{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, May 08, 2009

ယနေ့ အမှတ်တရပါ။ ( နအဖတွေရဲ့  အကြံပက်စက်သည့် ဇတ်လမ်းဆင်ကွက်။ )


နအဖတွေရဲ့  အကြံပက်စက်သည့် ဇတ်လမ်းဆင်ကွက်။
























- ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝန်းနောက်ဘက် အင်းယားကန်ရေပြင်ရဲ့ အောက်ဖက်မှာ သံစူးကြိုးများ အထပ်ထပ် ချထားတာ ဖြစ်ပါတယ်။ ဒီသံစူးကြိုးများဟာ တစ်ထပ်ထဲ မဟုတ်ဘဲ သုံးထပ်ချထားခြင်း ဖြစ်ပါတယ်။ ဒီသံစူးကြိုးတွေ အထပ်ထပ်ချထားတာကို နအဖအစောင့်တွေ သိကြပါတယ်။ နအဖတွေ ပြောတဲ့ ခိုးဝင်တဲ့သူမှာ ခေါက်ပလာယာပါတယ်ဆိုတာ နအဖတွေဘက်က ယူသွားဖို့  စီစဉ်ပေးထားတာ ဖြစ်နိုင်ပါတယ်။

- ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်း ကမ်းစပ်ရဲ့  တဖက်ကမ်းက ကျွန်းတွေကနေပြီး မှန်ဘီလူးတွေနဲ့  လှမ်းကြည့်ပြီး စောင့် နေကြတဲ့ နအဖအဖွဲ့ တွေ လည်း အနည်းဆုံး ၂ နေရာရှိပါတယ်။ ဒီတော့ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြံဝန်းအတွင်းမှာရှိတဲ့ နအဖအစောင့်တွေအနေနဲ့ လည်း မသိမြင်ဖူး၊ အိမ်အတွင်းကိုလည်း နအဖအစောင့်တွေ ၀င်ထွက်ကြည့်လို့ ရရဲ့ သားနဲ့  အိမ်အတွင်းမှာ ခိုအောင်းနေထိုင်တယ်ဆိုတာ မဖြစ်နိုင်ပါဖူး။

- နာဂစ်မုန်တိုင်းတိုက်ခတ်မှုနောက်ပိုင်းမှာ အိမ်ခြံဝန်းထဲက အပင်တွေ လဲကျကုန်ခဲ့တာမို့  မြင်ကွင်းက ရှင်းနေပါတယ်။ ဆီဒိုးနားရှေ့  အင်းလျားရေကန်ဘောင်ကနေ လှမ်းကြည့်လိုက်ရင်တောင် ခြံထဲ က အိမ်ရဲ့  ပေါ်တီခုံအောက်မှာ လူရှိနေရင် တွေ့ မြင်ရလောက်အောင် မြင်ကွင်းက ရှင်းပါတယ်။

- အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းသို့  ခိုးရောက်ဝင်တာ မှန်ခဲ့လျှင် နအဖတွေ၏ လုပ်ကြံဇာတ်လမ်းမှာ ပိုမိုသိသာပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်းသို့  မရောက်ရောက်အောင် ဖန်တီးပြီး၊ နအဖ အထက်ပိုင်းမှ ညွှန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝန်းအတွင်းရှိ အစောင်လုံခြုံရေးများနှင့်အတူ ခိုအောင်းနေစေပြီး ပြန်လည်ထွက်လာကာ ဖမ်းမိသည့်ပုံစံ ဖန်တီးခြင်း ဖြစ်နိုင်ပါတယ်။

- နအဖတွေရဲ့  လုပ်ကြံဇတ်လမ်းကတော့ ဖြစ်နိုင်ခြေတွေက -

(၁) အင်းလျားရေကန်ထဲမှာဘဲ ရေထဲဆင်းခိုင်းထားပြီး အဖမ်းပြကာ လုပ်ကြံဇတ်လမ်းထွင်တာ

(သို့ မဟုတ်)

(၂) နအဖအစောင့်တွေကို နအဖအထက်က အမိန့် ပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်းအတွင်းထဲမှာဘဲ အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မသိအောင် နအဖအစောင့်တွေနဲ့ အတူ ပုန်းအောင်းနေခိုင်းထားပြီးမှ ပြန်ထွက်ခိုင်းကာ အထွက်မှာ အဖမ်းပြကာ လုပ်ကြံဇတ်လမ်းထွင်တာ ဖြစ်နိုင်ခြေ ရှိပါတယ်။

- ဒီတော့ကာ နအဖတွေလုပ်တဲ့ အကြံအစည် ယုတ်မာမှုက နိုင်ငံတကာမှာ နိုင်ငံခြားသားအချို့ ကို ငွေပုံပေးပြီး နအဖ လုပ်ခိုင်းစေချင်တဲ့ ပြောစေချင်တဲ့ နအဖ၀ါဖြန့် ချီရေးလုပ်ငန်းတွေ လုပ်ဖို့ ပြောဖို့  ကြေးစာငှားခိုင်းနေတဲ့အတိုင်း၊ ယခုလည်း နိုင်ငံခြားသားတစ်ဦးကို ငွေနဲ့ ပေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ခြံဝန်းထဲဝင်ပြီး ခိုအောင်းနေထိုင်ပါတယ်လို့  ဖန်တီးလုပ်ကြံတာ ဖြစ်နိုင်ပါတယ်။ နအဖတွေရဲ့  ဖန်တီးတဲ့ လုပ်ကွက်က ကလေးဆန်လွန်းပါတယ်။

- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ ကောက်ကျစ်ယုတ်မာပက်စက်တဲ့ လူသတ်ကောင် နအဖတွေလက်ထဲမှာ နေ့ နဲ့ အမျှ အသက်အန္တရာယ်ရှိနေတာ အမှန်ပါဘဲ။

(သုံးသပ်ချက် ပေးပို့ လာသူ ပြည်သူတစ်ဦးအား အထူးကျေးဇူးတင်ရှိပါတယ်)။(နစ်နေမန်း)

-နအဖက ဖန်တီးလုပ်ကြံသော - ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံအတွင်းသို့  ၀င်ရောက်သူအား ဖမ်းဆီးမိသော နေရာပါတဲ့။

-ပုံပေါ်ကို mouse click လုပ်ပြီး အကျယ်ချဲ့ ကြည့်နိုင်ပါတယ်။

( http://niknayman-niknayman.blogspot.com/ )

***** ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အမေရိကန် နိင်ငံသားတဦးဖြစ်တဲ့ ဂျွန်ဝီလီယံ ယက်တော ( Johan Willions Yettaw) ဆိုသူ က မေလ (၃) ရက်နေ့ က အင်လျားကန် ကို ဖြတ် ပြီး ခိုးဝင်းခဲ့တယ်။ ဒေါ်စုအိမ်မှာ(၂) ရက်တာ နေထိုင်ခဲ့ပြီးနောက် ပြန်အလာမှာ ဖမ်းမိတယ်လို့ ဆို န၀တ သတင်းစာက ဆိုပါတယ်။

- ရန်ကုန်မှလာတဲ့သတင်းတချို့ ရဲ့ အဆိုအရ အမေရိကန် နိင်ငံသားဟာ ပူလွန်းတဲ့အတွက် ရေဆင်းစိမ်နေစဉ်မှာ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဆိုတယ်။ သူကိုဖမ်းမိတဲ့နေရာနဲ့  ဒေါ်စုအိမ်ကို လက်ပြစ်ကူးသွားဖို့ ဆိုတာ မဖြစ်နိင် ဘူးလို့ ဆိုကြပါတယ်။ ဖမ်းမိတဲ့နေရာနဲ့  ဒေါ်စုအိမ်ကို မြေပုံမှာကြည့် ရူနိင်ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့ ဒီမိုကရေစီအင်အားစုတွေ ကတော့ ဒီသတင်းကြောင့် အတော့ကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ သိက္ခာကျအောင် တိုက်ခိုက်တာ ဖြစ်နိင်တယ်လို့ ယူဆကြပါတယ်။ အရင်ကလည်း ခုလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ဇတ်လမ်းဇတ်ကွက်များကို နည်းမျိုးစုံ လုပ်ကြံဖန်တီးခဲ့ကြဘူးပါတယ်။ ဧရာဝတီတိုင်းနဲ့ ဒီပဲယင်းလို အရေးအခင်းတွေနဲ့  လုပ်ကြံဖို့ လည်း ကြိုးပန်းခဲ့ကြဘူးပါတယ်။ ဒီလုပ်ရပ်တွေကို ဦးဆောင် ညွန်ကြား လုပ်ကိုင်ကြသူတွေကတော့ နအဖ ခေါင်းဆောင် များ ဖြစ်တဲ့ ဗိုလ်ခင်ညွန့် ၊ ဗိုလ်သန်းရွှေ တို့ ပဲဖြစ်ကြပါတယ်။ အမေရိကန် သံရုံးကတော့ သတင်းစာ မှာ ပါမှ သိတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လုံခြုံရေးကင်းမဲ့နေတာ ကို ပြသနေတယ် ဆိုတဲ့ မှတ်ချက်ကလွဲ လို တခြား လေးနက်တဲ့ မှတ်ချက်ကို မထုတ်ပြန်ခဲ့ပါဘူး။ ဒီသတင်းကို တိတိကျကျ မသိရကြသေးပါဘူး။ အဖမ်းခံ နေရတဲ့ ( Johan Willions Yettaw) ပြန်လည်လွတ်လာမှသာ သတင်းအတိကျကို သိနိင်မှာဖြစ်ပါတယ်။*****

( ကိုမိုသီး )

( http://komoethee.blogspot.com/ )
´