{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Saturday, June 21, 2008

မြန်မာပြည်မုန်တိုင်းဘေးဒုက္ခသည်များအတွက် ဆန် အမှန်တကယ် လှူဒါန်းရန် ဒီ game လေး ကစားပေးကြပါ။(Click)


ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးကနေတစ်ဆင့် ဘေးဒုက္ခရောက်နေကြသူများအတွက် ဆန်လှူဒါန်းနိုင်ရန်အတွက် အခမဲ့  game ကစားခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား တိုးတက်စေမှုကို ဖြစ်ပေါ်စေကာ တစ်ဘက်မှလည်း ဆုချီးမြင့်သည့်အနေဖြင့် ဆန်လှူဒါန်းနိုင်စေရန် စီစဉ်ထားဖြင်း ဖြစ်ပါတယ်။

ဒီ game ကို ကစားသူတစ်ဦးဟာ မေးထားတဲ့ အင်္ဂလိပ်စာလုံးအဓိပါယ် အဖြေမှန်ရင် မှန်သလို ဂ၇မ်ပမာဏနဲ့  ဆန်အရေအတွက်ကို လှူးဒါန်းခွင့်ရမှာ ဖြစ်ပါတယ်။

http://www.freerice.com/




ယခုကာလတွင် မြန်မာနိုင်ငံ မုန်တိုင်းဘေးသင့်သူ ဒုက္ခသည်များအတွက် ဆန်လှူဒါန်း အထူးလှုံ့ ဆော် တိုက်တွန်းထားပါတယ်။ ဒီ game ကို ကမ္ဘာတစ်ဝှမ်းလုံး အင်တာနက်ပေါ်ကနေ ကစားနိုင်ပါတယ်။

ကမ္ဘာ့နာမည်ကျော် TIME မဂ္ဂဇင်းကြီးကနေတောင် ရွေးချယ်ဖေါ်ပြပေးခဲ့တဲ့ အင်တာနက် game ဖြစ်ပြီး၊ ရရှိလှူဒါန်းသော ဆန်ပမာဏလှူဒါန်းမှုကို အစားအစာဘေးဒုက္ခရောက်နေတဲ့ ကူဂန်ဒါနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ဘင်ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံနဲ့ ဘူတန်နိုင်ငံက ပြည်သူတွေကို ကူညီခဲ့ပါတယ်။


ဒီအင်တာနက် game ကစားခြင်းဖြင့် ရရှိလာသော ဆန်လှူဒါန်းမှုအား ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးအား ဒီအင်တာနက်ကို sponsor တာဝန်ယူ လုပ်ပေးနေကြသောအဖွဲ့ အစည်း စေတနာရှင် အလှူရှင်များက game ကစားသူများကိုယ်စား ဆန်လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ဒီဆန်လှူဒါန်းမှုအား ၂၀၀၇ ခှစ်ကတည်းကနေ စတင်ခဲ့တာ အခုဆိုရင် ဆန် ကီလို (၁၅) သန်းအား နိုင်ငံအသီးသီးသို့  လှူါးန်းခဲ့ပြီး ဖြစ်ပါတယ်။


မြန်မာပြည်အတွက် အခုဇွန်လ (၁၇) ရက်နေ့ ကနေ စတင် ဆန်လှူဒါန်းတဲ့ game စတင် ကစားနိုင်ကြပါပြီ။ မြန်မာပြည်မှ မုန်တိုင်းဘေးဒုက္ခရောက်သူပေါင်း (၇) သိန်းခွဲကို ဆန်လှူဒါန်းနိုင်ဖို့  ရည်ရွယ်ထားပါတယ်။




ဒီဆန်လှူဒါန်းနိုင်တယ့် game လေးမှာ ပါဝင်ဆင်နွဲပေးကြပါလို့  မြန်မာပြည်မှာ အစားအစာနဲ့ ဆန်ရှားပါးမှုကို ကြုံတွေ့ နေရတဲ့ ဒုက္ခရောက်နေကြသော မုန်တိုင်းဘေးဒုက္ခသည် ပြည်သူများအတွက် အထူးမေတ္တာရပ်ခံပါတယ်။

ဒီမှာ ဒီ game လေးကို ကစားကြပါ။ ကိုယ်လည်းအကျိုးရှိ မြန်မာမုန်တိုင်းဘေး ဒုက္ခသည်တွေလည်း အကျိုးရှိပါတယ်။


http://www.freerice.com/

ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးကနေ ပြောပြထားတဲ့ ဒီ FreeRice အကြောင်းပါ။


http://www.wfp.org/english/?ModuleID=137&Key=2873

(ရေးသားဖေါ်ပြသူ - နစ်နေမန်း)။





´