{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Saturday, May 16, 2009

ယနေ့  သိ့စရာ - ''ရှင်တို့အမှားတွေအတွက် ကျမကပဲ တရားဝင်တောင်းပန်ပါတယ်''

'' ရှင်တို့အမှားတွေအတွက် ကျမကပဲ တရားဝင်တောင်းပန်ပါတယ် ''

ခွာညို
(ငှက်ကလေးဘလော့မှ ကူးယူတင်ဆက်ပါသည်)

ရှင်တို့အားလုံးက အိမ်ဖော်ပါလို့ ၀ိုင်းပြီးအသရေဖျက်တာကို ခံနေရတဲ့ ကျမအမေ

“လူနဲ့လူလို အချိုးမှန်မှန်တွေးတတ်တဲ့ ဘယ်သူမဆို နိုင်ငံရေးသမားတယောက်နဲ့ အိမ်ဖော်တယောက်ရဲ့ ဦးတည်ချက်တွေကို သဘောပေါက်မိပါလိမ့်မယ်။
ရှင်းပြဖို့လိုလောက်အောင် အသိဉာဏ်ချွတ်ယွင်းနေသော
သတင်းထောက်ဆိုသူများ ရှိခဲ့ရင်လည်း ရှင်းပြပါရစေ။”


ကျမတို့မိသားစုဝင်တွေအားလုံးမှာ ဆတ်ဆတ်ထိမခံနိုင်တဲ့ အကြောင်းအရာ တခုတည်းပဲရှိပါတယ်။ အဲဒါဟာ ကိုယ်ကျင့်တရားနဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိပါးလာတာမျိုးကိုပဲ။ ဒါပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ၂၀၀၄ ခုနှစ်ကုန်ပိုင်းကတည်းက အဲဒီလိုသတင်းလုပ်တဲ့သူကိုရော သတင်းလုပ်ရေးစားနေသူတွေကိုရော ကျမ သည်းခံခဲ့ရပါတယ်။

မြန်မာသတင်းကိုပဲဖြစ်ဖြစ် ... အင်္ဂလိပ်သတင်းကိုပဲဖြစ်ဖြစ် ဖတ်လိုက်တိုင်း ကျမအမေကို “အိမ်ဖော်” လို့ ရေး ထားတာဟာ သတင်းဌာန တခုတည်းလည်းမကတော့ … သတင်းတပုဒ်တည်းလည်း မကတော့ … တရက် တည်းလည်းမဟုတ်တော့ … ကြာရင် ဒီသတင်းမှားဟာ အမှန်ဖြစ်သွားမှာကို ကာကွယ်ဖို့ သမီးဖြစ်တဲ့ကျမမှာ တာဝန်ရှိတယ်။ အမှန်ကို အမှန်အတိုင်းဖြစ်ဖို့ သတင်းသမားတဦးအနေနဲ့လည်း ကျမ တာဝန်ယူရပါလိမ့်မယ်။

လူနဲ့လူလို အချိုးမှန်မှန်တွေးတတ်တဲ့ ဘယ်သူမဆို နိုင်ငံရေးသမားတယောက်နဲ့ အိမ်ဖော်တယောက်ရဲ့ ဦး တည်ချက်တွေကို သဘောပေါက်မိပါလိမ့်မယ်။ ရှင်းပြဖို့လိုလောက်အောင် အသိဉာဏ်ချွတ်ယွင်းနေသော သ တင်းထောက်ဆိုသူများ ရှိခဲ့ရင်လည်း ရှင်းပြပါရစေ။

အိမ်ဖော်ဆိုတာ ငွေတခုတည်းရဖို့ သူ့လုပ်အားကို ရောင်းစားနေသူဖြစ်ပြီး နိုင်ငံရေးသမားတယောက်ကတော့ နိုင်ငံနဲ့လူမျိုးအတွက် သူကျရာအခန်းကနေ နိုင်သမျှဝန်ကို ၀င်ထမ်းဖို့အတွက် ကိုယ်ပိုင်ဘ၀ ... ကိုယ်ပိုင်ဆန္ဒ တွေကို စွန့်လွှတ်ထားရသူတွေဖြစ်ပါတယ်။ စွန့်လွှတ်တဲ့အထဲမှာ ၀င်ငွေရတဲ့အလုပ်တွေ မလုပ်နိုင်ဘဲ ငွေကုန် ကြေးကျများတဲ့ အလုပ်တွေကိုသာ လုပ်နေရခြင်းလည်း ပါဝင်ပါတယ်။

ကျမ ဘာကြောင့် ဒါတွေကို ဆက်ရေးနေရသလဲ။

ရေးနေရင် ကြော်ငြာဝင်သလို ဖြစ်မှာမလိုချင်လို့ မဆုမွန်ရဲ့ဘလော့ကနေ ရပ်တန်းကရပ်ဖို့ မဆုမွန်က တာဝန် ယူ ရေးပေးခဲ့ပေမယ့် ကိုယ့်ဝင်ငွေအတွက်ကိုယ် ကုန်းရုန်းရေးနေရသူ မြန်မာသတင်းထောက်များက အချက် အလက်အမှန်ပေးနေတဲ့ မဆုမွန်ရဲ့ ဘလော့ကိုလည်း ဖတ်မိကြပုံမရခဲ့ပါဘူး။ ဒါကြောင့် သတင်းတွေက ဆက် ပြီးရေးနေဆဲဖြစ်နေတယ်။ ဒါကြောင့် ဒေါ်ခင်ခင်ဝင်းရဲ့ သမီးတယောက်အနေနဲ့ ဗြောင်ဖွင့်ပြောရတဲ့ အဆင့်ကို ရောက်လာခဲ့ရတာပါ။

ဧရာဝတီကို အချက်အလက်မှားနဲ့ အင်္ဂလိပ်စာမျက်နှာမှာ သတင်းရေးခဲ့သူ စောရန်နိုင်ဟာ ကျမနဲ့ ဂျေစကူးလ် က တနှစ်တည်းဆင်းခဲ့တဲ့ လူငယ်လေးဖြစ်ပြီး အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ အက်ဒစ်လုပ်တဲ့ ကောလင်းဟင့်ရှေး ၀ုဒ်ကတော့ အဲဒီနှစ်က ကျမတို့ရဲ့ သတင်းထောက်မိတ်ဆက်ကို သင်ပေးခဲ့တဲ့ဆရာပါ။ အဲဒီနှစ်ကလည်း ဘီဘီ စီသတင်းထောက် တိုနီက အဲဒီလိုပဲရေးခဲ့လို့ ဒေါသထွက် ... အဲဒီအချိန်က အခုလိုဖွင့်ရှင်းရင် ပိုရှုပ်မယ့် တခြား အခြေအနေတွေကြောင့် ဒေါသထွက်မခံနိုင်တဲ့ ကျမဟာ စာသင်ခန်းအတွင်း အနှောက်အယှက်ဖြစ်ရလောက် အောင် ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် student one by one အစီအစဉ်နဲ့ ဆရာနဲ့ တယောက်ချင်းစီတွေ့ပြီး အခက်အခဲတွေ ပြောပြရတဲ့အခါ ဆရာကောလင်းကို ပြောပြခဲ့ပါတယ်။

ဆိုလိုတာက သူဟာ ကျမအမေ အိမ်ဖော်မဟုတ်ဘူးဆိုတာကို ၂၀၀၅ ခုနှစ်ကတည်းက သိနေခဲ့ပြီး အခု သူ့တ ပည့် စောရန်နိုင်က မှားယွင်းရေးခဲ့ရင်တောင် သတင်းမှန်ကို သိထားတဲ့ အယ်ဒီတာအနေနဲ့ double check လုပ်ဖို့ သူသင်ထားတဲ့ သင်ခန်းစာကို ပြန်နွေးပေးဖို့ သူ့မှာတာဝန်ရှိပါတယ်။ ဒါပေမယ့် သတင်းထောက်က ပ ညာလိုတယ်။ အယ်ဒီတာက ဖြစ်သလိုလုပ်တယ်။ ပတ်ပလစ်ရှာကလည်း ဖြန့်ချိတယ်။ ဟုတ်နေတာပါပဲ။

မနေ့က ကျမ ဧရာဝတီ ကိုအောင်ဇော်ကို နှစ်ဦးနှစ်ဘက် ဂုဏ်သိက္ခာအတွက် မှားယွင်းရေးသားမိကြောင်း တ ရားဝင် စာထုတ်ပေးဖို့ အကြောင်းကြားခဲ့ပေမယ့် ပါဆင်နယ်လက်တာတောင် ပြန်မလာခဲ့ပါဘူး။ ဒါပေမယ့် ၁၅ ရက်နေ့တင်တဲ့ သူတို့ အင်တာနက်စာမျက်နှာမှာတော့ her two live-in assistants and her doctor လို့ သုံး စွဲပေးသွားတာကို တွေ့ရပါတယ်။

အိုကေ..။

ကျမက ပြဿနာမဟုတ်။ တောင်းပန်ခြင်း ... ဆိုတာက အမှားလုပ်တဲ့သူကို သူ့သိက္ခာပြန်ဆယ်ဖို့ပေးတဲ့ အခွင့် အရေးပဲ။ သူတို့မယူတာ သူတို့အပိုင်းလို့ ကျမ စိတ်ဖြတ်ထားလိုက်တယ်။ အစကတည်းကလည်း နောက်ထပ် မ ရေးကြရင် တော်ပြီ ... လို့ပဲ သဘောထားခဲ့တဲ့သူ။ သဘောထားနိုင်တဲ့သူ။ သို့သော် …

ဘန်ကောက်က သတင်းစာရှင်းလင်းပွဲကို သွားတက်ခဲ့တဲ့ ညီမလေး စန္ဒာက “အမရေ … ထိုင်း ဒီမိုကရက်တစ် အမတ်ကလည်း အဲဒီစကားသုံးပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ ကြားလိုက်ခဲ့ရပြန်ပြီ” တဲ့။

အဲဒီလို အမတ်မင်းတွေက နာမည်ရ သတင်းစာမျက်နှာတွေကိုဖတ်ပြီး အဲဒီလိုပွဲမျိုးတွေမှာပြောမယ် ... သူတို့ စကားကို ကိုးကားပြီး သတင်းဌာနအငယ်တွေက ထပ်ရေးမယ်။ ဒီတော့ ပတ်လည်ရိုက်နေတဲ့ သတင်းမှားသံ သရာအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလို့ ထင်ပါသလဲ။ ကိုယ်က ရေးပြီးသွားတဲ့ သတင်းမှားအတွက် တရား ၀င်မှားယွင်းကြောင်း ကြေညာမပေးလို့ လည်နေမယ့် သတင်းမှားသံသရာလည်အတွက် ဘယ်သူ့မှာ တာဝန်ရှိ ပါသလဲ။

သတင်းနဲ့ လုပ်စားလာတာ အံခွနေတဲ့ သတင်းဋ္ဌာနကြီးများကို နွားရှေ့ထွန်ကျူး … လို့ ပြောရမလား။ ဘုန်းကြီး တစ္ဆေကို ကမ္မ၀ါဖတ်ပြနေရသလို လုပ်ရမှာလည်း ကျမလို ပမွှားသတင်းထောက်တယောက်က မ၀ံ့ရဲလေတော့ ...

ဆရာနီကိုရဲက သူ့ဝတ္ထုတပုဒ်ကို ဇာတ်သိမ်းခဲ့တဲ့ စကားတခွန်းလိုပဲ ...
“မင်းလွန်ခဲ့သမျှတွေအတွက် ကိုယ်ကပဲ တောင်းပန်လိုက်ပါတယ်” လို့ တောင်းပန်လိုက်ပါတယ်။
တောင်းပန်ပါတယ်။ ရှင်တို့မှားသမျှ ကျမအပြစ်တွေချည့်ပါပဲ ….

သတင်းလောကကို ရွံကြောက်စပြုလာသူ သတင်းထောက်တဦး၏ မှတ်တမ်း

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ
အကျဉ်းစံဘ၀သို့ ကူးပြောင်းရေးကာလအတွင်းတွင်
အလွန်အမင်း လေးစားထိုက်သူများအား မှတ်တမ်းတင်ခြင်း

သူ့ကိုဖမ်းတာမဟုတ်ပါဘဲ နိုင်ငံခေါင်းဆောင်ရဲ့ အားကိုးတကြီး အကူအညီတောင်းမှုအပေါ် တိုင်းပြည်နှင့်လူ မျိုးအတွက် လိုအပ်ချက်အရဟု သဘောပိုက်ကာ မိမိကိုယ်တိုင် ကျမ်းမာရေးမကောင်းသည့်ကြားက အကျယ် ချုပ်ကျခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သွားရောက်နေထိုင်ပေးခဲ့သော ကျမ အမေ ဒေါ်ခင်ခင်ဝင်း ကိုလည်းကောင်း ...

အမေ့ကျန်းမာရေးမကောင်းသည့်အတွက် လူကြီးနှစ်ယောက်တည်း ဖြစ်နေမည်ကို စိတ်မချစွာ မိခင်နှင့် သူမ ချစ်ခင်မြတ်နိုးသော အန်တီစုအား စောင့်ရှောက်ရန် စိတ်ပါလက်ပါ လိုက်သွားခဲ့သော ကျမညီမငယ် ၀င်းမမ အားလည်းကောင်း ...

ကျမအမေ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအမျိုးသမီးအဖွဲ့ဝင်ဆိုသည့် နေရာသတ်မှတ်ချက်ကို လည်း ကောင်း၊ ပဲခူးတိုင်းစည်းအဖွဲ့ဝင်နှင့် အမျိုးသမီးစည်းရုံးရေးခေါင်းဆောင်မှန်းကိုလည်းကောင်း သိသိကြီးနှင့် “အိမ်ဖော်နှစ်ယောက်” နှင့်အတူနေပါသည်ဟု ၂၀၀၅ ခုနှစ်က စတင်ကာ မီဒီယာသို့ သတင်းတင်ပေးခဲ့သော အမေ၏ လုပ်ဖော်ကိုင်ဖက် အမျိုးကောင်းသမီးကြီးတဦးအားလည်းကောင်း ...

မြန်မာလို မေးမြန်းရေးသားရာမှာပင် သတင်းမှန်ကို မမေးနိုင်လောက်အောင် သတင်းအချက်အလက်များကို မှန်ကန်အောင် ရေးရမည့်အစား ပုဒ်ရေများများထွက်ရေးကိုသာ ဦးစားပေးလျက် မိမိတို့ကလောင်စွမ်းဖြင့် ကျ မအမေ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံရေးသမိုင်းကို “အိမ်ဖော်” ဟူသောအသုံးဖြင့် ၀ိုင်းဝန်းအသရေဖျက်နေကြသော မြန်မာသတင်းထောက်ကျော်ကြီးများအားလည်းကောင်း ...

၂၀၀၁ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်သော ကျမအဖေအား မယားငယ်ရှိသယောင် သို့မဟုတ် ၂၀၀၁ ခု နှစ်ကတည်းက မုဆိုးမဖြစ်ကာ ထိုအချိန်မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏နှင့် အတူရှိနေခဲ့သော ကျမအမေမုဆိုးမအား လင်ငယ်ရှိသယောင်ယောင် ဘိုလိုလက်စွမ်းပြချင်ဇောဖြင့် half daughter ဟု သုံးနှုန်း လျက် အမေရင်းနှင့်သမီးရင်းတို့အား လင်ပါသမီးလိုလိုဖြစ်အောင် ဒီဗွီဘီအင်တာနက်စာမျက်နှာတွင် စော်စော် ကားကား ရေးသားလက်စွမ်းပြ ကလောင်သွေးခဲ့သော ဒီဗွီဘီ သတင်းထောက်ကျော် ကိုထက်အောင်ကျော် အားလည်းကောင်း ...

(ယခု ထိုအသုံးအနှုန်းအား ဖြုတ်ချလိုက်ပြီဖြစ်သော်လည်း အမှားအယွင်းအတွက် တာဝန်ယူပြီး မိသားစုအား တရားဝင် တောင်းပန်ခြင်းမရှိခဲ့သူ)

မှတ်တမ်းတင်အပ်ပါသည်။
´