{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, December 17, 2010

{ ၀ီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက် }










အမေရိကန်သံတမန်လောကရဲ့ နိုင်ငံတကာနဲ့ဆက်ဆံမှု အတွင်းရေးတွေကို ဖွင့်ချနေတဲ့ ၀ီကိလိခ် အင်တာနက်ဝဘ်ဆိုက် ထူထောင်သူ ဂျူလီယံ အဆန့်ဂ်ျ (Julian Assange) ဟာ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မနေ့က ကြာသပတေးနေ့ကတော့ သူ့ကို လန်ဒန်မြို့က တရားရုံးချုပ်က အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို အလိုမတူဘဲ လိင်ဆက်ဆံမှုနဲ့ အလိုရှိနေသူ ဂျူလီယံ အဆန်းဂ်ျ ကို လွှတ်မပေးဘဲ ဆက်ချုပ်ထားဖို့ ဆွီဒင်က ဥပဒေ အကျိုးဆောင်တွေက လန်ဒန်တရားရုံးချုပ်မှာ အယူခံတင်သွင်းခဲ့ပေမဲ့ တရားသူကြီး Duncan Ouseley က အယူခံကို ပယ်ချခဲ့ပါတယ်။ အာမခံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၁၅,၀၀၀ ကို တင်စေပြီးတော့မှ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဂျူလီယံ အဆန့်ဂ်ျကတော့ ၀ီကီလိခ် ၀ဘ်ဆိုက်ကနေ ဖွင့်ချမှုတွေကို ဆက်လုပ်သွားမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပြီး သူ့ကို ထောက်ခံအားပေးသူ ဗြိတိသျှအရာရှိဟောင်း Vaughan Smith ရဲ့ လန်ဒန်ကနေအိမ်မှာ ဆက်ပြီးနေထိုင်သွားမှာဖြစ်ပါတယ်။ သူဟာ အနီးက ရဲစခန်းမှာ နေ့စဉ်လက်မှတ် သွားထိုးရမှာဖြစ်ပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်မှာလည်း သူ့ကိုခြေရာခံလို့ရတဲ့ အီလက်ထရောနစ် လက်ပတ်ကို ပတ်ထားပါတယ်။

´