိတ်ပျက်စရာကောင်းတဲ့ကိစ္စက စလာတော့တာပါပဲ။ တကိုယ်လုံးချွတ် စင်လေးတခုပေါ်တက်ပြီး၊ ဘောထုပ်
(အတွင်းခံအားကစားဘောင်းဘီ) လေးတခုနဲ့ပဲ ဓါတ်ပုံအရိုက်ခံရတယ်ဗျာ။ အနောက်ဘက်ကနေ (၁) ပုံ၊ ဘေးဘက်ကနေ
(၁) ပုံ၊ နှစ်ပုံရိုက်တယ်။
ဘယ်နေရာကစခဲ့ရလဲဆိုတာကို သတိရနေအောင် ကိုယ်ဟန်ပြပုံတွေလို့ခေါ်တဲ့ အဲဒီပုံတွေကို ကျနော်တို့ရဲ့ လော်ကာ (Locker)
လို့ခေါ်တဲ့ ကိုယ်ပိုင်သံဗီရိုလေးတွေထဲမှာ ကပ်ထားမှာလေ။ အ၀တ်အစားတွေလဲ ပြန်ဝတ်ပြီးရော
“ ဒီတံခါးကနေထွက်သွားလိုက်လို့…” စာရေးတယောက်က ပြောပါတယ်။

ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှ
(၂၀၁၅) တွင်ကျောင်းဆင်းမည့် (၂၀၁၁) အပတ်စဉ်၏
ဖတ်စ်ရီးယားဗိုလ်လောင်းသစ်များနှင့် စောင့်ကြိုနေသော
ဖိုင်နယ်လ်ရီးယားဗိုလ်လောင်းများ
လဲသွားပါတော့တယ်။ အဲဒီမှာစောင့်ကြိုနေကြတဲ့ပုဂ္ဂိုလ်များကတော့ အသစ်ရောက်လာတဲ့ ဖတ်စ်ရီးယားဗိုလ်လောင်းတွေကို
ပုံစံသွင်းဖို့ (Fresher Welcome) အတွက် စောင့်နေကြတဲ့ ဖိုင်နယ်လ်ရီးယားဗိုလ်လောင်း (First Classman) တွေပါ။
အရင်ကကျောင်းဆင်းပွဲမိန့်ခွန်းပြောခွင့်ရတာတွေ၊ အားကစားထူးချွန်တယ်ဆိုတာတွေက ဘာမှကိုမဟုတ်တော့တာဗျာ။
ဝက်စ်ပွိုင့်နဲ့ရွှပ်ဇကော့ဖ်တို့ အဲဒီမှာစတွေ့ကြတော့တာပဲ…
ဟိုဖတ်စ်ရီးယား… ဒီမှာလာတန်းစီ…
ဖတ်စ်ရီးယားတွေ… အားလုံးသတိဆွဲထား …
ဟေ့ကောင် ဖတ်စ်ရီးယား ဒါသတိလားကွ…
ဟေ့ကောင်…မေးဆွဲထား… တစက်မှမလှုပ်နဲ့နော်…
ဟိုမောင်… ကြောင်တောင်တောင်လျှောက်ကြည့်မနေနဲ့… ကြားလား…
ပခုံးတွေနောက်ကိုဆွဲထား… ကြားလား…
ဟေ့ကောင်… ဒါအကုန်ပဲလား…
အိတ်ကိုချ… နှေးတယ်ကွာ… ပြန်ကောက်…
တောက်… ဖတ်စ်ရီးယား… များပြီ…
ချဆိုတာနဲ့အိတ်ကိုလွှတ်ချ… အခုလွှတ်ချလိုက်…

ဖတ်စ်ရီးယားဗိုလ်လောင်းသစ်များကိုစစ်ဆေးနေသော ဖိုင်နယ်လ်ရီးယားဗိုလ်လောင်းအရာရှိများ
ချွေးပေါက်ပေါက်ကျလာပါတော့တယ်။
ဗိုလ်လောင်းသစ်များအတွက် ပထမ (၈) ပတ်တာသင်တန်းကိုခေါ်တဲ့ တရားဝင်နာမည်ကတော့ နွေရာသီလူသစ်တန်း
(Plebe Summer) ပါ။ တရားမ၀င်ခေါ်တဲ့ သားရဲတွင်း (Beast Barracks) နာမည်ကတော့ ရင်ဆိုင်ရတဲ့အနေအထား
နဲ့တကယ့်ကိုအံခွင်ဝင်ကျပါပဲ။ ဖိုင်နယ်လ်ရီးယားတွေကတော့ သားရဲအုပ် (Beast Detail) ပေါ့ဗျာ။ အဲဒီ (၈) ပတ်ကတော့
စစ်အခြေခံသင်တန်း (Army Basic Training) ထက်ကို အများကြီးဆိုးရွားပြင်းထန်လှပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့
စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို မခံနိုင်တဲ့ဗိုလ်လောင်းသစ်တွေကို ဖြုတ်ထုတ်ဖို့အတွက် အဲဒီသင်တန်းကို သေသေချာ
ချာအကွက်ချ စီစဉ်ထားတာပါ။ အဲဒီသင်တန်းမှာမပြုတ်ပဲ ဇကာတင်ကျန်ခဲ့တဲ့သူတွေကိုမှ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်
မှာလေးနှစ်တာကာလကိုဖြတ်သန်းဖို့ လိုအပ်မယ့် အခြေခံစွမ်းဆောင်ရည်တွေနဲ့ စည်းကမ်းချက်တွေကို
သင်ကြားပေးတာပါ။ မခံနိုင်ရင်ထွက်ပဲ။ ဘာပြဿနာမှမရှိတော့ဘူးပေါ့။
ဖတ်စ်ရီးယားဗိုလ်လောင်းသစ်တွေအားလုံးကို အလယ်ကွင်း (Central Area) လို့ခေါ်တဲ့ ဘောလုံးကွင်း
အရွယ်လောက်ရှိပြီး ဂရက်နိုက်ကျောက်တွေနဲ့ဆောက်ထားတဲ့ လေးထပ်အိပ်ဆောင်တွေက ရံထားတဲ့ကွင်း
တကွင်းထဲမှာ တန်းစီရပါတယ်။ သားရဲအုပ်က ဘယ်လှည့် (Left Face)၊ ညာလှည့် (Right Face)၊
အပြေးတက် (Double Time)၊ အဆောက်အဦးတွေထဲမှာ ဆယ်ယောက်ပါတပ်စုလိုက်ချီတက်ပုံ စတဲ့အခြေခံ
အကျဆုံး စစ်ရေးပြသင်ခန်းစာတွေကိုပို့ချပါတော့တယ်။
ကျနော့်ကိုကျတော့ ကျနော်တို့ဝင်လာတဲ့ တံခါးနားကအိပ်ဆောင်တွေမှာနေရတဲ့ အမှတ် (၁) ဗိုလ်လောင်းသစ်တပ်ခွဲမှာ
နေရာချလိုက်ကြပါတယ်။ ဖိုင်နယ်လ်ရီးယားတွေက ကျနော်တို့ကို လုံခြုံရေးခန်း (Orderly Room) လို့ခေါ်တဲ့
တပ်ခွဲရုံးခန်းထဲ ၀ုန်းဒိုင်းနဲ့ မောင်းသွင်းလိုက်ပြီး စာရွက်စာတမ်းတွေထပ်ဖြည့်ခိုင်းပါတယ်။ ကျနော်ဖြည့်ထားတဲ့
ပုံစံစာရွက်တချို့ကို ဖိုင်နယ်လ်ရီးယားတယောက်က ကျနော့်မျက်နှာရှေ့ပြန်ထိုးပေးလာတယ်ဗျ။
ဟေ့ကောင် ငတုံး…စာမဖတ်တတ်ဘူးလား… မင်းရဲ့ပထမနာမည်နဲ့ အလယ်နာမည်ရဲ့အစစာလုံးလို့ဆိုထားတာလေ…
ကျနော့်မှာပထမနာမည်မရှိလို့ပါခင်ဗျ… ကျနော့်နာမည်က အိတ်ခ်ျ နော်မန်ရွှပ်ဇကော့ဖ်ပါ… ပထမနာမည်မှာက
အိတ်ခ်ျ (Initial) တလုံးပဲပါတာပါ…
ပထမနာမည်မရှိတဲ့လူဆိုတာ မင်းကြားဖူးလို့လား… မင်းမွေးစာရင်းထဲမှာဘာရေးထားလဲ… ပြစမ်း…
ကျနော်လဲ အဲဒီလိုအကျစ်ခံရတာကို မနှစ်မြို့လှပေမယ့် ဒီနာမည်ကိစ္စကြောင့် အဖေ့အနေနဲ့ လက်တုံ့ပြန်လိုက်နိုင်တာ
ကိုတော့ တိတ်တခိုးကျေနပ်သွားတယ်။ အဖေ့ရဲ့နာမည်အပြည့်အစုံက ဟားဘတ်နော်မန်ရွှပ်ဇကော့ဖ် (Herbert
Norman Schwarzkopf) ဖြစ်ပေမယ့် အဖေက ဂျာမန်နာမည် ဟားဘတ် ကိုသိပ်မကြိုက်လှဘူး။ အိတ်ခ်ျ၊ နော်မန်
ဆိုတာပဲကြိုက်တယ်။ အဖေဗိုလ်လောင်းဘ၀တောက်လျှောက် အဲဒီပြဿနာကိုကြုံရတယ်။ ရလာဒ်ကတော့
အဖေ့ရဲ့စစ်ဘက်ကိုယ်ရေးမှတ်တမ်းအားလုံးမှာ အဖေ့နာမည်က ဟားဘတ် ဖြစ်သွားတယ်။
အဲဒီပြဿနာကို ရှောင်လွှဲဖို့အတွက် အဖေက ကျနော့်နာမည်ကို အိတ်ခ်ျ၊ နော်မန် လို့ပဲတရားဝင်မှည့်ခေါ်ခဲ့ပါတယ်။
သားရဲအုပ် အတွက်လည်း အဲဒီနာမည်ကိစ္စအတွက် စစ်ဘက်စည်းမျဉ်းသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ အဖြေရှာရတာ
တော်တော်ကြာသွားပါလေရော။ နောက်ဆုံးကျတော့ ကျနော့်နာမည်ကို အိတ်ခ်ျ (F.I.O) နော်မန်ရွှပ်ဇကော့ဖ်
လို့ရေးဖို့ညွှန်ကြားပါတယ်။ (F.I.O) ရဲ့အဓိပ္ပာယ်ကတော့ ပထမတလုံးတည်းသာ (First Initial Only) ဆိုတာပါ။

ဝက်စ်ပွိုင့်ဗိုလ်လောင်းသစ်များ (၂၈.၆.၂၀၁၀)
ထပ်ကိုပြေးတက်ခိုင်းပါတော့တယ်။ အပေါ်ရောက်တော့ အိတ်တွေလည်းချပြီးရော ဆံပင်ညှပ်ဖို့ အောက်ကိုပြန်ပြေး
ဆင်းခိုင်းပါလေရော။ အဲဒီမှာညှပ်ရတဲ့ စစ်ပုံစံက ကျနော်ညှပ်လာတာထက် အများကြီးဆိုးတယ်ဗျာ။ ဆံပင်ညှပ်ပြီးတော့
ဆေးပေးခန်းကိုသွားပြီး ဆေးစစ်၊ ကာကွယ်ဆေးထိုး၊ ပြီးတာနဲ့ တပ်ထောက်ရုံးကိုသွား၊ ယူနီဖေါင်းချုပ်ဖို့ကိုယ်
တိုင်းပေးပြီး တိုက်ပွဲဝင်စစ်ယူနီဖေါင်း၊ ရှပ်အင်္ကျီ၊ အောက်ခံဘောင်းဘီ၊ ခြေအိတ်တွေနဲ့ တခြားစစ်အသုံးအဆောင်
ပစ္စည်းတွေကို အိတ်ကြီးနှစ်လုံးနဲ့အပြည့်ထည့်ပြီး ပခုံးနှစ်ဘက်ပေါ်မှာ ထိန်းပြီး အိပ်ဆောင်ရောက်တဲ့အထိ အပြေး
တက်နဲ့ပြန်လာရတယ်။ သားရဲတွင်းအိပ်ဆောင်တွေမှာနေရတဲ့ ဖတ်စ်ရီးယားဗိုလ်လောင်းတွေက ရှေ့တည့်တည့်ကိုပဲကြည့်၊ ဘယ်သွားသွားအပြေးတက်ပဲ။ ပြေးနေတုန်းမှာလဲ လမ်းတလျှောက်လုံး ဖိုင်နယ်လ်ရီးယားဗိုလ်လောင်းတွေရဲ့ ၀ိုင်းကျပ်
တဲ့အသံတွေကဆူညံနေတာပါပဲ။
နေ့လယ်ကျတော့ စားရိပ်သာကိုချီတက်ပြီး နေ့လယ်စာစားရင် ထိန်းသိမ်းရမယ့် အပြုအမူတွေကို သင်ယူရပါတယ်။
ထိုင်ခုံရဲ့ရှေ့ဖျား (၆) လက်မလောက်နေရာလေးမှာပဲ ရှေ့တိုးပြီး ခါးကိုမတ်နေအောင်ထိုင်ရပါတယ်။ တော်ကီပွားလို့မရဘူး၊
ဘေးဘီကိုလဲဝေ့ကြည့်လို့မရပါဘူး။ ပေါင်မုန့်၊ အသား စတာတွေကိုအမြန်ဖြတ်၊ ဓါးကိုဘေးချ၊ ပြီးရင်စား၊ ပါးစပ်ထဲမှာ
ဝါးနေတုန်း ခက်ရင်းကိုဘေးချထားရပါတယ်။
ကျနော်စားနေတုန်း ဖိုင်နယ်ရီးယားတယောက်က ဘေးကနေတောက်လျှောက်ကျပ်ပါတယ်။
ဖတ်စ်ရီးယား… ကြောင်တောင်တောင်နဲ့ လျှောက်ကြည့်မနေနဲ့…ကြားလား
ဟုတ်…
ဖတ်စ်ရီးယား… ပါးစပ်ထဲအများကြီးမထည့်နဲ့… ကြားလား…
ဟုတ်…
စားရိပ်သာတခုလုံးလဲဆူညံပွက်လောရိုက်နေပြီး အထဲမှာရှိတဲ့ ဖတ်စ်ရီးယားဗိုလ်လောင်းတိုင်းရဲ့ ဘေးကနေ ဖိုင်နယ်လ်ရီး
ယားတယောက်က ကျပ်ပေးနေပါတယ်။ တခုခုမှားသွားတာနဲ့
ရှေ့ကြည့် (Sit Up!) …
လို့ အရှေ့က ဖိုင်နယ်ရီးယားဗိုလ်လောင်းက ပြောလိုက်တာနဲ့
စားနေတာကိုချက်ချင်းရပ်၊ မေးဆွဲပြီး ဖိုင်နယ်လ်ရီးယားက ဆက်ကျပ်တာကို အဲဒီအတိုင်းနားထောင်၊
အိုကေ…စားတော့…
ဆိုမှဆက်စားလို့ရပါတယ်။ ဘာမှမယ်မယ်ရရကို မစားရသေးခင်မှာပဲ ဖိုင်နယ်လ်ရီးယားတွေက ထမင်းပန်းကန်တွေကို
ဆွဲသိမ်းသွားတယ်ဗျာ။ အုပ်ခံရတာ၊ ဗျင်းခံရတာ၊ ကျပ်ခံရတာတွေများလွန်းတော့ တနေ့သာကုန်သွားတယ်
လူလည်းကြောင်တောင်တောင်ဂေါက်တောက်တောက်နဲ့ ဘာမှကိုမမှတ်မိတော့ဘူး။

Trophy Point သို့ချီတက်မှုတခု
ကက်ပ်ဦးထုပ်ပျော့ (Visored Cap) တွေဖြစ်တဲ့ ဗိုလ်လောင်းသစ်ဝတ်စုံ (Plebe Skin) တွေနဲ့အသင့်ပြင်ခိုင်းထားပါတယ်။
ပြီးတော့ ဟဒ်ဆန်မြစ်ကိုဆီးမြင်နေရတဲ့ တော်တော်လှပတဲ့နေရာမှာရှိတဲ့ “Trophy Point” လို့ခေါ်တဲ့ အောင်မြေကို
သွားပြီး သစ္စာဆိုရပါတယ်။ စစ်ထဲဝင်တဲ့အရာရှိမှန်သမျှ သစ္စာပြုကြရတဲ့

Trophy Point
“ငါတို့သည်အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုသစ္စာစောင့်သိပါမည်”
ဆိုတဲ့သစ္စာအဓိဋ္ဌာန်ကို သစ္စာဆိုကြရပါတယ်။သစ္စာဆိုပြီးကြတာနဲ့ အမြောက်ပစ်ဖေါက်ပြီးတော့ အမေရိကန်နိုင်ငံတော်သီချင်းဖြစ်တဲ့ Star-Sprangled Banner သီချင်း
ရဲ့ တေးသွားနဲ့ အမေရိကန်နိုင်ငံတော်အလံကိုချပါတယ်။
ဒီအချိန်လေးက ကျနော့်ဘ၀အတွက်တော့တကယ့်ကိုမှတ်တိုင်တခုပါပဲဗျာ။ ဒါပေမယ့်လည်း ဖိုင်နယ်ရီးယားတွေက အော်ဟစ်ပြီး
ကျပ်နေကြတာကို တနေကုန်ခံနေရတော့ အဆောင်ပြန်ရောက်ရင်ဘာတွေများထပ်ဖြစ်လာဦးမလဲလို့ သောကရောက်နေရပါတယ်။ ကိုယ့်ကိုယ်ကိုဝက်စ်ပွိုင့်ဗိုလ်လောင်းတဦးဖြစ်လာပြီဆိုတာကို ခုချိန်ထိလည်း မယုံမရဲဖြစ်နေတုန်းပါပဲ။ ၀က်စ်ပွိုင့်ရဲ့ပထမဆုံး သင်တန်းကာလတလကိုကျော်ဖြတ်နိုင်ဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှုကြီးတရပ်ဖြစ်လာပါတယ်။
ကျနော်တို့ရဲ့ပထမဆုံးကာယလေ့ကျင့်ရေးက နောက်နေ့မနက်မှာပဲစပါတယ်။ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက်နဲ့ စစ်ရေးပြချီတက်ရတာတွေပါ။ ရေကူးခြင်းစစ်ဆေးမှုကိုလည်း ခံယူရပါသေးတယ်။ ပထမ ရေကူးကန်ဘေးမှာတန်းစီပြီးရပ်၊ အမိန့်ပေးတာနဲ့ ရေကူးကန်ရဲ့တဖက်တချက်ကို ခေါက်တုံ့ခေါက်ပြန် ကိုက် (၃၀၀) ပြည့်အောင်ကူးရပါတယ်။ ဖြစ်ချင်တော့
ကျနော်တို့အုပ်စုထဲက လူကောင်ထွားထွားနဲ့ဗိုလ်လောင်းသစ်တယောက်က ရေမကူးတတ်ဘူး။ ဒါပေမယ့် အခုအခြေအနေက
လုပ်ခိုင်းတာမှန်သမျှလိုက်လုပ်နေရတဲ့ အခြေအနေဖြစ်သွားတော့ ဖိုင်နယ်လ်ရီးယားတွေက “စ” လို့အမိန့်ပေးလိုက်တာနဲ့ အဲဒီဗိုလ်လောင်းက ရေကူးကန်ထဲဒိုင်ဗင်ထိုးချလိုက်တယ်။ အဲဒီဗိုလ်လောင်းရေမကူးတတ်တာကို နည်းနည်းကြာတော့မှ
သားရဲအုပ် ကရိပ်မိတယ်။ အဲဒါနဲ့ချက်ချင်းအဲဒီဗိုလ်လောင်းကိုပြန်ဆယ်တင်ပြီး ဗိုက်ထဲကရေတွေပြန်ထွက်အောင်
လုပ်ကြပါတယ်။ ပြီးတော့
တောက်… ဖတ်စ်ရီးယား… ရေမကူးတတ်ရင်ပြောပါလားကွ…
ဘာညာနဲ့အော်ဟစ်လိုက်ကြတာပွဲကိုပျက်နေတာပဲဗျာ။
ဖတ်စ်ရီးယားဗိုလ်လောင်းသစ်တွေလိုက်နာရတဲ့ စည်းကမ်းအများစုက သိပ်တော့အဓိပ္ပာယ်မရှိပါဘူး။ ဥပမာ ကိုယ့်အခန်းပြ
တင်းပေါက်ကနေ အပြင်ကိုကြည့်ခွင့်မရှိတာမျိုးပေါ့။ စည်းကမ်းချက်တခုခုဖေါက်လို့ မိသွားရင်တော့ နေရာတင်အုပ်ခံရရင်ရ၊
မဟုတ်ရင် ညကျရင်ခေါ်အုပ်ခံရတော့တာပဲ။ ကျနော်လဲ ပုံစံတမျိုးနဲ့အကျစ်ခံရတယ်။ ဖြစ်ချင်တော့ ကျနော့်နာမည်နဲ့
အဖေ့ရဲ့ Gang Busters ဇာတ်လမ်းက ဆက်စပ်နေတာကို ဖိုင်နယ်လ်ရီးယားတယောက်က သတိထားမိသွားတယ်။
အဲဒါနဲ့သူက ဇာတ်လမ်းသစ်တခုထွင်လိုက်တယ်။ Gang Busters Poop ဆိုပဲ။ အကွက်သစ်ပေါ့ဗျာ။
ရွှပ်ဇကော့ဖ်… Gang Busters Poop လုပ်စမ်းပါဦးကွ…
ဆိုတာနဲ့ ကျနော်က ဘယ်ညာနင်းပြီး ပါးစပ်ကနေ ပီးပေါ်..ပီးပေါ် နဲ့ ဥသြဆွဲ၊ ပါးစပ်ကနေ တဒက်ဒက်နဲ့ စက်သေနတ်ပစ်ပြပြီး…
ဖီးလစ်ပ် အိတ်ခ်ျ လော့ဒ် တင်ဆက်တဲ့ Gang Busters အစီအစဉ်စတင်ပါပြီဗျား…
လို့ကြေငြာရပါတယ်။ သားရဲတွင်း (Beast Barracks) မှာအကောင်းဆုံးခံစစ်က ဟာသညဏ်ရွှင်ရွှင်နဲ့ နေတာပဲဆိုတာကို
ကျနော်ကကောင်းကောင်းသိထားတော့ သိပ်တော့ပြဿနာမရှိလှပါဘူး။
ကျနော့်အတွက် တကယ့်ပြဿနာက မျက်နှာပိုးမသတ်နိုင်တဲ့ကိစ္စပါ။ ကျနော်ပြုံးဖြီးဖြီးလုပ်နေတာကို ဖိုင်နယ်လ်ရီးယား
တယောက်က မိသွားတာနဲ့…
ဟေ့ကောင် ရွှပ်ဇကော့ဖ် ကြောင်တောင်တောင်နဲ့စပ်ဖြဲဖြဲလုပ်မနေနဲ့… မေးဆွဲထားစမ်း… သတိဆွဲထား ဟေ့ကောင်…ကြားလား…
ဟုတ်…
ဖြစ်ချင်တော့ သူကကျနော့်ကိုမော့်ကြည့်ရတဲ့ လူကောင်ခပ်သေးသေးမျိုးဖြစ်နေရင် ကျနော်လဲခွီးကနဲရီချလိုက်မိတယ်။ အဲဒီမှာ ရွှပ်ဇကော့ဖ် တယောက်တိုင်ပတ်တော့တာပဲဗျာ…

West Point Rifle PT
လေ့ကျင့်ကြရတယ်။ ကာယလေ့ကျင့်ခန်းတွေမှာ မလိုက်နိုင်တဲ့ဗိုလ်လောင်းသစ် တော်တော်များများ ကျောင်းထွက်ကြပါတယ်။
သူတို့တွေအတွက် ကျနော်လဲ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့်လည်း အဲဒီရွေးချယ်မှုဟာ မှန်ကန်တယ်ဆိုတာ
ကိုတော့ ဗိုလ်လောင်းသစ်အားလုံးက သဘောပေါက်ကြပါတယ်။
သားရဲတွင်း (၈) ပတ်အတွင်းမှာ ရုပ်ပိုင်းနဲ့ စိတ်ဓါတ်ပိုင်းအရခံနိုင်ရည်မရှိတဲ့ ဗိုလ်လောင်းတယောက်ဟာ ၀က်စ်ပွိုင့်စစ်က္ကသိုလ်ရဲ့
ခက်ခဲကြမ်းတမ်းတဲ့ သင်တန်းကာလ (၄) နှစ်ကို ဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး။ စစ်အတွင်းမှာ တပ်ကိုဦးဆောင်ပြီး တိုက်ပွဲဝင်နိုင်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုတော့ပါဘူး။
အဲဒီ (၈) ပတ်အတွင်းမှာ လေ့ကျင့်ရတဲ့အထဲက အရေးအပါဆုံးကတော့ ကျင့်ဝတ်စောင့်စည်းမှု (Honor Code) ပါပဲ။
ဝက်စ်ပွိုင့်စစ်တက္ကသိုလ်သမိုင်းမှာ ပထမဆုံးသောလိမ်လည်မှုတခုဖြစ်ခဲ့တာက ကျနော်တို့မရောက်သေးခင် အရင်တနှစ်
ကဆိုတော့ ပူပူနွေးနွေးပဲရှိနေပါသေးတယ်။ အဲဒီကိစ္စကြောင့် ဗိုလ်လောင်း (၉၀) ကျောင်းထုတ်ခံခဲ့ရပါတယ်။ အဲဒီပြဿနာမှာ
ဘောလုံးတသင်းလုံးနီးပါး ပါဝင်ပတ်သက်နေပါတယ်။
အားကစားသမားတွေကို လေ့ကျင့်ပေးတဲ့နည်းစနစ်က ချွတ်ခြုံကျလာလိုက်တာ စာမေးပွဲမှာပါမယ့် မေးခွန်းတွေကို
ကြိုရိုက်ပေးတဲ့အထိဖြစ်လာခဲ့ပါတယ်။ အဲဒီကိစ္စရဲ့ အနံ့လဲထွက်လာရော… သတင်းစာတွေမှာ မျက်နှာဖုံးသတင်းဖြစ်
လာပါလေရောဗျား။ ဘာလို့လဲဆိုတော့ စစ်တပ်ဘောလုံးအသင်းက နိုင်ငံရဲ့အကောင်းဆုံးအသင်းတွေထဲက တသင်းလေ။
အဲဒီတော့ ဂုဏ်သိက္ခာကိုမထိခိုက်ရအောင် ၀က်စ်ပွိုင့်စစ်တက္ကသိုလ်အနေနဲ့ ကျောင်းဘောလုံးအသင်းရဲ့ အကောင်း
ဆုံးသောဘောလုံးသမားတွေကို ကျောင်းကနေ ထုတ်ပယ်ခဲ့ရပါတယ်။
ကျနော်တို့အပတ်စဉ်က အဲဒီပြဿနာအပြီးမှာ ပထမဆုံးရောက်လာတဲ့အပတ်စဉ်ပေါ့။ အဲဒီတော့ ကျင့်ဝတ်စောင့်စည်း
မှုစနစ် (Honor System) အလုပ်လုပ်တဲ့ပုံကို ကျနော်တို့သေသေချာချာနားလည်အောင် ကျောင်းက ကျနော်တို့ကို
အလေးအနက်ထား သင်ကြားပါတော့တယ်။

Cadet Honor Code
သူတွေကိုလဲ သည်းမခံဘူး…”
အဲဒီကျင့်ဝတ်ကို ဗိုလ်လောင်းအားလုံးလေးစားလိုက်နာမယ်… ဆိုတာ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်တခုလုံးကို အခြေပြုထားတဲ့
ထင်မြင်ယူဆချက်ဖြစ်ပါတယ်။ စာသင်ခန်းအတွင်း/အပြင်၊ ကျောင်းတွင်း/ကျောင်းပြင်မှာပါ အဲဒီကျင့်ဝတ်ကိုလိုက်နာရ
မှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုဖေါက်မယ်ဆိုရင် အလွယ်တကူချိုးဖေါက်နိုင်ပါတယ်။
နည်းပြအရာရှိတွေက မေးခွန်းတစုံတည်းကိုပဲ ဗိုလ်လောင်းအုပ်စုတွေကို အချိန်ခွဲပြီးမေးပါတယ်။ ရှေ့ကဖြေပြီးတဲ့ ဗိုလ်လောင်းတွေအနေနဲ့ နောက်ဖြေမယ့်ဗိုလ်လောင်းအသုတ်တွေကို မေးခွန်းတွေပြန်ပြောမယ်ဆိုပြောလို့ရပေမယ့်
ဗိုလ်လောင်းတွေအနေနဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကျင့်ဝတ်စောင့်ထိန်းကြရပါတယ်။
အဆောင်မှာဆိုရင်လဲ ရုံးပိတ်ရက်တပ်ပြင်ထွက်မယ်ဆိုရင် ကျနော်တို့တပ်ပြင်ထွက်ခြင်းသည် တရားဝင်စည်းကမ်းသတ်
မှတ်ချက်နှင့်အညီဖြစ်ပါတယ်ဆိုပြီး လက်မှတ်ရေးထိုးထားတဲ့ ကဒ်ပြားတွေကိုတင်ရပါတယ်။ အဓိပ္ပာယ်ကတော့ တပ်ပြင်
ထွက်ရင်းနဲ့ စားသောက်ဆိုင်တွေမှာ ဘီယာမသောက်ပါဘူး လို့ဆိုလိုတာပါ။ အဲဒီဝန်ခံချက်ကဒ်ပြားတွေတင်ခဲ့တယ်
ဆိုရင်တော့ အရာရှိတာဝန်မှူးအနေနဲ့လည်း အပြင်မှာလိုက်စစ်တာမျိုး လုပ်လေ့လုပ်ထမရှိပါဘူး။
စစ်အရာရှိတယောက်အနေနဲ့ သူ့ရဲ့ဘ၀တလျှောက်လုံးမှာ စစ်မှန်တဲ့စံနှူန်းနဲ့ လိုက်နာဆောင်ရွက်ကျင့်သုံးသွားစေဖို့
ရည်ရွယ်ပြီး အမှန်တရားကိုစောင့်ထိန်းရတဲ့ ကျင့်ဝတ်စောင့်စည်းမှုကိုသွတ်သွင်းပေးတာပါ။ တရက်မှာ (၂၄) နာရီလုံးလုံး
စည်းကမ်းတကျပြုမူနေထိုင်ရတာကို ကျနော်တော့ကြိုက်တယ်။ ကိုယ်ပြောလိုက်တဲ့စကားက လေးနက်မှုရှိပြီး
အတည်ဖြစ်တာကိုလည်း ကြိုက်တယ်။
ကျနော်ဖတ်စ်ရီးယားဘ၀ မွန်းလွဲပိုင်းတနေ့ကျတော့ အလယ်ကွင်းထဲမှာ Bandbox Review ဆိုတဲ့
စစ်ရေးပြအခမ်းအနားတခုလုပ်နေတယ်။ ကျနော့်အခန်းပြတင်းပေါက်ကကြည့်ရင် မြင်နေရတယ်။ ဒါပေမယ့် ကျနော်တို့ ဖတ်စ်ရီးယားတွေမှာ ပြတင်းပေါက်ကကြည့်ခွင့်မရှိဘူး။ အဲဒီမှာ အလယ်ကွင်းကို မမြင်ရတဲ့ ဟိုဘက်အခြမ်းက
ဖတ်စ်ရီးယားဗိုလ်လောင်းတယောက်က ကျနော့်အခန်းကိုရောက်လာပြီး ဆိုပါလေရော။
ပြတင်းပေါက်ကနေ ခဏလောက်ကြည့်လို့ရမလား…
ငါတို့မှာကြည့်ခွင့်မရှိဘူးလေ…
“ဘာမှစိတ်မပူနဲ့…ပြတင်းပေါက်နဲ့နည်းနည်းလှမ်းတဲ့နေရာကနေ ခုံပေါ်တက်ကြည့်ရင် ဘယ်သူမှမသိပါဘူးကွ…”
ဆိုပြီးလုပ်ပါလေရော…
အမှန်တော့ကျနော်သူ့ကိုငြင်းလိုက်သင့်တာ…ဒါပေမယ့်လည်း
“ အေးလေ… ကိုယ့်ပြဿနာကိုယ်ရှင်းနိုင်ရင်လည်းလုပ်ပေါ့ကွာ…” လို့ပဲပြောလိုက်နိုင်တယ်။
စစ်ရေးပြအခမ်းအနားလည်းပြီးရော ကျနော့်အခန်းကို နီရုန်း (Nerone) ဆိုတဲ့ ဖိုင်နယ်လ်ရီးယားတယောက် ပေါက်
ချလာပါလေရောဗျာ။ အဲဒီဘဲကြီးနဲ့ကျနော်နဲ့က အဲဗားငြိတယ်ဗျာ။ ငြိတိုင်းလဲ ဒီဘဲကြီးက အသေအုပ်တာဗျ။ ဖြစ်နိုင်ရင်
ကျနော့်ကိုဝက်စ်ပွိုင့်ကနေထွက်ရအောင်တောင် လုပ်မယ်ဆိုပဲ။ ဒီဘဲကြီးက ကျနော်နဲ့ပတ်သက်ပြီး ဘာကိုမကြိုက်
တာမှန်းလဲ မသိဘူး။ ကြည့်ရတာတော့ တော်တော့်ကို မျက်မုန်းကျိုးနေတဲ့ပုံပါပဲဗျာ။ အလိုလိုနေရင်း သောက်မြင်ကပ်ပုဒ်မနဲ့တူပါရဲ့…
ရွှပ်ဇကော့ဖ်… မင်းဖောင်း (Foul) တာတွေများနေပြီ…
ဆိုပြီး ကျနော့်ကိုသတိဆွဲခိုင်းထားတယ်။ ပြီးတော့ ရေလည်ကျစ်ပါလေရောဗျား… ကျနော့်ကို ရှယ်အုပ်မယ်ဆိုပဲ။ ပြဿနာက
ပြတင်းပေါက်ကခေါင်းပြူကြည့်လို့တဲ့ဗျာ။ ကျနော်လဲ ညစ်သွားတယ်။ ကျစ်ရင်းကျစ်ရင်းနဲ့ သူလဲပြီးရော…
စစ်ရေးပြအခမ်းအနားကို ကျနော်မကြည့်ပါဘူး… လို့ပြောလိုက်တယ်ဗျာ။
ဘာ…မင်းထိုင်ခုံပေါ်တက်ကြည့်နေတာကို ငါကိုယ်တိုင်မြင်တယ်… ဖတ်စ်ရီးယား… ရူးသလိုကြောင်သလိုလုပ်နေတယ် ဟုတ်လား…
ကျနော်မကြည့်ပါဘူးခင်ဗျ…
မင်း မကြည့်ဘူး… ဟုတ်လား…
ဟုတ်…
အေး… ကောင်းပြီ…
ဆိုပြီး ဘဲကြီး လျှော်သွားပါလေရောဗျာ။ အဲဒါနဲ့ အဲဒီကိစ္စလည်း အဲဒီမှာတင်ပြတ်သွားတယ်။
သူ့အနေနဲ့ကျနော့်ကို မကြည်ပေမယ့် Honor Code ကြောင့် ကျနော်ပြောတာကိုသူလက်ခံလိုက်ရတယ်။ ကျနော်က
လိမ်မပြောဘူးလေ။ မကြည့်လို့မကြည့်ဘူးပြောတာပဲ။ နောက်…ကြည့်တာဘယ်သူလဲဆိုတာကိုလဲ သတင်းပို့စရာမလိုတော့ဘူး
။ အဲဒါကစည်းကမ်းဖေါက်တာ (Regulatory Breach) ဖြစ်နေတယ်။ ကျင့်ဝတ်ချိုးဖေါက်တာ (Honor Breach) မဟုတ်ဘူးလေ။ ပွဲပြီးသွားလို့ တော်သေးတယ်ဗျာ။ နို့မို့ရင်တော့ မချောင်ဘူး…

သားရဲတွင်းကာလပြီးဆုံးခြင်း အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား
ကျနော်တို့ ဖတ်စ်ရီးယားဗိုလ်လောင်းတွေအားလုံးကို ရှိပြီးသား ဗိုလ်လောင်းတပ်ခွဲ (၂၄) ခုအတွင်းကိုဖြန့်ချလိုက်တယ်။
အဲဒီအခါလဲကျရောဗျာ… အရင်တုန်းက ကျနော်တို့ကိုကျပ်တာ ဖိုင်နယ်လ်ရီးယားတွေချည်းပဲရှိရာကနေ အခုတော့
သာ့ဒ်ရီးယားဗိုလ်လောင်းတွေ (Second Classmen) နဲ့ စက္ကဲန်းရီးယားဗိုလ်လောင်း (Third Classmen) တွေ အားလုံးေ
ပါင်းရာချီသွားပါလေရောဗျာ။ ဒါပေမယ့်လည်း သားရဲတွင်းကာလ (၈) ပတ်ကိုဖြတ်သန်းလိုက်နိုင်တော့ ရှေ့လျှောက်မှာလဲ
အောင်မြင်စွာနဲ့ ဖြတ်သန်းသွားနိုင်လိမ့်မယ်လို့ ကျနော့်ကိုယ်ကျနော်ပိုပြီးယုံကြည်လာမိပါတယ်။ (ဆက်လက်ဖေါ်ပြပါမည်)
Daniel Kane