{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Monday, August 31, 2009

{ ဒီမိုကရေစီပျက် ဂျင်ဝက်နဲ့ အိုဘားမားရဲ့ အပြောင်းအလဲပေါ်လစီ }(Click)

ဒီမိုကရေစီပျက် ဂျင်ဝက်နဲ့ အိုဘားမားရဲ့ အပြောင်းအလဲပေါ်လစီ

ဒီမိုကရေစီပျက် ဂျင်ဝက်နဲ့ အိုဘားမားရဲ့ အပြောင်းအလဲပေါ်လစီ
မောင်ဂဒိုး

ဆီနိတ်တာ ဂျင်ဝက် အမေရိကန်ပြန်ရောက်တော့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့အမြင်သဘောထားကို နယူးယောက်တိုင်းမ်သတင်းစာမှာ ရှင်းလင်းရေးသားခဲ့ပါတယ်။ အဲဒီမှာ အန်အယ်လ်ဒီအဖွဲ့ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းထားသလို မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ လျှော့ချဖို့ကိုလည်း အကြံပြု ထားပါသေးတယ်။ ဒါ့အပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတို့ရဲ့ ဒဏ်ခတ်ရေးပေါ်လစီတွေကြောင့် တရုတ်နိုင်ငံ ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ သြဇာလွှမ်းမိုးလာမှုကို စိုးရိမ်ကြောင်းလည်း ဖော်ပြထားပါ တယ်။

နအဖစစ်အစိုးရဟာ နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးတွေ ရက်ရက်စက်စက် ဆက်လက်ချိုးဖောက်နေဆဲပါ။ ပြည်တွင်းကိစ္စများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကိုလည်း လစ်လျူရှုထားဆဲပဲ ဖြစ်တယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီအဖွဲ့ရဲ့ သဘောထားဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း စတာတွေကို ရှိတယ်လို့တောင် သဘောထားတာမဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပေ မယ့် နိုင်ငံတကာက တောင်းဆိုထားတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေမယ့် အထောက်အထားတွေလည်း ဘာမှတွေ့ရတာမဟုတ်ပါဘူး။

ဒါနဲ့တောင် အန်အယ်လ်ဒီအဖွဲ့ကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတယ်ဆိုတာ မစ္စတာဂျင်ဝက် ဦးနှောက်ပျက် နေတာပဲဖြစ်မယ်။ ဒါမှမဟုတ် ဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာပြည်သူလူထုကို နအဖစစ်အာဏာရှင်တွေ အောက် ဒူးထောက်အညံ့ခံခိုင်းတာပဲဖြစ်မယ်။

တကယ်တော့ မြန်မာနိုင်ငံကိုလာခဲ့တဲ့ ရည်ရွယ်ချက်ကိုက မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အ ရေး တိုးတက်ဖို့အတွက် ရည်ရွယ်ပြီးလာခဲ့တာမဟုတ်ပါဘူး။ မစ္စတာယက်တောကို အကြောင်းပြုပြီး အာဏာရ နအဖအဖွဲ့နဲ့ ဆက်ဆံရေးတမျိုး ထူထောင်လိုချင်စိတ်နဲ့ လာခဲ့တာလို့ဆိုချင်ပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ် ရဲ့သြဇာလွှမ်းမိုးလာမှုကို စိုးရိမ်နေတာက အဓိကပါ။ မစ္စတာဂျင်ဝက်ဟာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုပေမယ့် သူ အမေရိကားကို ပြန်ရောက်စဉ် သမ္မတ အိုဘားမားက ဆီးကြိုပွေ့ဖက် နှုတ်ဆက်တဲ့ ပုံကိုကြည့်ပြီး သူဟာ သမ္မတရဲ့ အပြောင်းအလဲပေါ်လစီရဲ့ ရှေ့တော်ပြေးဖြစ်နေမှာကိုတောင် စိုးရိမ်နေမိပါ သေးတယ်။ မစ္စတာယက်တောအတွက်တော့ဖြင့် ဒီလောက်လှိုက်လှိုက်လှဲလှဲ ဖြစ်စရာမရှိပါဘူး။ အပြစ်ရှိတဲ့ သူ့နိုင်ငံသားကို ပြန်ခေါ်သွားပြီး အပြစ်မရှိတဲ့ ဒီနိုင်ငံသားကိုတော့ ထားချင်သလိုထားပစ်ခဲ့တာ ဒီမိုကရေစီနိုင်ငံ ကြီးရဲ့ အမူအကျင့်လားလို့ မေးရမလိုတောင်ဖြစ်စေပါတယ်။

အစဉ်အလာအရ အမေရိကန် ဒီမိုကရက်တစ်သမ္မတများဟာ ဒီမိုကရေစီဆိုတဲ့ စကားလုံးသုံးပေမယ့် မြန်မာ ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေးမှာ ထိရောက်အောင် အကူအညီမပေးခဲ့ပါဘူး။ ဘီလ်ကလင်တန်လက်ထက် တုန်းကလည်း သမ္မတ ဂျော့ဒဗလျူဘွတ်ရှ်လက်ထက်မှာ ကျဆင်းခဲ့တဲ့ အမေရိကားရဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ကြိုးစားရင်းနဲ့ သူ့နိုင်ငံပြည်သူအတွင်းမှာသာ သူတို့သတ်မှတ်တဲ့ ဒီမိုကရေစီအခွင့်အရေး ဆိုတာမျိုး ပိုရရှိအောင်ကြိုးစားသွားခဲ့တာပါ။ ဥပမာ (ကျနော့်အမှတ်သညာ မမှားဘူးဆိုရင်) လိင်တူခြင်းဆက် ဆံမှုကို တရားဝင်ခွင့်ပြုနိုင်အောင် ဆောင်ရွက်တာမျိုး၊ အမျိုးသမီးများ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ခွင့်ရ အောင် ဆောင်ရွက်တာမျိုး၊ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို ထောက်ခံတာမျိုးတို့ပါ။

မွေးရာပါ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံအရေး၊ လူသားတရပ်လုံးရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြိုးပမ်းမှု စတာတွေအတွက်တော့ ထောက်ခံ ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိပါကြောင်း စကားလက်ဆောင် ပါးရုံလောက်သာပါ။ တ ခြားပံ့ပိုးမှုတွေလည်း ရှိပါတယ်ဆိုပေမယ့် ထိထိရောက်ရောက် မရှိလှဘူးလို့ဆိုချင်တာပါ။

အခုသမ္မတ အိုဘားမား တက်လာတော့ “အပြောင်းအလဲ လုပ်ဖို့လိုအပ်ပြီ” ဆိုတဲ့ စည်းရုံးလှုံ့ဆော်တဲ့ အသံနဲ့ တက်လာခဲ့တာပါ။ သူ တက်လာချိန်ဟာ အထူးသဖြင့် အမေရိကားနဲ့ အနောက်တခွင် စီးပွားပျက်ကပ်နဲ့ ကြုံနေ တဲ့ အချိန်ပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ ဂွာတာနာမိုဘေးအကျဉ်းစခန်း ပိတ်ပစ်တာမျိုးရှိပေမယ့် နိုင်ငံတကာလူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်အောင်ဆောင်ရွက်နိုင်မယ်လို့တော့ မျှော်လင့် လို့မရပါဘူး။ သမ္မတ ဘွတ်ရှ်လက်ထက် စစ်ပွဲအလီလီနွှဲခဲ့လို့ ကျဆင်းခဲ့တဲ့ စီးပွားရေးကို ဦးမော့လာအောင်သာ ကြိုးစားသွားမယ်လို့ ထင်နေမိတယ်။ ဒါဟာသူဆိုလိုတဲ့ အပြောင်းအလဲများလား ပြောဆိုဖို့ စောနေသေးပေ မယ့် တာထွက်ကိုတော့ဖြင့် မကြိုက်လှဘူး။

နအဖလို စစ်အစိုးရမျိုးကို လေပြေထိုးတဲ့ လုပ်ရပ်မျိုး လုပ်လာတာဟာ ဒီမိုကရေစီအင်အားစုတွေအတွက် စိတ် မသက်သာစရာပါ။ “အမေရိကားရဲ့ ပိတ်ဆို့အရေးယူမှုကလည်း မြန်မာနိုင်ငံကို အပြောင်းအလဲမဖြစ်စေဘူး၊ အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကလည်း နိုင်ငံရေးတိုးတက်ပြောင်းလဲမှု မပေါ်ပေါက်စေနိုင် ဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုတမျိုး စဉ်းစားဖော်ဆောင်နေတယ်” လို့ အမေရိကန်အစိုးရက ဆို ထားပါတယ်။ ဒီအတွက်လားတော့ မသိဘူး၊ အခုမှ အမေရိကန်အောက်လွှတ်တော်အမတ်တွေ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့တွေ့ပြီး အချက်အလက် စုဆောင်းနေဆဲပဲဖြစ်တယ်။ လူမမာက သေတော့မယ်၊ ခုမှ လက်သည်ရှာတုန်းဆိုတာ ဒါမျိုးပါ။ တယ်အားကိုးရမယ့်ပုံ မပေါ်ပါဘူး။

တကယ်တမ်း အပြောင်းအလဲဖြစ်ပေါ်စေလိုတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီနဲ့ နအဖနဲ့ စေ့စပ်ဆွေးနွေးပွဲရောက်အောင် စီးပွားရေးပိတ်ဆို့အရေးယူတဲ့နည်းနဲ့ ဖိအားပေးဖို့သာလိုတာပါ။ ဒါမှ မရရင် တရားဝင် အုပ်ချုပ်ခွင့်မရှိတဲ့ နအဖကို ဖယ်ရှားပစ်ဖို့သာပါ။ ငွေကြေးကူညီထောက်ပံ့တဲ့နည်းနဲ့ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု စတာတွေဟာ ပြည်သူတွေလက်ထဲမရောက်ဘဲ နအဖ ဗိုလ်ချုပ်တွေ ချမ်းသာဖို့နဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ပဲဖြစ်သွားတာ သူတို့အသိပါ။ ဒါကြောင့် နအဖကို ဖယ်ရှားတဲ့နည်းကလွဲလို့ တ ခြားမရှိပါဘူး။ သန်း (၅၀) သော ပြည်သူလူထုကိုသာ ငဲ့ကွက်ရမှာပါ။ လက်တဆုပ်စာ နအဖကို စာနာထောက် ထားနေစရာ မလိုပါဘူး။

ဒါ့ကြောင့် အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်စေဖို့နဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု လျှော့ချဖို့ မစ္စတာ ဂျင်ဝက် ပြောဆိုတာတွေဟာ မြန်မာပြည်သူတွေကို နအဖအတွက် “ခြင်းထဲက ကြက် ကြိုက်တဲ့အချိန် ရိုက် ချက်စား” လို့ရအောင် လုပ်ပေးသလိုသာဖြစ်တယ်။ ဒီမိုကရေစီကို ပုံဖျက်တာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံဒီမို ကရေစီရရှိရေးအတွက်မဟုတ်ဘဲ အမေရိကားရဲ့ တရုတ်နဲ့အပြိုင် သြဇာလွှမ်းမိုးနိုင်ဖို့နဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုပြုနိုင်ရေးအတွက် လမ်းခင်းလိုခြင်းသာ ဖြစ်လိမ့်မယ်။ ဒါဟာ သမ္မတ အိုဘားမားရဲ့ နိုင်ငံတကာအပေါ် သဘောထားရပ်တည်ချက်ကို ထင်ဟပ်စေတဲ့အချက်မဖြစ်ဖို့ မျှော်လင့်မိပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု လျှော့နည်းစေဖို့ဆိုရင် အရည်အချင်းမရှိတဲ့ နအဖကို ဖြုတ်ချဖို့သာ ဖြစ်ပါတယ်။ နအဖအုပ်ချုပ်နေသမျှ တရုတ်သာမက၊ ရုရှားနဲ့ အာဆီယံတို့ရဲ့သြဇာပါ လွှမ်းမိုးနေဦးမှာ၊ ဒေသ တွင်းငြိမ်းချမ်းရေးကို ထိခိုက်နေဦးမှာဖြစ်ပါတယ်။ နအဖကို အဆင်ပြေအောင်ပေါင်း သြဇာညောင်းအောင်လုပ် တာဟာလည်း တရုတ်ရဲ့ လမ်းစဉ်ပါ။ အခုလို နိုင်ငံတကာက နအဖကိုဆန့်ကျင်မှု မြင့်တက်နေတဲ့အချိန်၊ အီး ယူက စီးပွားရေးပိတ်ဆို့အရေးယူမှု ပိုမိုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အမေရိကားရဲ့ဆီနိတ်တာက နအဖ ကို လေပြေသွေးဖို့ ကြိုးစားသွားတာဟာ အမေရိကားကိုယ်တိုင် တရုတ်ရဲ့သြဇာလွှမ်းမိုးမှု ခံနေရပြီဆိုတဲ့ သ ဘောပါပဲ။

ဆီနိတ်တာရဲ့ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံအပေါ် အပြုသဘောနဲ့ချဉ်းကပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေ မယ့် မြန်မာပြည်သူလူထုနဲ့ ဒီမိုကရေစီအင်အားစု အများစုတွေရဲ့ သဘောထားနဲ့တော့ ဆန့်ကျင်နေပါတယ်။ မကြာခင် မြန်မာနိုင်ငံဝန်ကြီးချုပ်ဆိုသူ အမေရိကားကို သွားပါလိမ့်မယ်။ ဒီအခါ သမ္မတ အိုဘားမားရဲ့ပေါ်လစီ ဘယ်လိုလဲဆိုတာ ပိုပြီးထင်သာမြင်သာရှိလာမှာပါ။

တကယ်တော့ မြန်မာ့ဒီမိုကရေစီအရေးမှာ ဘယ်အမေရိကား၊ ဘယ်နိုင်ငံခြားမှ အားကိုးစရာမလိုဘဲ ကိုယ့်ပြည် သူလူထုအားကိုသာ အားကိုးပြီး ၂၀၁၀ မတိုင်ခင် နအဖကို ဖြုတ်ချရမှာပါ။ မျိုးစေ့မမှန်တဲ့အပင် မြေပေါ်ကို အ ရောက်မခံတာ အကောင်းဆုံးပါ။

မောင်ဂဒိုး
၃၁၊ သြဂုတ်၊ ၂၀၀၉

Monday, August 24, 2009

{ အာဆီယံပဋိညာဉ်စာတမ်းကို ဈေးဦးပေါက် ချိုးဖောက်လိုက်တဲ့ မြန်မာနိုင်ငံ } (Click)




အာဆီယံပဋိညာဉ်စာတမ်းကို ဈေးဦးပေါက် ချိုးဖောက်လိုက်တဲ့ မြန်မာနိုင်ငံ

ဘွဲ့ဖြူ

၂၄ သြဂုတ် ၂၀၀၉
line

အာဆီယံဟာ မူလစတင်ဖွဲ့စည်းစက ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းရယ်လို့ တိတိကျကျမရှိခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်လာစေရေးအတွက်သာ ရည်ရွယ်တဲ့၊ မိတ်ဖြစ်ဆွေဖြစ် သဟာယအသင်းသာသာ အဆင့်သာရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။

ဒါပေမယ့် အဖွဲ့စတင်ပေါ်ပေါက်လာခဲ့တဲ့ ၁၉၆၇ ခုနှစ်ကစလို့ အရှေ့တောင်အာရှဒေသဟာ တစတစ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့တာမို့ အာဆီယံအဖွဲ့ရဲ့ ပုံရိပ်ဟာလည်း နိုင်ငံတကာမျက်နှာစာမှာ တနေ့တခြား ပိုပိုပြီး ထင်ရှားအရေးပါလာခဲ့တယ်။ တချိန်တည်းမှာ စီးပွားဖက်တွေဖြစ်ကြတဲ့ ဥရောပသမဂ္ဂ (အီးယူ)၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဆက်ဆံရေးတွေဟာလည်း အချိန်နဲ့တပြေးညီ တိုးတက်မြင့်မားလာတာနဲ့အမျှ အာဆီယံဟာ နိုင်ငံတကာအလယ်မှာ မိမိကိုယ်မိမိ စည်းမျဉ်းစည်းကမ်း စနစ်တကျရှိပြီး ဂုဏ်ဒြပ်ထည်ဝါတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ် ဆိုတာကိုပြသဖို့ မဖြစ်မနေ လိုအပ်လာခဲ့တယ်။

ဒီလိုနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံး လိုက်နာအပ်တဲ့ ပဋိညာဉ်စာတမ်းတခု ပေါ်ထွက်လာရေးကို အာဆီယံခေါင်းဆောင်တွေ ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ကြတယ်။ အာဆီယံဟာ အခြားအခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ နိုင်ငံစုံအဖွဲ့အစည်းတခုဖြစ်တာနဲ့အညီ မိမိတို့ရဲ့ ပဋိညာဉ်စာတမ်းဟာ၊ ဒီကနေ့ကမ္ဘာမှာ လွှမ်းမိုးပျံ့နှံ့နေပြီး အခြားသော နိုင်ငံတကာအဖွဲ့အစည်းမှန်သမျှရဲ့ ပဋိညာဉ်စာတမ်းတိုင်း မှာလည်း ပါဝင်နေတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ အနှစ်သာရတွေ ထည့်သွင်းရေးဆွဲဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို အာဆီယံခေါင်းဆောင်တွေက သိကြတယ်။

ဒါပေမယ့် ဒီကိစ္စမှာ ပြဿနာတခုက ကြီးကြီးမားမားရှိနေတယ်။ အဲဒါကတော့ မြန်မာနိုင်ငံကိစ္စပဲ။ ဒေသတွင်းက နိုင်ငံအားလုံး ပါဝင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်စေဖို့နဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ခေါင်းမာမာနဲ့ ဖီဆန်အန်တုနေတဲ့ နအဖ စစ်အုပ်စုခေါင်းဆောင်တွေကို အဖွဲ့ထဲရောက်မှ ဖျောင်းဖျောင်းဖျဖျ ပြောယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့တည်ထောင်မှု အနှစ် (၃၀) ပြည့်မြောက်တဲ့ ၁၉၉၇ ခုနှစ်မှာ အီးယူနဲ့ အမေရိကန်တို့ အတန်တန် သတိပေးနေတဲ့ကြားက အာဆီယံခေါင်းဆောင်တွေက အဖွဲ့ထဲဆွဲသွင်းခဲ့တဲ့ မြန်မာနိုင်ငံဟာ အာဆီယံအတွက် မာရ်နတ်လည်ပင်းမှာ ရှင်ဥပဂုတ္တဆွဲပေးလိုက်တဲ့ ခွေးသေကောင်ပုပ်လို ဖြစ်နေတယ်။

မြန်မာနိုင်ငံ အဖွဲ့ထဲရောက်လာခဲ့ချိန်ကစလို့ အာဆီယံနဲ့ သူ့ရဲ့ အဓိကစီးပွားဖက် အီးယူနဲ့ အမေရိကန်တို့ကြား ဆက်ဆံရေးဟာ အကြိမ်ပေါင်းများစွာ ဆူးငြောင့်ခလုတ်ကန်သင်းတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ တင်းမာမှုအမြင့်ဆုံး အခြေအနေတချို့မှာ နှစ်ဖက်အကြား စီစဉ်ထားတဲ့ အစည်းအဝေးတွေ ရွှေ့ဆိုင်းလိုက်ရတာမျိုး၊ ပျက်ပြားသွားတာမျိုးတွေတောင် ရှိခဲ့တယ်။ ကျန်အာဆီယံခေါင်းဆောင်တွေက “ငါတို့အဖွဲ့တွင်းကိစ္စကို အပြင်က ဘယ်သူမှလာပြီး ဖိအားပေးစွက်ဖက်တာကို မခံဘူး” ဆိုတဲ့ တလွဲမာနနဲ့ မြန်မာနိုင်ငံကို ဇွတ်အတင်း မျက်စိမှိတ် ကာကွယ်နေပေမယ့် သူတို့ကိုယ်တိုင်လည်း မြန်မာနအဖစစ်အုပ်စုရဲ့ လိမ်ညာလှည့်ဖြား စကားမတည်မှု၊ စော်ကားမှုတွေကြောင့် အတော်ကလေး မကျေမချမ်း ဖြစ်ခဲ့ကြရတယ်ဆိုတဲ့ သတင်းတွေ သံတမန်ရပ်ကွက်ကတဆင့် မကြာမကြာ ထွက်ပေါ်လာလေ့ရှိခဲ့တယ်။

လည်ပင်းက ခွေးသေကောင်ပုပ်ကြောင့် တနေ့တခြား ပိုပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လာနေတဲ့ အာဆီယံဟာ အဓိကအားဖြင့် အဲဒီပြဿနာနဲ့ လာလတံ္တ့သော အခြားအလားတူ ပြဿနာမျိုးများကို မူဘောင်ထဲဆွဲသွင်းပြီး ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်လာရေးကို တွန်းပြီးဆောင်ရွက်ခဲ့ကြရာမှာ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၂ဝ-၁၁-ဝ၇ နေ့မှာတော့ အာဆီယံခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အာဆီယံပဋိညာဉ်စာတမ်း ထွက်ပေါ်လာခဲ့တယ်။

အဲဒီပဋိညာဉ်စာတမ်းထဲမှာ အဖွဲ့ဝင်နိုင်ငံအားလုံး တာဝန်သိစိတ်နဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ ဖော်ပြထားပေမယ့် ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုး၊ ငါတကောကောတဲ့ အကျင့်စရိုက် အရိုးထဲအထိရောက်နေပြီဖြစ်တဲ့ နအဖစစ်အုပ်စုကတော့ “ဝက်များသည် မစင်နှစ်သက်မှုကို မည်သည့်အခါမှ မစွန့်လွှတ်” ဆိုတဲ့ စကားဥပမာအတိုင်း အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံဖီဆန် ဆန့်ကျင်မြဲ ဆက်လက်ဆန့်ကျင်နေခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ပြုလုပ်ဖို့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်ဖို့ ကုလသမဂ္ဂကရော၊ ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးတွေကရော၊ အာဆီယံခေါင်းဆောင်တွေကပါ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ နှစ်ကိုယ်ကြားတမျိုး၊ အစည်းအဝေးတွေမှာတဖုံ ဖျောင်းဖျနားချနေတဲ့ကြားက နအဖဟာ အဲဒီတိုက်တွန်းမေတ္တာရပ်ခံမှုတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကိုသာ ဇွတ်တိုးလုပ်ဆောင်ခဲ့တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို အာဆီယံပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုးပြီး မကြာမီမှာပဲ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ သံဃာတော်တွေကို စစ်ဆင်ရေးတရပ် အသွင်နဲ့ ဖမ်းဆီး လူဝတ်လဲ ထောင်ချ၊ ဝေးလံတဲ့ ထောင်တွေကိုပို့၊ ထောင်ဝင်စာပိတ် စတဲ့လုပ်ရပ်တွေနဲ့ တုံ့ပြန်ခဲ့တယ်။

တိုင်းရင်းသားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို နယ်စပ်ဒေသ (အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်ဒေသ) က အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေကို တိုးမြှင့်နှိပ်ကွပ်ချေမှုန်းတဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပဏာမလုပ်ငန်းစဉ်အဖြစ် မြန်မာ့နိုင်ငံရေးမှာ အရေးပါအရာရောက်သူ (stakeholder) ဖြစ်နိုင်သမျှ အများဆုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ဆောင်ပါဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအပါအဝင် တက်ကြွလှုပ်ရှားတဲ့ မျိုးချစ်ပုဂ္ဂိုလ်အားလုံးကို ဖမ်းဆီးထောင်ချ အဝေးထောင်တွေ ပို့ပစ်တဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

နောက်ဆုံး မြန်မာနိုင်ငံအနေနဲ့ပြောရင် ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးရဲ့ ပုံရိပ်၊ ကမ္ဘာကြီးအနေနဲ့ပြောရင် မတရားမှုကို ဒူးမထောက်အညံ့မခံ အလံမလှဲ ဇွဲနဘဲနဲ့ ဆန့်ကျင်ခုခံတိုက်ပွဲဝင်မှုရဲ့ ပုံရိပ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အိမ်အကျယ်ချုပ် ချထားမှုကနေ ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုကိုလည်း သူ့ခြံထဲတရားမဝင် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောနဲ့အတူ အမှုဆင်ပြီး လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ပြီး တရားစွဲဆိုတဲ့ လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

အခုတော့ အာဆီယံအပါအဝင် ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက အတန်တန် မေတ္တာရပ်ခံ တောင်းပန်နေတဲ့ကြားက နအဖဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီဖြစ်တယ်။ ဒေါ်စုအပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်စီရင်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းရော ပြည်ပမှာပါ အမြင်မှောက်မှားမှုတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့ “မစ္စတာရှင်းလင်း” အဖွဲ့က ရောက်တတ်ရာရာ ဘာဘာညာညာ ဝါစာကမာတွေပြောပြီး ကြိုးပမ်းလှည့်ဖြားခဲ့ပေမယ့် အနှစ်သာရကတော့ လူထုခေါင်းဆောင်ကို လူထုနဲ့ ဆက်ပြီး အဆက်ဖြတ်ထားတာ၊ သူတို့ရဲ့ ကလီကမာ ရွေးကောက်ပွဲ မတိုင်မီမှာ ဒေါ်စုရဲ့ပါးစပ်ကို ပလာစတာကပ်၊ လက်ကို လက်ထိတ်ခတ်၊ ခြေထောက်ကို ထိတ်တုံးခတ်ထားတာပဲဖြစ်တယ်ဆိုတာ သိပ်ကိုထင်ရှားပေါ်လွင်နေတယ်။

ဗိုလ်သန်းရွှေရဲ့ ကြေညာချက်ထဲမှာပါတဲ့ အချို့သော ဝေါဟာရအသုံးအနှုန်းတွေကို ကြည့်ပြီး ပြည်တွင်းပြည်ပက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ မျှော်လင့်ချက်ကြီးတခွဲသားနဲ့ မှောက်မှောက်မှားမှား ပြောသံဆိုသံတွေ ကြားလိုက်ရတာကတော့ အံ့သြစရာပဲ။ ဗိုလ်သန်းရွှေကို သူ့စကားနဲ့သူ ပြန်ချုပ်ချင်လို့ ပရိယာယ်နဲ့ အဲဒီလိုပြောခဲ့တာဆိုရင်တော့ အဲဒီပုဂ္ဂိုလ်များကို တခုတော့ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ဗိုလ်သန်းရွှေ အပါအဝင် နအဖ ဗိုလ်ချုပ်တွေဟာ သူတို့ပြောခဲ့တဲ့ စကားတွေကို နေ့တောင်မကူးခင် မေ့သွားတတ်ကြတဲ့ လူစားမျိုးတွေဖြစ်တယ်ဆိုတာပါပဲ။

နအဖ ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံမှာ သူတို့ဆွေစဉ်မျိုးဆက် ကောင်းစားခွင့်ရှိမယ့် စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲစေဖို့ အားသွန်ကြိုးပမ်းရင်း အခုအချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေအတွက်သာမက အိမ်နီးချင်းနဲ့ ဒေသတွင်းက နိုင်ငံတွေအပါအဝင် တကမ္ဘာလုံးအတွက်ပါ အကြီးအကျယ် အန္တရာယ်ရှိစေမယ့် လုပ်ရပ်တခုကို အစပျိုးလုပ်ဆောင်နေကြရတဲ့ အခြေအနေသို့ မလွှဲသာမရှောင်သာ ရောက်ရှိနေကြပြီ။ အဲဒါကတော့ ကမ္ဘာ့အဆိုးဆုံးအာဏာရှင်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားကို ဆရာတင်ပြီး အဏုမြူလက်နက်ပိုင်ရှင်ဖြစ်အောင် ကြိုးပမ်းနေတဲ့ကိစ္စပဲ။

မြန်မာပြည်သူတွေကို နအဖ ထင်သလို နှိပ်စက်ကလူပြုနေတာ၊ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီဆိတ်သုဉ်းနေတာတွေကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဘာတခွန်းမှ ဝင်မပြောဘဲ လက်ပိုက်ကြည့်နေလို့ရတယ်။ အဲသလိုနေတဲ့အတွက် မသကာ အဲဒီနိုင်ငံတွေဟာ လူစိတ်ကင်းမဲ့လွန်းလှတယ်လို့ ဝေဖန်ပြစ်တင်တာခံရရုံထက် ဘာမှပိုပြီး မထိခိုက်မနစ်နာနိုင်ဘူး။ ရွာပြင်ရောက်နေတဲ့ လူမိုက်ကို ဆရာတင်ပြီး အဏုမြူလက်နက်ပိုင်ရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ နအဖရဲ့လုပ်ရပ်ကတော့ အမြီးကို မီးရှို့ပြီး သိဃုင်္ိပြည်တပြည်လုံး မီးဟုန်းဟုန်းတောက်အောင် လိုက်ရှို့တဲ့ ဟာနုမာန်မျောက်ရဲ့ လုပ်ရပ်မျိုးဖြစ်နေတာကြောင့် လက်ပိုက်ကြည့်နေရင် ကြည့်နေသူတွေပါ သေချာပေါက် ဘဝပျက်သွားကြရလိမ့်မယ်။

နအဖကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အာဆီယံပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဟောဒီအချက်တွေ ပါဝင်တယ်။

(၁) အရှေ့တောင်အာရှဒေသကို နျူကလီးယားလက်နက်ကင်းမဲ့တဲ့ ဒေသအဖြစ်လည်းကောင်း၊ လူသားအများအပြား သေကျေပျက်စီးစေနိုင်တဲ့ အခြားလက်နက်ကြီးတွေကင်းမဲ့တဲ့ ဒေသအဖြစ်လည်းကောင်း တည်တံ့စေရန်။

(ဆ) အာဆီယံနိုင်ငံတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ရှိမှုကို အလေးထားပြီး နိုင်ငံများအကြား ဒီမိုကရေစီစနစ်ကျင့်သုံးမှု ပိုမိုခိုင်မာလာစေရန်၊ အုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းကောင်းတွေနဲ့ တရားဥပဒေစိုးမိုးမှု တိုးတက်လာစေရန်၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ကာကွယ်ရန်။ ပြည်သူတွေကို ဗဟိုပြုတဲ့ အဖွဲ့အစည်း (ဒီမိုကရေစီအဖွဲ့အစည်း) တရပ်ဖြစ်လာသည်အထိ ပြုစုပျိုးထောင်သွားရန်။

(တ) ပွင့်လင်းမြင်သာထင်သာရှိပြီး ပြင်ပမိတ်ဆွေတွေနဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေမှာ အာဆီယံရဲ့ ဗဟိုအချက်အချာကျမှုနဲ့ တက်ကြွတဲ့ အခန်းကဏ္ဍတို့ကို ဆက်လက်ထိန်းသိမ်းသွားရန်။

ဒါ့အပြင် ပဋိညာဉ်စာတမ်းမှာ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာကျင့်သုံးရမယ့် အခြေခံမူတွေ ချမှတ်ထားပြီး အဲဒီထဲမှာပါဝင်တဲ့ အချက်တချို့က အောက်ပါအတိုင်းဖြစ်တယ်။

(ဆ) အာဆီယံရဲ့ ဘုံအကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ ကိစ္စရပ်တွေအပေါ် တိုင်ပင်ဆွေးနွေးမှုတွေ ပိုမိုပြုလုပ်ခြင်း။

(ဇ) တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်စွာ အုပ်ချုပ်မှု၊ ဒီမိုကရေစီရှိမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရရှိမှုဆိုတဲ့ အခြေခံသဘောတရားများကို လိုက်နာခြင်း။

အခုဖော်ပြခဲ့တဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေ၊ အခြေခံမူတွေနဲ့ နဝတ၊ နအဖတို့ရဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရင် သူတို့ဟာ အာဆီယံပဋိညာဉ်စာတမ်းရဲ့ အုပ်ချုပ်မှုဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ၊ ဒီမိုကရေစီရေးဆိုင်ရာ၊ အဖွဲ့ရဲ့ ဂုဏ်သိက္ခာထိန်းသိမ်းမှုဆိုင်ရာ အနှစ်သာရတွေကို တလျှောက်လုံးချိုးဖောက်လာခဲ့တယ် ဆိုတဲ့အချက်ဟာ ထင်ရှားပေါ်လွင်လှတယ်။ ဒါပေမယ့် အရင်ကချိုးဖောက်ခဲ့တာတွေက အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်မလာခင် ချိုးဖောက်ခဲ့တာဖြစ်လို့ ဥပဒေရှုထောင့်ကပြောရင် ကျန်အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ နဝတ၊ နအဖ စစ်အုပ်စုကို လျှော့ပေါ့သက်ညှာခွင့်ပေးမယ်ဆိုရင် ပေးလို့ရနိုင်သေးတယ်။

သူတို့ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာတောင် စာတမ်းပါရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို ဆက်လက်ချိုးဖောက်နေတာကတော့ နအဖဟာ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးကို စိန်ခေါ်အကဲစမ်းနေတာပဲဖြစ်တယ်။ အထူးဖြင့် အာဆီယံအပါအဝင် တကမ္ဘာလုံးက ဝိုင်းဝန်းမေတ္တာရပ်ခံတောင်းပန်နေတဲ့ကြားက ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်တာဟာ အာဆီယံအပါအဝင် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတခုလုံးကို “နားရွက် တံတွေးဆွတ်” လိုက်တာဖြစ်တယ်။

ဗိုလ်သန်းရွှေရဲ့ ပလီပလာစကားတွေကို ဖယ်ရှားပြီး အတွင်းသားကို မြင်အောင်ကြည့်နိုင်မယ်ဆိုရင် ဒေါ်စုကို ပြစ်ဒဏ်စီရင်ချက်ချမှတ်လိုက်တာဟာ နအဖက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဂုဏ်သိက္ခာတခုလုံးကို မြေပေါ်ချနင်းလိုက်တာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကိုလည်း မြေမြှုပ်သဂြုင်္ိဟ်ပစ်လိုက်တာဖြစ်တယ်။

ဒါကြောင့် ကျန်အာဆီယံခေါင်းဆောင်တွေအနေနဲ့ မိမိတို့အဖွဲ့ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးကိုရှေးရှုပြီး မြန်မာနိုင်ငံပြဿနာ အတွက် အရေးပေါ်အစည်းအဝေးကျင်းပကာ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

Friday, August 21, 2009

{ ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး }(Click)

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း

၂၁ သြဂုတ် ၂၀၀၉

ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည်နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံတခေါင်းကြီး သယ်လာခဲ့တယ်လို့ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့မျက်မှောက်ကာလနိုင်ငံရေးကို ယက်တောလွန်/ဝက်ဘ်လွန်နိုင်ငံရေးလို့တောင် နာမည်ပေးရင်ရမလားပါပဲ။ အပေါ်ယံကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်ကလာတဲ့ ယက်တောလည်း အမေရိကန်ကိုပြန်သွား၊ အိမ်ချုပ်ထဲကဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိမ်ချုပ်ထဲပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။

ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ခရီးစဉ်မှာ ဝက်ဘ်နဲ့နအဖတို့ပဲ အမြတ်ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ်ရသွားပါတယ်။ အမေရိကန်နိုင်ငံသားတယောက်ကို လူဆိုးတွေလက်က ကယ်တင်နိုင်သူ သူရဲကောင်းဖြစ်သွားပါတယ်။ သူ့ရှေ့တက်လမ်းအတွက် အမှတ်တော်တော်ရသွားတယ် လို့တောင် တချို့ကပြောပါတယ်။ နောက်ပြီး နအဖအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့်ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါးရိပ်ခြေ အသိပေးနေရတာတွေနဲ့စာရင် အများကြီးပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစတစ ရသွားပါတယ်။ သူများက ယုံတာမယုံတာအပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေဖြစ်ပါတယ်လို့ ပြသခွင့်ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့်ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့လုပ်တာဆိုရင် ပိုတောင်အောင်မြင်သေး တယ်လို့ ပြောရပါမယ်။

ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော်ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလိုစဉ်းစားတွေးတောစရာတွေ ဖြစ်လာရတဲ့အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့လူက သာမန်လူမဟုတ်ဘဲ အမေရိကန်နိုင်ငံက ဆီနိတ်တာအမတ်တယောက်ဖြစ်နေလို့ပါပဲ။

တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေလွှမ်းမိုးနေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီးထိန်ချန်ထား၊ နအဖဘက်ကလည်း အများကြီးထိန်ချန်ထားတာမို့ တကယ့်အခြေအနေကို မှန်းဆရတာဟာ အလွန်ခက်ပါတယ်။ စောလည်းစောလွန်းနေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေးအကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်းလာစရာလည်း ရှိပါတယ်။

ဒါတွေနဲ့ဆက်နေတဲ့ကိစ္စတခုက ဝက်ဘ်ရဲ့ခရီးစဉ်ဟာ အမျိုးသားရင်ကြားစေ့ရေးဆီကို တွန်းပို့ရာကျမကျဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထားအမျိုးမျိုးနဲ့ ပြောကြသူတွေပါပါတယ်။ တချို့ကလည်း အဲဒီလိုဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာတခုအတွက် အကြောင်းပြစရာရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေကတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို တခွန်းမှမဟကြောင်း အသေအချာထောက်ပြဖို့လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးကပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည်မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိကပြဿနာဟာ နအဖရဲ့သဘောထားဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖစစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖဗိုလ်ချုပ်တွေကို အာဏာခွဲဝေယူချင် အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်ကနားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။

ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံဟာ ဒါလောက်ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့သမိုင်းမှာ စံချိန်တင်လောက်တဲ့ အာဏာမက်သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့အာဏာနဲ့ အသေတွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေးတချက်ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေးတဥ ပြလိုက်ရုံနဲ့ ဟပ်တပ်ဆွဲလာမယ်လို့ထင်ရင် စိတ်ကူးယဉ်တာပဲဖြစ်ပါလိမ့်မယ်။ နအဖနဲ့ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည်ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန်အစိုးရကို အချက်ပြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဗမာပြည်သူတွေအပေါ်မှာ ပြတ်သားမြဲပြတ်သားတယ်၊ အာခံဝံ့ရင်ခံကြည့်လို့ ပြောတာပဲဖြစ်ပါတယ်။

သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ်မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။

ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့အဖြစ်အပျက်ကို ပြန်ထောက်ပြချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်ကပြောလွန်းတာနဲ့ တရုတ်ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေတယ်ဆိုတာက တိတ်တဆိတ်လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ကိုတော့ အသိပေးထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှအကြောင်းမပြဘဲ အကုန်ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ်အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ်ဆိုတာ တွက်ထားသင့်ပါတယ်။

ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်းအမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက်စလုံးဟာ အဲဒီဦးတည်ချက် ဆီကို တက်လှမ်းနေကြတာဆိုတယ်ဆိုတာ တကမ္ဘာလုံးအသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ်ကနေ တယောက်ကိုတယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ချည့်ပါ။ ဒါကိုအပြစ်ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်ကသူတို့နောက်ကို မျောမပါဖို့ဘဲဖြစ်ပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။

နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကိုဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်ဖို့ ယက်တောရောက်လာတယ် ဆိုတာထက် ပိုဆိုးကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီအရေးတော်ပုံတပ်သားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှတပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့လိုပါတယ်။ နအဖတကယ်ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ်ဆိုတဲ့အချက်ကို မျက်ခြည်ပြတ်ခံလို့မဖြစ်ပါဘူး။

တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ သူတို့ရဲ့အာဏာကို လက်လွှတ်ရေးဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြားလူတွေကိုဖြစ်စေ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းကပြောသလို မုန့်သာ တဖဲ့စီဝေစားရင်စားမယ်၊ တိုင်းပြည်အာဏာကိုတော့ ဝေမစားဘူးဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်းထဲကမူဝါဒပါ။

Wednesday, August 19, 2009

ကျွှန်တော် အတွက် အင်အားတွေကို ဖြစ်စေသေား ဆောင်းပါး { ဗျူဟာကို ဖော်ထုတ်ခြင်း }(Click)

ဗျူဟာကို ဖေါ်ထုတ်ခြင်း
ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 20 နာရီ 25 မိနစ်


{ နက်နက်နဲနဲ တွေးကြည့်ရင် ဗျူဟာဆိုတာ တော်လှန်ရေး တိုက်ပွဲတခု၊ စစ်ပွဲတပွဲရဲ့ အရှုံးအနိုင်ကို အဆုံးဖြတ်ပေးနိုင်တာမို့ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် လူအများက ဗျူဟာဆိုတာ တွင်တွင် ပြောချင်ကြတယ်။ ဒါပေမဲ့ ဗျူဟာဆိုတာကို နားလည်တဲ့အပိုင်းမှာ (အပြင်)ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားနိုင်ကြပါတယ်။ အမြင်ဆိုတာကလည်း လေ့လာအား၊ ဘဝအတွေ့အကြုံနဲ့ ပညာအခြေခံပေါ် မူတည်တယ်လို့ ယုံကြည်မိတာမို့ အမြင်ကိုပေးတဲ့ (ဉာဏ်ပညာ) အပိုင်းကို အရင်ဆွေးနွေးပါရစေ။ ဒုတိယပိုင်းအနေနဲ့ အောင်မြင်ခဲ့တဲ့ ဗျုဟာတွေ ဘာကြောင့် အောင်မြင်ရသလဲ၊ မအောင်မြင်ခဲ့တဲ့ ဗျူဟာတွေ ဘာကြောင့် မအောင်မြင်ရသလဲ ဆိုတာတွေ ဆက်ဆွေးပြီးမှ၊ ကျနော်မြင်တဲ့ ဗျူဟာကို နောက်ဆုံး ဆွေးနွေးတင်ပြပါရစေ။ အမြင်နဲ့ အသိဉာဏ်ကို အချိန်ယူ အကျယ်ချဲ့ ဆွေးနွေးလိုပါတယ်။ }

{ လူတိုင်းလူတိုင်းမှာ မွေးကတည်းက ဗီဇ အခြေခံလေးတွေ ကွာခြားမှု ရှိကြပါတယ်။ ကိစ္စတခု အပေါ်ယံကြော တွေးတဲ့ လူရှိသလို ကိစ္စတခုကို အချိန်ယူလေ့လာပြီးမှ နှိုက်နှိုက်ချွတ်ချွတ်၊ လေးလေးနက်နက် စဉ်းစားတဲ့လူမျိုး ရှိကြပါတယ်။ တချို့က ဉာဏ်ကောင်းတယ်၊ တချို့က ဉာဏ်ထိုင်းတယ်၊ တချို့က အလွတ်ကျက်တာကို အားသန်တယ်၊ တချို့က ဝေဖန်ပိုင်းခြားမှုမှာ အားသန်တယ်၊ တချို့က ပြောသမျှ ယုံလွယ်တယ်၊ တချို့က ကိုယ့်ဟာကိုယ် နားလည်လက်ခံပြီးမှ ယုံချင်တယ်၊ တချို့က ဂဏန်းသင်္ချာမှာ တော်တယ်၊ တချို့က ဘာသာစကားမှာ အားသန်တယ်၊ လူအမျိုးမျိုး၊ ဗီဇ အဖုံဖုံလို့ ပြောရမယ်ထင်တယ်။ }

{ ဒီမွေးရာပါ ဗီဇလေးတွေကို အခြေခံပြီး ကျနော်တို့ အများစုဟာ အတန်းပညာကို သင်ကြားကြတယ်။ အတန်းပညာမှာလည်း အခြေခံ အထက်တန်းကျောင်းအဆင့်၊ ကောလိပ်အဆင့် (Intermediate) ၊ တက္ကသိုလ်ဘွဲ့အဆင့် ဘွဲ့လွန်အဆင့် (Master) ၊ ပါရဂူ (Ph D) အဆင့် ဆိုတဲ့ ပညာအရည်အချင်း အဆင့်ဆင့် ရှိပြန်တယ်။ ပညာရှာတဲ့အရွယ်ပြီးတော့ ဥစ္စာရှာတဲ့အရွယ်မှာ အလုပ်လုပ်ကြရင်း ဥစ္စာရှာကြတာပေါ့၊ ဒီ ဥစ္စာရှာတဲ့အရွယ် အလုပ်လုပ်ကြရင်းမှာ ဘဝလက်တွေ့ အတွေ့အကြုံကို ရရှိကြပါတယ်။ ဒီအခြေခံဖြစ်တဲ့ ပညာနဲ့ လက်တွေ့ဘဝ အတွေ့အကြုံကို ပေါင်းမှ မိမိရပ်တည်ရတဲ့ ဘဝအခြေခံအပေါ် မူတည်ပြီး၊ ဒီဘဝ ဗဟုသုတအပေါ် အခြေခံပြီး၊ အမြင်နဲ့ ခံယူချက်ဆိုတာကို တည်ဆောက်ကြရပါတယ်။ အမြင်နဲ့ ခံယူချက်ဟာလည်း အချိန်နဲ့ လက်တွေ့ အတွေ့အကြုံ Real Life Expirer ပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ တခါတရံ ငယ်ငယ်က အမြင်နဲ့ အတွေ့အကြုံရလာတဲ့ လူကြီးအရွယ်အမြင် ကွာခြားနိုင်ပါတယ်။ }

{ မျက်မမြင် ၆ ယောက်ဟာ မိမိကိုင်တွယ်မိရာ ဆင်းရဲခန္ဓာကိုယ် အစိတ်အပိုင်းကိုမီပြီး ဆင်ကောင်ကြီးကို ပုံသဏ္ဍာန်ဖွဲ့ကြသလို၊ ကျနော်တို့ လူသားတွေဟာ မိမိတို့ရဲ့ အသိဉာဏ်ပညာနဲ့ အတွေ့အကြုံပေါ်မှာ အခြေခံပြီး မိမိတို့ရဲ့ အမြင်ကို ဖော်ထုတ်ကြတာမို့ အခြေခံမတူရင် အမြင်မတူညီနိုင်ကြပါ။ }

{ `ပန်းချီကားတချပ်ကို တပြိုင်တည်းကြည့်ရင်တောင် မိမိတို့ရဲ့ အသိဉာဏ်ပညာ အခြေခံပေါ်မူတည်ပြီး ခံစားချက်ချင်း မတူနိုင်သလို အဓိပ္ပာယ်ဖော်တာခြင်းလည်း တဦးနဲ့တဦး ကွာခြားနိုင်ပါတယ်။ ဒါကြောင့် ဆောင်းပါးတပုဒ်၊ တင်ပြချက်တခုကို အသိဉာဏ်ပညာနဲ့ အတွေ့အကြုံ အခြေခံပေါ်မူတည်ပြီး Understanding နဲ့ အဓိပ္ပာယ်ဖော်ဆောင်မှု Interpratation ခြင်း ကွာခြားနိုင်ကြပါတယ်။ }

{ `ကျနော် အရင်က တင်ပြခဲ့ဖူးသလို မြေအောက်လှိုဏ်ခေါင်းထဲက အမြင်နဲ့ လမ်းပေါ်က အမြင်၊ သစ်ပင်ပေါ်က အမြင်၊ ဆယ်ထပ်တိုက်ပေါ်က အမြင်၊ လေယာဉ်ပေါ်က အမြင်၊ အာကာသက အမြင်ချင်း မတူနိုင်ကြပါ။ ”ရှုမြင်တဲ့နေရာ” ချင်း မတူရင် ” အမြင်” ချင်း မတူညီနိုင်ကြသလို၊ အခြေခံ ”အမြင်” ချင်း မတူရင် ”အမြင်” ချင်း ကွာခြားနိုင်ပါတယ်။ အခြေခံဆိုတဲ့ နေရာမှာ ”အသိဉာဏ်” ကို ဖော်ထုတ်ပေးတာ အရင်းမြစ် sources (၂) ခု ရှိပါတယ်။ ”ပညာ” နဲ့ ”အတွေ့အကြုံ” ပါ။ အတန်းပညာ (သို့) စာအုပ်ထဲကပညာ (Book Knowledge) ရှိပေမယ့် (လက်တွေ့) မပါရင် အဓိပ္ပာယ် (မရှိ) ဘူးလို့တောင် ပြောလို့ရပါတယ်။ ဥပမာ - စာအုပ်ကိုင်ပြီး ကားမောင်းတတ်တယ် ထင်နေတဲ့ လူလိုပေါ့။ အတန်းပညာ မပြည့်စုံပေမယ့် (လက်တွေ့) နဲ့ အသိဉာဏ်ရပြီး အောင်မြင်ရုံမက ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ပညာရှိတချို့က အသိဉာဏ်ပညာရှိမှု (Wisdom) ဟာ အတွေ့အကြုံကနေ လာတယ်လို့ ဆိုကြတာပေါ့။ }

* * မရှိသင့်ပါ * *


{ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ ကွာခြားချက်မှာလည်း အာဏာရှင်စနစ်အောက်မှာ ပြောတာ၊ ယုံခိုင်းတာလုပ် ဆိုတဲ့ ယုံကြည်မှုကို ခေါင်းထဲရိုက်သွင်းပြီး ဒီမိုကရေစီစနစ်မှာ Critical Thinking လို့ခေါ်တဲ့ အတွေးအခေါ်တခု၊ အမြင်တခုကို ဝေဖန်ပိုင်းခြားစိတ်ဖြာပြီးမှ လက်ခံယုံကြည်မှုကို အားပေးပါတယ်။ ဒါကြောင့် ငါ့(အမြင်)က အမှန်-ငါ့အမြင်နဲ့လွဲရင် (ရန်သူ)၊ ငါနဲ့ အမြင်မတူသူတွေဟာ သစ္စာဖောက် တိုက်ခိုက်ထား ဆိုတာတွေဟာ Critical Thinking ကို နားမလည်သူတွေပါပဲ။ }

{ အမြင်မတူနိုင်ဘူးဆိုတာ အမြင်မတူရင်တောင် ဝေဖန်သုံးသပ်တင်ပြနိုင်ရပါမယ်။ ဒီအချက်၊ ဒီအချက်တွေကြောင့် အမြင်မတူတာ၊ ကွာဟချက်က ဘာဆိုတာ သုံးသပ်တင်ပြနိုင်ရပါမယ်။ ”အမြင်” ကို မကြိုက်တာနဲ့ ”လူ” ကို မကြိုက်၊ လူကို မကြိုက်တာနဲ့ အမြင်ကို မကြိုက်၊ လူနဲ့ အမြင်ကို မကြိုက်တာနဲ့ (နေရာမပေးနဲ့) တိုက်ခိုက်ထား ဆိုတာတွေဟာ အာဏာရှင်စနစ်တွေ ပေါက်ဖွားလာတဲ့ ”မဆလ” စိတ်ဓာတ်ဖြစ်ပြီး ကျနော်တို့ အားလုံးအနေနဲ့ အများဆိုသလို အမွေခံရရှိထားကြတာ ဖြစ်ပါတယ်။ }

{ တကယ်တော့ ကျနော့်အမြင်ကို တင်ပြရရင် ဘာသာရေးနယ်ပယ် အပြင်ဘက်မှာ Absolute Truth ဆိုတဲ့ (လုံးဝ) အမှန်ဆိုတာ ရှားပါတယ်။ Relative Truth ဆိုတဲ့ နှိုင်းယှဉ်ချက် (အမှန်) တရားကပဲ ပိုရှင်သန်နိုင်ပါတယ်။ ဒါကြောင့် Relative Truth နယ်ပယ်မှာ ဘာကြောင့် ငါ့ (အမြင်) ကပဲ အမှန်ဖြစ်ရမှာလဲ။ }

{ နောက်တခေတ် လူငယ်လေးတွေ စဉ်းစားနိုင်ဖို့ ကျနော့်ရဲ့ ဘဝအတွေ့အကြုံနဲ့ ယှဉ်ပြီး ဆွေးနွေးပါရစေ။ }

* *ပညာ* *

{ ပညာရှာတဲ့ ပထမအရွယ်မှာ ကျနော်တို့အားလုံး တတ်စွမ်းသမျှနဲ့ အခြေအနေပေးသမျှ ပညာရှာကြရတာပေါ့။ မသိရင် ဘွဲ့လေးတခုရလာပြီ ဆိုပြီးတော့ ဘဝင်လေးကြွလာစရာပေါ့။ တကယ်တမ်းသိရင် ပါရဂူ Ph.D Level မှာတောင် ကျောင်းဆိုတာ လိုအပ်မယ့် အခြေခံကိရိယာ Tools ကိုပဲ သင်ပေးလိုက်တာပါ။ Ph.D အဆင့်မှာတောင် အခြေခံသုသေသန Research လုပ်အောင် Dissertation Thesis ရေးခိုင်းလိုက်တာပါ။ တကယ့်ပညာက အလုပ်ထဲရောက်မှ တကယ်လုပ်ရင်း လိုအပ်လို့ဖြစ်စေ၊ စိတ်ဝင်စားလို့ဖြစ်စေ မိမိဘာသာ လေ့လာမှုနဲ့ လက်တွေ့စမ်းသပ် လုပ်ကိုင်မှုကမှ တတ်လာရပါတယ်။ အလုပ်မရှိရင် ကိုယ်တတ်ထားတဲ့ ပညာကို စမ်းသပ်ခွင့် Apply လုပ်ခွင့်မရှိရင် စာတွေ ဘယ်လောက်ဖတ်ဖတ် မပြီးပြည့်စုံနိုင်ပါ။ လုပ်သက်လေးရလာမှ စာတွေ့ကို လက်တွေ့က ဖြည့်ဆည်းပေးသွားပြီး Confidence လို့ခေါ်တဲ့ မိမိကိုယ်ကို မိမိယုံကြည်မှု ရလာပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် (၁) အတန်းပညာ၊ (၂) လက်တွေ့ (အလုပ်မှ) ပညာ၊ (၃) ဆည်းပူးပညာ ဒီ ၃ ခု ပေါင်းမှ - ပညာအပြင် (ဉာဏ်) နဲ့ (အသိ) အင်္ဂလိပ်လို Experience & Knowledge Wisdom ရလာတယ်။ ဒီက ရလဒ် အခြေခံ Experience & Knowledge Wisdom ရဲ့ အတိမ်အနက်ကို မူတည်ပြီး “အမြင်” ကို ရလာပါတယ်။ }

** အမြင် **

{ စစ်တပ်တခုမှာ တပ်ကြပ်အရာခံ ဗိုလ် Non-commissioned Officer (NCO) နဲ့ စစ်ဗိုလ် Commissioned Office ကွာခြားသလို တိုးတက်ပြီး နိုင်ငံတွေမှာ Blue Collar နဲ့ White Collar အလုပ်သမားချင်း ကွာခြားကြပြန်တယ်။ စစ်တပ်တခုမှာ NCO တွေဟာ အလွန်အရေးပါပေမယ့် တာဝန်ယူရတဲ့ အဆင့်ကျတော့ မတူကြပါ။ တပ်စု၊ တပ်စိပ်၊ တပ်ခွဲတွေအတွင်းမှာ NCO တွေဟာ အရေးပါပေမယ့် တပ်ခွဲတပ်ရင်းတွေကို ဦးစီးပြီး အုပ်ချုပ်ရတာက ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်ကြီးတွေပဲ လက်ရှိမြန်မာ့တပ်မတော်မှာ ဗိုလ်မှူးကြီးဖြစ်မှ တပ်ရင်း (၂)၊ တပ်ရင်း (၃) ကို ကိုင်တိုက်ရတဲ့ ဗျူဟာမှူး ဖြစ်တယ်။ ဗိုလ်မှူးချုပ်ဖြစ်မှ တပ်မမှူးဖြစ်တာကိုး။ တပ်မမှူးရဲ့ အဆင့် - တပ်မမှူးရဲ့ တာဝန် - တပ်မမှူးရဲ့ အမြင်ဟာ - တပ်ကြပ်အရာခံဗိုလ်တွေရဲ့ (အမြင်) နဲ့ မတူတော့ဘူးပေါ့။ ထမ်းရတဲ့ တာဝန်ချင်းမှ မတူတာဘဲ။ }

{ ထိုနည်း၎င်းပဲ အရပ်သားဘက်မှာလည်း Blue-collar အလုပ်သမားဆိုတာ လက်တွေ့တတ်ကျွမ်းမှုမှာ လိုအပ်အရေးပါပေမဲ့ အုပ်ချုပ်ရေးဘက်မှာ တာဝန်ယူရတဲ့ White-collar အလုပ်သမားတယောက်နဲ့ (အမြင်) ချင်း မတူကြတော့ဘူးပေါ့။ အုပ်ချုပ်ရေးမှာလည်း အဆင့်တာဝန်ယူရတဲ့အပေါ် မူတည်ပြီး (အမြင်) ချင်း ကွာနိုင်တာပဲပေါ့။ ဒီနေရာမှာ အထူးသတိပြုစေချင်တာက တယောက်က တယောက်ထက်သာတယ်လို့ မဆိုလို၊ ခွဲခြားလိုခြင်း မဟုတ်။ ရာထူးအဆင့် - တာဝန်ယူရမှု အပေါ်မူတည်ပြီး (အမြင်) ကွဲနိုင်တာကို ဆိုခြင်းသာ ဖြစ်ပါတယ်။ }

{ ကျနော့် လက်တွေ့ - အတွေ့အကြုံနှင့် ယှဉ်ပြီး ဥပမာ ပေးပါရစေ။ အမေရိကားမှာ - အင်ဂျင်နီယာတယောက်ဟာ လက်တွေ့ အတွေ့အကြုံနဲ့ အရည်အချင်းပေါ်မူတည်ပြီး - အင်ဂျင်နီယာ, Sr. Engineer, Principal နဲ့ နောက်ဆုံး Architect ဆိုတဲ့ အဆင့်တွေ ရှိပါတယ်။ Architect အဆင့်ရောက်ရင် End-to-End , System အစက အဆုံးအထိ Design လုပ်ရပါတယ်။ Design Engineer ဆိုတာက Component တစိတ်တပိုင်းပဲ Design လုပ်ရပါတယ်။ တချို့ကတော့ အဆင့်မြင့်လာရင် Consultant အဆင့်ပေးပါတယ်။ ဒါဟာ အင်ဂျင်နီယာ Technical ဘက်မှာ နေချင်ရင်ပေါ့။ Technical မှာပဲ အုပ်ချုပ်ရေးဘက် လိုက်ချင်ရင် Engineering မန်နေဂျာ၊ Consultant မန်နေဂျာတွေ ဖြစ်လာနိုင်တာပေါ့။}

{ ကျနော် အလုပ်ဝင်ဝင်ခြင်း Entry level job မှာ အင်ဂျင်နီယာ၊ အဲဒီကတဆင့် Consultant ၊ ဒီကမှ Consultant manager ဆိုပြီး တဆင့်တဆင့် ရာထူးတက်လာခဲ့ပြီး ၁ဝ နှစ်လောက် အတွေ့အကြုံရတော့ HP မှာ Architect ရာထူးကို ရခဲ့ပါတယ်။ ပထမတော့ ရာထူးလေးရလာတော့ ကိုယ့်ကိုယ့်ကို အထင်ကြီးပြီး ဘဝင်မြင့်မဲ့မိတာပေါ့။ အခက်ခဲဆုံး ဒီဇိုင်းတာဝန်ယူရတဲ့ အင်ဂျင်နီယာကြီး ဖြစ်ပြီကိုး။ ကံကောင်းချင်တော့ ကျနော် အရင်ကလုပ်ခဲ့တဲ့ ကုမ္ပဏီတုန်းက ပြိုင်ဘက် - ကျနော်တို့ ဆက်သွယ်ရေးကဏ္ဍရဲ့ အစိတ်အပိုင်းတခုမှာ ထိပ်တန်းက ရှိနေတဲ့ ကုမ္ပဏီရဲ့ အရာရှိကြီးတယောက် ဖိတ်ခေါ်တာနဲ့ သွားတွေ့ခဲ့တယ်။ ဘဝင်ကလေးနဲ့ ခေါင်းတထောင်ထောင် ဖြစ်နေတဲ့ ကျနော်က ရဲရဲတောက် ပြောရဲလို့ ထင်ပါရဲ့ ငါရာထူးတက်ပြီ၊ မင်း ငါ့နေရာကို ယူ၊ ငါ့လက်အောက်မှာ လုပ်၊ မင်း လုပ်နိုင်မလားလို့ ကမ်းလှမ်းလာတယ်။ ဘဝင်ကလေးနဲ့မို့ ငါးခူပြုံးပြုံးပြီး စိတ်ထဲမှာတော့ မင်းတောင်လုပ်နိုင်တာ ငါလည်း ရတာပေါ့လို့ ထင်လုံးကြီးခဲ့တယ်။ ကွာတာက အရင်က အင်ဂျင်နီယားလုပ်ငန်းပဲ တာဝန်ယူရတာ။ Product ထုတ်ကုန်တခုလုံး တာဝန်ယူရတဲ့အခါ တခါမှ မကျွမ်းခဲ့တဲ့ Manufacturing ဆိုတာပါလာတယ်။ ဆက်တိုက် Supply Chain ဆိုတာ ပါလာတယ်။ }

{ လေယာဉ် ကုမ္ပဏီတခုဟာ ဓာတ်ဆီဈေး အတက်အကျကို ခံနိုင်ဖို့ ဓာတ်ဆီကို Hedge လုပ်ရသလို ကျနော်တို့ဆီမှာ တနှစ်လုံးသုံးမယ့် Logic Chip တွေကို ကြိုဝယ်ရတယ်။ Documentation က ဘာတွေ ဖော်ပြရသလဲ? ဆိုပြီး မေးလာတယ်။ Marketing က ဈေးသတ်မှတ်ဖို့ Marketing Program တွေ လုပ်ဖို့ တောင်းဆိုလာပြီး Sales က ပစ္စည်းတွေ ဘယ်တော့ ပို့မှာလဲ? ဝယ်သူတွေ သိချင်နေပြီ၊ လူ လွှတ်ပါဦးတဲ့။ PR က သတင်းဂျာနယ်တွေနဲ့ တွေ့ပါဦးနဲ့ အရူးမီးဝိုင်းသလို ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်မိသလို ခံစားရတယ်။ }

{ အမေရိကန်က ကုမ္ပဏီအများအဖြင့်က (လူ)ကို ရွေးပြီး တာဝန်ပေး၊ လွှတ်ပေးလိုက်တာပဲ။ မနိုင်ရင် အလုပ်ထုတ်ခံရမှာပေါ့။ ကျနော်မှာ အားသာချက်တခု ရှိတာက မတတ်ရင် မတတ်ဘူးပြောဖို့ ဝန်မလေးဘူး - မနိုင်ရင် မနိုင်ဘူး၊ လက်ခံဖို့ မကြောက်ဘူး။ ဒါကြောင့် ကျနော်လို ရာထူးရှိတဲ့ အတွေ့အကြုံရင့်တဲ့ လူကို ထမင်းစားဖိတ်ပြီး အကြံတောင်းရတယ် ဆရာတင်ရတယ်။ ဒီလူက လမ်းပြပေးတာကြောင့် ကျနော် နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ခဲ့တယ်။ မတတ်ရင် တတ်တဲ့သူကို ခေါ်ရှင်းပြခိုင်းရတယ်။ လက်လွှဲနိုင်မယ့် လူတော်တွေကို ရွေးခန့်ရတယ်။ သူများတွေပြောတာ နားထောင်ရတယ်။ အကုန်တတ်စရာမလို။ မိမိသိသင့်တာကိုပဲ ရွေးလေ့လာရတယ်။ မဆိုင်တာကို အချိန်ကုန်မခံနဲ့ စသည်စသည်ဖြင့်ပေါ့။ }

{ လောကမှာ ဆရာလည်း လိုတယ်၊ ယုံရမယ့် တပည့်လည်း လိုတယ်။ လက်ရှိအဆင့်ဟာ နောက်တက်မယ့် အဆင့်အတွက် ပြင်ဆင်ခြင်းပဲဆိုတာ နားလည်လာတယ်။ အဓိက ပညာရလိုက်ကတော့ ငါ ဘာမှမသိပါလား။ ငါဟာ ဘာမှ မဟုတ်ပါလားဆိုတဲ့ “သတိ” တရား ရလာရပါတယ်။ တတ်လေ၊ ဖတ်လေ ငါ ဘာမှ မတတ်သေးပါလား။ လေ့လာစရာတွေ မကုန်နိုင်ပါလားဆိုတာ သဘောပေါက်လာရတယ်။ ဆရာဝန်ဖြစ်စေ၊ အင်ဂျင်နီယာဖြစ်စေ နောက်ဆုံး စီးပွားရေးကို နားလည်ရမယ်ဆိုတာ သဘောပေါက်လာတယ်။ PL လို့ ခေါ်တဲ့ အရှုံးအမြတ်ကို တာဝန်ယူရရင် စီးပွားရေး နားမလည်လို့ မရတော့ပါ။ }

* * အဆင့်မတူ - အမြင်မတူရင် - ဗျူဟာ မတူပါ * *

{ ဒီနေရာမှာ “အဆင့်”ဆိုတာ ခွဲခြားလိုတဲ့ ဆန္ဒမဟုတ်ကြောင်း သတိပြုစေလိုပါတယ်။ ရာထူးအဆင့် မတူရင် “အမြင်” မတူ၊ တာဝန်ယူရတာချင်း မတူတာကြောင့် “အမြင်” မတူရင် (ဗျူဟာ) မတူတာကို ဆိုလိုတာပါ။ ကျနော်တို့ ကုမ္ပဏီကို High-Tech Company အဆင့်မြင့် အတတ်ပညာကုမ္ပဏီလို့ ခေါ်ပါတယ်။ “အတတ်ပညာ” Technology ဟာ အရေးကြီးပါတယ်။ ကျနော့်အဆင့် ကျနော့်တာဝန်ဟာ ကျနော့် Product ထုတ်ကုန် ကျနော့်ဈေးကွက်မှာ ထိပ်တန်းဖြစ်ရေး ဖြစ်တယ်။ ကျနော်တို့ ကုမ္ပဏီဟာ ကျနော် Product အတွက် သန်းနဲ့ချီပြီး ရင်းနှီးခဲ့ရတယ်။ ဒီ့အပြင် သန်းပေါင်းမြောက်မြားစွာ ရင်းပြီး ဒီအတတ်ပညာအတွက် ကုမ္ပဏီတခုကို ဝယ်ခဲ့တယ်။ ကျနော့်အဆင့်၊ ကျနော့်တာဝန်၊ ကျနော့်အမြင်က ကြည့်ရင် ကျေနပ်စရာပေါ့။ သန်းပေါင်းမြောက်မြားစွာ ရင်းပြီးမှတော့ ကုမ္ပဏီက ဒီအတတ်ပညာ Technology ကို ကျေနပ်စိတ်ချလို့ ယူဆနိုင်တာပေါ့။ ကျနော်ရဲ့ ဖောက်သည် Customers တွေကိုလည်း ဒီအတိုင်း အာမခံပေးခဲ့တာပဲ။ ဒါပေမဲ့ ကျနော်တို့ရဲ့ ခေါင်ချုပ်ဘိုးတော် အဆင့်ကကြည့်ရင် - ဒီ Technology ကို အသိအမှတ်မပြုရင် ဖောက်သည်တွေက ဒီအတတ်ပညာ Technology ကို ပြိုင်ဘက်တွေဆီက ဝယ်ရင်း ပြိုင်ဘက်တွေဝင်လာပြီး အဓိကထုတ်ကုန် Product ရဲ့ အရောင်းကျမှဆိုလို့ ငွေအကုန်ခံပြီး မိတ်မပျက်ရအောင်၊ ဖောက်သည်တွေ တခြားမရောက်အောင် “ကွက်လပ်” ဖြည့်ထားတာ။ }

{ High-Tech ဈေးကွက်မှာ Technology အသစ် ထွက်ပေါ်လာရင် Technology ကို တည်ဆောက်ရင်း အားလုံးကို လိုက်နာရမယ့် “စံ” Standard ကို ဖော်ထုတ်ရင်း Product ကို တည်ဆောက်ရတယ်။ ဒါကြောင့် ဒီ Technology နဲ့ နောက် Technology ပြိုင်ကြရတယ်။ ကျနော်တို့ ကုမ္ပဏီဟာ ထိပ်တန်းမှာ ရှိတာကြောင့် ဒီ Technology ကို ဖော်ထုတ်ကြတဲ့ Forum တွေမှာ သြဇာရှိတယ်။ }

{ တနေ့ ကျနော်တို့ဘိုးတော်က ကျနော့် Boss ကို ခေါ်ပြီး၊ မင်းတို့ Technology ကို သတ်လိုက်လို့ အမိန့်ပေးတယ်။ ကျနော်တို့ ဘိုးတော်အဆင့်ကျတော့ ကျနော်တို့ ကုမ္ပဏီကို ဘယ် Technology နဲ့ သွားမယ်၊ သွားသင့်တယ်။ ပြိုင်ဘက် Technology ကို ဝင်မသုံးရင်၊ ဝင်မရင်းဘဲ သြဇာမရှိနိုင်၊ သြဇာရှိမှ ဖျက်ပစ်နိုင်တာပဲ။ }

{ ၂ဝ ရာစုအစမှာ အမေရိကန်မြို့ကြီးတွေမှာ လျှပ်စစ်ဓာတ်အားသုံးတဲ့ Train လို့ ခေါ်တဲ့ ရထားတွေ ခေတ်စားလာတယ်။ ဒါကြောင့် ကားကုမ္ပဏီ ဘိုးတော်တွေနဲ့ ရေနံကုမ္ပဏီ ဘိုးတော်တွေ ပေါင်းပြီး ဖျက်ပစ်လိုက်ကြတယ်။ ဒါကြောင့် အမေရိကားမှာ Public Transport လို့ ခေါ်တဲ့ အများသုံး လမ်းပန်းဆက်သွယ်ရေး စနစ်က သိပ်ညံ့တယ်။ ဒါကြောင့် ဘယ်သွားသွား ကားရှိမှ ဖြစ်တယ်။ ဒါမှ ကားရောင်းရမယ်၊ ဓာတ်ဆီရောင်းရမယ်ပေါ့။ }

{ ၁၉၇ဝ ခုနှစ်တွေမှာ အာရပ်တွေက ရေနံအရောင်းပိတ်ပြီး နိုင်ငံရေးအတွက် အမေရိကားကို ညှစ်တော့ လူတွေက မဖြစ်ချေဘူးဆိုပြီး Alternative Energy လို့ ခေါ်တဲ့ ရေနံထွက်ပစ္စည်းမဟုတ်တဲ့ (လောင်စာ) ကို ရှာဖွေလာကြတယ်။ တခါထဲ ရေနံဆီကုမ္ပဏီကြီးတွေက ဒီကုမ္ပဏီအငယ်လေးတွေကို အတင်းလိုက်ဝယ်ပြီး- ချေမှုန်းပစ်လိုက်ကြတာ အခု ၂ဝဝဝ ကျော်မှာ - တရုတ်နဲ့ အိန္ဒိယတို့ တိုးတက်လာပြီး လောင်စာမလောက်မင ဖြစ်မှ အခု Alternative Energy တခြားလောင်စာကို အပူတပြင်း လိုက်ရှာနေကြရတယ်။ အနှစ် ၃ဝ လွှမ်းမိုးထားတဲ့ ရေနံကုမ္ပဏီကြီးတွေရဲ့ ဗျူဟာရဲ့ ရလဒ်ပေါ့။ }

{ ကုမ္ပဏီတခုထဲမှာတောင် - ကျနော့်အဆင့်နဲ့ ဘိုးတော်အဆင့် မတူတာကြောင့် (အမြင်) မတူဘဲ “ဗျူဟာ” ပါ ကွဲထွက်သွားပါတယ်။ ကျနော့် Boss ရယ်၊ ကျနော်ရယ်၊ Engineering Boss ရယ် ဒီ ၃ ယောက်ပဲ အသိပေးပါတယ်။ ကိုယ့်ခလေးကို ဖျက်ချဖို့ မိဘက အဓမ္မ အမိန့်ပေးသလိုပဲ ခံစားရတယ်။ ၃ ညလောက် အိပ်မပျော်ခဲ့ပါ။ ကျနော့် Boss က လောကမှာ (အစွဲ) မထားဖို့၊ ဒီအတတ်ပညာပြီးရင် နောက်အတတ်ပညာဆိုတာ လာမှာပဲ။ အရေးကြီးတာ Technology ကို အခြေပြု ပြီးအစကအဆုံး Product တခုလုံးကိုထုတ်လုပ်နိုင်တဲ့ နည်းပညာနဲ့ အတွေ့အကြုံ မင်းရပြီ။ အဓိကက ငါတို့ကုမ္ပဏီ အောင်မြင်ရင် ငါတို့ Stocks တွေ ဈေးတက်မယ်။ ငါတို့ ချမ်းသာမှု တိုးပွားမယ်။ စီးပွားရေး လုပ်တယ်၊ လုပ်ငန်းလုပ်တယ်ဆိုတာ အရင်းရှင်နယ်ပယ်မှာ (အမြတ်) ရဖို့ပဲလို့ နှစ်သိမ့်ရှာတယ်။ တဖက်က ကိုယ့်လူတွေ၊ ကိုယ့်ဖောက်သည်တွေ စိတ်ဓာတ်မကျအောင်၊ ဖောက်သည်မပျက်အောင် ကြိုးစားနေရပေမယ့် တဖက်မှာ သေဒဏ် အပေးခံထားရတာကိုလည်း သိနေတယ်။ တပ်မပျက်အောင် ခံစစ်ကိုနိုင်မှ စစ်ဗိုလ်ကောင်း ဖြစ်တယ်ဆိုတာကို လက်တွေ့က သင်ကြားပေးခဲ့တာပါ။ “ဗျူဟာ” ရဲ့ အဓိပ္ပာယ်ကို ခံစားမှုနဲ့ရင်းပြီး (သိ) ခဲ့ရတာပါ။ တခါတရံ အလုပ်တခုထဲမှာပဲ အဆင့်မတူတော့ရင် (အမြင်) ဟာ ပြောင်းသွားနိုင်ပါတယ်။ }

{ ကျနော့် အကိုဟာ မြန်မာနိုင်ငံက ဆရာဝန်ဘွဲ့ရခဲ့ပြီး အမေရိကားမှာ Ph.D ဘွဲ့ရပြန်ကာ ပါမောက္ခ ဖြစ်လာပါတယ်။ ကျနော်က Corporate America လို့ခေါ်တဲ့ နယ်ပယ်မှာ ကြီးထွားရတယ်။ ကျနော့်အကိုက Academic လို့ခေါ်တဲ့ ပညာတတ်နယ်ပယ်မှာ ကြီးထွားရတာကြောင့် ကျနော်တို့ ညီအကို ၂ ယောက်ဟာ မြန်မာ့နိုင်ငံရေးမှာသာ (အမြင်) တူကြတာ။ အမေရိကန်နိုင်ငံရေးမှာတော့ ပြဒါးတလမ်း သံတလမ်းပဲ။ အမေရိကန် ပညာရေးစနစ်မှာ University တက္ကသိုလ်တွေအောက်မှာ College ဆိုတာတွေ ရှိပါတယ်။ College of Medicine, College of Engineering, College of Education ဆေးကောလိပ်၊ အင်ဂျင်နီယာ ကောလိပ်၊ ပညာရေး ကောလိပ် စသည်ဖြင့်ပေါ့။ ဒီကောလိပ်တခုစီကို Dean ဆိုတာက အုပ်ချူပ်ရပါတယ်။ ဗမာလိုတော့ ပါမောက္ခချူပ်လို့ ခေါ်မယ်ထင်ပါတယ်။ ကျနော် မြန်မာနိုင်ငံမှာ ကျောင်းတက်စဉ်က ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်ဆိုပြီး ခွဲထားတာကိုး။ အမေရိကားမှာတော့ တက္ကသိုလ်တွေက အများကြီး ရှိကြတာကိုး။ }

{ ကျနော့်အကိုဟာ ပါမောက္ခဘဝမှာ စာသင်တာရယ်၊ အားရင် သုတေသနလုပ်ပေါ့။ ဒါကြောင့် ကျနော်က ပါမောက္ခဆိုတာ အင်္ဂလိပ်လို Ivory Tower လို့ခေါ်တဲ့ စင်မြင့်ပေါ်က လူတွေ လက်တွေ့ ဘာနားလည်လို့လဲလို့ အငြင်းပွားကြရင် မတရားအနိုင်ယူပြောလေ့ရှိတယ်။ သူကလည်း ပြန်ပြောပေါ့။ သူက Dean ပါမောက္ခချူပ်ဖြစ်တော့ ဘတ်ဂျက်ကိုင်လာရပြီး ကိုယ့်ကောလိပ်၊ ကိုယ့်ဘတ်ဂျက်အတွက် အပြိုင်အဆိုင် နိုင်ငံရေး Office Politics ပါလာပြီ။ မြို့တော်ဝန် ပြည်နယ်အုပ်ချူပ်ရေးမှူး Governor office က အုပ်ချူပ်သူတွေနဲ့ ဆက်ဆံလာရပြီး လူတွေ ဌားရတယ်။ လူတွေကို အလုပ်ဖြုတ်ရတယ်။ လက်တွေ့ပြဿနာတွေ ရင်ဆိုင်လာရပြီ။ ဒါကြောင့် ပါမောက္ခနဲ့ ပါမောက္ခချူပ် အဆင့်မတူတော့တာကြောင့် (အမြင်) ပါ ပြောင်းလာတယ်။ ကျနော့်ရဲ့ ခံစားမှုနဲ့ (အမြင်) ကို သူ ခံစားတတ်လာတယ်။ }

{ ကျနော် အခုလို လက်တွေ့ဖြစ်စဉ်နဲ့ယှဉ်ပြီး တင်ပြတာကို တချို့က ဒီလူကြီး လျှောက်ကြွားနေတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ (အမြင်) ဆိုတာ အခြေခံပညာ၊ နောက်ခံ ဘဝအတွေ့အကြုံနဲ့ လေ့လာမှုအားအပေါ် မူတည်တာကြောင့် (မြင်) နိုင်သလောက်သာ (မြင်) ကြတာမို့ အပြစ်မပြောနိုင်ပါ။ ကျနော့်စေတနာရင်းက နောက်ခေတ် Critical Thinking ကို နားလည်စေချင်တယ်။ အမြင် (ကျယ်) စေချင်တယ်။ လက်တွေ့သင်ခန်းစာဆိုတာက (ငွေ) နဲ့လည်း ဝယ်ယူလို့ မရပါဘူး။ စာသင်ခန်းထဲမှာ (သင်) ယူရုံနဲ့ မပြီးပြည့်စုံနိုင်ပါဘူး။ B school လို့ခေါ်တဲ့ Business School တွေမှာ Case Study အနေနဲ့ လေ့လာကြတာ ရှိပေမယ့် မိုးထဲလေထဲ အခက်အခဲကြားမှာ ရုန်းကန်ပြီး ရလာတဲ့ အတွေ့အကြုံ (အသိ) နဲ့ အရိပ်အောက်မှာ စာအုပ်ထဲကရတဲ့ (အသိ) မတူကြပါ။ လက်တွေ့ပါမှ ပြီးပြည့်စုံတယ်ဆိုတာကို လူငယ်လေးတွေကို သိစေချင်တာပါ။ }

* * (အမြင်) မတူရင် (ဗျူဟာ) မတူပါ * *

အမြင်မတူရင် ဗျူဟာမတူဘူး ဆိုတာကို လက်တွေ့ဖြစ်စဉ်တခုနဲ့ ယှဉ်ပြီး တင်ပြဆွေးနွေးပါရစေ။

" အခွင့်အရေးပေါ်တယ် ဘာလုပ်မလဲ ? "

{ နိုင်ငံရေးမှာ အခွင့်အရေးပေါ်ရင် - ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ? ဆိုတာကို စဉ်းစားတတ်ရမယ်။ တော်လှန်ရေးကောင်စီ တက်တော့ ငြိမ်းချမ်းရေးခေါ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဘာကြောင့် လက်ခံတာလဲ? စကားပြောကြည့်မှ ရန်သူ့သဘောထားကို သိမယ်။ အောင်မြင်ရင် အမြတ်၊ မအောင်မြင်ရင်လည်း အဆက်သွယ်ပြတ်နေတဲ့ ပဲခူးရိုးမကလူတွေနဲ့ တရုတ်ပြည်ရောက်နေတဲ့လူတွေ ပြန်ဆွေးနွေးခွင့်ရမယ်။ ဒါက ပေါ်လာတဲ့ အခွင့်အရေးကို နိုင်ငံရေးအမြတ်ထုတ်တာပဲ။ သခင်သန်းထွန်းစကားနဲ့ပြောရရင် ရန်သူ့မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာပဲ။ ရန်သူကလည်း သူ့အမြင်၊ သူ့ဗျူဟာနဲ့ ဖိတ်ခေါ်တာပဲ။ တချို့ရဲ့ အတွေးက ဗကပ ရဲ့ ခေါင်းဆောင်ပိုင်းကို ချိန်ဆဖို့နဲ့ ခွဲနိုင်ရင် ခွဲဖို့ လုပ်တယ်လို့ ဆိုကြတယ်။ နိုင်ငံရေးဆိုတာမှာလည်း အကွက်မြင်သူ၊ လျှင်သူ၊ အောင်ပွဲ မခံဘူးလား။ }

{ ဒီဖက်ခောတ်လူတော်တော်များများက ရှေးကွန်မြူနစ်တွေလို ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးကို နားမလည်ကြတော့ တလမ်းသွားအတွေးကိုပဲ တွေးတတ်ကြတော့တယ်။ စစ်တပ်ကို မကြိုက်၊ စစ်တပ်ကို ဆန့်ကျင်ကြ။ ဒို့က ရေတောင် စစ်မသောက်ဘူးဆိုပြီး ထကြွေးကျော်ရင် လူစွမ်းကောင်းဖြစ်ပြီ ထင်ကြတယ်။ ဒါက အမှန် ”ဆန္ဒ” သို့မဟုတ် ” ခံစားမှု” သက်သက်သာ ဖြစ်နေတယ်။ ဒီ ခံစားမှုအဆင့်ကို မကျော်နိုင်ရင် ဆန့်ကျင်ဖို့အတွက် ဆန့်ကျင်တာ Opposing for the sake of Opposing" ပဲ ဖြစ်သွားရော။ နိုင်ငံရေးမှု ခံစားမှု၊ ယုံကြည်ချက်၊ အင်အားတည်ဆောက်မှု၊ ထိရောက်တဲ့ ဗျူဟာ ချနိုင်မှု၊ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေဟာ သီးခြားစီရှိပါတယ်။ တခါတရံ ခံစားမှုကို ဘေးဖယ်ပြီး ဗျူဟာတွေ ချရတာ ရှိတယ်။ လုပ်ဆောင်ရတာတွေ ရှိတတ်ပါတယ်။ }

{ ဥပမာ- ဒီပဲယင်းမှာ နအဖ လူမိုက်တွေဟာ ဒေါ်စုနဲ့ အန်အယ်ဒီ အဖွဲ့သားတွေကို ကိုယ်ထိလက်ရောက် စော်ကားရုံသာမက အသက်ကိုပါ အန္တရာယ်ပြုကြတယ်။ ဒေါ်စုဟာလည်း လူသားတဦးမို့ ခံစားမှု မရှိဘဲ နေမှာလား။ ဒါပေမယ့် ဒေါ်စုက အကြမ်းမဖက် ဝါဒကို ယုံကြည်တဲ့အတွက် ခွင့်လွှတ်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဆက်တောင်းဆို ကျိုးစားပြီး ခံစားမှုနဲ့ ဗျူဟာကို ခွဲခြားနိုင်ခဲ့တယ်။ ခေါင်းဆောင်ကောင်းဆိုတာကို ပြသခဲ့တယ်။ }

{ မထင်မှတ်ဘဲကျနော်တို့ ညီအကို နှစ်ယောက်ကို ဗိုလ်ချုပ်ခင်ညွှန့်က သံအမတ် ဦးလင်းမြိုင်ကတဆင့် ဖိတ်ကြားလာတယ်။ နောက်မှသိရတာက ကြားလူတဦးရဲ့ တိုက်တွန်းချက်ကြောင့်လို့ ဆိုပါတယ်။ ဖိတ်ကြားတာက ရှင်းရှင်းလေးပါ။ တိုင်းပြည်ကို ပြန်လာကြည့်ပါ။ ဘာနောက်မြှီးဆွဲမှ မပါပါ။ ကြားကြားချင်း မယုံချင်ပါ။ နောက်ကွယ်မှာ ဝှက်ဖဲရှိလားပေါ့။ ထောင်ခြောက်ရှိသလားပေါ့။ တဖက်ကလည်း မြန်မာပြည် ပြန်မရောက်တာ ၁၉ ၈၂ ခုနှစ်၊ ထွက်လာကတည်းက၊ ကိုယ့်လူတွေနဲ့ ပြန်တွေ့ချင်တယ်။ တိုင်းပြည်အခြေအနေကို ပြန်ကြည့်ပြီး ပြန်သုံးသပ်လိုတယ်။ အဓိက နောက်တချက်က- ဒေါ်စုနဲ့တွေ့ရတဲ့ လူတွေ အားလုံးက နိုင်ငံခြားသားတွေ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမှာ လိုက်တာ၊ ဒေါ်စုက ဘာပြောလိုက်တာနဲ့ နိုင်ငံခြားရောက် မြန်မာတွေအားလုံး ဒေါ်စု စကားကို တဆင့်ခံပဲ ကြားနေရတာ။ မြန်မာတွေထဲမှာ လောလောလတ်လတ် ဒေါ်စုနဲ့ ဆွေးနွေးဖူးသူမရှိ၊ ဒေါ်စုရဲ့ လက်ရင်း လူယုံတွေ NLD-LA က ဦးညိုအုန်းမြင့်တို့လို၊ ဦးမြင့်တို့လိုပေါ့။ ဒါပေမယ့် နှစ်တွေက ကြာခဲ့ပြီ။ ဒေါ်စုကို တွေ့ပြီး ဆွေးနွေးခွင့်ရဖို့ဆိုတာ ထောက်လှမ်းရေးကို တရားဝင် မကျော်နိုင်ဘဲနှင့် ဖြစ်နိုင်သည့် အရာမဟုတ်။ ဥာဏ်မရှိဘဲ စွန့်စားလျှင် ဂျွန်ယက်တောလို ဒေါ်စု အန္တရာယ် ကျနိုင်သည်။ မြန်မာပြည်ပြန်တဲ့ မြန်မာတွေ ရှိပါရဲ့။ သို့သော်လည်း သူ့ကို လူတိုင်း တွေ့ခွင့် ရနိုင်တာ မဟုတ်။ }

{ နိုင်ငံရေးမှာ အရေးကြီးတာက လက်ရှိ အခြေအနေမှန်ကို အမှန်အတိုင်း သုံးသပ်နိုင်ဖို့ ဖြစ်သည်။ လူတွေနှင့် ထိတွေ့ ခံစား စကားပြောမှသာလျှင် လက်ရှိအခြေအနေကို သုံးသပ်နိုင်မည်။ ဒီအတွေး ဒီအမြင်နဲ့ ကျနော့်အကို ဒေါက်တာ ထွန်းကျော်ငြိမ်းဟာ ၂ဝဝ၄ မှာ မြန်မာပြည်ကို ပြန်သွားခဲ့တယ်။ ဒေါ်စုနှင့်သာ မဟုတ်၊ ဗိုလ်ချုပ်ကြီးတင်ဦးနှင့်ပါ နာရီနှင့်ချီ၍ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ကျနော်တို့ ညီအကို ၇၄ ခုနှစ်ကနေ ၇၉ ခုနှစ်အထိ ထောင်ကျစဉ် ထောင်တွင်း ဆန္̔ဒပြမှုကို ဦးဆောင်မှုနှင့် တိုက်ပိတ်ခံခဲ့ရပါတယ်။ တွဲဖက် တိုက်ခန်းတခုလုံးမှာ တဖက်စွန်းတွင် ကျနော်၊ အခြားတဖက်စွန်းတွင် ကျနော့်အကို၊ အလယ်မှာတော့ ဗိုလ်ကြီး အုန်းကျော်မြင့် ရှိပါတယ်။ တိုက်တန်းရှေ့က အိမ်လေး ၂ လုံးမှာတော့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ မြောက်ပိုင်းတိုင်းမှုးတို့ ရှိကြပါတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်ကို ကြိုးပေးတော့ ကျနော်တို့ အရှေ့က ထုတ်သွားတာပါ။ ဒါကြောင့် ဗိုလ်ချုပ်ကြီးတင်ဦးနဲ့က ရင်းရင်းနှီးနှီးရှိနေတာလို့ ခံစားမိပါတယ်။ ဒေါ်စုက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၃၆ ကျောင်းသားသပိတ်ကတည်းက အတူလုပ်လာခဲ့တဲ့ ဗိုလ်ချုပ်၏ ရောင်းရင်းတယောက်ရဲ့ သားတွေအနေနဲ့ နွေးနွေးထွေးထွေး လက်ခံဆွေးနွေးခဲ့ပါတယ်။ }

{ ဒေါ်စုနဲ့ ဆွေးနွေးခွင့်ရတာကို တချက်မှ အလွဲသုံးစား မလုပ်ခဲ့ဖူးဘူး။ ကျနော်တို့သိတာကို ရင်ထဲမှာပဲထားခဲ့တယ်။ ဒေါ်စုကို ကျေနပ်လို့၊ လေးစားလို့၊ လက်ခံလို့ တောက်လျောက် ပြတ်ပြတ်သားသား ထောက်ခံခဲ့ပါတယ်။ }

{ ရိုးရိုးမျက်စိနဲ့ ကြည့်ရင်တော့ နအဖ ဗိုလ်ချုပ်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံတယ်ဆိုရင် သို့လော သို့လော ထင်နိုင်စရာ ရှိတယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ ညံ့ရင် အစားခံရမယ်ဆိုတာကို ကောင်းကောင်း သိပါတယ်။ မကိုင်တွယ်တတ်လို့ နိုင်ငံရေးသေသွားသူတွေလည်း ရှိတာပဲ မဟုတ်လား။ စိတ်မကောင်းစရာက ၊ ကျနော့်အကို ပြန်တာကို နိုင်ငံရေးသစ္စာဖောက်ပုံသဏ္ဍာန်တိုက်ခိုက်လာကြတော့တာ။ }

{ ကျနော်နားလည်တာက ဒေါ်စုနဲ့ အန်အယ်ဒီရဲ့ ဗျူဟာက ဘာလဲ။ အကြမ်းမဖက်နည်းကို မလိုက်ချင်လို့၊ သွေးထွက်သံယိုနည်းကို ရှောင်ချင်လို့၊ ဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ ဆွေးနွေပွဲနဲ့ အဖြေရှာဖို့ နအဖကို ဖိတ်ခေါ်ကြိုးစားနေတာမဟုတ်လား။ ဗိုလ်ချုပ်တွေနဲ့တောင် ဒေါ်စု အတူ ထမင်းစားခဲ့သေးတာ မဟုတ်လား။ }

Tuesday, August 18, 2009

{ ဒို့  အမျိုးသာ ခေါင်ဆောင်ကို လာစော်ကားတဲ့ အမေရိကန်တွေ ဘယ်လိုဘေးတွေပြီလည်းဆိုတာ ဒီမှာပါ။}(Click)



( OK, this video is not funny in any way. It is a clip of a tragic accident. It has been played on the news so we decided it was ok to post it here. )

( ၁၇.၈.၀၉ ) နေကပါ။ သူတော်ကောင်း ဒို့  အမျိုးသာခေါင်ဆောင် ဒေါ်အောင်ဆန်းစု့ ကြည် ကို လာစော်ကာတဲ့ အမေရိကန်တွေ ချက်ချင်း ဘေးဘယ်လိုတွေပြီဆိုတာပါ။ နောက်ထပ် အပေါင်းပါတွေ အလှည့် လာပါအုံးမယ် ခင်ဗျာ။

အမေရိကန် ၀က်ပုတ် နှင့် စောက်ယူ ယက်တောတို့ ၏ လုပ်ရပ် (Click)


ဖြောင့်ညာညာ တဲ ဖြာ့ညောင်ညောင်

Monday, August 17, 2009

ကိုဂျင်ဝက်ဟာ စစ်သားတစ်ယောက်ဖြစ်တယ်။
ဗီယက်နမ်စစ်ပွဲမှာ အရာရှိ ငယ် တစ်ယောက်အနေနဲ့ အမှတ် ၅ မရိန်းတပ်ရင်းမှာ တာဝန်ကျခဲ့သူဖြစ်တယ်။ အမေရိကန်တိုက်ခဲ့တဲ့စစ်ပွဲတွေ တော်တော်များများရဲ့ ထုံးစံအတိုင်း ဗီယက်နမ်ကို ၀င်တိုက်ခဲ့တာလဲတရားသောစစ်ပွဲမဟုတ်ခဲ့ပါဘူး။


မတရားသောစစ်ပွဲမှာ ရွတ်ရွတ်ချွံချွံတိုက်ခဲ့တယ်လို့ ယူ ဆရတဲ့စစ်သားတယောက်တော့ဖြစ်တယ်။ သူ ရ ထားတဲ့ စစ်ပွဲနဲ့ဆိုင်တဲ့ သူရဲကောင်း တံဆိပ်တွေကမနည်းဘူး ဖြစ်တယ်။တတိယမြောက်လက်ရှိဇနီးကတော့ ဗီယက်နမ်အမျိုးသမီးတယောက်ဖြစ်တယ်။

ပြီးတော့ သူဟာ အမေရိကန်ရေတပ်မတော်မှာ Secretary of Navy အဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို စာအုပ်တွေ တော်တော်များများလည်း
ရေးခဲ့သူဖြစ်တယ်။အမေရိကားမှာ သူ့ ဟာနဲ့ သူတော့ အဆင့်နေရာတစ်ခု ကြွယ်ဝမှု တစ်ခု နဲ့ အလုပ်ဖြစ်နေတဲ့သူတယောက်ဖြစ်ပြန်သလို လူရိုသေရှင်ရိုသေထဲက တယောက်လဲဖြစ်ပါတယ် ။
သူ့ ရဲ့ ဇနီးအားလုံးဟာလူ သူ့ အဆင့်နေရာနဲ့သူ လူရိုသေရှင်ရိုသေတွေဖြစ်ပါတယ။် နောက်ဆုံး တတိယဇနီးဖြစ်တဲ့ ဗီယက်နမ် လူမျိုး ဇနီးကအစပေါ့။လေးစားဖွယ် ဂုဏ်ပုဒ်တွေနဲ့လူတယောက်ပါ။


သို့သော် သူ မြန်မာနိုင်ငံကိုသွားခဲ့တာရဲ့နောက်ပိုင်း သတင်းစာရှင်းလင်းပွဲက သူ့ စကားတွေကို ကိုပြန်ကြည့်ကြရအောင်လား ။


"With respect to Aung San Suu Kyi, I don't want to take the risk of misrepresenting her views but I would say to you it was my clear impression

from her that she is not opposed to lifting some sanctions," Webb said.
"I can say it was my impression from listening to her in the conversation that there were some areas that she would be willing to look at," he told reporters in Bangkok.

အထက်ပါအတိုင်း ကိုဂျင်ဝက် က ပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နှုတ်က ထုတ်ပြောခဲ့တဲ့ စကားမဟုတ်တဲ့  သူ့ ရဲ့ ဆန္ဒစွဲနဲ့ သူလိုရာလမ်းကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ သူ့ အမေရိကန် အစိုးရ လိုက်လာနိုင်အောင် ခင်းတဲ့ခြေခင်း ဖြစ်တယ်။
ပိတ်ဆို့ ရေးတွေ ဖွင့်ဖို့ မဖွင့်ဖို့ ကို အကြောင်းအရာတစ်ခုအနေနဲ့ အလေးအနက်ထားပြီးကျုပ်မဆွေးနွေးပါဘူး။

ဒီနေရာမှာ ဆွေးနွေးချင်တာ အလေးအနက် ပြောချင်တာတချက်ပဲရှိပါတယ်။
နအဖ ကို မလိုလားသူတွေရဲ့ အမေရိကန် ကို အားကိုးမှု၊ အမေရိကန်အစိုးရသာ အာနိုးကြီးကို မျက်နှာအိုးမဲသုတ် စက်သေနတ်ကြီးလွယ်ခိုင်းပြီး မုဒိန်းတပ်ဖွဲ့ နဲ့  မိုးကျရွှေကိုယ်တွေလို လေထီးနဲ့ခုန်ချ နောက်တော့ ဘကြီး သန်း ကို ၀င်ဖမ်းရင်ဖြင့်ဘယ်လို...ရော့ကက်ကြီးနဲ့ ပျဉ်းမနားကိုလှမ်းပစ်လိုက်ရင်တော့ ဘယ့်နှယ်
အဲသလို အဲသလို စိတ်ကူးတွေယဉ်ကြတဲ့ လူတွေကတမျိုး ၊ အဲသလို တွေမလုပ်ပေးနိုင်ဘူးသိပေမယ့် နှစ်စဉ် အမေရိကန် က ချပေးတဲ့ ရံပုံငွေနဲ့ အလုပ်ဖြစ်နေတဲ့ ဆရာတွေက တဖုံ ပေါ့။


ခုတော့မြင်ကွင်းက ရှင်း သွားသလောက်ရှိပါပြီ ကိုဂျင်ဝက်ဆိုတာ အမေရိကန် အစိုးရရဲ့ တကယ့် စီနီယာ ကြီးတယောက်ပါ ။ အဲသလို စီနီယာ တယောက်က စကားပရိယာယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောဆိုခဲ့တာတွေ မဟုတ်ပဲ သူ ခံစားလိုက်မိတယ် အာရုံရလိုက်ပါတယ် လို့ လူလည်ကျပြီး နအဖ
နဲ့အကွက်ပေါင်းရွှေ့ ဖို့ လုပ်တဲ့ လုပ်ရပ်ကို ကြည့်ချင်းဖြင့် မရိုးသားတဲ့ ခြေကွက်တွေနဲ့ ယခု အိုဘားမား ရုံးအဖွဲ့ က မြန်မာ့နိုင်ငံရေးကွင်းမှာ ၀င်ကစားတော့မှာ သိပ်မြင်သာထင်သာလာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ကစားမှာလဲ ဘယ်အတိုင်းအတာအထိ ၀င်လာမှာလဲဆိုတာကတော့ နအဖ ဖက်က ဘာတွေ ပြန်ရွှေ့ ပေးမလဲ ဆိုတဲ့အကွက်အပေါ်မှာ အများကြီးမူတည်နေပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပုံစံကျတဲ့ စစ်မှန်တဲ့  လမ်းကြောင်းပေါ်ကစတင်ဖို့ အမြဲ ကမ်းလှမ်း ပြီး ဖွင့်ထားပေးတဲ့ သူပါ ။

သို့ သော် အဲဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေး တံခါးကိုဖွင့်ထား ပေးတဲ့ အမျိုးသားခေါင်းဆောင် တယောက်၊ အနိုင်ရ ပါတီကခေါင်းဆောင်တယောက်ကို ခုလို ဖမ်းဆီးချုပ်နှောင်ဆဲ ဖြစ်နေတာကိုလဲ ကိုဂျင်ဝက်မြင်လျှက်သိလျှက် ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့်အကျဉ်းကျရသူတွေထောင်ပေါင်းများစွာ
အကျဉ်းစခန်းတွေမှာရှိနေတာကိုလဲသိပါတယ်။ ၂၀၀၇မှာ သံဃာတွေကို အရှင်လတ်လတ်ပစ်သတ်၊ ခေါင်းရိုက်ခွဲ ၊ ဆွဲထိုး ၊ ခြေထောက်နဲ့  ဆောင့်ကန်လုပ်ခဲ့တာတွေကိုလဲသိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ အတုအယောင်ကို အဓမ္မ လိမ်ညာပြီးလုပ်ခဲ့တာကိုလဲ သိပါတယ်။ အားလုံးကို သူ့ ဟာနဲ့ သူ သိပြီးသားဖြစ်သလို သူ မသွားခင်ကတည်းကလည်း CIA က Briefing ပေးပြီးသားဖြစ်ပါတယ်။


အမေရိကန် အားကိုးတဲ့ စိတ်ကူးယဉ်အိပ်ရာထဲက ဖိတ်စာအပြဲစနဲ့လူတွေအတွက်ကတော့ အထက်ကဆွေးနွေးချက်အတိုင်း ကို ဂျင် ၀က် ဟာ ဘာဆိုတဲ့ ရုပ်လုံးကို မြင်ကြမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးဖို့ အချိန်တန်ပြီ။ အမေရိကန်လဲ သူ့ အကျိုးစီးပွားအတွက် ပဲ ကြည့်တယ်။


တရုတ်လဲ သူ့ အကျိုးစီးပွားအတွက်ပဲကြည့်တယ်။ ကျန်နိုင်ငံတွေလဲ အလားတူပါပဲ။ သူတို့ အကျိုးစီးပွားအတွက် ကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီက ရသမျှ ကို နှုတ်ယူ ထုတ်ယူသွားမှာတွေချည်ပါပဲ။ ဒီတော့ မမျှော်နဲ့ ။ ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား ပဲ မမှိတ်မသုန် လုပ်ကြသင့်ပြီလို့ ပဲသတိပေးချင်ပါတယ်။


တုတ်ကြီး တာဝတိံသာ





" ရာဇာလီ-ဂမ်ဘာရီ-ဘန်ကီမွန်း-ဂျင်မ်ဝက်ဘ်၊ ‘ရက်စက်တယ်’ နဲ့ ဒီမိုကရေစီပွဲကြိုက်ခင်များ "

ဒေါက်တာလွဏ်းဆွေ
၁၈ သြဂုတ် ၂၀၀၉
line


အနှစ် (၂၀) အတွင်း မြန်မာပြည်ကို ရာဇာလီ လာလိုက်၊ ပီညဲရိုး လာလိုက်၊ ဂမ်ဘာရီ လာလိုက်၊ ကင်တားနား လာလိုက်၊ ဘန်ကီမွန်းကြီးကိုယ်တိုင် လာလိုက်၊ ဟော … အခုနောက်ဆုံး ဂျင်မ်ဝက်ဘ် ဆိုတဲ့ အမေရိကန်ဆီးနိတ်အမတ်ကြီး လာလိုက်နဲ့ တလာတည်း လာနေလိုက်ကြပုံများ ငယ်ငယ်တုန်းက ဇာတိမြို့ ဘုရားပွဲမှာ လာကတဲ့ ဇာတ်တွေကို သွားသတိရမိတော့တယ်။

ဘုရားပွဲမစခင် နှစ်ပတ်လောက်အလိုမှာ ‘ပုလင်းစိန်၊ အမြည်းစိန်၊ ဖန်ခွက်စိန်’၊ ဘုရားပွဲစခါနီးမှာ ‘ရွှေနန်းတင်သား နန်းဝင်း’၊ ဘုရားပွဲအစပိုင်းကျတော့ ‘သစ္စာမေတ္တာ ရွှေမန်းသဘင်’၊ ဘုရားပွဲအလယ်ကျတော့ ‘စိန်မာဒင်သား မိုးဝင်း’၊ ဘုရားပွဲဆုံးခါနီးတော့ ‘မန္တလေးသိန်းဇော်’၊ ဘုရားပွဲကြီးပြီးသွားပြန်တော့ ‘မြို့တော်အင်အားသစ်’ နဲ့ ဘုရားပွဲလေးကို အကြောင်းပြုပြီး တဇာတ်ပြီးတဇာတ် ၀င်ကလိုက်ကြတာ ဇာတ်တွေကို စုံလို့ပဲဆိုပါတော့ …။

အဲဒီဘုရားပွဲလေး ကျင်းပချိန်နီးပြီဆိုတာနဲ့ မြို့မှာရှိတဲ့ ပွဲကြိုက်ခင်တွေခမျာ လှုပ်လှုပ်ရွရွနဲ့ အလုပ်ရှုပ်ကြတော့တာပါပဲ။ ဇာတ်တွေဝင်မလာခင်မှာ အဲဒီဇာတ်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဲဒီတုန်းက ဇာတ်သဘင်အကြောင်းတွေ ဖော်ပြလေ့ရှိတဲ့ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ သဘင်မဂ္ဂဇင်းတွေမှာ ရှာဖတ်ကြ၊ ဖတ်ပြီးရင် ဘယ်မင်းသားက ဘယ်လိုချောကြောင်း၊ ဘယ်မင်းသားကတော့ သွားတက်ကလေးနဲ့၊ ဘယ်မင်းသားကတော့ ပြုံးလိုက်ရင် ဘယ်လို၊ ဘယ်မင်းသားကတော့ နှုတ်ခမ်းမွေး ရေးရေးလေး … စသဖြင့် မင်းသားတွေရဲ့ ရုပ်ရည်ရူပကာတွေအကြောင်း စားမြုံ့ပြန်ကြ၊ ပြောရင်းဆိုရင်း ကိုယ့်ရည်စားအမှတ်နဲ့ အူနုကျွဲခတ်ကြ၊ ဆံပင်ပြေးကောက်သူကောက်ကြ၊ ပုံသွင်းသူသွင်းကြ၊ ပွဲကချိန်မှာ နေရာကောင်းက ရှုစားအားပေးခွင့် ရဖို့အရေး ဖျာလက်မှတ်တွေ ကြိုတင်ဘွတ်ကင်လုပ်ကြနဲ့ ရှုပ်ယှက်ခတ်နေကြတော့တာပါပဲ။

ဇာတ်အဖွဲ့တွေဝင်လာပြီဆိုရင်လည်း ၀င်လာတဲ့ဇာတ်အဖွဲ့က မင်းသားတွေဆီ ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်နဲ့ အလုအယက် ချက်ပြုတ်ပို့ကြ၊ မိတ်ဆက်စကားပြောဖို့ မင်းသားရဲ့ ဇာတ်သေတ္တာဘေး၊ ခြင်ထောင်ဘေး စိတ်ရှည်လက်ရှည် စောင့်စားကြ၊ မင်းသားကို ယပ်ခတ်ပေးကြ၊ လက်ဆောင်တွေ ပေးကြ၊ မင်းသားတွေဆီက လိပ်စာတွေ တောင်းကြ၊ အော်တိုအော်ရှည်တွေ ရေးခိုင်းကြ၊ ဇာတ်အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ ပြန်သွားလိုက်ကြနဲ့ နောက်ဆုံးတော့ ပွဲသွင်းသူ ကန်ထရိုက်ပဲ တိုက်ဆောက် ကားစီးသွားတယ်၊ မြို့မှာရှိတဲ့ ပွဲကြိုက်ခင်တွေခမျာတော့ မျက်တွင်းဟောက်ပက် အိပ်ရေးတွေပျက်နဲ့ ဖလက်ပြပြီး ဈေးမထွက်နိုင်၊ အလုပ်မလုပ်နိုင်၊ တမှိုင်မှိုင် တတွေတွေ လွမ်းဖျားလွမ်းနာတွေကျ ကျန်ရစ်ခဲ့ကြပုံတွေကို ပြန်မြင်ယောင်နေမိတယ်။

တရက်မှာ အိမ်နံဘေးက အဖွားတယောက် သူ့မြေး ပွဲကြိုက်ခင်ကို မြည်တွန်တောက်တီးနေတာ ကြားရတယ်။ ဘာဖြစ်လို့ပါလိမ့်လို့ နားစွင့်ကြည့်တော့ သူ့မြေးပွဲကြိုက်ခင်က ပြန်သွားတဲ့ ဇာတ်အဖွဲ့က မင်းသားအကြောင်း နှုတ်ကမချ တဖွဖွပြောလိုက်၊ မင်းသား ရေးပေးသွားတဲ့ အော်တိုစာအုပ်လေးကို ဖွင့်ဖတ်လိုက်၊ စာအုပ်လေးကို ရင်ဘတ်ပေါ်ဖိထားလိုက်နဲ့ စိတ်ကူးတွေယဉ်နေလို့ပါတဲ့။

“ဟဲ့ကောင်မ၊ ညည်းအေ နေ့လည်းနေ့မို့၊ ညလည်းညမို့ ဒီမင်းသားအကြောင်းပဲ ပြီးကိုမပြီးနိုင်တော့ဘူး။ စာအုပ်ကို ရင်ဘတ်ပေါ်တင်လိုက် မွှေးမွှေးပေးလိုက်နဲ့ ညည်းရူးနေလား၊ မင်းသားဆိုတာ နယ်တကာလှည့်ကနေတဲ့အမျိုးဟဲ့၊ သူ့မှာ ညည်းလိုအရူးမတွေ အများကြီးနေမှာပေါ့အေ့။ ဒါကိုများ အရူးထပြီး တမ်းတနေလိုက်တာ ငါ … တယ် … မပြောလိုက်ချင်ဘူး။ သွား … သွား ညည်း ဈေးမထွက်တာ ဘယ်နှစ်ရက်ရှိပြီလဲ။ ကိုယ့်အလုပ်ကိုယ်လုပ်။ ထမင်းငတ်ရင် ညည်းကို ဘယ်မင်းသားကမှ လာကျွေးမှာမဟုတ်ဘူး။ ဒီပုံအတိုင်းဆို ညည်းအဖေ ခရီးက ပြန်လာရင်တော့ ဖနောင့်စာမိမှာ ငါမြင်ယောင်သေးတော့ အေ” ဆိုတဲ့ အဖွားလုပ်သူရဲ့ နန်းစတော့ပ် ဆူပူကြိမ်းမောင်းသံကို ပြန်ကြားယောင်ပြီး ပြုံးနေမိပါတယ်။

အခုလည်း ကျနော်တို့ မြန်မာနိုင်ငံရေးဇာတ်ခုံကြီးမှာ အဲဒီလို ဇာတ်ပွဲတွေနဲ့ ပွဲကြိုက်ခင်တွေရဲ့ အဖြစ်အပျက်မျိုးတွေ အတွေ့ရများခဲ့တာ ဒီမိုကရေစီတိုက်ပွဲသက် (၂၁) နှစ် ပြည့်မြောက်ခါနီးတဲ့အထိပါပဲ။ ပွဲသွင်းသူ နအဖက ရာဇာလီဇာတ်အဖွဲ့ကို ခေါ်မယ်ကြေညာလိုက် ကျနော်တို့ ဒီမိုကရေစီပွဲကြိုက်ခင်များက ‘ရာဇာလီ မြန်မာပြည်ကို ကယ်တင်တော့မည်’ အထင်နဲ့ ရာဇာလီမလာခင် လေလှိုင်းကနေ ကြိုတင်ခန့်မှန်းတွေ ပြောကြ၊ ဘယ်လိုမြင်တယ် ဘယ်ဝါမြင်တယ် ဘယ်လိုဖြစ်နိုင်တယ်ဆိုပြီး အားလူးတွေဖုတ်ကြ၊ ရာဇာလီ မအောင်မမြင်နဲ့ ပြန်သွားတော့ ကြေညာချက်တွေထုတ်ပြီး ကန့်ကွက်ကြ၊ လေလှိုင်းတွေကနေ ရှုတ်ချပြောဆိုကြ၊ ပြောလို့မော အော်လို့လည်ချောင်းကွဲတော့ ငြိမ်သက်သွားကြ …။

ဒီလိုနဲ့ ပွဲကန်ထရိုက် နအဖက ရာဇာလီဇာတ်အဖွဲ့နည်းတူ ပီးညဲရိုးဇာတ်ကို သွင်းခဲ့တယ်။
ဂမ်ဘာရီဇာတ်ကို အကြိမ်ကြိမ် အလီလီသွင်းခဲ့တယ်။
ကင်တာနားဇာတ်ကို သွင်းပြန်တယ်။
ဘန်ကီမွန်းဇာတ်ပွဲကြီးဆို နှစ်ကြိမ်နှစ်ခါကြီးများတောင် ကပြအသုံးတော်ခံခွင့်ပေးခဲ့တယ်။


နောက်ဆုံးမှာတော့ နအဖသွင်းတဲ့ ဇာတ်ပွဲတွေကို စောင့်မျှော်ဝေဖန်ရင်း၊ ကြေညာချက် ထုတ် ရှုတ်ချရင်း၊ သံရုံးတွေရှေ့ ဆန္ဒပြရင်း၊ ကမ္ဘာပတ်ပြီး လှည့်တောင်းရင်းနဲ့ အချိန်တွေ ကုန်လာလိုက်ကြတာ မျိုးဆက်တဆက်စာနီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်တိုက်ပွဲဝင်နိုင်မယ့် အင်အား၊ ညီညွတ်မှုမျိုး မတည်ဆောက်နိုင်ခဲ့ကြဘူး။ ဒီမိုကရေစီပွဲကြိုက်ခင်များ အဲဒီလို အချိန်ကုန်နေချိန်မှာ ပွဲသွင်းသူ နအဖကတော့ သူလုပ်စရာရှိတာကို လုပ်ရင်း၊ လိမ်ရင်း၊ ညာရင်း၊ ရက်စက်ရင်း၊ ဖိနှိပ်ရင်း၊ သတ်ဖြတ်ရင်း၊ ချေမှုန်းရင်းနဲ့ လာလိုက်တာ မကြာခင် ၂၀၁၀ ဆိုတဲ့ အတုအယောင် ရွေးကောက်ပွဲကြီးနဲ့ အာဏာကိုအပိုင်ကြံဖို့ အပူတပြင်း လုပ်ဆောင်နေပါပြီ။

ဒါပေမယ့် အခုအချိန်အထိလည်း ကျနော်တို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ တိုက်ပွဲဝင်သူတွေ (အထူးသဖြင့် ပြည်ပရောက်တွေ) ဘက်က လေလှိုင်းတွေ၊ ရုပ်သံတွေမှာ လေကန်ကြ ဝေဖန်ကြ၊ လက်တော့ပ်လေးတွေ ကိုယ်စီနဲ့ ခေါင်းချင်းဆိုင်ပြီး ကြေညာချက် တွေထုတ် ရှုတ်ချလိုက်ကြ၊ သံရုံးတွေရှေ့မှာ ဆန္ဒပြလိုက်ကြနဲ့ပဲ ပြီးနေတုန်းပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကွယ်လွန်သူ အဆိုတော် စိုးလွင်လွင်ရဲ့ သီချင်းတပုဒ်ကို သွားသတိရမိတယ်။ သီချင်းခေါင်းစဉ်က ‘ရက်စက်တယ်’ တဲ့။ ခေါင်းစဉ်အတိုင်းပဲ သီချင်းတပုဒ်လုံးမှာလည်း ‘အကြင်နာဆုံး ရက်စက်တယ် xxx မောင်အချစ်ဆုံး ရက်စက်တယ် xxx ရီရီစိုး ရက်စက်တယ် xxx ရက်စက်တယ် xxx ရက်စက်တယ် xxx ” နဲ့ သီချင်းသာ ဆုံးသွားတယ် ‘ရက်စက်တယ်’ ချည်းပဲ ကြားလိုက်ရတယ်။

ကျနော်တို့ရဲ့အဖြစ်ကလည်း စိုးလွင်လွင်သီချင်းလိုပဲ အနှစ် (၂၀) လုံးလုံး နအဖ ရက်စက်တာကိုပဲ သက်သေပြနေကြတယ်။ ကြေညာချက်တွေထုတ်၊ ဆန္ဒတွေပြ၊ လေလှိုင်းတွေ ရုပ်သံတွေကနေ လေကန်ဝေဖန်နဲ့ပဲ နအဖရက်စက်ကြောင်း ငြီးငွေ့စရာ ကောင်းလောက်အောင် သက်သေပြခဲ့ကြတယ်။ နအဖက ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ပြည်သူတွေအပေါ် မရက်စက်အောင် မရက်စက်နိုင်အောင် မရက်စက်ရဲအောင် ဘယ်လိုလုပ်ဆောင်မလဲ၊ ဘယ်လိုခုခံမလဲ၊ ဘယ်လိုလက်ဦးမှုယူပြီး တိုက်ပွဲဝင်မလဲ ဆိုတာကို မစဉ်းစားခဲ့ကြဘူး။ ကြိုတင်မပြင်ဆင်ခဲ့ကြဘူး။ အင်အားမတည်ဆောက်ခဲ့ကြဘူး (ရွှေဝါရောင်မှာ အသိသားဆုံး ဖြစ်ပါတယ်)။ ပရိုပိုဇယ်နိုင်ငံရေးလောက်၊ သံတမန်ရေး ဖိအားလောက်၊ အော်ရုံ ရှုတ်ချရုံလောက်နဲ့ ဒီမိုကရေစီရမယ်ထင်ပြီး အချိန်ကုန်ခဲ့ကြတယ်။

အခုတော့ ရင်ဆိုင်နေရတဲ့ ရန်သူနအဖရဲ့ အနေအထားက ဘန်ကီမွန်းလည်း မနိုင်၊ အာဆီယံလည်း လက်မှိုင်ချရတဲ့ အနေအထားရောက်ရပြီ။ အမေရိကန်ကြီး ဂျင်မ်ဝက်ဘ်ကလည်း သူ့အလုပ်သူလုပ် (ယက်တောကို လာထုတ်)၊ စားကောင်းသောက်ကောင်းလေး ပြောပြီး ပြန်သွားပါချေပြီ။ “၀င်ရောက်ခိုနား ပြန်ထွက်သွားသော် ကိုင်းဖျားသိမ့်သိမ့်ကျန်ရစ်သတည်း” ဆိုတဲ့ ကဗျာစာသားလေးအတိုင်း ယက်တောဝင်ရှုပ်ပြီး ပြန်ထွက်သွားပေမယ့် ကျန်ရစ်သူ ဒေါ်အောင်ဆန်းစုကြည်ခမျာမှာတာ့ အရင်လို အကျယ်ချုပ်ဘ၀မျိုးနဲ့သာ အဖတ်တင် ကျန်ရစ်ခဲ့ရချေပြီ။ မြန်မာပြည်သူတွေသာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အရေး ရတက်မအေးဖြစ်ကျန်ရစ်ခဲ့ရချေပြီ။

အဲဒီတော့ နောက်ဆုံးပိတ် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်လာတဲ့ ခရီးစဉ်အထိ အနှစ် (၂၀) ရလဒ်တွေကို ပြန်လည်သုံးသပ် အဖြေထုတ်ကြည့်မယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲဝင်တွေအနေနဲ့ နအဖကို စိုးလွင်လွင်သီချင်းလို “ရက်စက်တယ် xxx ရက်စက်တယ်” ဆိုပြီး အော်ဟစ်နေရုံလောက်နဲ့ မရဘူးဆိုတာ ရှင်းနေပါပြီ။ နအဖ မရက်စက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုသာ လက်တွေ့ကျကျ (အပ်တိုတချောင်းကအစ ဘယ်လိုအသုံးချမလဲဆိုတာမျိုး) အကောင်အထည်ဖော်ဖို့၊ စနစ်တကျပြင်ဆင်ဖို့ အချိန်ကျရောက်နေပြီလို့ မြင်ပါတယ်။ နို့မဟုတ်ရင်တော့ အဖေပြန်လာရင် ဖနောင့်စာမိမယ့် ပွဲကြိုက်ခင်လို ကျနော်တို့ ဒီမိုကရေစီပွဲကြိုက်ခင်များနဲ့ ပြည်သူများလည်း နအဖပထွေး လိမ်ညာလုပ်ဆောင်မယ့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲလှည်းစုတ်ကြီး ဖြတ်ကြိတ်နင်းခြေသွားတာ ခံရနိုင်ကြောင်း သတိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။

( http://www.khitpyaingnews.org/articles/Aug09/180809.php )

Sunday, August 16, 2009

" HOW HAVE YOU DONE (USA) " ?

'' OUR LEADER IN STOUT HEART ''


'' SHE IS NECESSARY FOR OUR COUNTRY AND MOTHER LAND ''




{ကျွှန်တော်တို့ ၏ အမျိုးသားခေါင်ဆောင် သူတော်ကောင်း ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် စော်ကားသေား အမေရိကန်နှင့် အပေါင်းပါတွေ အားလုံး မကြာခင်ကံကြီးထိုက်လိမ်မည်။}

Tuesday, August 11, 2009

{ မုဆိုးမတစ်ယောက်ရဲ့..အခန်း } (Click)

{ မုဆိုးမတစ်ယောက်ရဲ့..အခန်း }

ကြိုးအားလုံးပြတ်နေတဲ့ ဂစ်တာမှာ အသံရှိတယ်

ကြေမွနေတဲ့ မှန်စတွေပေါ်မှာ အသံရှိတယ်

သဲကြိုးပြတ် ဖိနပ်တစ်ရံမှာ အသံရှိတယ်

သွေးစွန်းတဲ့ အင်္ကျီတစ်စမှာ အသံရှိတယ် ။


ခိုင်မာတဲ့ ယုံကြည်မှု့မှာ အသံရှိတယ်

သံတိုင်တွေကြားမှာ အသံရှိတယ်

ထော့နေတဲ့ ခြေတစ်ဖက်မှာ အသံရှိတယ်

သွေဖီစည်းမျဉ်းတွေအောက်မှာ အသံရှိတယ် ။


မဲမှောင်တိုက်ခန်းငယ်မှာ အသံရှိတယ်

ဝါကျင်ကျင် မီးလုံးလေးမှာ အသံရှိတယ်

မျက်မှန်ဟောင်းကို စမ်းတဲ့လက်မှာ အသံရှိတယ်

ပင့်ကူမျှင်တွေနဲ့ မျက်နှာကျက်မှာ အသံရှိတယ် ။


ပုရွက်ဆိတ်တက် ထမင်းကြမ်းခဲမှာ အသံရှိတယ်

လွင့်တက်လာတဲ့ မြောင်းပုတ်နံ့မှာ အသံရှိတယ်

စိုနေတဲ့ ပါးနှစ်ဖက်မှာ အသံရှိတယ်

အသံမှာ အသံရှိတယ် ။


ဒါပေမဲ့.........

လင်သေ သားပျောက် မုဆိုးမတစ်ယောက်ရဲ့

မျှော်လင့်ချက်မှာ .. .. .. .. .. .. .. အသံမဲ့တယ် ။


ရင်ဘတ်ရှိသူတိုင်း အဲဒီ အသံတွေကို

ကြားနိုင်မယ်လို့ ယုံကြည်နေပါရစေ..........။

လေးစားထိုက်သူများကို လေးစားစွာဖြင့်..................

(ခင်လေးငယ်)

http://koyinnawkhinlaynge.blogspot.com

စိတ်ကို အသိညဏ်ကအုပ်စိုး၏။

အသိညဏ်ကို ဗဟုသုတကအုပ်စိုး၏။

ဗဟုသုတကို စာပေကအုပ်စိုး၏။

စာဖတ်တတ်လျှက် မဖတ်သောသူသည်

ပြူတင်းပေါက်ရှိလျှက် မပွင့်သော အိမ်နှင့်တူသည်။

အားလုံး ဘေးရန်တွေကင်း ကြပြီး ဆန္ဒ္ဒတွေပြည့်ဝကြပါစေ ..။

{ နှလုံးသားအသိနဲ့ ကျေးဇူးဆပ်ကြည့်ပါ } (Click)

“ နှလုံးသားအသိနဲ့ ကျေးဇူးဆပ်ကြည့်ပါ ”

ဗိုလ်ထက်မင်း

၁၀ သြဂုတ် ၂၀၀၉

စစ်အာဏာရှင်တွေအနေနဲ့ ကြပ်ပြေးကို ကြောက်လို့ ပြေးသွားခဲ့ကြပေမယ့် ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်မြို့တော်ဟာ မြန်မာပြည်ရဲ့ စစ်မဟာဗျူဟာအရတော့ အချက်အချာမြေအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ စိစစ်ကြပ်မတ်မှုနဲ့ ယုံကြည်စိတ်ချရမှု ရရှိမှသာ အရာရှိ/စစ်သည်တွေဟာ နယ်ကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့ခွင့်ရကြပါတယ်။ နယ်တပ်ကနေ ရန်ကုန်တိုင်းလက်အောက်ခံ တပ်တွေဆီ ပြောင်းချင်ရင် အရာရှိ/စစ်သည်တွေရဲ့ ကိုယ်ရေးရာဇ၀င်ကင်းရှင်းမှု ရှိမရှိနဲ့ နောက်ကြောင်းကို သေချာစုံစမ်းပြီးမှသာ ပြောင်းခွင့်ပြုပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ စစ်ရုံးတို့လိုမျိုး အတွင်းစည်းထဲကို ထပ်မံပြောင်းချင်ရင်တော့ ထောက်လှမ်းရေးတပ်တွေရဲ့ စိစစ်မှုကို ခံယူပြီးမှသာ ပြောင်းရွှေ့ခွင့် ပြုလေ့ရှိပါတယ်။

ဘာကြောင့်လဲဆိုရင် ရန်ကုန်တိုင်းတပ်တွေဟာ VIP (အရေးကြီးပုဂ္ဂိုလ်) ရဲ့ လမ်းကြောင်း လုံခြုံရေးယူရခြင်း၊ ရန်ကုန်တိုင်း အတွင်းရှိ အဆောက်အအုံဖွင့်ပွဲ အခမ်းအနားတွေမှာ လုံခြုံရေးယူရခြင်း၊ နိုင်ငံခြားဧည့်သည်တော်တွေအတွက် ခရီးစဉ် လုံခြုံရေးယူရခြင်း၊ သမ္မတအိမ်တော်၊ လွှတ်တော်ရုံးနဲ့ အသံလွှင့်ရုံ အပါအ၀င် အစိုးရရုံး အဆောက်အဦတွေကို လုံခြုံရေး ယူပေးရခြင်း၊ လေဆိပ်၊ သင်္ဘောဆိပ်စတဲ့ နိုင်ငံတကာထွက်ပေါက်တွေကို ထိန်းချုပ်ရခြင်း၊ လေးထောင့်ကန်အခြေစိုက် (၁၅၅) မမ ဟောင်ဝစ်ဇာ မဟာဗျူဟာမြောက် တာဝေးပစ်အမြောက်ကြီးများနဲ့ ရေဒါအပါအ၀င် လေကြောင်းရန်ကာကွယ်ရေးစခန်း ဌာနချုပ်တို့ရဲ့ အဝေးစည်း၊ အပြင်စည်းတွေမှာ လုံခြုံရေးယူရခြင်း၊ လေတပ်နှင့် ရေတပ်စခန်းဌာနချုပ်များရှိခြင်း စတဲ့ အရေးကြီးတာဝန်နဲ့ လျှို့ဝှက်ကိစ္စတွေကို လုပ်ဆောင်ရတာကြောင့်ဖြစ်တယ်။

ရန်ကုန်မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ရဲမွန်၊ အင်းတိုင်နဲ့ ပဲခူးအခြေစိုက် တပ်မ (၁၁)၊ တပ်မ (၇၇) တို့ဟာလည်း ရန်ကုန်တိုင်း တပ်များနည်းတူ အဖြည့်ခံလုံခြုံရေးယူရတဲ့ တပ်များဖြစ်ကြပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်တွေဟာ သူတို့စိတ်ကြိုက် အဲဒီလို စိစစ်ပြီးတာတောင် လူထုအုံကြွမှုအရေးတော်ပုံကြီးနဲ့ သံဃာတော် တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး ရန်ကုန်မှာ ဖြစ်လာခဲ့တဲ့အခါ ရန်ကုန်တိုင်းလုံခြုံရေးယူထားတဲ့ တပ်ဖွဲ့ဝင်တွေကို ယုံကြည်စိတ်ချရမှု မရှိတော့ဘဲ တပ်မ (၆၆) လိုမျိုး ရှေ့တန်းက ခြေမြန်တပ်မတွေကို ဆွဲသွင်းတာ တွေ့ရပါလိမ့်မယ်။

ဒါဟာ ဘာကြောင့်လဲဆိုတာကို သုံးသပ်ရရင် ရန်ကုန်တိုင်းက ရုန်းကန်နေရတဲ့ တပ်မတော်သားတွေအနေနဲ့ စားဝတ်နေရေး၊ အုပ်ချုပ်မှုကိစ္စရပ်တွေမှာ ပြည်သူလူထုနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရတာမို့ ပြည်သူလူထုရဲ့ ခံစားချက်ကို သိမြင်တဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေ ပူးပေါင်းသွားမှာကို အာဏာရှင်တွေက စိုးရိမ်လို့ဖြစ်ပါတယ်။ ဒါ့အပြင် ရကတ တပ်ဖွဲ့ဝင် စစ်သည်တွေဟာ အောက်ခြေအနိမ့်ဆုံး ရဲဘော်ကအစ ပညာရေးမှာ မြင့်မားပြီး စာတတ်ပေတတ်များ ဖြစ်ကြတာမို့ စစ်အာဏာရှင်တွေပြောသမျှ သိပ်လက်မခံချင်ဘဲ အမှား၊ အမှန်ကို မြင်တတ် တွေးခေါ်တတ်လာကြတာကို စစ်အာဏာရှင်တွေက ရိပ်မိနေလို့ဖြစ်ပါတယ်။

ရဲဘော်တွေအကြောင်း သူငယ်ချင်းတွေ ပြန်ပြောပြလို့ သိရတာရှိပါတယ်။ လွတ်လပ်ရေးနေ့၊ တော်လှန်ရေးနေ့ စတဲ့ အခမ်းအနားတွေမှာဖြစ်စေ၊ နိုင်ငံခြားဧည့်သည်တွေ လာရင်ဖြစ်စေ၊ ရဲဘော်တွေဟာ ဦးဝိစာရလမ်းမ အလယ်ကျွန်းတွေမှာကဲ့သို့ လမ်းကြောင်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ရပါတယ်။ အဲဒီအခါမျိုးမှာ မိုင်းရှာဖွေရေးအတွက် နေပူကျဲတဲကြီး အောက် လူမြင်ကွင်းမှာ အရှက်သိက္ခာကို ဘေးဖယ်ပြီး တိရိစ္ဆာန်များသဖွယ် လေးဖက်ထောက် ရင်ပေါင်တန်းကာ ပင်ပန်းဆင်းရဲခြင်းကြီးစွာ “ဆူးထိုး” ရှာဖွေကြရပါတယ်။

ဒါဟာ ယခင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဆင့် (ယခု စစ်ရာထူးခန့်ချုပ်) က သူ့ရာထူးပြုတ်မှာစိုးလို့ ပူလောင်သောကဖြစ်ပြီး ရဲဘော်တွေကို ရက်စက်စွာ ခိုင်းစေခဲ့တာဖြစ်ပါတယ်။ ရဲဘော်တွေဟာ မြောက်ကိုရီးယား ကွန်မန်ဒိုတွေ ကို စစ်အာဏာရှင်တွေက အရှင်လိုချင်တယ်ဆိုတုန်းကလည်း အသေခံပြီး ၀င်ဖမ်းပေးခဲ့တာမို့ တာဝန်ကျေခဲ့ပြီးဖြစ်ပါတယ်။ တာဝန်မကျေတဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား စစ်အာဏာရှင်တွေကသာ အခုတော့ အဲဒီမြောက်ကိုရီးယားကို လည်ပင်းဖက်နေပြန်ပါတယ်။

ရဲဘော်တွေ၊ အရာရှိ ညီအစ်ကိုတော်တွေ ရန်ကုန်မြို့ လုံခြုံရေးဝင်ရရင် ရွှေတိဂုံဘုရား၊ သွေးဆေးကန်၊ ဘုရားငါးဆူလိုမျိုး ဘုန်းကြီးကျောင်းတွေမှာ တည်းခိုခဲ့လို့ သာသနာ့အရိပ် ဘုရားသားတော်ရဲ့အရိပ်မှာ ခိုလှုံခဲ့ရဖူးပါတယ်။ ဘုန်းကြီးကျောင်းရဲ့ ရေတွင်းရေ ခပ်သောက်ပြီး ထင်းမရှိလို့ ဘုန်းကြီးတွေဆီက ကျီကြပြီး ဇွတ်ယူခဲ့ရဖူးပါတယ်။ ရွှေဝါရောင်တော်လှန်ရေး စတင်တဲ့အချိန်မှာ အဲဒီသံဃာတော်တွေရဲ့ မျက်နှာနဲ့ ရင်ဆိုင်တွေ့လိုက်ရတော့ ရဲဘော်တွေရဲ့ နှလုံးသားမှာ ထိခိုက်ခံစားရပြီး တချို့ရဲဘော်တွေဆိုရင် သေနတ်ပြောင်းဝကို ရုတ်တရက် အောက်စိုက်ချလိုက်ပါတယ်။ ဒါဟာ သံဃာတော်တွေရဲ့ မေတ္တာပို့သံက ရဲဘော်တွေရဲ့ ကျည်ဆန်ထက် ပိုမိုထက်မြက်တယ်ဆိုတာကို ပြသတာပဲဖြစ်ပါတယ်။

ညီအစ်ကိုတော် အရာရှိတွေ၊ ရဲဘော်တွေကို ပြောချင်တာက ပြည်သူတွေကို ကျေးဇူးဆပ်ရမယ့်အစား ကျေးဇူးကန်းခဲ့တာမို့ ဒီကနေ့ဆိုရင် ရဲဘော်တွေဟာ မြေမြိုမှာစိုးလို့ ဘုန်းကြီးကျောင်းဝင်းထဲ မနင်းရဲတဲ့ဘ၀ ရောက်နေကြရတယ်။ အဲဒါ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ၊ ရဲဘော်တွေကို မတရားတဲ့ အမိန့်တွေပေးနေတဲ့ စစ်အာဏာရှင်တွေကြောင့် ဖြစ်ပါတယ်။ ရဲဘော်တို့ နေ့စဉ်နဲ့အမျှ စားသောက်ဖို့ ရုန်းကန်ရှာဖွေကြရာမှာ ကြည့်မြင်တိုင် ငါးဒိုင်ကြီးတွေကိုသွားပြီး ပြည်သူတွေဆီက ငါးအပိုအကျန်တွေကို လက်ဖြန့်တောင်းခဲ့ရတဲ့ ဘ၀တွေကိုရော မေ့နေကြပြီလား။ လုံခြုံရေးယူပြီဆိုရင် ရဲဘော်တွေ ပင်ပန်းဆင်းရဲစွာ ကင်းစောင့်နေရလို့ ပြည်သူတွေက ဆေးလိပ်၊ ကွမ်း၊ သောက်ရေ၊ ဖျော်ရည် ပေးကမ်းခဲ့တဲ့ ကျေးဇူးကိုလည်း သတိရကြစေချင်ပါတယ်။

ဒီကနေ့မှာဆိုရင် ရဲဘော်တွေဟာ စားဝတ်နေရေး ကျပ်တည်းလွန်းလို့ ပြင်ပထွက်ပြီး ရုန်းကန်နေကြရတယ်။ အချင်းချင်းညှိနှိုင်းကာ ကိုယ်တာဝန်ကျတဲ့ ကင်းကျချိန်မှာ အခြားရဲဘော်တဦးကို အစားထိုးစောင့်ခိုင်းပြီး အဲဒီရဲဘော်က ပြင်ပကန်ထရိုက်အလုပ်ရှင်ထံ အလုပ်ထွက်လုပ်ကြရပုံတွေ၊ ကန်ထရိုက်လုပ်ငန်းခွင်မှာရှိတဲ့ အလုပ်သမားပြည်သူတွေက သနားကရုဏာသက်ပြီး ရဲဘော်တွေရဲ့အလုပ်ကို ပိုမိုလုပ်ကိုင်ပေးခဲ့ကြပုံတွေ… အဲဒီလိုပြည်သူတွေရဲ့ စေတနာထားပုံတွေကို ရဲဘော်တို့ မေ့နေကြပြီလားလို့ မေးလိုက်ချင်ပါတယ်။

ယနေ့အချိန်အခါမှာ ပြည်သူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားအမှုဆင် ဖမ်းဆီးခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရဲဘော်တို့ရဲ့ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်ပါတယ်။ ဖခင်ဗိုလ်ချုပ်ဟာ ဖဆပလ အစိုးရအဖွဲ့ကို ဦးဆောင်နေရသော်လည်း တပ်မတော်ကို မေ့မသွားဘဲ နိုင်ငံခြားသွားရင် နိုင်ငံခြားအစိုးရများရဲ့ ဗိုလ်ချုပ်အတွက် လည်ပတ်မှုအစီအစဉ်ထဲမှာ အခြားတပ်မတော်များရဲ့ တိုးတက်နေမှု လေ့လာရေးအစီအစဉ်ကို အမြဲလိုလို ထည့်သွင်းစေပြီး တကူးတက လေ့လာကာ ဗမာ့တပ်မတော်အတွက် အမြဲတမ်း စဉ်းစားဆောင်ရွက်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အကြောင်း တစေ့တစောင်းပြောပြရရင် ဧည့်ခံပွဲတခုကအပြန် ကားပေါ်မှာ သူ့ဒရိုင်ဘာ ရဲဘော် ကျော်စိန် အရက်သောက်တာများပြီး အမူးလွန်အိပ်ပျော်နေလို့ ဗိုလ်ချုပ်ရဲ့ PA ဗိုလ်ထွန်းလှက ငေါက်ငမ်းနေတာကိုတွေ့တော့ ဗိုလ်ချုပ်က ရုတ်တရက် ဟန့်လိုက်ပါတယ်။ “နေပစေကွာ၊ သူ တခါတလေ အရက်သောက်ပြီး အိပ်ပါစေ၊ မင်းနဲ့ငါ ရှေ့ခန်းမှာ မင်းက ကားမောင်းပြီး ငါကဘေးမှာ ထိုင်လျက်သား သွားရင်ရတာပဲ၊ အဲဒီ ရဲဘော်လေး ငါ့ကလေးတွေကို အနစ်နာခံပြီး ထိန်းခဲ့တာကွ၊ ခွင့်လွှတ်လိုက်ကွာ” လို့ ကရုဏာသံနဲ့ သူ့ရဲဘော်ကို ပြောပုံတွေကို ဖောက်သည်ချချင်ပါတယ်။ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီရဲဘော်လေးက ထိန်းခဲ့တဲ့ သံယောဇဉ်လေးကို ဗိုလ်ချုပ်အောင်ဆန်းက လေးစားအသိအမှတ် ပြုခဲ့တယ်နော်။

အခု မင်းတို့အလှည့်ကျရောက်ပြီ။ တမလွန်က ဗိုလ်ချုပ်ရဲ့ သာဓုခေါ်သံလေး ကြားရအောင် ရဲဘော်တွေ ဘာလုပ်သင့်လဲ၊ အနည်းဆုံး ၀ိနည်းလွတ်လုပ်ကိုင်တဲ့ နည်းလမ်းတွေ မီဒီယာမှာ အသေးစိတ် မပြောချင်တော့ဘဲ လုပ်သင့်တာတွေလုပ်ပြီး တပ်မတော်သမိုင်းကြောင်းကောင်းအောင် ဖန်တီ်းကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Friday, August 07, 2009

The story behind Clinton's trip to North Korea



WASHINGTON (CNN) -- It took a U.S. former president with global celebrity status to free two American journalists from a North Korea prison.

Laura Ling and Euna Lee arrived back in the United States Wednesday morning with former President Bill Clinton, who flew to North Korea to negotiate their release after they were sentenced to a labor camp.

Iain Clayton said Wednesday that his wife, Laura, told him through a telephone conversation that the North Koreans were willing to grant the two journalists amnesty if a high-level envoy, such as former President Clinton, were willing to travel to Pyongyang.

But there was no shortage of envoys ready to travel to North Korea and negotiate the women's release.

Some heavyweights were turned down by the North Koreans: former Vice President Al Gore, a co-founder of the media outfit the women were working for when they were arrested, and New Mexico Gov. Bill Richardson, a former U.S. ambassador to the United Nations whose previous missions to North Korea included negotiating the release of a detained American.

Lower-level envoys such as former U.S. ambassador to South Korea and current Korea Society Chairman Donald Gregg, Sig Harrison, an expert on North Korean nukes who has traveled there several times, and Han Park, a scholar at the University of Georgia, all offered their services.

Sen. John Kerry, chairman of the Senate Foreign Relations Committee, was also closely involved in coordinating efforts with the White House and State Department to free the women.

According to sources intimately involved with the efforts, Sen. John Kerry -- chairman of the Senate Foreign Relations Committee -- received an official invitation to visit Pyongyang to facilitate their release and open a larger dialogue on the nuclear issue after several weeks of quiet direct diplomacy between Kerry and his aides and North Korea.

The story behind Clinton's trip to North Korea

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် သွားရောက်ကယ်တင်လို့  ပြန်လည်လွှတ်မြောက်လာတဲ့ သတင်ထောက် နှစ်ဦးကို ကြိုဆိုကြတဲ့ ပုံရိပ်တွေပါ။
မိသာစု့ တွေ ပြန်လည်ဆုံတွေကြတာကို ကြည့်ပြီး ၀မ်းသာပီတိ့ဖြစ်မိပါသည်။



သားသားတို့  မြန်မာနိင်ငံမှာလည်း ဒီလို့  ဖမ်းစည်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိင်ငံရေး အကျင်သားတွေ မတရားဖမ်းစည်းခံထားကြရတဲ့ မိသားစုတွေအားလုံးကို ဒီလိုပြန်လည် လွှတ်ပေးလိုက်မယ်ဆိုရင် လောကကြီး တစ်ခုလုံးက သတ္တ၀ါတွေ အားလုံး ၀မ်းသာပီတိ့ဖြစ်မည်မှာ အမှန်ဖြစ်ပါသည်။
လွှတ်ပေးတဲ့ သူတော်ကောင်းအပေါင်းကိုလည်း လူ နတ် ဗြမ္မာ သတ္တ၀ါအပေါင်းက (သာဓု့ ) အကြိမ်ပေါင်းများစွာ ခေါ်ဆိုတော်မူကြမှာ အမှန်ပင်ဖြစ်ပါသည်။
္က္မဤသို ပြန်လည် လွှတ်မြောက်လာမည့် နေ့ ကိုလည်း လောကကြီးက လူနတ် ဗြမ္မာ သတ္တ၀ါတွေအားလုံးက မျှော်လင့်တောင်တနေကြတာပါ။
အားလုံ၏ မျှော်လင့်ထားသလို ဖြစ်မြောက်လာပါစေလို့ လည်း ဆု့ တောင်နေကြပါသည်။ ။

Thursday, August 06, 2009

Look at !

{ ဒီလို လုပ်ရင် ဒီလို ဖြစ်မယ် }


{ ဒီလို ဖြစ်ရင် ဒီလို ဒီလိုတွေ ထပ်ဖြစ်မယ် }


{ ဒီလိုဒီလိုတွေ ထပ်ဖြစ်ရင် ဒီလိုဒီလိုတွေ ထပ်ဖြစ်မယ် }


{အားလုံး သိကြတယ်နော်..။ }

Wednesday, August 05, 2009

{ Clinton's mission to Pyongyang }


Tuesday, August 04, 2009

{ အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင် }


" အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင် "

တနင်္လာနေ့၊ သြဂုတ်လ 03 ရက် 2009 ခုနှစ် 20 နာရီ 56 မိနစ်

(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သြဂုတ် ၃ ရက်နေ့ ကြေညာချက်မှ ပြန်လည် ကောက်နုတ်ဖော်ပြသည်။)

မိမိအပါအဝင် ပုဂ္ဂိုလ် ၄ ဦး အပြစ် ရှိ၊ မရှိ တရားသူကြီးများသည် စီရင်ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ ယင်းစီရင် ဆုံးဖြတ်ချက်သည် ကျွန်ုပ်တို့နိုင်ငံတွင် တည်ရှိနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာနှင့် တရားမျှတမှုရေးရာ အဆောက်အအုံ တလုံးအပေါ်တွင် ချမှတ်သော စီရင်ဆုံးဖြတ်ချက်လည်း ဖြစ်လိမ့်မည်။

ကျမ၏ အိမ်ခြံဝင်းအတွင်းသို့ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ အပါအဝင်၊ ယခုအမှု တည်ဆောက်ထားသော ကျူးကျော်ဝင်ရောက်မှု နှစ်ကြိမ်လုံးတို့တွင် ကျမသည် ကျူးကျော်ဝင်ရောက်သော သူကိုဖြစ်စေ၊ ယင်းသို့သော ကျုးကျော်ဝင်ရောက်လာခြင်းမျိုးကို တားဆီးရန် တာဝန်ရှိသူများကိုဖြစ်စေ၊ ဒုက္ခရောက်စေမည့် အကျိုးဆက် မဖြစ်စေလိုသော၊ ရန်ငြှိုးကင်းမဲ့သော စိတ်ထားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်များနှင့် စပ်လျဉ်း၍ ယိုးစွပ်ခြင်းပြုမည့်အစား ထားသင့်ထားထိုက်သော သင့်ရုံတော်ရုံ သဘောထားမှု၊ နားလည်သည့် သဘောထားမှုနှင့် တာဝန်သိမြင်သော သဘောထားမှုများကို အစွမ်းကုန် ထားရှိခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ၌ လုံခြုံရေးနှင့် ညီညွတ်ရေးတို့ကို ဥပဒေကသာ အုပ်ထိန်းခြင်း ပြုသည်ဆိုသော ယေဘုယျသဘော ဖြစ်ပေါ်စေပါလိမ့်မည်။

ကျမကို ၅ နှစ်ကျော် အိမ်အကျယ်ချုပ်ဖြင့် ထားခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ အရေးယူခဲ့မှုများကို ဥပဒေနှင့် ညီ၊ မညီ စုံစမ်းမှု မပြုဘဲ၊ ယခု ကျမအပေါ် စွဲချက်တင်မှုများအား မှန်ကန်စွာဖြစ်စေ၊ ပြည်စုံစွာဖြစ်စေ သုံးသပ်၍ ရနိုင်မည် မဟုတ်ချေ။ ယင်းကာလအတွင်း ကျမ၏ ရှေ့နေများသည် တရားဥပဒေ စိုးမိုးရေးတွင် အလွန်မှ ဟန်ချက်ကို ပိုင်းခြားသိမြင်စေနိုင်သော၊ ထိုက်သင့်သော ဆောင်ရွက်မှု (Due Process) များ ရရှိနိုင်ရန် အလွန် စေ့စပ်သေချာသော ကြိုပမ်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ အလားတူ နှစ်ခွန်းနှစ်ခွမဟုတ် သံသယကင်းစင်သော “တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်” ဆိုသော “မူ” မှာလည်း တရား ဥပဒေ စိုးမိုးရေးအတွက် အလွန်မှ ဟန်ချက်ကို ပိုင်းခြားသိမြင်စေနိုင်သော “မူ” ဖြစ်ပါသည်။ (Equally Critical is the principle that justice must not only be done but must be seen to be done, clearly and unequivocally)

ဤအမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအပေါ် အဓိပ္ပာယ်ပိုင်းခြား၍ ကျင့်သုံးမှုများနှင့် ပတ်သက်၍ “ထုံးနည်းမကျသော” ကျင့်သုံးမှုများ ပေါ်ပေါက်ခဲ့ပါသည်။ ယင်းအကြောင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ပင် အတည်ဖြစ်မှု ရှိ၊ မရှိဆိုသော ပြဿနာသည် ပေါ်ပေါက်ခဲ့ပေသည်။

ယင်းသို့ပေါ်ပေါက်ခဲ့မှုကြောင့်လည်း အစိုးရဆိုသော ဂုဏ်အင်္ဂါသဘောနှင့်လည်း စပ်ဆိုင်ခဲ့ပါသည်။ ဥပဒေနှင့် ကိုက်ညီပြီး တရားမျှတသော အုပ်ချုပ်မှု၏ အကာကွယ်တရပ်ဖြစ်သော ဥပဒေနှင့်အညီ ပြုမူသော ဆောင်ရွက်ခြင်း လိုအပ်ပါသည်။

ကျမလည်း ရုံးရှေ့တွင် စစ်ဆေးကြားနာလျက်ရှိသော စွဲချက်များအပေါ် အပြစ်မရှိဟု တင်ပြခဲ့ခြင်းနှင့်အတူ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍လည်း တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ အဂတိလေးပါးကင်းသော၊ ချွတ်ယွင်းချက်ကင်းစင်သော၊ တရားမျှတသော၊ အပြစ်လည်းမဆိုနိုင်သော၊ ဉာဏ်ပညာနှင့် ကောင်းမြတ်သော စိတ်စေတနာနှင့် မြင်သာထင်ရှားကာ တာဝန်ခံနိုင်သည့် စီမံခန့်ခွဲမှုမျိုးဖြစ်သည်ဟု တင်ပြလိုပါသည်။


http://www.mizzimaburmese.com
´