{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Friday, August 01, 2008

မြန်မာလူထုထံသို့ သမ္မတဘုရှ် ရေဒီယိုမှ သတင်းစကားပါးမည်(Click)


NEJ/ ၁ သြဂုတ် ၂၀၀၈
ဂျော့ခ်ျ ဒဗလျူဘုရှ်

အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ်သည် မြန်မာအသံလွှင့်ဌာနများမှတဆင့် မြန်မာနိုင်ငံ ပြည်သူများထံသို့ တိုက်ရိုက် သတင်းစကား ပြော ကြားမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ အာရှရေးရာ ဒါရိုက်တာ ဒန်းနစ်ဝယ်လ်ဒါ
က ဇူလိုင် (၃၀) ရက် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

သမ္မတဘုရှ်၏ တောင်ကိုးရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားတို့သို့ သွားရောက်လည်ပတ်မည့် တပတ်ကြာ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိသည့်အခါ ယင်းသို့ပြောကြားရန် အစီအစဉ်ရှိခြင်းဖြစ်သည်။

သမ္မတဘုရှ်သည် သြဂုတ် (၇) ရက်၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနှင့် ပတ်သက်၍ အန်ဂျီအိုများ၊ အမေရိကန် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် နေ့လည်စာစားရင်း တွေ့ဆုံစကားပြောမည်ဖြစ်ကြောင်း ထို့နောက် မြန်မာလူထုအား တိုက်ရိုက် သတင်းစကားပါးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ထုတ်လွှင့်နေသည့် အသံလွှင့်ဌာနများအား အင်တာဗျူး လက်ခံဖြေကြားမည်ဟု သိရသည်။

တချိန်တည်း၌ပင် သမ္မတကတော် လော်ရာဘုရှ်သည်လည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ သွားရောက်၍ မယ်လဒုက္ခသည်စခန်းနှင့် ဒေါက်တာစင်သီယာမောင်၏ ဆေးခန်းသို့ သွားရောက် လည်ပတ်ရန် အစီအစဉ်ရှိသည်။ ။

´