{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Monday, May 18, 2009

ယနေ့ မှတ်သားထားရန် - ဦး (၃) ကြိမ်ချပြီး ကျွန်ခံကြေး ဟူ၍ပင် စိန်ခေါ်လိုက်ပါ၏ ။

အလောင်းတော်ကဿပ နိမိတ်
Sunday, 17 May 2009
Posted by တေးအေးရိပ်

ဦး (၃) ကြိမ်ချပြီး ကျွန်ခံကြေး ဟူ၍ပင် စိန်ခေါ်လိုက်ပါ၏ ။



အလောင်းတော်ကဿပ စံကျောင်းသဘာဝလိုဏ်ဂူ ကျောက် တံခါးသည် တပို့တွဲလပြည့်နေ့
(၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နေ့)က ရုတ်တရက်ထူးခြားစွာ ပွင့် သွားခဲ့ပြီး တစ်ဆက်တည်းတွင်ပင် ဧပြီလ၌ အီတလီ နိုင်ငံတွင် မြေငလျင် တုန်လှုပ်ခဲ့လေ၏ ။

မြန်မာပြည်မှ အလောင်းတော် ကဿပ လိုဏ်ဂူပွင့် သဖြင့် အီတလီ တွင် ငလျင်လှုပ်ခြင်းသည် ညောင်ဦး ကမ်းပါးပြိုသဖြင့် စမ္မာနဂိုမှ နွားအို ပေါင်ကျိုးသည်ထက်ပင် ဆိုးနေပါလားဟု တွေးထင်ကြပေလိမ့်မည်။

နိဗ္ဗာန်သို့ မျက်မှောက်ပြုရန်အတွက် အတိတ်နိမိတ်များ မပါရှိ ဟု ဖင်ပိတ်ငြင်းချင်ကြသော ၊ ထေရ၀ါဒ ဟု အသံကုန်ဟစ်ကာ ပြည်သူအများအား ဘာသာရေးမှိုင်းတိုက်ပြီး နိုင်ငံရေးတွင် စိတ်ဝင်စားခြင်း ကင်းလာအောင် ၊ မီဒီယာအား မီဒီယာဖြင့် တိုက်မည်ဆိုသော ဆောင်ပုဒ်အား အကောင်အထည်ဖော်ရန် သတင်းဆိုက်များဖြင့် ရုပ်လုံးဖော်ကာ ၀ါဒဖြန့် နေကြသည့် သူ့ လူ ကိုယ့်ဘက်သား သတင်းနှင့် ဘလော်ဂါများ ၊ နေပြည်တော်ဟုဆိုသည့် ကြတ်ပြေးတွင်နေထိုင်ကာ သံဃာတော်များအား သတ်ဖြတ်ခဲ့သည့် သူများအား
အလုပ်အကျွေးပြုနေကြသည့် အသိပညာရှင် အတတ်ပညာရှင် ထေရ၀ါဒအမည်ခံ ဘလော်ဂါများ နှင့် အို သူတော်ကောင်း အပေါင်းတို့ ...

သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း ဆိုသည့် နိမိတ်ကြီး (၄) ပါးအား
အနော်မာ မြစ်တွင် ကောက်ယူခဲ့သည့် နိမိတ်
ဘုရားဖြစ်ခါနီး မြင်မက်ခဲ့သည့် အိပ်မက်
ကောသလမင်း အိပ်မက် (၁၆) ချက်

ဆိုသည့် နိမိတ်နှင့် အိပ်မက် ကောက်ယူပုံ ၊ ဖြေရှင်းပုံများအား ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တိုင်ပင် မြင်တွေ့ ၊ မြင်မက် ၊ ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း ပိဋကတ်ကျမ်းဂန်များတွင် အထင်အရှားရှိ၏။

သူအို၊ သူနာ ၊ သူသေ ၊ ရဟန်း နိမိတ်ကြီး (၄) ပါးသည် သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း နိဗ္ဗာန်သို့ ခြေလှမ်းအစပျိုးလိုက်ခြင်းမဟုတ်လျှင် ဖင်ပိတ်ငြင်းချင်သူများ ဘာပြောမည်နည်း။ ၀န်ခံကြပါ ။ မှန်ကန်သော စကားကို ပြောဆိုကြပါ . . ။ ၄င်းအရာများ ပိဋကတ် ကျမ်းတော်များတွင် မပါရှိခဲ့ဟု သင်တို့  ငြင်းနိုင်ပါမည်လား။

ဦး (၃) ကြိမ်ချပြီး ကျွန်ခံကြေးဟူ၍ပင် စိန်ခေါ်လိုက်ပါ၏ ။

ဘာသာရေးဆိုင်ရာ အချက်အလက်များပါသည့် လောကီ အကြံပေးချက် ဆောင်းပါးများ ရေးရာတွင် ပြီးပြီးရော ၊ အရမ်းကာရော မရေး ။ ရှေးဦးစွာ တရားတော်ကို သေချာနားထောင်ရ၏ ။ မရှင်းလင်းလျှင် ဆရာတော်များအား မေးမြန်းလျှောက်ထားရ၏ ။

ရေးသားသည့် ဆောင်းပါးများ မကြိုက်လျှင် မဖတ်နှင့် ။ ကျော်သွားပါ ။ ရေးသားထားသည့် မည်သည့်ဆောင်းပါးမျိုးကိုမဆို ဗေဒင်ဆိုင်ရာ ပညာရပ်များ၊ ဘာသာရေးဆိုင်ရာ အချက်အလက်များ မှားယွင်းပြီး အကြံပေးလမ်းညွှန်မှုများ ရှိခဲ့ပါလျှင် ထောက်ပြပြောဆိုနိုင်၏ ။ မှားယွင်းရေးသားမိလျှင် ကျွန်ုပ်ကပင် ဦး(၃) ကြိမ် ကန်တော့ပါမည်။ မှန်ကန်သည့်လမ်းညွှန်မှုများ ရေးသားထားလျှင် သင်တို့ ကရော ကျွန်ုပ်အား ကန်တော့မည်လား ။ မိန်းမလို မိန်းမရ ၊ နအဖကဲ့သို့ သံသေးသံကြောင် ဟစ်စရာမလို ။

ယခုလည်း အသံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ဂျွန်နသန် ရက်ထော ဆိုသူအား အကြောင်းပြပြီး တရားစွဲဖို့ လုပ်နေပြီဟု အရှက်မရှိသည့် အသံအား ကြားလိုက်ရ၏ ။ ခွေးဟောင်တိုင်း ထကြည့်လျှင် အိပ်ရေးပျက်၏ ။ ထို့  အတူ နအဖ ဘလော့များ လိုက်ဖတ်နေလျှင် ပင်ပန်း၏ ။ သိနေလျှင် သွားဖတ်မနေသင့်။ အဖက်ပင် လုပ်စရာမလို။ သွားရောက် ဖတ်ရှုနေသဖြင့် အားပေးသူဖြစ်လာရ၏။ သင်တို့ ပြောသည့် အကုသိုလ် ပြုလုပ်ထားသူများကို, အားပေးသည့် သူများပင်။ ကိုယ်ပါ အကုသိုလ်ရ၏ ။


ဖေဖော်ဝါရီတွင် အလောင်းတော် ကဿပ လှိုဏ်ဂူပွင့်လာခဲ့၏။ အ , က္ခရာတနင်္ဂနွေဖြင့်စသည့် နိမိတ်ကြောင့် ထူးခြားသည်များကို လေ့လာစောင့်ကြည့်နေခဲ့ရာ အီတလီတွင် ငလျင်လှုပ်ခဲ့၏ ။

မြန်မာပြည်မှ နိမိတ်သည် အီတလီ ငလျင် နှင့် သက်ဆိုင်သည် ဖြစ်စေ ၊ မသက်ဆိုင်သည်ဖြစ်စေ မြန်မာပြည်နှင့် သက်ဆိုင်သည့် နိမိတ်ဖြစ်လာခဲ့ချေပြီ။ အ, အက္ခရာဖြင့် စသည့် ပြည်သူချစ်သည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် နိမိတ်ဖြစ်လာခဲ့ချေပြီ။

ကောင်းသည့် နိမိတ်လား .. ဆိုးသည့် နိမိတ်လား အဖြေရှာကြည့် လျှင် လှိုက်ဂူပွင့် ခြင်းသည် ထူးခြားသည့် ၀ိဂတိ နိမိတ်ဖြစ်၏ ။ ပိတ်ဆို့  နေသည့် အရာ ပွင့်လာခြင်း .. ၊ မမြင်ရသည်များကို မြင်ဖူးရခြင်းသည် ထူးခြား၏။ အကျယ်ချုပ်မှ လွတ်မြောက်မည်ဟု နိမိတ်ဖတ်မိ၏ ။ သို့ ရာတွင် . . . အကျယ်ချုပ်မှ လွတ်မြောက်သော်ငြား တစ်ဖက်တွင် အမှုဆင်ဖမ်းသည်နှင့် ကြုံရပြန်၏ ။ နိုင်ငံတစ်ကာ ဖိအား နှင့် နအဖ ခံအား တို့ အားပြိုင်ကြမည်။ မည်သို့ ပင်ဆိုစေကာမူ ကောင်းသည့် အတိတ်နိမိတ်ဆောင်သဖြင့် ရလာဒ်ကောင်းများ ရရှိမည်။


ပြီးခဲ့သည့် ရွှေဝါရောင် အရေးတော်ပုံတွင် ထွက်လိုက်သည့် တဘောင် ။ မဟုတ်တာတွေက များ၏ ။ တဘောင်မှန်းမသိ၊ ဘာမှန်းမသိ ရမ်းဘောင်နေကြ၏။ ဖြစ်ချင်သည်က များနေသည့် တဘောင် .. ယခုအချိန်အထိ အသံပင် မကြားရတော့ ။ ဘောင်ခြင်ပါက မှန်ဘောင်သာဖြစ်ပေတော့မည်။

မှန်ဘောင်မဟုတ်သည့် ဟုတ်နိုးနိုး တဘောင်ကား ဂငယ်လေးလုံး တဘောင်ဖြစ်၏ ။

ဂငယ် လေးဆူ အုတ်သစ်ထူ
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည် ။

ဂငယ် ၄လုံးတွင် ပြီးခဲ့သည့် နှစ်များအထိ ၂ လုံး လှုပ်ရှားလေ၏ ။ ယခုနှစ်တွင် (၃)လုံး လှုပ်ရှားလာ၏ ။

၁) ဂမ္ဘာရီ ၊
၂) ဂဗၻီရ ၊
၃) ဂျွန်နသန် ရက်ထော နှင့် အတူ
၎) အခြား ဂငယ် တစ်လုံး ပေါ်လာချိန်တွင်တော့ ...

သင်တို့ ကြိုးစင်သို့ ဆီမဆွတ်ဘဲ တက်လှမ်းကြရလိမ့်အုံးမည်။

အရေးတော်ပုံ .. အောင်ရမည်


http://mmastrology.myanmarbloggers.org/
´