{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Sunday, June 29, 2008

လေးစားထိုက်သူများအား ကျေးဇူးတင်ရှိပါသည် ခင်ဗျာ။(Click)

‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု’

(၀င်းတင့်ထွန်း)
နယ်စပ်ဘ၀ ၀တ္ထုတိုများ အမှတ်(၉)

( ၁ )
‘မောင်မောင်’ ဆိုတဲ့ကောင်ဟာ စီးပွားရေးသမားတယောက်ပါ။ စီးပွားရေးသမားတွေထဲမှာ‘ဘနဖူးသိုက်တူးချင်’ တဲ့ကောင်တွေ တော်တော်များများရှိတာမှန်ပေမဲ့၊ အဲသလောက်လောဘ ဇောတိုက်တဲ့စီးပွားရေး သောင်းကျန်းသူမျိုးတွေထဲမှာ မောင်မောင် တယောက်မပါခဲ့ဖူးဘူးဆိုတာ တော့ကျမ်းကျိန်ပြောရမယ်ဆိုရင်လဲပြောရဲပါတယ်၊ တကယ်ပါ။ဒါကြောင့်လဲ ကိုယ့်ဟာ ကိုယ် အမြဲလိပ်ပြာသန့်သန့်နဲ့နေနိုင်ခဲ့သလို မောင်မောင့်အပေါ် ယုံကြည်သူတွေလဲရှိခဲ့ပါတယ်။ စီးပွားရေးကလဲ ဖြစ်ထွန်းသင့် သလောက်တော့ ဖြစ်ထွန်းခဲ့ပါတယ်။ ကျောင်းကနေဘွဲ့ရပြီးကတည်းက စီးပွားရေးလောကထဲ ခြေစုန်ပစ်ရောက်လာတော့လဲ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကြီးကြီးကျယ်ကျယ် ပြသာနာမရှိခဲ့ပါဘူး။ မိဘတွေဆွေမျိုးသားချင်းတွေ ကိုယ်တိုင်ကလဲ ကုန်သည် ကြီးမျိုးရိုးတွေ မဟုတ်လား။
လူကတရုတ်သွေးပါတော့။ ကျောင်းကပြီးလို့ စီးပွားရေးလုပ်တော့ မယ်ဆိုတော့။ မိဘတွေ ကရော ဆွေမျိုးသားချင်းတွေကပါ တရုတ်-ဗမာနယ်စပ်သွားလုပ်ဖို့ပဲ တိုက်တွန်းကြတာပေါ့။တရုတ်စာ တရုတ်စကားကလဲ တတ်ပြီးသားဆို တော့။ နယ်စပ်မှာ ဘာမှသိပ်ပြီးမကြာလိုက်ပါဘူး။ ကိုယ်လဲ ရာဘရိတ်ထောင်ဘရိတ်လောက် တော့ကိုင်နိုင်တဲ့ စီးပွားရေးသမား တယောက် ဖြစ်လာခဲ့တာပေါ့။ မိဘဆွေမျိုးအ၀န်းအ၀ိုင်း တွေဖက်က ရေခံမြေခံရှိပြီးသားဆိုတော့။ တရုတ်ပြည်ဖက်က ဘယ်ကုန် ယူချင်သလဲ။ ကြိုက်သလောက် ယူလို့ရပါတယ်။ ရောင်းပြီးငွေချေ ဒါမှမဟုတ် နှစ်ကုန်မှ စာရင်းရှင်း၊ ကြိုက်တဲ့ကုန်ကိုကြွေးယူလို့ ရပါတယ်။ ဒါနဲ့ နှစ်ဆယ်နဲ့ချီပြီး ကြာလာတဲ့အခါ ကိုယ်လဲ ကုန်သည်ကြီးတယောက် စီးပွားရေး သမားကြီးတယောက်အဖြစ်တော့ ရောက်လာခဲ့ရပါတယ်။ ကုန်သည်ဆိုတာ မြတ်မယ့်ဥစ္စာ လိုက်လုပ်ကြလေ့ရှိ တယ်ဆိုပေမဲ့ ကျနော်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ ကိုယ်သန်ရာသန်ရာ တလိုင်းကောင်း နှစ်လိုင်းကောင်းပဲ လုပ်ခဲ့ပါတယ်။ နယ်စပ်မှာ ကုန်သည်ကြီးတွေ တော်တော်များများဟာ သွင်းကုန်ရော ပို့ကုန်ပါ လုပ်ကြလေ့ရှိပေမဲ့။ ကျနော်ကတော့ သွင်းကုန်ပဲ အဓိက ထား လုပ်ခဲ့ပါတယ်။ သွင်းကုန်ဆိုတာ ဗမာပြည်ဖက်က သွင်းမယ့်ကုန်။ တရုတ်ကုန်ကိုပဲသွင်းပြီး လက်ကားဖြန့်တဲ့အလုပ်ကိုပြောတာပါ။ အဲဒီတော့ ကုမ္မဏီတော့ ထောင်ရ တာပေါ့။ဒီခေတ်က ကုမ္မဏီခေတ် မဟုတ်လား။ကိုယ်ပိုင်ကုမ္မဏီမရှိပဲ ဘယ့်နှယ်လုပ် သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်မလဲ လက်ကား ဖြန့်တဲ့အခါ ပိုပြီးအဆင်ပြေအောင် ရန်ကုန် မှာလဲ ကုမ္မဏီခွဲတခု ထောင်ထားပါတယ်။ ကိုယ်တိုင်ကတော့ နယ်စပ်မှာပဲ ထိုင်ထား လိုက်တယ်။ ဒီဖက်ကနေ ဖုန်းနဲ့ပြော ဖုန်းနဲ့လုပ်ပေါ့ ။
လူက နယ်စပ်မှာပဲ အနေကြာလာတော့ ရန်ကုန်တို့မန္တလေးတို့မှာလဲ မနေချင်ဘူး။ ကိစ္စ၀ိစ္စရှိလို့ သွားရတာတောင် ရာသီ ဥတုကကိုယ်နဲ့သိပ် သဟဇာတမတည့် သလို ဖြစ်ဖြစ်လာတယ်။ နယ်စပ်ကမှ ကိုယ်နဲ့ပိုတည့်သလိုလို ခံစားလာရတယ်။ ဒါပေမဲ့ လူက တရုတ်သွေးတာ ပါတာ ကိုယ့်ကိုမွေးလာခဲ့တာက ရန်ကုန်လဲ မဟုတ်သလို မန္တလေးလဲ မဟုတ်ပါဘူး။ မြို့ကြီး ပြကြီးလဲ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်မှာတောင် ပင်လယ်ဝမှာ မွေးလာခဲ့တာဗျ မူလတန်း ကျောင်းသားထိအောင် ပင်လယ်ဝမှာပဲနေ လာခဲ့ရတာဗျ အရွယ်ရောက်တော့ ရန်ကုန်မှာလဲ အကြာကြီး ဘွဲ့ရတဲ့အထိနေခဲ့ဖူးသလို။ မန္တလေးမှာလဲနေခဲ့ထိုင်ခဲ့ဖူးပေမဲ့ ရင်ထဲမှာ စွဲနေမိတာက မြစ်ဝကျွန်းပေါ်ပဲ၊ ပင်လယ်ဝပဲ။ မကြာမကြာ သတိတရ ဖြစ်ဖြစ်နေတတ်တာကလဲ ပင်လယ်ဝပဲ။ အုပ်လိုက်မျောသွား တတ်တဲ့ ဗေဒါအုပ်တွေကို သတိရတယ်။ လမုတောနဲ့ဓနိတောကို သတိရတယ်။ တရှဲရှဲ အသံပေးရင်း ဘယ်ညာယိမ်းထိုးနေတတ်တဲ့ အုန်းတန်းအုန်းတော အုန်းလက် အုန်းရွက်တွေကိုလဲ သတိရတယ်။ အိပ်မက်တွေထဲထိအောင် သတိရနေတတ်တာကတော့။ နေ၀င်ခါနီးမှာ နေလုံးနီနီကြီး ပင်လယ်ထဲ တရွေ့ရွေ့ငုပ်ဆင်းသွားတဲ့ မြင်ကွင်းပါပဲ။ ကဗျာ ဆန်ဆန်ပြောရရင်တော့ ၀င်တော့ မယ့်ဆည်းဆာမှာ နေလုံးနီနီကြီး ပင်လယ်ထဲ ရေသောက်ဆင်း သွားတဲ့ မြင်ကွင်းပါပဲ။ ငယ်ငယ်တုန်းကဆိုရင် အဲဒီအချိန် အဲဒီမြင် ကွင်းကို တမေ့တမောကို ထိုင်ထိုင်ကြည့်နေတတ်ဖူးတာ ခဏခဏပါပဲ။ ပြောချင်တာက ကျနော်ဟာ ကျနော့်မွေးရာဇာတိ ကိုဘယ် တော့မှ မမေ့နိုင်ခဲ့ဘူးဆိုတာပါပဲ။ လူကရှမ်းကုန်းပြင်မြင့်မှာ လာပြီးအခြေချမိထားတော့။ စိတ်ကသာ ရောက်ပေမဲ့။ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ဝကို ကိုယ်တိုင်မရောက်နိုင်တာတော့ ကြာပြီပေါ့ဗျာ။ ဟော...ရောက်မယ့်ရောက်ရတော့လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ စိတ်မ ကောင်းခြင်းကြီးစွာနဲ့ တက်သုတ်ရိုက်ပြီး ရောက်ခဲ့ရတော့တယ်ဗျာ။ ဘာလို့လဲ သိလား။ နာဂစ်ကြောင့်ပေါ့ဗျာ...နာဂစ် ကြောင်...နာဂစ်ကြောင့် ...

( ၂ )
နာဂစ် ၀င်မွှေသွားတဲ့အတွက် ရန်ကုန်ရော မြစ်ဝကျွန်းပေါ်တခုလုံး တော်တော်ကို ခံလိုက်ရတယ်ဆိုတဲ့သတင်း စ၀င်လာ တော့။ တော်တော်ကို တုန်လှုပ်သွားမိတယ်။ စီးပွားရေးအရ ရန်ကုန်ကကုမ္မဏီခွဲ ပြုတ်ပြုတ်ပြုန်းသွားနိုင်တာကို တွေးမိပြီး စိုးရိမ် သွားလို့ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်ဖက်မှာ အထူးသဖြင့် ပင်လယ်ဝနဲ့ ဘိုကလေးနယ်ဖက်မှာ လူတွေတော်တော်ကို သေကြေကြ တယ် ဆိုတဲ့သတင်း ကြားလိုက်ရလို့ပါ။ ရန်ကုန်က ကုမ္မဏီက လူတွေက နာဂစ်ဝင်မွှေပြီး နောက်နှစ်ရက်မှာပဲ နည်း အမျိုးမျိုးနဲ့ကြိုး စားပြီး ချက်ချင်းသတင်းပို့လို့ ကိုယ့်ကုမ္မဏီကဘာမှ ထိခိုက်ဆုံးရှုံးမှု မရှိလိုက်တာကိုလဲ သိလိုက်ပါတယ်။ ဘယ်သူသေသေ စိတ် သာရှိရင် အမြတ်ထုတ်ချင်တောင် အမြတ်ထုတ်လို့ရတဲ့အခြေအနေတွေတောင် ပေါ်လာပါသေးတယ်။ ဟုတ်တယ်လေ... ကျနော့် ကုမ္မဏီက စက်ပစ္စည်းတွေ ဖြန့်နေတဲ့ကုမ္မဏီလေ ရေစုပ်စက်၊ မော်တာ၊ပန့်နဲ့ ချိန်းစော လို့ခေါ်တဲ့ လွှစက်တွေ အဓိကဖြန့်နေတဲ့ ကုမ္မဏီပဲ။ တချို့ကုမ္မဏီတွေများ စက်တွေကို ဈေးနှစ်ဆသုံးဆ ခုန်တက်ပစ်လိုက်ကြတယ်။ အရင်ကရောင်း ဈေးတသိန်း နှစ်သောင်းသုံးသောင်းရှိတဲ့ ချိန်းစောလွှစက်တလုံးကို နှစ်သိန်းခွဲသုံးသိန်း ဖြစ်သွားတယ်။သွပ်တချပ်တသောင်းဖြစ်သွားတယ်။ အိမ်ရိုက်သွပ်သံတချောင်း သုံးရာအထိ ဖြစ်သွားတယ်။ အိမ်ခေါင်မိုးတွေအကုန်လန် သွပ်ပြားတွေ ပြုတ်ပျက်ထွက်ကုန်ကြတော့ မ၀ယ်မဖြစ် ပစ္စည်းတွေ မဟုတ်လား။ ရောင်းတာတောင် တံခါးပိတ်ပြီး ရောင်းရတဲ့ပစ္စည်းတွေ ဖြစ်သွားတာ ခင်ဗျားလဲ ကောင်း ကောင်းကြားမှာပါ။ကုန်သည်ဆိုတာ လုပ်ငန်းရှင်ဆိုတာ အမြတ်ကောင်း ကောင်းရချင်တယ်ဆိုပေမဲ့ သူများတွေ ဒုက္ခ သုက္ခအကြီး အကျယ် ရောက်နေကြတုန်း အမြတ်ထုတ်မှ ရမယ့်အမြတ်ငွေမျိုး ကျနော်မယူချင်ဘူး။ မောင်မောင်ဆိုတဲ့ကောင် မယူချင်ဘူး။ ဒါကြောင့် ကျနော် ဘယ်လို လှမ်းအမိန့်ပေးခဲ့သလဲ သိလား။ ဒို့ကုမ္မဏီက စက်ပစ္စည်းတွေဘာမှထပ်ပြီး ဈေးမတက်နဲ့အရင် ရောင်းမြဲ ဈေးအတိုင်းရောင်း။ ဘယ်ကုမ္မဏီတွေ ဈေးတက် တက်ဈေးတက် မရောင်းနဲ့လို့ ချက်ချင်း အမိန့်ပေးခိုင်းလိုက်တယ်။ အဲဒီမှာ ကျနော့်လိုပဲ စက်ပစ္စည်းတွေပဲ ရောင်းနေတဲ့ကုမ္မဏီတချို့က ကုန်သည်ကြီးတချို့က ‘မောင်မောင် မင်းရူးနေ သ လား - တဲ့။ အရောင်းအ၀ယ်ဆိုတာ ၀ယ်လိုအားနဲ့ ရောင်းလိုအား ကြည့်ပြီး။ ၀ယ်လိုအား Demand ကသိပ်များနေပြီး ရောင်းလိုအား သွင်းနိုင်အား Supply က သိပ်နည်း နေရင်။ ကုန်ဈေးနှုန်းဟာ တက်လာရမှာပဲ။ တက်ရောင်းရမှာပဲ။ ဒါ တရားပဲ။

ဒါမှမဟုတ် မင်းက ဒို့ဈေးတက်ရောင်းတာကို တမင်ဂွတိုက်ပြီး လုပ်ပြလိုက်တာလား-တဲ့။ ပြီးတော့ ထပ်ပြောကြ သေးတယ်။ အဲဒီလိုဆိုရင် -မင်းကုမ္မဏီထဲကရော ဂိုဒေါင်ထဲလှောင် ထားတာတွေ ရှိသမျှကိုပါ။ ဒို့ ကုမ္မဏီတွေ အခုမင်းရောင်းနေတဲ့ ဈေးနှုန်းအတိုင်းလွှဲပေးလိုက်၊ ဒို့အကုန်ချုပ်ပြီး ၀ယ်မယ်။ မင်းရောင်းနေတဲ့ ဈေးနှုန်း အတိုင်း အကုန်ပေးမယ်။ မင်း ပစ္စည်းတွေ အားလုံးကို ဒို့ဝယ်မယ်-တဲ့ ’။ မကျေမနပ် နဲ့ပြောလိုက်ကြတာဗျာ။ မောင်မောင် ပြုံးနေလိုက်တယ်။ပြီးတော့ မောင်မောင် ပြော လိုက်တယ်။ ဟေ့ ဘယ်သူ့မှ ပစ္စည်းတွေအားလုံး ချုပ်ပြီးမရောင်းဘူး။ ကိုယ့်ပစ္စည်း ကိုယ့်ဟာကိုယ်ပဲ ရောင်းမယ်ပြောပြီး။ တကယ်လိုအပ်လို့ မလွှဲသာလွန်းလို့ လာဝယ်ကြ သူတွေကိုပဲ ဈေးမတက်ပဲ အရင်ရောင်းနေကြဈေးအတိုင်းပဲ လက်လီ နှစ်လုံးချင်းသုံးလုံးချင်းပဲ ဆက်အရောင်းခိုင်းလိုက်တယ်။ ကျနော် ပိုက်ဆံမလိုချင်လို့ မဟုတ်ဘူးဗျ။ ပိုက်ဆံတွေတအားကြီးကို ချမ်းသာနေလို့လဲ မဟုတ်ပါဘူး။ဒါပေမဲ့ လူတွေအ သက်တွေသေကြ၊ ဒါလောက်တောင် ဒုက္ခသုက္ခတွေရောက်နေကြတဲ့အချိန်မှာ မတန်တဆ ဈေးတက်ရောင်းလဲ မလွှဲသာမရှောင်သာဝယ်ကြရရှာတော့ မယ့်အချိန်မျိုးမှာ ကျနော် သူတို့ အပေါ်လည်မြိုညှစ် မယူချင်ဘူးဗျာ။ မတော်မတရားအမြတ်ထုတ် မယူချင်ဘူး ဗျာ။ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမယ့်သူတွေလက်ထဲလဲ ရောက်မသွား ရအောင် ကုမ္မဏီက ကောင်တွေကိုလဲ လှမ်းပြောထားလိုက်တယ်။ တကယ်ဒုက္ခရောက်လို့ တကယ်သုံးမယ့်သူတွေလက် ထဲ ရောက်အောင်ရောင်းကြကွာ...လို့။ ဈေးလဲ လုံးဝ မတက်ရဘူး...လို့။ အဲဒီတော့ ရန်ကုန်က ကျနော့်ကုမ္မဏီမှာ လာ လာ ၀ယ်လိုက်ကြပုံများ ဘာပြောကောင်းမလဲ။ ဒီဆိုင်က ဈေး ချိုတယ် ဟ၊ သဘောထားကောင်းတယ် ဟ..နဲ့ တဲ့။ ဘုန်းကြီးတွေ ဦးပဇင်းတွေပါ ဆိုင်ကိုလာပြီး ၀ယ် ကြသတဲ့။ ခင်ဗျားတို့လဲ ကြားကြ သိကြတဲ့အတိုင်းပဲလေ။ နာဂစ် ၀င်ပြီးမွှေသွား ရက်စက်သွားလို့ ရန်ကုန်ရော မြစ်ဝကျွန်းပေါ်ရော တုန်းလုံးပက်လက်ဖြစ်သွားရတာတွေက သစ်ပင်ကြီးတွေ ဧရာမသစ်ပင်ကြီးတွေ ကုန်သလောက် နီးပါး မဟုတ်လား။ လမ်းတွေပေါ်ရော အိမ်တွေ ပေါ်မှာပါမြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်ကုန် ဖိမိကုန် ထိခိုက်ကုန်ကြ ရတယ် မဟုတ်လား။ မုန်တိုင်းစဲတာနဲ့ မရှင်းမဖြစ် စရှင်းကြရတဲ့ ပြသာနာက အမြစ်ကနေပါ ကျွတ်ထွက်လဲပြိုနေတဲ့ ဒီတုံးလုံး ပက်လက် သစ်ပင်အိုကြီးတွေကို မဟုတ်လား။ ဒါလောက်ကြီးတဲ့ သစ်ပင်ကြီးတွေမျိုးစုံကို လက်ထိုးလွှလေးတွေလောက်နဲ့ ရှင်းနေ လို့ကတော့ ဘယ်ပြီးတော့မလဲ။ ချိန်းစောကြီးတွေ စက်လွှကြီးတွေနဲ့ ရှင်းရတော့တာဗျ။ အဲဒီတော့ အဲဒါ ကြီးတွေဘယ့် လောက်ရောင်းကောင်းလိုက်မလဲ။ ခင်ဗျားစဉ်းစားကြည့်၊ ပုံမှန်ဈေးထက် နှစ်ဆကျော် ခုန်တက်တောင် ရောင်းကြတယ်။
ကျနော်လဲ ဈေးတက်ရောင်းရင် ရတာပဲ။ လာ လာ ၀ယ်ကြတဲ့အထဲ ဘုန်းကြီးတွေ ဦးပဇင်းတွေကိုယ်တိုင် လာကြတယ်ဗျာ။တပါး နှစ်ပါး။တကျောင်းနှစ်ကျောင်းနဲ့ ပိုက်ဆံမတတ် နိုင်တော့တဲ့ ကိုယ်တော်တွေ ကျောင်းတွေက။ စုပေါင်းပြီး တောင်လာဝယ်ကြသတဲ့။ ပြီးတော့ အဲဒီသံဃာတော်တွေကိုယ်တိုင် သင်းပိုင်ကို ခါးတောင်းကျိုက်ပြီး လွှဆွဲကြ အမြင်မတော် တာတွေ ရှင်းပေးကြတော့တာလဲ အားလုံးတပြည်လုံးအသိ၊ တပြည်လုံးအမြင်ပါပဲဗျာ။ အဲဒီလို အခြေအနေမှာ သံဃာတော်တွေ လူထုတွေ အပေါ်မှာ ကျနော်ဘယ်လိုမှ အမြတ်မထုတ်ချင် ဘူး။အမြတ်မထုတ်နိုင်ဘူးဗျာ။ ဒါကြောင့်မို့ တချို့လူတွေက သောက်ရူးလို့ ကင်ပွန်းတပ်ပေးကြ ပြောနေကြတဲ့အထဲကကို ကျနော် အဲသလိုပုံမှန်အတိုင်းပဲ ရောင်းခဲ့တာဗျ။ကျနော့်ဘ၀မှာ တသက်နဲ့တကိုယ် ပီတိအဖြစ်ရဆုံးအချိန်ကို ပြပါဆိုရင်။ ကျနော် အဲဒါကို ပြလိုက်မှာပဲ။ စိတ်မကောင်းတဲ့ ကြားကနေ ဖြစ်လိုက်ရတဲ့ ပီတိပေါ့ဗျာ။ ခင်ဗျားတို့ အနုပညာသမားတွေရဲ့ ဝေါဟာ ရ နဲ့ဆိုရင်- ကြေကွဲ ပီတိ ပေါ့ဗျာ။ အဲ-အဲ-နောက်ထပ် ပီတိတခု ရှိသေးတယ်။ အဲဒါကိုလဲ ဘယ်လို ပြောရမလဲ။ ကျနော်တော့ ဝေါဟာရရှာလို့ မရဘူး။ တသက်နဲ့တကိုယ် ဒီလိုအ ကြီးအကျယ် ဒုက္ခရောက်နေကြချိန်မှာ တကယ်ဒုက္ခရောက်နေကြသူတွေကို ကိုယ် တိုင်ကိုယ်ကျ ကြိုးစားပန်းစားနဲ့မရောက်ရောက်အောင် သွားပြီးတတ်နိုင်သမျှ အောင်အောင်မြင်မြင် အ ကူအညီ ပေးနိုင်ခဲ့တာကိုပဲ ပြောရ မှာဗျ၊ အောင်အောင်မြင်မြင် ကြိုးစားပန်းစား ရောက်အောင်သွားပြီး ကူညီနိုင်ခဲ့တာ အကူအညီပေးနိုင်ခဲ့တာအပေါ်မှာတော့ တဖက်ကနေပြောရရင် ကျေနပ်တယ်။ ၀မ်းသာ တယ်။ ပီတိဖြစ်ရတယ်။ ဒါပေမဲ့...
တဖက်ကနေပြောရရင်လဲ တော်တော်ကို စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေရော။ အကြီးအကျယ် ဒေါသထွက်စရာ အော့နှလုံးနာစရာတွေပါတွေ့ခဲ့ရတယ်ဗျာ။ ပီတိက အေးအေး မြမြ ကြည်ကြည်လင်လင်လေး ဖြစ်နေရမယ့်အစား။ ပူလောင်ရတာ တွေရော- နောက်ကျိ ရတာတွေပါအကုန်ကို ရောနေရတော့တာပါပဲဗျာ။ သောမန တွေရော...ဒေါမနတွေပါ အကုန် ခံစားလိုက်ရတော့တာပါပဲဗျာ။ အဲဒီတော့...ဒီလို ပီတိမျိုးကိုဘာပီတိလို့ ကင်ပွန်းတပ်ရမလဲ၊ ခင်ဗျားဟာခင်ဗျားပဲ ကြိုက်သလိုသာ နာမည်တပ်ပေရော့။ ကျနော်ကတော့ ကျနော်လက် တွေ့ကြုံတွေ့ခဲ့ရသလို၊ ခံစားရသလိုပဲ ပြောပြမယ်။
မုန်တိုင်းဝင်ပြီးပြီးချင်း ရန်ကုန်ရဲ့အခြေအနေပဲ စကြားကြရတာလဲ အားလုံးအသိပါပဲ။ နောက်မှ မီဒီယာတွေကျေးဇူးနဲ့ တဖြေးဖြေးချင်းကြားလိုက်ကြရတာက နာဂစ်ကြောင့် အထိ အနာဆုံးနေရာဟာ မြစ်ဝကျွန်းပေါ်ဆိုတာပဲ။ မြစ်ဝကျွန်းပေါ်မှာမှ ဘိုကလေးနဲ့လပွတ္တာဟာ ကျောကော့အောင် ခံလိုက်ကြရတာ သိလိုက်ရတယ်။ သေဆုံးသွားကြရရှာသူတွေလဲ သောက် သောက်လဲမဟုတ်လား။ ဘိုကလေးနဲ့ပင်လယ်ဝ လို့ကြားလိုက်ရတာနဲ့ ရင်ထဲ ကျင်ကနဲနေအောင် ခံစားလိုက်ရပြီး။ တော်တော် ကိုစိတ်မချမ်းမသာ ဖြစ်မိတယ်။ ဘိုကလေးနယ်နဲ့ ပင်လယ်ဝဟာမောင်မောင့် ချက်မြှုပ်မွေးရာဒေသမဟုတ်လား။ မောင်မောင် ဆိုတဲ့ ကောင်ဟာ တရုတ်သွေးပါတဲ့ ကောင်ပေမဲ့။ ဇာတိသွေးကပဲ စကားပြောလာသလား မသိပါဘူးဗျာ။ ငါ့ ဇာတိချက်မြှုပ် နယ်ကိုတော့ မရောက်ရောက်အောင်သွားပြီး ငါတတ်နိုင်သမျှ အကူအညီသွားပေးမယ်။ လှူနိုင်သမျှလှူဒါန်းမယ်ဆိုတဲ့ စိတ်ကတ ဖွားဖွားနဲ့ ၀င်လာခဲ့တယ်ဗျ။ ကိုယ်နဲ့ရင်းတဲ့ ကုန်သည်ကြီးတွေထဲက သဒ္ဒါတရားထက်သန်သူတချို့ကိုလဲ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေး နွေးပြီး ကျနော်ကိုယ်တိုင်က သိန်း(၁၀၀)မတည်လိုက်တယ်ဗျာ။ ကျနော်လုပ် ချင်တာကို နားလည်ယုံကြည်တဲ့လူ လေးငါးဦး ကလဲ အသီးသီးဝိုင်းဝန်းထည့် ၀င်ပါဝင်ကြတော့။ သိန်း(၂၀၀)လောက် ဖြစ်သွားတယ်။ ဒီထဲက လိုက်နိုင်တဲ့သူ အလှူရှင်နှစ်ယောက် ကိုပါအတူခေါ်ပြီး။ နာဂစ်အပြီး တပတ်အကြာမှာပဲ ရန်ကုန်အရောက် ဆင်းခဲ့ကြတယ်။ နယ်စပ်က ရနိုင်သမျှ သင့်တော်မယ်ထင်ရတဲ့ အ၀တ်အထည်လေးတွေကိုလဲ သိမ်းကျုံးပြီးဆွဲခဲ့ ၀ယ်ခဲ့ကြတယ်ဗျ။ လေဘေးဒုက္ခသည်တွေ ဝေဖို့အတွက် ဆိုတော့။ ကလေးဝတ် ရော လူကြီးဝတ်ရော။ ယောက်ကျားဝတ်ရော မိန်းမ၀တ်ပါ ရသမျှအစုံပါပဲဗျာ။ ပီနံအိတ်ကြီးတွေနဲ့(၁၈)လုံး အပြည့်အသိပ်ထည့်ပြီး သယ်သွား ခဲ့ကြတယ်ဗျ။ အဓိကကျတဲ့ဆန်နဲ့ရေသန့်ပုလင်းတွေကိုတော့ ရန်ကုန်ကျမှ ၀ယ်မယ်ဆိုပြီး တက်သုတ်ရိုက်သွား ကြတယ်။ အဲ...ရန်ကုန်မှာ စိတ်ချရတဲ့နေရာသွားပြီး ဆန်သွားဝယ်တော့။ ဆန်ရောင်းတဲ့ ဆန်ကုန်သည် အမျိုးသမီးက ‘လေဘေး ဒုက္ခသည်တွေကို ဝေဖို့ လှူဖို့ ဆန်ဝယ်ချင်တာ မဟုတ်လား...တဲ့။ ဒုက္ခသည်တွေ ဝေဖို့ဆိုရင်။ ဒီလိုဈေးပေါပေါ ဆန်ကိုပဲ ၀ယ်သွားလို့’ အကြံပေးပြီး ကျနော်တို့ကို ထိုးပြတာက တော်တော်ကို ညံ့တဲ့ဆန်တွေဗျာ။ဆန်တွေက ဖုံစုတ်စုတ် ၀ါတာတာအ ရောင်တွေဗျ။ ရေစို ဆန်တွေပေါ့ဗျာ။ ဈေးလဲအနိမ့်ဆုံး အမျိုးအစားတွေပေါ့။သူကတော့ အိတ်များများရတော့ လူများများ ပြီများများ ဝေနိုင်အောင် အကြံကောင်း ဥာဏ်ကောင်း ပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မောင်မောင်က မြစ်ဝကျွန်းပေါ် မွေးလာတဲ့ကောင်ပဲ။ ဒီလိုဆန်မျိုးက မြစ်ဝကျွန်းပေါ်မှာ ၀က်ကျွေးတဲ့ဆန်လောက်ပဲ အဆင့်ရှိတာ သိတာပေါ့။အဲဒီတော့ ..ဟာ..ဒီဆန်မျိုးတော့ ကျနော် မဝေဘူး။ မပေးဘူး။ ဆန်ဖြူဖြူပဲပေး။ လူစားလို့သင့်လျော်မယ့် ဆန်ပဲ လိုချင်တယ်လို့ပြောပြီး ကောင်းတဲ့ဆန်ပဲဝယ် လိုက်တယ်။ ဆန်ချောမဟုတ်ပေမဲ့ ဆန်ကြမ်းထဲမှာတော့ လူစားလို့ကောင်းမယ့်ဆန်မျိုးပဲ ရွေးပြီး အိတ်(၅၀၀)၀ယ်လိုက်တယ်။ ပြီးတော့ ကဒုံ ဧရာ ပင်လယ်ဝအထိ လိုက်မယ့် မော်တော်ကြီးကြီးတစီး လိုက် ရှာရ ငှါးရ ပြန်တယ်ဗျ။မော်တော်ကလဲ ရှားလိုက်တာဗျာ။ ပင်လယ်ဝအထိ လိုက်ချင်တဲ့ မော်တော်က တော်တော်ကို ရှာရတယ်။ အကြောင်းက အပြန်မှာ ဟိုသတ္တ၀ါတွေကမော်တော်ကိုပေါ်တာဆွဲလိုက်မှာကိုလကြောက်သလို။ ရာသီဥတုကလဲ သိပ်ငြိမ်သေးတာမဟုတ်တော့ နည်းနည်းတော့ စိုးရိမ်နေ ကြသေးတာကိုး၊နောက်တကြောင်းကတော့ ..ဟိုကသည်က အာဏာပိုင်အဆင့်ဆင့်ဆိုတဲ့ ကောင်တွေ ကလဲ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တာတားမြစ်တာ ဟန့်တားနှောက် ယှက်တာတွေအကြီးအကျယ် လုပ်နေတဲ့အချိန်ကြီး မဟုတ်လား။ ပြီးတော့ ဆီဈေးတွေကလဲ ခေါင်ခိုက်အောင်ကို ထိုးပြီးတက်နေချိန်ဗျာ၊ ဆီဈေးက တဂါလံကို တသောင်း အထိတောင် ခုန်တက်သွားတယ် မဟုတ်လား။ နာဂစ်လက်ချက်နဲ့ မော်တော်တွေ စက်လှေတွေ သင်္ဘောတွေ တော်တော်များများကလဲ ဆုံးရှုံးပျက်စီးသွားကြ တာတွေက မနည်းမနောဆိုတော့ ရေယာဉ်တွေကလဲ သိသိသာသာကို နည်းနေတဲ့အချိန်ဖြစ်နေပြန်တယ် ဗျာ။အဲဒီကြားထဲကပဲ မဖြစ်ဖြစ်အောင် သွားမယ်ဆိုပြီး ကြိုးစားပန်းစား လိုက်ပြီး ရှာကြတော့။ မော်တော်ကြီးကြီးတစင်းကို ရှာလို့ရလာတယ်ဗျာ။မော်တော်ပိုင်ရှင်က သူလိုက်ပို့မယ်...တဲ့။ ဈေးကတော့ တပြားမှ မဆစ်နဲ့။ ဆီဈေးက ဒီလောက်တောင်ကြီး နေတာ။ အသွားအပြန် သိန်း(၃၀)ပေးရမတဲ့။ ဒါတောင်...ကျနော်တို့သွားမှာက ပင်လယ်ဝဖက်ဆီက မုန်တိုင်းသင့်ဒုက္ခရောက် နေသူတွေဆီ အကူအညီသွားပေးမှာ။ အလှူအတန်းသွားလုပ်မှာ ဖြစ်လို့၊ မွန်မြတ်တဲ့ကုသိုလ်ခရီး ဖြစ်နေလို့လိုက်မှာ ဖြစ်တယ် လို့ဆိုသဗျ။ ကျနော်ကလဲ - ကိုင်း -မထူးဘူး။ သုံးဆယ်ဆိုလဲသုံးဆယ်ပေါ့ဗျာ၊ လိုအပ်တဲ့ဆီ လုံလုံလောက် လောက်သာထည့်ထား။ ရာသီဥတုအခြေအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကောင်းကောင်းမွန်မွန်သင့်တော်မယ့် စက်ဆရာနဲ့အလုပ်သမားတွေသာ လုံလုံ လောက်လောက်ဖြစ်အောင် ထည့်သွင်းစီစဉ်ပေးလိုက်၊ ကျနော်ငှါးမယ် ဆိုပြီး စင်းလုံးပြတ်အော်ဒါ ငှါးလိုက်တယ်။ အဲ...အဲဒီလို မော်တော်လဲ ရှာပြီးပြီ ၊ဆန်အိတ်တွေလဲ အိတ်(၅၀၀)တင်ထားပြီးပြီ၊ တရုတ်ဖက်ခြမ်းကနေ ဆွဲလာခဲ့တဲ့ အ၀တ်အစားမျိုးစုံ ပီနံအိတ်ကြီး(၁၈)လုံးလဲ တင်ထားပြီးပြီ။ လမ်းခရီးစားစရာ သောက်စရာတွေလဲ တပတ်ဆယ်ရက်စာ မပူရအောင် ဖြည့်ဆည်း ထားပြီးပြီ ဆိုတဲ့အချိန်မှာ ဘယ်လိုထွက် မှာလဲ။ လမ်းမှာ အကုသိုလ်တွေ သတ္တ၀ါတွေ မိစ္ဆာတွေ ဂြိုလ်ဆိုးတွေက တနေရာရာကနေ တားဆီးပြီး ရစ်လာရင် နှောက်ယှက်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူ့ခွင့်ပြု မိန့်နဲ့ထွက်လာ သလဲဆိုပြီး ၀ိုင်းပြီး ဗျင်းကြရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာကြီးက ထပ်ပြီး ပေါ်လာပြန် တယ်ခင်ဗျ။လှူချင်တာတောင် လွယ်မှတ်သလား။ အဲ...အဲဒီမှာ ကိုယ့်စေတနာ ကိုယ့်အကျိုး ပေးလာတယ်လို့ပဲပြောရမလား။ ဘယ်လိုပြောရမလဲ မသိပါဘူး။ နာမည်ကြီး ဆရာတော်ကြီး တပါးနဲ့သွားပြီး တိုက်တိုက်ဆိုင်ဆိုင်ကြုံလိုက်ရတယ်။ ဘယ်ကနေဘယ်လို တိုက်ဆိုင်သွားရ သလဲဆိုတော့။ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် နော်၊ ကျနော်တို့ အဲဒီလို ဖြစ်နေတာ ဆရာတော်က ကြားသွားတော့။
‘ဟ...အဲဒီကုမ္မဏီက ကောင်တွေလား...တဲ့။ လွှစက်တွေ ဈေးမတက်ပဲ ရောင်းနေတဲ့ ကုမ္မဏီကကောင်တွေလား...တဲ့။ ဒို့သံဃာတွေ ဦးပဇင်းတွေတချို့ သစ်ပင် ကြီးတွေ တုံးလုံးပက် လက်ဖြစ်နေတာ ရှင်းပစ်ဖို့ မရှိရှိတဲ့ငွေလေးတွေနဲ့ စုပေါင်းစပ် ပေါင်းလုပ်ပြီး လွှစက်တွေ ၀ယ်ရာမှာဈေးမတက်ပဲနဂိုဈေးအတိုင်း ရောင်းပေးလို့ သူတို့ ကိုယ်တိုင် ကိုယ်တော်တွေအချင်း ချင်းကြား ပြောဆိုနေသံတွေ သာဓုခေါ်သံတွေ ထွက်လာနေတဲ့ကုမ္မဏီက တကာတွေလား’တဲ့။ ‘ဟုတ်ပါတယ် ဘုရား’လို့လျှောက် ထားသူ တွေက လျှောက်ထားလိုက်ကြတော့။ အဲဒီ ဆရာတော်ကြီးကပဲ ‘ငါ လုပ်ပေးမယ်။ ငါ ဆောင်ရွက်ပေးမယ်။ ငါ့အစီအမံနဲ့ လာတယ် ဆိုတာ ပြော-’ဆိုပြီး သူ့နည်း သူ့ဟန်နဲ့သူ စီစဉ်ကူညီပေးလိုက်တော့ ကျနော်တို့လဲ တက်သုတ်ရိုက်ပြီး ထွက်နိုင်တော့တာပေါ့ဗျာ။ နာဂစ်ပြီးလို့တပတ်အကျော်(၁၁)ရက်နေ့မှာပဲ ကျနော်တို့ မော်တော်ကြီး ရန်ကုန်ကနေအောင်အောင်မြင်မြင် ထွက်နိုင်လာခဲ့တာပေါ့ ဗျာ။ ကျနော်နဲ့အတူ အလှူရှင်တွေလဲဖြစ်တဲ့ ကျနော့်မိတ်ဆွေလေးယောက် ကိုယ်တိုင်ကိုယ်ကျမော်တော်နဲ့ လိုက် လာခဲ့ကြတယ်ဗျ။ မော်တော်ထွက်ခါနီးမှာပဲ သောက်ရေသန့်ပုလင်းအတွဲလိုက် အတွဲလိုက် (၂၀၀) ကျော်လောက်ကိုလဲ ဆွဲပြီးတင်လာခဲ့ကြသေး တယ်ဗျ။ ခေါက်ဆွဲခြောက် ထုပ်ဖာတွေ ကိုလဲ အနားကနေ ရနိုင်သမျှ တော်တော်များများ ဆွဲပြီးတင်လာခဲ့ကြသေးတယ်ဗျ။
အင်း...လမ်းခရီးတလျောက် သိပ်ပြီးထူးထူးထွေထွေဘာပြဿနာမှ မပေါ်ခဲ့ပေမဲ့၊ ကိုယ့်ဇာတိ ကိုယ်ပြန်ပြီး အောင်အောင် မြင်မြင်လှူနိုင်တော့မယ်ဆိုပြီးပီတိလေး တောင်ဖြစ်လိုက်မိသေးပေမဲ့။ မော်ကျွန်းကျော်ကတည်းက ရင်ထဲကို ထစ်ဆို့ဆို့ကြီး ဖြစ်လာ တာပါပဲ၊ ပတ်ဝန်းကျင်တခုလုံးဟာ မြင်မကောင်းအောင်ပါပဲဗျာ။ ဘာတခုမှ ရှုရက်စရာ မရှိတော့အောင်ကို အပျက်အစီးတွေက နေရာတိုင်းလိုလိုပါပဲ။ ရန်ကုန်ကအထွက်ကတည်းက အပျက်အစီးတွေ နာဂစ်ရဲ့ခြေရာလက်ရာတွေကိုတော့ နေရာအနှံ့တွေ့ခဲ့ ရပေမဲ့ ဘိုကလေးနယ်ထဲဆီ ၀င်လာလေလေ အပျက်အစီးတွေက မြင်မကောင်းရှုမကောင်းအောင် များလာလေလေလို့ခံစား လိုက်ရတယ်ဗျာ၊ တကယ်ဗျာ...တကယ် တကယ်၊ မြစ်ဝကျွန်းပေါ်ဇာတိ မဟုတ်တဲ့ ကျနော့် မိတ်ဆွေတယောက်ကတောင် ဟင်းကနဲ ဟင်းကနဲ သက်ပြင်းရှည်ကြီးကို ခဏခဏချနေရ လောက်အောင် မြင်ကွင်းတွေ က ဆို့နင့်စရာကြီးတွေချည်းဖြစ်နေတော့။ မြစ်ဝကျွန်းပေါ်သား ဇာတိစစ်စစ်ဖြစ်ခဲ့တဲ့ ကျနော့်လိုကောင်ရဲ့ရင်ထဲ ဘယ့်နှယ်ဖြစ်နေမလဲဆိုတာ ခင်ဗျားဟာ ခင်ဗျားပဲ မှန်းကြည့် ပေရော့။ ဘိုကလေးနား နီးလာလေ အလောင်းတွေက ဟိုနားတလောင်း ဒီနားတလောင်း စပြီးတွေ့လာရတယ်ဗျ။ရေပေါ်မှာ ပေါလောပေါလောနဲ့ပေါ့။ဘိုကလေးလဲ ကျော် ရော အလောင်းတွေက ပိုပိုပြီးများလာလိုက်တာ ဟိုနားတစု ဒီနားတစု ခပ်စိပ်စိပ်ကို တွေ့လာရတယ်။ စိတ်မကောင်းစရာဗျာ။ အလောင်းတွေထဲမှာ ကလေးလေးတွေရော သက်ကြီးရွယ်အိုတွေရော အစုံမှ အစုံဗျာ။ အလောင်းတွေကလဲ ဖေါင်းကား ဖူးရောင်လို့။ မှောက်ရက်ရော ပက်လက်ပါ ရေပေါ်မှာ ပေါလောပေါလောနဲ့။ မော်တော်ပေါ် ပါလာတဲ့ မော်တော်အလုပ်သမားလေးတယောက်က ပြောတယ်။ ‘ ဒါ...ဘာ များအုံးမလဲ။ ပြီးခဲ့တဲ့ သုံးလေးရက်ကဆိုရင် မော်တော်တွေစက်လှေတွေ ဖြတ်သွားရတာ အလောင်းတွေနဲ့ချည်း တိုးတိုးနေရလို့။ စက်နဲ့ လာမငြိရအောင် ဟိုဖက်ဒီဖက် နှစ်နေရာကနေ ထိုးဝါးကြီးတွေကိုယ်စီကိုင်ပြီး မျောလာနေတဲ့ အလောင်းတွေ ကိုထိုးဝါးတွေ နဲ့ချည်း ထိုးထိုးဖယ်ဖယ်ပစ်ပြီးတောင် သွားရတာ။ အခုဟာက ဘာဟုတ်သေးလဲ’တဲ့။ ကဲ ခင်ဗျားဟာ ခင်ဗျား မှန်းသာ ကြည့်ပေရော့ဗျာ။ ကျနော်တို့မော်တော်ကြီး သွားနေ တော့လဲ ရေလယ်မှာသာ အလောင်းတွေက ဒီလောက်မများ တော့တာ။ ဟိုနား တမျောမျော ဒီနား တမျောမျော - ကြည့်လေရာ တွေ့နေရတုန်း။ ဒီထဲမှာ ကျွဲသေကြီးတွေ နွားသေ ခွေးသေတွေကလဲ မနဲဘူး။ ကျွဲ ဆိုတာ တော်တော်ကို ခံနိုင်ရည်ရှိတဲ့ သတ္တ၀ါ၊ ရေ လဲ အင်မတန်ကြိုက်၊ ရေထဲလဲ တနေကုန် ရေစိမ်ခံပြီး နေနိုင်တဲ့ အကောင်မျိုး၊ အဲဒီလိုအကောင်မျိုးတွေတောင် ဒီနာဂစ်နဲ့ ကျတော့ အတုံးအရုံးဖြစ်ပြီး သေသွားရတယ်ဆို တော့ ဒီမုန်တိုင်းဟာ ဘယ့်လောက်ပြင်းမလဲ ဆိုတာ စဉ်းစားသာ ကြည့်ရော့ဗျာ။ အဲ...မိန်းမလှကျွန်းနားလဲရောက်ကရော။အလောင်းတွေကတော့ မြင်မကောင်းအောင်ကို တွေ့ရတော့တာပါပဲ။ ကမ်းစပ်တွေမှာရော ကျွန်းပေါ်တွေမှာပါ။ သစ်ပင်ကြားတွေ မှာရော။
တောစပ်တွေမှာပါ ဘယ်နေရာကြည့်ကြည့် လူသေအလောင်းတွေချည်းပါပဲဗျာ။ စစ်ဖြစ်ထား တဲ့စစ်မြေပြင်မှာ အလောင်း တွေ တုန်းလုံးပက်လက်ဖြစ်နေတဲ့ မြင် ကွင်းတွေ ဓါတ်ပုံတွေ ကင်မရာရိုက်ချက်မျိုးတွေကို ကျနော် အများကြီးမြင်ဖူးတွေ့ဖူးတာပေါ့။ အဲဒီမြင် ကွင်းတွေက သွေးရဲရဲ သံရဲရဲတွေပဲပိုမယ်။ ဒါလောက် ခြောက်ချားစရာ မကောင်းဘူးလို့တောင် ပြောလိုက်ချင်တယ်။ အခုဟာကဗျာ...အလောင်းတွေကိုက ဖူးရောင်ဖေါင်းကားပြီး သပြေသီးမှည့်ရောင် ပေါက်နေကြပြီး တကယ့်ကို အလောင်း ဒိုက်ပုံတောကြီးလိုကို ဖြစ်နေတာ။ တကယ့်ကို မြင်မကောင်းရှုမကောင်းအောင်ပါဗျာ၊ မော်တော်ကလဲ ဖြေးဖြေးချင်းခုတ်နေရတာ ဆိုတော့၊ ပထမတော့ ကျနော် စိတ်နဲ့လိုက် ပြီး တလောင်းနှစ်လောင်း လိုက်ပြီးရေတွက်ကြည့်နေမိသေးတယ်။ ထောင်ဂဏန်း လောက်ရောက်လာတော့ ဆက်ပြီးတော့ကို မရေနိုင်တော့ဘူးဗျာ၊ အနဲဆုံး ဟောဒီမိန်းမ လှကျွန်းတ၀ိုက်မှာကို ကျနော်တို့ မော်တော်ပေါ်ကနေ မြင်ရတာကို အနဲဆုံးငါးထောင်အထက်ရှိတယ်။ ရန်ကုန်ကနေ ကျနော်နဲ့လိုက်လာခဲ့တဲ့ ကျနော့်သူငယ်ချင်း တရုတ်မျက်နှာတောင် တုန်တုန်ရီရီနဲ့ ဖြူပတ်ဖြူလျော် ဖြစ်သွားတယ်။ လူကတရုတ်သွေး ပါတဲ့အပြင် အစားကောင်းအသောက် ကောင်းတွေ ကြိုက်လွန်းစားလွန်း လို့အမြဲလိုလို ပန်းရောင်သန်းနေတဲ့ ကျနော့်သူငယ်ချင်းရဲ့မျက်နှာဟာ တကယ်ကို ဖြူပတ် ဖြူရော်ဖြစ်သွားတယ်။ အလောင်းတွေကို ကြည့်ပြီးသွေးမရှိတော့သလိုကို ဖြစ်သွားတယ်။ ဘယ်နေရာ ကြည့်ကြည့်။ အလောင်း တွေချည်းလေဗျာ။ မိန်းမလှကျွန်းဆိုတာ မိုင်နှစ်ဆယ်ပတ်လည် လောက်ရှိတဲ့ တကယ့်ကျွန်းကြီးဗျ။ ဟိုတုန်းကဆိုရင် အမြဲတန်းစိမ်း လန်းစိုပြေနေတဲ့ တကယ့်ဒီရေတောကြီး။ ဘေးမဲ့တောကြီးဗျ။ အဲဒီမှာလူနေအိမ်ခြေမရှိပဲနဲ့ ဒီအလောင်းတွေက ဘယ်ကနေရောက် လာသလဲဆိုတော့ ဘိုကလေးနယ်တလျောက် ပတ်ပတ်လည်က ဓါးမြချောင်း လောက်အထိ ရွာတွေရွာတွေက ရွာလုံးပြုတ် ကွင်း လုံးပြုတ်သွားရတဲ့နေရာတွေကနေလာတင်ရတဲ့ အလောင်းတွေပဲဗျ။ ဒီမိန်းမလှကျွန်း တလျောက်ကအခြေအနေ မြင်ရရှုရတာတွေနဲ့ မော်တော်သမားလေးတွေ ပြောတာတွေနဲ့တင် ချိန်ထိုးကြည့်ရရင်။ ကျနော့်အထင်... ဒီ ဘိုကလေးနယ်တခုထဲမှာတင် အနဲဆုံး သေဆုံးရသူ သိန်းဂဏန်း ရှိလောက်တယ်ဗျာ။ အဲဒါ သူတို့က ပြောတယ်။ ဒါ ခင်ဗျားမြင်ရတာ ကမ်းစပ်လောက်ပဲ ရှိသေးတယ်။ ကမ်းစပ်ကနေ မြင်ရတာလောက် ရှိသေးတယ်။ ကျွန်းပေါ်မှာလဲ အများကြီး ရှိသေးသတဲ့။ ကဲ...စဉ်းစားသာ ကြည့်တော့ဗျာ။ ဘုန်းကြီးကျောင်းလေး တကျောင်းပဲ ကျန်ခဲ့တဲ့ရွာမှာ ဘုန်းကြီးကျောင်းတောင် ကျောင်းတိုင် တိုင်ငုတ်လောက်ပဲ ကျန်ခဲ့တာတို့။ တရွာလုံး အိမ်တိုင်ငုတ်တိုလေး သုံးလေး ငုတ်ပဲ ကျန်ခဲ့တာတို့။ ဘာမှတောင် မကျန်ခဲ့ပဲ ရေပြင်ဖြစ် ကျန်ခဲ့တာတို့ အို... ကြားရ ကြားရ နားဝမသက်သာတွေကလဲ အများကြီးမှအများကြီးဗျာ။ တယောက် ပြောတာကတော့ဗျာ။ အဲဒီတုန်းက ရေတက်နေ တုန်းကများ။ ရေပြင်ပေါ် ရောက်နေတဲ့ မော်တော်ပေါ် သင်္ဘော ပေါ်ကနေအောက်ကို ခြေထောက်ချ ကြည့်လိုက်မိရင်။ တချို့ နေရာတွေများ အိမ်ခေါင်မိုး ခြေထောက်နဲ့တိုက်မိ စမ်းမိတာမျိုးအထိတောင် ရှိသတဲ့။
မုန်တိုင်းပြီးလို့တပတ်ကျော်မှ ကျနော်တို့ ရောက်တာတောင် အလောင်းတွေက ဒီလောက်များ နေသေးတယ်ဆိုတော့။ ဒီတပတ်ကျော်အတွင်းလှိုင်းတွေ ဒီရေတွေနဲ့ ပင်လယ်ထဲအထိ ရောက်သွား မျောသွား ပါသွားပြီးသားကလဲ ဘယ်လောက်တောင် ရှိနေပြီလဲ။ ဘယ်သူမှရေတွက်လို့ရနိုင်မှာ မဟုတ်ဘူး။ ရွာလုံးကျွတ်သွားရတဲ့ နေရာတွေမှာ ရွာတောင်မရှိတော့တာ ဒီအလောင်း တွေကို ဘယ်သူကမှလဲလာပြီး ဆယ်တော့ မြှုပ်တော့မယ့်သူ မရှိတော့ဘူးဆိုတော့ စဉ်းစားကြည့်လိုက်မိရင်။ တော်တော်ကို ကြေကွဲ စရာ စိတ်မချမ်းမြေ့စရာ ကြီးပါဗျာ။ အဲ...ဒီကြားထဲမှာ...လူမဆန်တဲ့ကောင်တွေကလဲ ရှိလိုက်သေးဗျာ။ ဘယ်လို လူမဆန်တယ် မှတ်သလဲ။ လှေတွေသမ္မာန်တွေ လေးငါးစင်းလောက်နဲ့ အလောင်းတွေကို လှန်လှောရှာဖွေပြီး ရွှေတိုရွှေစ လိုက်လံရှာဖွေ ဖြုတ်ယူနေကြတဲ့ အကောင်တွေလေဗျာ၊ကျွန်းပေါ်အထိတက်ပြီး လိုက်လံရှာ ဖွေနေကြတဲ့ကောင်တွေကလဲ အယောက်နှစ်ဆယ် လောက်တောင်ရှိမတဲ့။ အဲဒီလို ရွှေတိုရွှေစ ရှာနေကြတဲ့အကောင်တွေကို ကျနော်တို့ ကိုယ်တိုင်လှမ်းမြင်ရတယ်။ သူများမှာ ကံဆိုး မိုးမှောင်ကျလို့သေကြရ ရှာတဲ့အကြားမှာ သူတို့မှာ အတော်တွက်ခြေကိုက်တဲ့ လုပ်ငန်းကြီးတခု ရလိုက်ကြသလိုပါ့။ ဘယ့်လောက် များ လူမဆန်လိုက်တယ် မှတ်သလဲ။ အလောင်းကလက်မှာ လက်ကောက်ပါတာတွေ့ရင်။ လက်ကနေတောင် ချွတ်မယူဘူး။ မြန်မြန်ဆန်ဆန်ယူရအောင် လက်ကိုဖြတ်ယူတယ်။ နားက နားကပ်ပါတာ တွေ့ရင် နားရွက်ကို ဖြတ်ယူ သတဲ့ဗျာ။ တောက်...လူက မွေးတဲ့ကောင်တွေမှ ဟုတ်ရဲ့လား မသိပါဘူးဗျာ။ တချို့လူတွေကတော့ ‘သေပြီးသွားမှပဲဗျာ။ ဒီလို လုပ်ယူသွားလို့ အဲဒီလိုယူတဲ့ သူတွေအဖို့ ရွှေငွေအဖိုးတန်ပစ္စည်းတွေ ရလိုက်တယ်ဆိုရင်လဲ အလကားမဖြစ်တော့ပဲ သူတို့မှာ သုံးစရာ စွဲစရာလေးတွေ ဖြစ်သွား သေးတယ်လို့သဘောထား ကြည့်လိုက်ပေါ့ဗျာ’လို့ပြောချင် ပြောကြမယ်။ ကျနော်ကတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ဒါ...လူ မဆန်တာပဲဗျ။အဲဒီတုန်းက အဲဒီလို ရလာတဲ့ ရွှေတို ရွှေ စတွေကို အဲဒီလို လူတွေက ဘိုကလေးမြို့ပေါ်အထိ တက်ရောင်းကြတာ ရှိသတဲ့ဗျ။ အဲဒီလို ရွှေတိုရွှေစကို ၀ယ်တဲ့သူတွေကလဲ လက်ခံပြီးဝယ်တာ ရှိသတဲ့ဗျ။ ဈေးကောင်းကောင်း နှိမ်ပြီး ခိုးကြောင် ခိုးဝှက်ဝယ်ကြရာမှာ ရွှေဈေးက တကျပ်သား တသိန်းတောင်မပေးရဘူးဆိုပဲ။ အပြင်ပေါက်ဈေးက ရွှေဈေး(၅)သိန်း ကျော်ဖြစ် နေချိန်မှာ တသိန်းတောင် မပေးရပဲ ၀ယ်ကြဆိုပဲ။ ကျနော်တို့နိုင်ငံမှာ ဒီလောက်တောင်ဖြစ်နေကြပြီလားလို့တောင် တွေးလိုက်မိပြီး တဖက်က တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ စာရိတ္တတွေ အဖျက်စီးခံထားလိုက်ကြရတာဟာ တော်တော်နဲ့ကုစားလို့တောင် ရတော့မှာ မဟုတ်ပါဘူးဗျာ။ သူဌေးဆိုတဲ့ကောင်ကလဲ သူဌေးအလျောက်။ အခြေအနေမဲ့ဆိုတဲ့ကောင် ကလဲ အခြေအနေမဲ့ ဆိုတဲ့ အလျောက် တော်တော်ကို စာရိတ္တတွေက ထိခိုက်ကုန်ကြပြီဗျ။..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလူတွေ...ဖြစ်ကုန်ကြ ရတော့ တာပါပဲဗျာ။
အဲ...လမ်းခရီးအတွေဏ္ဍအကြုံတွေ ဆက်ပြောအုန်းမယ်။ လမ်းမှာ လှေအိုလေးတွေရရာ သမ္မာန်စုတ်လေးတွေနဲ့ အပြေး အလွှား လှော်ခတ်လာကြပြီး စားစရာ သောက်စရာ ၀တ်စရာလေးတွေ တတ်နိုင်သမျှ ကူညီခဲ့ပါဗျာ...လို့ကျနော်တို့ မော်တော်နား အထိ ကပ်လာပြီး တောင်းကြတယ်။ တချို့လဲ ခပ်လှမ်းလှမ်းဆီကနေအော်ပြီး အကူအညီတောင်းကြတယ်။ ကျနော်တို့လဲ ရေသန့် ပုလင်းအတွဲတွေ ခေါက်ဆွဲခြောက်ထုပ်ဖာလေးတွေ ပစ်ပေးခဲ့ပါတယ်။ အနားထိ ရောက်လာတဲ့ အကူအညီတောင်းလာ သူတွေကို တော့ ဆန်တအိတ်စ နှစ်အိတ်စ ချပေးခဲ့တာတွေ ရှိသလို။ အ၀တ်အိတ်ထုပ်ဖေါက်ပြီး သင့်သလို စွန့်ကြဲဝေငှပေးခဲ့တာတွေ ရှိပါတယ်။ ဘယ်သူမှတော့ လက်ချည်း ဗလာဖြစ်မသွားရအောင် ချင့်ချိန်ပြီး ပေးပစ်ဝေပစ်ခဲ့ပါတယ်။ အဓိက ဝေဖို့လှူဖို့ ရည်မှန်း သွားခဲ့တာက ကျနော့်ဇာတိမွေးရာ ကဒုံကနိဖက်ကိုဆိုတော့။ လမ်းမှာ တွေ့ရတာ တွေ များများစားစားတော့ မဝေခဲ့နိုင်ဘူးပေါ့ဗျာ။ တတ်နိုင်သမျှ မလွတ်ရအောင်တော့ ပေးခဲ့ ကမ်းခဲ့ ကူခဲ့ပါတယ်။ ဘိုကလေးတနယ်လုံးဟာလဲ ကိုယ့်နယ်ပဲ မဟုတ်လား။
ကျနော့် မွေးရပ် ဇာတိရွာလေး ရောက်တော့။ တော်တော်ကို ၀မ်းနည်းဝမ်းသာ ခံစားရတယ်။ နာဂစ်ရဲ့ဒဏ်ကို ဘယ်သူမှ မလွတ်အောင်ခံထားရတယ်။ ဒါပေမဲ့ အဆိုးဝါးဆုံး ခံလိုက်ရတဲ့ တခြားရွာတွေနဲ့စာရင်တော့ တော်တော် တော်သေးတယ်လို့ ပြောရမှာပဲ။ ရွာလုံးပြုတ်ဖြစ် သွားတဲ့အထဲမပါဘူး။ ဒဏ်ရာတွေ ကြားထဲမှာ ရွာအဖြစ် ရပ်အဖြစ်တော့ ပီပီသသကျန်နေရစ် ပါသေး တယ်။ တခြားတခြားသော ဆိုးဆိုးဝါးဝါး ခံလိုက်ကြရတဲ့ရွာတွေက ပြေးလာကြ တက်လာကြတဲ့ ဒုက္ခသည်တွေတောင် တော် တော် များများ ရောက်လို့ဗျ။ဒီဖက်ကနေ ဘိုကလေး တက်သွားကြ။ မအူပင်ရောက်သွားကြသူတွေလဲရှိလို့။ ကျနော်တို့ရောက်တဲ့ အချိန် မှာတော့ တခြားရွာက ဒုက္ခသည်တွေ အရင်ရက်တွေကလောက် မများတော့ပဲ ရွာခံရပ်ခံတွေပဲ အများဆုံး ရှိတော့တယ်လို့ ပြောကြသဗျ။ဟာ...ဒုက္ခသည်တွေကတော့ ရှိတာပေါ့။ဒီမှာလဲ ထိတော့ ထိထားတာပဲဟာ။ နာဂစ်လက်ချက်နဲ့တော့ ဘယ်လွတ်မ လဲ။ နည်းတာနဲ့များတာ၊ ကုန်းကောက်စရာ မကျန်အောင် ခံလိုက်ကြရတာနဲ့ အဲသလောက်အထိ မခံလိုက်ကြရတာ။ ဒါ လောက်ပဲ ကွာတာ။ ခံတော့ ခံလိုက်ကြရတာ ချည်းပါပဲ။ အခံရကြီးနဲ့ အခံရလေးပဲကွာတာ။ အဆိုးဆုံး ခံလိုက်ကြရသူတွေဟာ အဆင်းရဲ ဆုံးလူတွေချည်းပေါ့ဗျာ။ မုန်တိုင်းရဲ့ ပြင်းအားက အတူတူဆိုရင်။ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ တိုက်တွေ အိမ်တွေက ခေါင်မိုး လန်တာ မှန်တွေ တံခါးတွေ ကွဲအက်ယိုင်ရွဲ့သွားတာလောက်ပဲ ရှိမယ့်အချိန်မှာ။ အိမ်အိုနဲ့ တဲစုတ်တွေ။ အဖြစ်လောက် ဆောက် ထားရတဲ့ ဆင်းရဲသားအိမ်တွေမျိုးကတော့ စုတ်ပြတ်သတ်သွားရတော့မှာပေါ့။ တဲလေးတွေ ထရံကာလေးတွေကတော့ ဘယ်ရောက် သွားမှန်းမသိရအောင်ကို တစစီ လွင့်စင်သွားရတော့တာပေါ့။ဆင်းရဲလေလေခံရလေလေသာမှတ်။ ကျနော်တို့ရွာမှာလဲ နာဂစ်ပြီး တော့ အကြမ်းဖျင်းအားဖြင့် လူအတန်းအစား သုံးမျိုးလောက် ဖြစ်လာတာ တွေ့ရတယ်။ ချမ်းသာတဲ့လူတွေနဲ့အာဏာပါဝါ ရှိတဲ့ ကောင်တွေ။ အာဏာပိုင်အဆင့်ဆင့်ရဲ့ လက်ကိုင်ဒုတ် လိုကောင်မျိုးတွေက တအုပ်စု။ ဆင်းရဲ မွဲတေပြီး အကြီးအကျယ်ဒုက္ခ ရောက်နေကြသူ လက်တွေ့ကပ်ဆိုးဒဏ်သင့်နေကြရသူတွေက တအုပ်စု။ အစက ဒီရွာကမဟုတ်ပဲ မုန်တိုင်းဒဏ်ကြောင့် ရွာလုံး ပြုတ်သွားကြရရွာပျက်သွားကြရတဲ့ အနီးအပါး နေရာပေါင်းစုံ ရွာပေါင်းစုံကနေ ဒုက္ခသည်တွေအဖြစ် ရောက်လာကြသူတွေက တအုပ်စု။ အုပ်စုသုံးစုလောက် ဖြစ်နေ တာ သွားတွေ့ရတယ်။ အဲဒီထဲမှာ ငယ်တုန်းက ကျောင်းနေဖက်တချို့ ငယ်သူငယ်ချင်းတချို့ သိဟောင်း ကျွမ်းဟောင်းတွေတချို့လဲ ပြန်တွေ့ရတယ်ဗျ၊ တယောက်နဲ့ တယောက်ကတော့ ဘယ်ထပ်တူ တူမလဲဗျာ၊ သူတို့ ဘ၀တွေ အခြေအနေတွေကလဲ အမျိုးမျိုးပဲ၊ ဘာပဲဖြစ်ဖြစ် ခုတင်ကပြောတဲ့ အုပ်စုသုံးမျိုးထဲက တမျိုးမျိုးတွေချည်းပါပဲ။ ကျနော် ရောက်လာတာမြင်တော့ အားလုံးလိုလိုကတော့ ၀မ်းသာအားရ ဖြစ်သွားကြတယ်လို့ပြောရမှာပဲ။ ဘာပဲပြောပြော ကျနော်က ကျနော် တတ်နိုင်သလောက် ရွာကိုကူ ညီဖို့လာတဲ့သူကိုးဗျ။အဲဒီထဲမှာ လက်ရှိရွာမှာ အာဏာပါဝါရှိနေ တဲ့ကောင်တချို့လဲပါတယ်။ ကျနော်ကလဲ ခင်ဗျားသိတဲ့အတိုင်းပဲ။လူအမှမဟုတ်တာ။ကုန်သည်ကြီး မျက်စေ့ ကလဲ ရှိပြီးသားပဲဟာ။ အဲဒီတော့ ကိုယ်လှူမယ့် တန်းမယ့်ဟာလေး အဖု အထစ်မရှိရအောင်ရော။ သူတို့တွေလဲ ကျေကျေနပ်နပ်ဖြစ်သွားအောင်ပါ တွက်ချက်ပြီး။ အဲဒီ အာဏာပါဝါ ရှိနေတဲ့ အသိကောင်တွေကိုရောက်ရောက်ချင်း ‘ငါကတော့ ကိုယ့်ရွာကိုယ် မမေ့လို့။ ဒုက္ခရောက်နေကြတဲ့သူတွေကို လာပြီး သံယောဇဉ်စိတ်နဲ့ လာလှူတာ တန်းတာ ကူညီတာပဲကွာ။ အဲဒါ...မင်းတို့လဲ ငါ့ကို ၀ိုင်းကူညီကြအုန်း’ လို့ပြောလိုက်တယ်။ ပြီးတော့ ဦးဦးဖျားဖျား အဲဒီကောင်တွေအိမ်အတွက်လဲ ဆန်အိတ်တအိတ်စီ အရင်ဆုံး ပေးပစ်လိုက်တယ်။ ယူလာတုန်းက ပီနံအိတ်ကြီး (၁၈)လုံးပေမဲ့။ လမ်းမှာ တလုံးဖေါက်ပြီး ဝေငှပစ်ခဲ့လို့(၁၇) လုံးကျော်ကျော်ပဲ ရှိတော့တဲ့တရုတ်နယ်စပ်က အ၀တ် အထည်အိတ်ကြီး တွေကိုလဲ အဲဒီထဲက တယောက်ရဲ့အိမ်ထဲအထိသယ်ပြီး ချထားလိုက်တယ်။ သင့်မယ်အ၀တ်အထည်လေးတွေ ရွေးပြီးတယောက် မကျန် ထိုက်သင့် သလောက်စီ အရင်ဆုံး လက်ဆောင်ပေးပစ်လိုက်တယ်။ ပြီးတော့မှ အခုရွာမှာ လူဘယ်နှယောက်လောက် ရှိနေသလဲ။ အိမ်ထောင်စုက ဘယ်နှအိမ်ထောင် စုလောက် ရှိနေသလဲ။ ဘယ်ကနေ ရောက်လာ ရောက်လာ အခုရှိနေတဲ့ ဒုက္ခသင့် နေကြသူအားလုံး ရွာရှိလူကုန်သာ အကုန်ပါအောင် တွက်ချက်ကြည့်ပေးကွာ...လို့ပြောပြီး။ နယ်စပ် ကတည်းကပါလာတဲ့ ကျနော့်မိတ်ဆွေ ကုန်သည်ကြီးနှစ်ယောက်ရော။ ရန်ကုန်ကလိုက်လာတဲ့ မိတ်ဆွေကိုပါ အတူခေါ်ပြီး ရွာလည်လမ်းကနေ နေရာအနှံ့ လိုက်ကြည့်မိတယ်။ ပြီးတော့ အိမ်ပြန်ရောက်တော့ သူပြောတဲ့ လူဦးရေနဲ့ ကျနော်တို့သယ်လာတဲ့ ဆန်အိတ်(၅၀၀)နီးပါးကို ပြီဖွဲ့ပြီး။ တယောက် ဘယ်နှပြီလောက် ဝေလို့ရနိုင်မလဲဆိုတာ တခါတည်းတွက်ကြည့်လိုက်မိတယ်။ လမ်းမှာနည်းနည်းပါးပါး ချပေးခဲ့တာ တွေလဲ ရှိသေးတော့ ဆန်ကအိတ်(၅၀၀)နီးပါးပဲ ကျန်တော့တာပေါ့ဗျာ။ တွက်ကြည့်လိုက် တော့ တယောက် နှစ်ပြီ နှုန်းတော့ ကောင်းကောင်းဝေနိုင်သေးတာ တွက်မိပြီး။ လူတယောက် နှစ်ပြီနှုန်း လိုက်ပြီး အဝေခိုင်းလိုက်တယ်။ကျနော်တို့ကိုယ်တိုင်လဲ ကိုယ်တိုင် ကိုယ်ကျ ချင်ပြီး ဝေပေးတာတွေ လိုက်ဝေပေးတာ တွေ ရှိသလို။ သူတို့တွေကိုလဲ အဝေခိုင်းလိုက်ရတာ ရှိတာပေါ့။
ဘယ်လိုလုပ်ပြီး ကိုယ့်ဟာကိုယ်ချည်းတော့ နေရာစုံရောက်အောင် နှံ့အောင် လူစေ့အောင် ဝေပေးနိုင်မလဲဗျာ။ ပြီးတော့ ကိုယ်တိုင်ကလဲ မြန်မြန်ဆန်ဆန် ပြီး အောင် ဝေလိုက်ချင်တာပါတော့။ ကိုယ်ကိုယ်တိုင်လဲဝေ။ သူတို့ကိုလဲ လိုက်ဝေပေးပါ လို့ပြောလိုက်ရတာပေါ့ဗျာ။ အဲဒီမှာ...ဘာ ထပ်တွေ့လိုက်ရ ပြန်သလဲ သိလား။ ဒီခေတ် မှာ ရွာလူကြီး ရပ်လူကြီး လူတွင်ကျယ် လုပ်နေကြသူတွေထဲမှာ အကျင့်ဆိုး ဥာဉ်ဆိုးက ဘယ်လောက်ပါနေကြသလဲ သိလား။ သူတို့ကို ဦးဦးဖျားဖျား တအိမ် ဆန်တအိတ်စီ ပေးထားပြီးသား ဖြစ်တဲ့ကြားထဲက။ ဆန်အိတ်ကို ထပ်ပြီး ကဲ့ထား ခိုးထားလိုက်ကြသေးတယ်ဗျာ။ ကိုယ်ကိုယ်တိုင်က ဆန်အိတ် ထမ်းပြီး အိမ်ပေါက်စေ့ လူတိုင်းစေ့အောင် လိုက်ဝေနိုင်တာ မဟုတ်တော့။ သူတို့တွေကိုပါ လိုက်အဝေခိုင်းရတာဆိုတော့။ အဲဒီလို သူတို့ကိုယ်တိုင်လိုက်ဝေပေးရတဲ့အချိန်လေး နေရာလေးတွေကြားထဲမှာ မဖြစ်ဖြစ်အောင် ကဲ့ထားလိုက်ကြ ယူထားလိုက်ကြ တာပေါ့ ဗျာ။ ကျနော်တို့က ဒီဖက်ခြမ်း သွားဝေနေရင်။ သူတို့က ဟိုဖက်ခြမ်း သွားဝေနေရင်းက။ ရသမျှအချိန် လေးတွေကြားထဲမှာ သူတို့ အတွက် ထပ်ပြီး ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာမျိုးပေါ့။ အကြံအဖန်လုပ်ပြီး ကဲ့ထား ယူထားလိုက်ကြတာမျိုး ပေါ့။အိတ် (၁၀၀)လောက်နဲ့လောက်ရမယ့် ရပ်ကွက်တခုမှာ (၁၀၂)အိတ်လောက် ကုန်သွားတာမျိုးလုပ်ပြီး (၂)အိတ်လောက်က ကိုယ် တွက် ချန်ထားပြီး ဝေပေးလိုက်တာမျိုးပေါ့ဗျာ။ ကိုယ်ကလဲသူတို့ကို ဟုတ်မဟုတ် ဘယ်လိုသွား စာရင်းစစ်ကြည့်လို့ဖြစ်မတုန်း။ ဒုက္ခသည် တွေကလဲ ကိုယ်ရတာလေးပဲ ကိုယ်ယူပြီး။ ဆန်တွေ ဘယ်လောက်စာရင်းကွာနေပါတယ်။ ဘုံးသွားတာတွေ ရှိနေပါတယ်လို့ ဘယ်လိုလုပ်ပြီး စောဒက တက်မတုန်း။ ရတာလေးနဲ့ပဲ ယူသွားရမယ့်သဘောချည်းဆိုတော့။ အဲဒီကောင်တွေ ကြိုက်သလို ကဲ့ဖို့ အခွင့်အလမ်းကလဲ ပွင့်နေတာကိုးဗျ။ရှိသမျှ လူတွေ ကြီးကြီးငယ်ငယ် အကုန်လာကြပါ ။ ကျနော် ဆန်လှူချင်လို့ပါ...လို့ပြောပြီး။ တန်းစီလာသမျှတွေကို ဆွမ်းကြီးလောင်းသလို တယောက်ချင်း ကိုယ်ကိုယ်တိုင် အကုန်ဝေပေးနိုင်တယ် ဝေခွင့်ရတယ်ဆိုရင် တော့လဲ။ အဲဒီလို ဘယ် ကဲ့လို့ခိုးလို့ရ မလဲဗျာ။ အခုဟာက သူခိုးကို သွားပြီး အကူအညီတောင်း အဝေခိုင်း ရတာမျိုး ဖြစ်နေတယ်။ ယုန်ကို မုံလာဥ ဂိုဒေါင်အစောင့် ခိုင်းထားလိုက်ရသလိုမျိုး ဖြစ်နေတာကိုး။ များများမခိုးတာ အကုန်မဘုံးလိုက်တာကိုပဲ ကြံဖန် ပြီး ကျေးဇူးတင် ရဦးမယ့်ကိန်းမျိုး ဖြစ်နေတယ်။
လှူချင်တာတောင် စိတ်တိုင်းကျ ကြိုက်တဲ့ပုံစံနဲ့မှ လှူလို့မရတာ။ နဲနဲပါးပါး အဲဒီလို အကဲ့ခံလိုက်ရတာ အဘုံးခံလိုက်ရတာ ရှိပေမဲ့။ အလှူကတော့အလှူ မြောက် သွားခဲ့ပါတယ်။ လူတိုင်းလူတိုင်း ဆန်နှစ်ပြီစီတော့ အကုန်ရသွားကြတယ်ဗျ။မရလိုက်တဲ့သူ မရှိဘူး။ ကျန်သွား တဲ့လူတော့ မရှိဘူး။ ခိုးတဲ့ကောင်တွေ ခိုးလိုက်ကြတာ ကိုတော့ သူ့အကုသိုလ်နဲ့သူ။ သူ့အပြစ် နဲ့သူ...လို့ပဲ သဘောထားလိုက်ရတော့တာပဲ။ ဒုက္ခသည်တွေအတွက်ထဲကတောင်။ သူတပါးရဲ့ အလှူအတန်း ဒါနထဲကတောင်။ ရက်ရက် စက်စက် ခိုးရက်လိုက်တာ။ မျက်နှာပြောင်လိုက် တာ-လို့ပဲ သဘောထားလိုက်ပါတယ်။ အဲ...အဲဒီလိုပဲ။ ဆန်တွေမှ မဟုတ်ဘူးဗျ။ တရုတ်နယ် စပ်ကနေ ဆွဲလာခဲ့တဲ့ အ၀တ်အထည်အိတ် ပီနံအိတ်ကြီး(၁၈)လုံးထဲက(၁၇)လုံးခွဲကျော်ကျော်လောက်ထဲကလဲ နည်း နည်းပါးပါးတော့။ သမခံလိုက်ရတယ်။ ချထားရတဲ့အိမ်က မိသား စုဝင်တွေက သူတို့ကြိုက်တဲ့အ၀တ်အစားလေးတွေ ကောင်းတာ လေးတွေကို စိတ်တိုင်းကျ ရွေးချယ် ယူထားလိုက်ကြပြီး။ ကိုယ့်ဟာကိုယ် ခွဲတမ်းယူထားလိုက်ကြတာမျိုး။ ဦးဦးဖျားဖျား ရထားပြီးသား ဖြစ်တာတောင်။ အားမရနိုင်သေးပဲ ထပ်ပြီး နှိုက်ထားလိုက်ကြတာမျိုးပေါ့ဗျာ။ တရုတ်နယ်စပ်ကနေ အသစ်တွေချည်း ၀ယ်သွားတာဖြစ်ပေမဲ့။ အားလုံးက တမျိုးတစားထဲတွေချည်းမှ မဟုတ်တာ။ အမျိုးမျိုးအစားစားကိုးဗျ။ဈေးပေါတာလဲပါ။ ဈေးသင့် တာလဲပါ။ လှတာလဲပါ မလှတာလဲပါ။ အရောင်အသွေး ဒီဇိုင်းမျိုးစုံ ဆိုက်စုံဆို တော့။ လူကြီးအိမ်က မိသားစုဝင် တွေကတော့ အရင်ဦးအောင် ဖေါက်ပြီး။ ဘိုးဘွားပိုင်ပစ္စည်း စိတ်တိုင်းကျ ခွဲယူသလို ယူထား လိုက်ကြတာဗျ။ကျန်တာမှ တွေ့သမျှ ဒုက္ခသည် တွေကို ရော့..အင်..ဆိုပြီး။ စေတနာသုံးတန် ပြဌာန်းပြီး မြန်မြန်ဆန်ဆန် ဝေငှပေးလိုက်ရတယ်။ တော်တော်များများ တော့ရသွားကြပါတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ သာဓု ခေါ်သွားကြ ၀မ်းသာသွားကြတာတွေလဲ ကိုယ်တိုင်ကိုယ်ကျမြင် လိုက်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပေးလိုက်ရရင်း ပီတိသောမန၏တွေ ခံစားလိုက်ရတာလဲ ရှိပါတယ်။ ခုတင်က ပြောသလို နဲနဲပါးပါးတော့ စိတ်မကောင်းဖြစ်စရာတွေ ဒေါမနဿ ဖြစ်စရာတွေလဲ ရှိတော့ရှိတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အလှူအတန်းတော့ မြောက်ပါတယ်။ နယ်စပ်ကလိုက်လာတဲ့ အလှူရှင်တွေရော ရန်ကုန်ကမှ ပါလာတဲ့ ကျနော့်မိတ်ဆွေတွေရော။ အခုလို လှူလိုက်ရ ကမ်းလိုက်ရ ပေးလိုက်ရ ဝေလိုက်ရတာအပေါ်မှာတော့ စိတ်မကောင်းစရာ တွေကြားထဲကနေ ၀မ်းသာပီတိတွေတော့အားလုံး ကိုယ်စီကိုယ်ငှ ခံစားလိုက်ကြရပါတယ်။ အောင်အောင်မြင်မြင် လှူဒါန်းလိုက်နိုင်တယ်ပေါ့ဗျာ။
အဲ...ရွာမှာ အဲဒီလို ရောက်ပြုနေရတုန်း ဘာထပ်ပြီး တွေ့ခဲ့ရသေးလဲဆိုတော့။ နိုင်ငံတော်အစိုးရမင်းများက မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေအတွက်ဆိုပြီး စစ်တပ်ကတပ်ခွဲ တခွဲ ချထားတယ်ခင်ဗျ။လုံခြုံရေးတို့ ဘာတို့ဆိုတဲ့ခေါင်းစဉ်နဲ့ နေမှာပေါ့ဗျာ။ တပ်မ(၆၆)က တပ်ခွဲဆိုလား ဘာလား မသိပါဘူး။အဲဒီက တာဝန်ရှိသူ အရာရှိ ဆိုတဲ့ကောင်ကလဲ မနက်လင်း ကတည်းက အရက်တစွတ်စွတ်သောက်ပြီး တနေကုန်မူးနေတာ ခင်ဗျ။ ရွာက တာဝန်ရှိတဲ့ လူကြီးဆိုတဲ့သူတွေက သူ့ကိုပဲ ကျေနပ်အောင် ဧည့်ခံပြုစုနေရတာလဲ တွေ့ခဲ့ရတယ်။ အဲဒီအရာရှိ ဆိုတဲ့ကောင်ဆီက ဘာအကူအညီမှ မရပဲ သူ့ကိုပဲ ပြုစုဧည့် ခံနေရတာနဲ့ အချိန်ကုန်တဲ့သူက ကုန်။ အရက်နဲ့မြည်းဖို့ ကြက်ရှာပေးရ ငါး ရှာပေးရပေါ့ဗျာ။ ကျနော့်ကျောင်းနေဖက် တယောက် ကလဲ ရွာမှာ အာဏာပါဝါရှိသူတယောက်အဖြစ် ပါနေတော့။ ကျနော်တို့ လှူခဲ့တန်းခဲ့ရာမှာ ဘာပြဿနာမှ မပေါ်ခဲ့ရပါဘူး။ စောစောက ပြောခဲ့သလို ကျနော်တို့ကလဲ အုတ်အော်သောင်း တင်းဖြစ်အောင် ဘာမှမလုပ်ပဲ တက်သုတ်ရိုက်ပြီး မြန်မြန်ဆန်ဆန် လှူခဲ့ တန်းခဲ့ ဝေခဲ့ငှခဲ့တာလဲဖြစ်တော့။ အရက်မူးနေတဲ့ အဲဒီတပ်ခွဲမှူးဆိုတဲ့ကောင်ဆီက ဘာပြဿနာရှာတာမှလဲ မကြုံခဲ့ရပါဘူး။ ကျနော်တို့ကလဲ ညဆိုရင် ရွာထဲတောင်မအိပ်ခဲ့ပါဘူး။ ကိုယ့်မော်တော်ပေါ် ကိုယ်ပြန် အိပ်ခဲ့ကြပြီး နှစ်ရက်ထဲနဲ့ အကုန်အောင် အောင်မြင်မြင် ပြီးမြောက်လာခဲ့ကြပါတယ်။ နှစ်ရက်ပဲကြာပြီး ပြန်လာခဲ့ကြတော့။ အပြန်လမ်း မှာ ဘိုကလေးကို ခဏတော့ဝင်ကပ်ခဲ့ ကြည့်ခဲ့ကြ သေးတယ်ဗျ။ဘိုကလေးမှာကတော့ ဒုက္ခသည်တွေ အများကြီးပေါ့ဗျာ။ ကျနော်တို့ ရောက်တဲ့အချိန်မှာ ဦးတေဇတို့ ဘာတို့ဆိုတဲ့ ထူးကုမ္မဏီကဟာတွေလဲ ရောက်နေတဲ့ အချိန်ကြီးပေါ့။ ဟိုကုမ္မဏီ ဒီကုမ္မဏီက ဆိုတဲ့ဟာတွေလဲ အများကြီး တွေ့ခဲ့ရ သပေါ့။တချို့ကလဲ လှူ တာတန်းတာက နဲနဲရယ်။ပစ္စည်းတွေ ရှေ့ကချပြီး ဓါတ်ပုံရိုက်ခံတဲ့သူက ဓါတ်ပုံရိုက်ခံကြ။ မှတ်တမ်းတင် ဗီဒီယို ရိုက်တဲ့သူက ရိုက်ပေါ့ဗျာ။ ရှိုးပြနေတဲ့သူက ခပ်များများပါ။လမ်းမှာတွေ့ လိုက်ရတဲ့ ဒုက္ခသည် သုံးလေးဦးပြောပြတာကတော့။ သူတို့မှာ အခုမှ ဆန်နို့ဆီဗူး နှစ်လုံးစီနဲ့ အာလူးက သုံးလုံးလားပဲ ရသေး ဆိုပဲဗျ။ဒါ -ရီစရာ ပြောတာမဟုတ်ဘူးနော်။ အဲဒီဒုက္ခသည် တွေကိုယ်တိုင် ပြောပြသွားတာ။ ကျနော် ပြောတာမဟုတ်ဘူး။ ကျနော်တို့မှာကလဲ ပင်လယ်ဝ ဖက်မှာ ယူသွားတာတွေ အကုန်လှူခဲ့ပြီးပြီဆိုတော့။ သြော် - ဒုက္ခ ဒုက္ခ...လို့ပဲ စိတ်မ ကောင်းခြင်းကြီးစွာနဲ့ ကိုယ့်ဟာကိုယ် ရင်ထဲညည်းပြီး သက်ပြင်းချရင်း အသာတပ်ခေါက် ပြန်လာခဲ့ရတယ်။ ဘိုကလေးမြို့ကနေ ပြန်အလာမှာ ကျနော့် သူငယ်ချင်း တယောက်က ကျနော် ငယ်ငယ်ကတည်းကပုစွန်တုပ် ကြိုက်တတ်တာ သိလို့။ မော်တော်ပေါ်ကို ပုစွန်တုပ် ခြောက်ကောင်လားပဲ ၀ယ်တင်လာခဲ့တယ်။ ကျနော် စားရအောင်ဆိုတဲ့ စေတနာနဲ့ပေါ့။ဘိုကလေးဈေးထဲကပဲ ၀ယ်လာတာနဲ့တူပါတယ်။ ပုစွန်ထုပ်ကြီးတွေက အကြီးကြီးဗျာ။ ခြောက်ကောင်ကို တပိသာလောက်တောင် ရှိမလားပဲ။အမှန်အတိုင်း ပြောရရင်။ ပထမတော့ ကျနော်လဲ တော်တော်ကို ပျော်သွားတယ်ဗျ။အပြန်လမ်းမှာ ကနေ့ညစာတော့ ပုစွန်ထုပ်ကြီး တွေနဲ့အားရပါးရစားလိုက်ကြမယ်ပေါ့။ ကိုယ်ရည်မှန်းထား တဲ့အတိုင်း ကိုယ့်ကိုမွေးခဲ့တဲ့ ဇာတိ ရပ်ရွာအထိ ရောက်အောင်သွားပြီး ကိုယ်ပဲ ကမကထပြုပြီး။ အခုလို အချိန်ကြီးမှာ ကိုယ်တတ် နိုင်သမျှ အောင်အောင်မြင်မြင် လှူဒါန်းကူညီနိုင်ခဲ့ပြီးပြီ။ တတ်နိုင်သ လောက် ကျေးဇူးဆပ်နိုင် ကျေးဇူးပြုနိုင်ခဲ့ပြီးပြီ ဆိုတဲ့အတွေးနဲ့ စိတ်ညစ်ညူးစရာတွေကိုလဲ ခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်တယ်ဗျ။ အစက သိန်း(၁၀၀)ပဲ မတည် ရည်စူးထားခဲ့တာက နောက်ထပ် (၃၀)ကျော် လောက် ထပ်ဆောင်းလိုက်ရပြီး ကိုယ်ကပဲ သိန်း(၁၃၀)။ ကျန်တဲ့ ကိုယ့်မိတ်ဆွေရင်းတွေကလဲ စေတနာပေါက်ပြီး ပါကြထည့်ကြနဲ့စုစုပေါင်း သိန်း(၂၀၀)ဖိုး လောက်တော့ လှူနိုင်ခဲ့ကြပြီပြီဆိုပြီး ပီတိဖြစ်စရာတွေဆီပဲ လှည့်ပြီး အာရုံပြုနေလိုက်မိပါတယ်။ တရုတ်တွေဆိုတာ အထူး သဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ကြကိုင်ကြတဲ့ တရုတ်တွေဟာ ရည်မှန်းထားကြတဲ့ လုပ်ငန်းဆောင်တာတခုခု ပြီးမြောက်ပြီးပြီဆိုရင်။ ညစာစားပွဲကြီးလိုဟာမျိုးနဲ့ စားတတ်သောက်တတ် အထိမ်း အမှတ်ပြုတတ်ကြတယ် မဟုတ်လား။ ကျနော်ကလဲ ဗမာပြည်မှာမွေးပြီး ဗမာပြည်ကို ချစ်တတ်တဲ့ကောင်ပေမဲ့။ တရုတ်သွေးတော့ ပါတဲ့ကောင်မဟုတ်လား။ စီးပွားရေး လုပ်တော့လဲ တရုတ်နယ်စပ်မှာပဲ အခြေစိုက်ပြီး တရုတ်တွေနဲ့ပဲ တော်တော်ဆက်နွယ်လုပ် ကိုင်နေရပြန်တော့ တရုတ်အကျင့်တွေ ဓလေ့တွေနဲ့ကလဲ တော်တော်ကို ကျင့်သားကျ နေရတဲ့ကောင်မဟုတ်လား။ ဒီတော့ ကနေ့ည ညစာကိုတော့ ကိုယ့်အကြိုက်ဆုံး ပုစွန်ထုပ်ကြီး တွေနဲ့လဲ ကြုံနေရပြန်တော့။ ကောင်းကောင်းစားပစ် လိုက်မယ်လို့လဲ စိတ်ကို ဒုံးဒုံးချပစ်လိုက် မိတယ်ဗျ ။
မော်တော်အုံနာကိုယ်တိုင်ကလဲ မော်တော်သမားလေးတွေကို ကောင်းကောင်းခိုင်းထားတော့ ကောင်လေးတွေကလဲ ပုစွန်ထုပ်ကြီးတွေကို စပယ်ရှယ်ချက်ပြုတ် နေကြတယ်ပေါ့ဗျာ။ နယ်စပ်ကနေ လိုက်လာတဲ့မိတ်ဆွေတွေရော။ ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းတွေ ကိုပါ ကြည့်လိုက်တော့လဲ။ သူတို့အားလုံး ရင်ပေါ့သွားကြသလို ပုံမျိုးတွေ့ရတယ်ခင်ဗျ။ လမ်းမှာ တချက်တချက် စိတ်အနှောက်အယှက်ဖြစ်ရတာကတော့ တခါတခါ တွေ့နေရသေးတဲ့ လူသေအလောင်းတွေနဲ့ အပုပ်နံ့တွေပဲ။ မိန်းမလှ ကျွန်းနားတ၀ိုက်တုန်းက ပင်လယ်ဝအသွား တုန်းက တွေ့ခဲ့ရသလောက်။ ရန်ကုန်အပြန်လမ်းမှာ လူသေအလောင်းတွေ တွေ့ရတာမများ တော့ပေမဲ့။ အပုပ်နံ့တွေကတော့ ဗျာ...လေအဝှေ့မှာ သိသိသာသာကို နံနေတုန်း ရနေတုန်းဗျ။ ထမင်းစား ဖို့အသင့်ဖြစ်ပြီလို့မော်တော်သမားလေးတွေ ပြောလာလို့ထမင်းစားပွဲကြီး ပြင်ထားရာဆီ ကျနော်တို့ မိတ်ဆွေတသိုက် လာခဲ့ကြ တော့။ ထမင်းဝိုင်းက မော်တော်အုံနာအပါအ၀င် ကျနော်တို့ခြောက်ယောက်စာအတွက်ပဲ သီးသီးသန့်သန့် ကောင်းကောင်း မွန်မွန်ပြင်ထားတာ ခင်ဗျ။အဲဒီမှာ ပုစွန်ထုပ်ကြီးတွေကိုစပယ်ရှယ်ချက်ထားတဲ့ပန်းကန်ကြီးကို သပ်သပ်အုပ်ဆောင်း နဲ့တောင်အုပ်ပြီး အလယ်တည့်တည့်မှာ ခင်းကျင်းထားတာ တွေ့ရတယ်။ အမှန်အတိုင်း ပြောရရင် ကျနော့်အကြိုက်ပေါ့ဗျာ။ အဲ...အဲ...အုပ်ဆောင်း လေး အသာမလိုက်ပြီး ပုစွန်ထုပ်ကြီး ပန်းကန်ကိုလဲ ကြည့်လိုက်ကရော။ အခုမှ အိုးပေါ်က ချထားခါစ အငွေ့တထောင်း ထောင်းထနေတုန်းပုစွန်ထုပ်တွေဆီက အနံ့တမျိုး ထောင်းကနဲရလိုက်တယ်။ ဘာနံ့မှတ်သလဲ။ လမ်းတလျောက်လုံးရနေရတဲ့ လူသေ အလောင်းတွေဆီက ပုပ်နံ့မျိုးဗျာ။ တကယ့်ကို လူသေပုပ်နံ့မျိုး။ ကိုယ်မှ စိတ်ထဲစွဲနေလို့ဒီအနံ့မျိုး ရတာလား ထင်မိပြီး။ တခြားသူတွေမျက်နှာ ဆီကြည့်လိုက်မိတော့လဲ။ သူတို့တတွေလဲ စိတ်မသက်သာဖြစ်သွားကြတဲ့ပုံ အထင်းသားပေါ် နေတယ်။ တယောက်က ပုစွန်ထုပ်တကောင်ရဲ့ခေါင်းကို ဇွန်းနဲ့ဖိပြီး ဖဲ့လိုက်တော့။ အနံ့က ပိုပြီးတောင် စူးကနဲဖြစ်ပြီး သိသိသာသာ အဲဒီအနံ့ကြီးထွက်လာတယ်။ စားချင်စိတ်ကို တခါထဲ ပျောက်သွားရတာပါပဲဗျာ။ ဒါတောင် ပုစွန်ထုပ်နော်။ ဂဏန်းလိုအကောင် မျိုးသာ ဆိုလို့ကတော့။ ဒိထက် ပိုဆိုးနိုင်တယ်။ လူသေအလောင်းတွေ ထိုးဆွကိုက်ဖဲ့စားပြီးကြီးထွားလာရလို့ လားတော့ မသိပါ ဘူးဗျာ။ အနံ့ကတော့ အဲဒီအနံ့မှ အဲဒီအနံ့အစစ်။ ကျနော်က မြစ်ဝကျွန်း ပေါ်မှာမှ ပုစွန်ပေါတဲ့ ပင်လယ်ဝမှာ မွေးလာကြီးလာရ တဲ့ကောင်ပဲ။ ပုစွန်ရဲ့အနံ့ဟာ ဘယ်လို အနံ့ဆိုတာ ကောင်းကောင်းကျွမ်းပြီးသိပြီးသားပဲ။ တချက်တောင် ပြို့ကနဲ ဖြစ်သွားမိတယ်။ ထမင်းဝိုင်းက လူတွေအားလုံးမျက်နှာဟာလဲ ဇာတ်မတိုက်ထားရပဲ တပုံစံထဲ ဖြစ်သွားတယ်။ အားလုံး သက်ပြင်းကြီးတွေ ကြိတ်ချ လိုက်မိကြတယ်။ ဘယ်လိုလုပ်ထမင်းစားနိုင်တော့မလဲဗျာ။ ထမင်းဝိုင်းကို အသိမ်းခိုင်းလိုက်ရပြီး။ အဲဒီနေ့ညစာကို ခေါင်ဆွဲခြောက် ထုပ်လေး ရေနွေး စိမ်ပြီး ဗိုက်ပြည့်ပြီးရော စားလိုက်ကြရ တော့တာပေါ့။
(၃)
အဲဒါတွေကတော့ ကျနော့်ရဲ့ နာဂစ်ဒဏ်သင့် အလှူခရီးအတွေ့အကြုံတွေပေါ့ဗျာ။ လူဆိုတာ ကိုယ်ရွေးချယ်ခွင့်မရှိပဲ မွေးဖွားလာခဲ့ကြရတယ်ဆိုပေမဲ့။ ကိုယ့်ကို မွေးဖွားလာခဲ့ရာ ဇာတိရပ်မြေဆိုတာ မမေ့ကောင်းတဲ့အရပ်။ တတ်နိုင်သမျှ ကျေးဇူးဆပ် အပ်တဲ့အရပ်ဆိုတော့ ကျနော်တတ်နိုင်သမျှလှူခဲ့တန်းခဲ့ ပေးကမ်းခဲ့ပြီးပါပြီ။ အောင်အောင်မြင်မြင် သွားရောက် နိုင်ခဲ့တာအပေါ် ကျနော် ကျေနပ်ပါတယ်။ ပီတိလဲ ဖြစ်ခဲ့ရပါတယ်။ ပီတိနဲ့အတူ စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေလဲ တွေ့ခဲ့ရတာတော့ အမှန်ပါပဲ။ ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ ပြောရရင် ကိုယ်ပြုနိုင်သမျှ ကုသိုလ်လေး စေတနာသုံးတန် ပြဌာန်းပြီး ပြုခဲ့ရပြီးပါပြီ။ ခိုးကြ ၀ှက်ကြ ကဲ့ကြ ယူကြတာ တွေအပေါ်လဲ ကောင်းကောင်းမြင်သိ ရှုမြင်လိုက်ရပြီး တရားရမိပါတယ်။ ဘယ်လိုနှလုံးသွင်း ရမယ်ဆိုတာလဲ သဘောပေါက်ပါတယ်။..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလ..တွေကိုးဗျ။ အဲဒီတော့ ကျနော့်ရဲ့ဒီအလှူ ဒီခရီးစဉ်တခုလုံးအပေါ် နိဂုံးချုပ်ပြီး ပြောရမယ်ဆိုရင်...
ကျနော့်တယောက်ချင်းအနေနဲ့ကတော့ ... ‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု ရ ပြီး။ နိဗ္ဗာန ပစ္စယော ဟောတု ’ ပါပဲခင်ဗျာ။
ဟုတ်တယ် ... မိစ္ဆာ ဗာလ အလစ်တော ရော ရှု ။ နိဗ္ဗာန ပစ္စယော ဟောတု ... ပါပဲ ခင်ဗျာ။

( ၀င်းတင့်ထွန်း )
၂၂-၆-၂၀၀၈
( မှတ်ချက်။ တရုတ်-မြန်မာနယ်စပ်မှ ကုန်သည်ကြီး ‘ကို - -’သို့ ရည်ညွှန်းအပ်ပါတယ်။ )

0 comments

Saturday, June 28, 2008

ယနေ့  အမှတ်တရ၊(Click)

အမြင်မှန်ရလာသော ကွန်မြူနစ်မြောက်ကိုရီးယား အာဏာရှင် ?


မြောက်ကိုရီးယားအစိုးရ က ယောင်ဗြောင် န္နူကလီးယားဓာတ်ပေါင်းဖို၏ ပေ (၆၀)အမြင့်ရှိသော အအေးခံ မျှော်စင် ကို ဒီနေ့ ဖျက်ဆီးပြစ်လိုက်ပါပြီ။ ဒီမျှော်စင်ဟာ ပလူတိုနီယံမှတဆင့် န္နူကလီးယားဗုံးနှင့် န္နူကလီးယား လက်နက် ထုတ်လုပ်နိုင်သော န္နူကလီးယား ဓာတ်ပေါင်းဖို၏ အဓိကကျသော အအေးခံမျှော်စင်ဖြစ်ပါတယ်။ ဒါဟာ မြောက်ကိုရီးယား အစိုးရအနေနှင့် န္နူကလီးယားလက်နက် ဖျက်သိမ်းရေး ကို လိုလိုလားပြုလုပ်နေတဲ့ ပထမဦးဆုံး ခြေလှမ်း တရပ်ဖြစ်တယ်လို့ ဖျက်ဆီးမူ့ကို လေ့လာနေတဲ့ သံတမန်တွေကဆိုပါတယ်။ ။

ယနေ့ အမှတ်တရပါ။(Click)

Thursday, June 26, 2008

Monday, June 23, 2008

ယနေ့  ဒါန ကုသိုလ်ပါ ။(Click)

ဘဝရဲ့မုန်တိုင်း



ဘဝရဲ့မုန်တိုင်းထဲကကယ်သူမဲ့လက်များ



မျိုးချစ်မြန်မာ
Posted by မျိုးချစ်မြန်မာ at 11:59 PM

Sunday, June 22, 2008

ယနေ့  အမှတ်တရ(Click)

ရွှေဝါရောင် နေကြာတပွင့် (သို့မဟုတ်) ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရ
ညိုထက်ညို

စနေနေ့၊ ဇွန်လ 21 2008 16:11 - မြန်မာစံတော်ချိန်

(ဒီမိုကရေစီစနစ် ဖော်ဆောင် ထွန်းကားစေလိုသူ စစ်အစိုးရ အတိုက်အခံ နိုင်ငံရေး အင်အားစုများက လှူတန်းမှုကို ကြည်ဖြူစွာ လက်ခံကာ စစ်အစိုးရ အလိုကျ မလုပ်ဆောင်သည့် ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပံ္ပ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရကို အမှတ်တရ ရေးဖွဲ့ထားသော ဆောင်းပါးဖြစ်ပါသည်၊ ဆရာတော်သည် သက်တော် ၇၂ နှစ် ၊ ၀ါတော် ၅၂ နှစ် တွင် ပျံလွန်တော်မူခဲ့သည်)


"နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့အရေးပဲပေါ့" "ရပ်နဲ့ ရွာနဲ့နေရင် ရပ်ရေးရွာရေးဆိုတာ ရှိတယ်။ မြို့နဲ့ နယ်နဲ့ နေရင် မြို့ရေး နယ်ရေး ဆိုတာရှိတယ်။ တိုင်းနဲ့ ပြည်နဲ့ နိုင်ငံနဲ့ နေရင် တိုင်းရေးပြည်ရေး နိုင်ငံရေး ဆိုတာရှိတယ်။ ခေါင်းရှောင်နေလို့ မရဘူး။ ခေါင်းရှောင်တာဟာ တာဝန်မဲ့တာပဲ။

အခုဟာက နိုင်ငံရေး မလုပ်ရဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘာလဲ ဒကာကြီးရ၊ ဒါ နိုင်ငံတော်ကို သစ္စာဖောက်တာပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဥစ္စာ။ ပြီးတော့ ပါတီနိုင်ငံရေး ဆိုတဲ့ စကားရှိသေးတယ်။ ပါတီဆိုတာ အသင်းအဖွဲ့ပဲဥစ္စာ။ အသင်းအပင်း အဖွဲ့ အစည်းနဲ့မှ နိုင်ငံ့ရေးရာကို လုပ်လို့ကိုင်လို့၊ ဆောင်ရွက်လို့ ရမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်နေရင် ပြီးတာပဲဟာ" ။


ဆရာတော်က စကားကို ခဏဖြတ်၍ ရေနွေးကြမ်း တခွက်ဘုန်းပေးသည်။ သူကတော့ ဆရာတော်၏ စကားတွင်သာ အာရုံနစ်ဝင်နေမိသည်။ နေရာက ရွှေဂုံတိုင်ရှိ သူတို့၏ အိမ်။ သည်နှစ်ထဲတွင် ဆွမ်းမကျွေးရသေး၍ ဆရာတော် အပါအဝင် သံဃာတော် ၅ ပါးအား ဆွမ်းကပ်လှူနေခြင်း ဖြစ်ပါသည်။ တကယ်က ဆရာတော် သီတင်းသုံးရာ သာသနာ့သိပ္ပံ ကျောင်းတိုက်နှင့် သူတို့အိမ်က ဘာမှမဝေး။ ဟိုဘက်လမ်း ဒီဘက်လမ်းမျှသာ ဖြစ်သည်။ သို့သော် သူကတော့ ဆရာတော်နှင့်တကွ သံဃာတော် ၅ ပါးအား ၉ နာရီခွဲ သာသာလောက်ကတည်းက သွားပင့်ခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။

ဆရာတော်က စကားပြော၊ တရားဟောကောင်းသူ ဖြစ်သည်။ သူတို့မိသားစုကလည်း ဆရာတော်နှင့် ကြုံတုန်းဆုံခိုက် တရားနာရုံမက စကားပါပြောလိုသည်။ ဆရာရင်း ဒကာရင်းဖြစ်နေ၍ ပြောရဆိုရ သည်မှာလည်း စီးစီးပိုင်ပိုင် ရှိသည်။ နယ်ရေဖတ်ရေ ရှိသည်။ ဆရာတော့်အတွက်ကတော့ ကိစ္စမရှိလှပါ။ မည်သည့်ပရိသတ် အလယ်တွင်မဆို ဆရာတော်က သူယုံကြည်ရာကိုသာ ပြောဆိုမြဲ။ ယခု ပရိသတ်ကတော့ သိပ်မများလှပါ။ သူတို့ မိသားစု၊ ဆွေမျိုးရင်းချာများနှင့် မိတ်သင်္ဂဟအချို့သာ ဖြစ်ပါသည်။

"ဒကာကြီး အခု ပင်စင်ယူပြီ ဆိုတော့ ဘာလုပ်မယ်စိတ်ကူးလဲ" ဟု ဆရာတော်က သူ့ ဦးလေးတော်ကို မေးလိုက်ခြင်း ဖြစ်သည်။ "တပည့်တော် လောလောဆယ်တော့ ဘာမှ အထွေအထူး မစဉ်းစားရသေးပါဘူး ဘုရား" ဟု ဦးလေးက ပြန်ဖြေသည်။ "ဒါဆိုလည်း နိုင်ငံရေးလုပ်ပေါ့ ဒကာကြီးရ။ အမျိုး ဘာသာ သာသနာအရေး တတ်စွမ်းသမျှပေါ့" ဟု ဆရာတော်က ဆက်ပြောလိုက်သည်။ ထို့နောက်တွင်တော့ ဆရာတော်က နံရံပေါ်မှ တိုင်ကပ်နာရီကို တချက်လှမ်းကြည့်သည်။ "အေး တချက်တောင် ထိုးတော့မှာပဲ၊ ဘုန်းကြီး ပြန်ကြွတော့မယ်" ဆရာတော်၏ တိုးတိုးညင်သာ စကားအဆုံးတွင်တော့ သူတို့အားလုံး ဆရာတော့်ကို ဦးချကြသည်။ ဆရာတော့်နှုတ်မှ ဆုတောင်းပတ္ထနာ မြွက်ဟသံ အဆုံးတွင်တော့ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ကားရှိရာသို့ သူ သယ်သွားသည်။ နေကစူးစူးရှရှ တောက်ပ နေပါသည်။

တကယ်က သူ ဆရာတော့်ကို စတင် သိကျွမ်းရချိန်တွင် သူ ၁၀ နှစ်သားသာသာ အရွယ်သာရှိသေးသည်။ ၁၉၈၇ ခုနှစ်တွင် ရွှေဂုံတိုင်ရှိ သူတို့ပိုင် မြေကွက်လပ်တွင် အိမ်စဆောက်သည်။ သည်မှာပင် ဆရာတော်နှင့် ဆုံစည်းသိကျွမ်းရန် အကြောင်းဖန်လာသည်။ သူ့ဖခင်၏ တပည့်ရင်းဖြစ်သူက ဆရာတော်၏ ဒကာရင်း ဖြစ်နေသည်။ ထိုတပည့်ဖြစ်သူ၏ ဆက်သွယ်ပေးမှုနှင့်ပင် ဆရာတော်နှင့် သူတို့မိသားစု စတင် ရင်းနှီးခဲ့ရသည်။ ဆရာတော်ကပင် သူတို့ ဆောက်မည့်အိမ်အား ပန္နက်ရိုက်ပေးခဲ့သည်။ ဆရာတော်က သာသနာ့သိပ္ပံကျောင်းတိုက် ကျောင်းထိုင်ဖြစ်သည်။ ကျောင်းနှင့် သူတို့ အိမ်ကလည်း နီးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အိမ်နှင့်ပတ်သက်သည့် ပြုသင့်ပြုအပ်ရာ မင်္ဂလာကိစ္စ အဝဝတို့တွင်လည်း ဆရာတော့်ကိုသာ သူတို့ အားကိုးအားထားပြုခဲ့သည်။


ထိုစဉ်က ဆရာတော်က သက်တော် ၅၀ ဝန်းကျင်။ ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင် ဆရာတော်၏ ပုံသဏ္ဍာန်က ဥပဓိရုပ် ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ တရားဟောရာတွင်လည်း အသံသြဇာကောင်းကောင်း ဌာန်နှင့် မာန်နှင့် ဟောတတ်ပြောတတ်သည်။ သူတို့ ကတော့ ဆရာတော့်ကို ဗဟန်းဘုန်းဘုန်းဟုသာ ညွှန်းဆိုခေါ်ဝေါ် ကြပါသည်။ ထိုစဉ်ကတော့ ဆရာတော်နှင့်ပတ်သက်၍ သူသိသမျှက သည်လောက်သာဖြစ်သည်။ သူ အသက်ငယ်ရွယ်သေး၍ ဖြစ်ပါလိမ့်မည်။


၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းလောက်တွင်တော့ သူတို့ အိမ်ငှားထား၍ ဆရာတော်နှင့် အထိအတွေ့ အနည်းငယ် ကျဲပါးသွားသည်။ လုံးဝ အဆက်ပြတ်သည်တော့လည်း မဟုတ်ပါ။ တနှစ် အနည်းဆုံး နှစ်ခေါက် သုံးခေါက်တော့ ဆရာတော့်ကျောင်းသို့ ရောက်မြဲဖြစ်ပါသည်။ ၁၉၉၅ လောက်တွင်တော့ ဆရာတော်နှင့် သူတို့ ခပ်စိပ်စိပ် တွေ့ဖြစ်ပြန်သည်။ သူတို့အိမ်ရှိရာ လမ်းတွင်ပင် သူ့အဒေါ်က အိမ်ဆောက်သည်။ ထိုအိမ်ကိုလည်း ဆရာတော်ပင် ပန္နက်ရိုက်ပေးခဲ့သည်။ သည်မှာပင် ဆရာတော့် ကျောင်းသို့ ဝင်ခလုတ် ထွက်ခလုတ် ရောက်ဖြစ်ပြန်သည်။ ထိုစဉ်ကတော့ သူအသက် ၂၀ ရှိခဲ့ပြီမို့ ဆရာတော့်အကြောင်း တစွန်းတစ သိရှိလာသည်။ ဆရာတော်က မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ထောက်ခံ အားပေးသူဖြစ်ကြောင်း သိလာရသည်။


အတိုက်အခံ ပြည်သူ့ အင်အားစုတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲထုံးစံ အလှူအတန်းတို့ကို ဆရာတော့်ကျောင်းတွင်ပင် ပြုလုပ်လေ့ ပြုလုပ်ထ ရှိကြသည်။ ဒါကလည်း အကြောင်းရှိသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဘုန်းကြီးကျောင်းတိုင်းတွင်လည်း နှစ်ပတ်လည်နေ့များ၊ အခမ်းအနားများက ကျင်းပ၍ ရသည်မဟုတ်။ ဆရာတော်ကတော့ ဘာကိုမျှ ဂရုမစိုက်ပါ။ လာဘ်သပ်ပကာ ပေါများခြင်း ရှားပါးခြင်းကို စိတ်ဝင်စားသူ မဟုတ်။ သပိတ်ကို ရေကျင်း သောက်လျှင်လည်း ဆွမ်းဖြစ်သည်ဟု ခံယူထားသူ ဖြစ်ပါသည်။

ကျောင်းတိုက်ဝင်းသို့ သူ ဝင်ဝင်ချင်း ဆရာတော့်လက်ထောက် ဦးပဉ္စင်းကို တွေ့သည်။ ဆရာတော် အပေါ်ထပ်တွင် ရှိကြောင်းပြော၍ သစ်သားလှေကားကျဉ်းကျဉ်း ကလေးအတိုင်း သူ တက်လာသည်။ အပေါ်ထပ်ရှိ ဦးပဉ္စင်းတပါးက သူ့ကို နေရာထိုင်ခင်းပေးပြီး ဆရာတော့်ထံ သွားပြောသည်။ သူ ဘုရားဝတ်ချပြီး ကျောင်းခန်းပတ်လည်ကို စေ့စေ့ငုငု ကြည့်မိသည်။ ဆရာတော့်ကျောင်းကလေးက တောကျောင်းဆန်ဆန် ကျောင်းကလေး။ ထည်ထည်ဝါဝါ တောက်တောက်ပပ မရှိ။ ပစ္စည်းပစ္စယလည်း များများစားစားမထား။ အရာရာက ညိုညိုမွဲမွဲအရောင်ကို ဆောင်လျက်။ ဒါကပင် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးမြမြ ဖြစ်နေသည်ဟု သူခံစားမိပြန်သည်။

ကျောင်းတော်ဝိဟာရ၏ အရိပ်အာဝါသအောက်တွင် သူ နှစ်သိမ့်နေမိချိန်တွင်ပင် ဆရာတော်က သီတင်းသုံးရာ အခန်းတွင်းမှ ထွက်လာသည်။ သူ ဝတ်ဖြည့်ပြီး အိမ်မှယူဆောင်လာသော လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်သည်။ ထို့နောက်တွင်တော့ ဆရာတော်နှင့် သူ စကားစမြည်ပြောကြသည်။ သူက ဆရာတော်နှင့် စကားပြောရသည်ကို နှစ်သက်သည်။ ဆရာတော်၏ အတွေးအမြင် အယူအဆတို့ကလည်း သမားရိုးကျမဆန်။ သစ်သစ်လွင်လွင်၊ လန်းလန်းဆတ်ဆတ်။ ဟောသောတရားကလည်း တက်ခေတ်တရား။ ဆရာတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထား၍ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးလည်း ပြောတတ်ဆိုတတ်သည်။ ကမ္ဘာ့အကြောင်းကော၊ မြန်မာ့အကြောင်းကိုပါ ခြုံမိငုံမိသည်။ တဖက်သတ် ပြောခြင်းမျိုးလည်း မည်သည့်အခါမျှ မရှိ။ တဖက်လူ၏ အမြင်ကို တလေးတစား နားဆင်သည်။ ထို့ကြောင့်လည်း ဆရာတော့်ဆီ ရောက်လျှင် သူ ခဏနှင့် ပြန်လေ့မရှိ။ ဆရာတော်ကလည်း လူငယ်လူရွယ်တို့နှင့် စကားပြောရဆိုရသည်ကို နှစ်ခြိုက်ဟန်တူသည်။

သာရေးနာရေး မိသားစုအရေး ပြောနေရာမှ "ဒီရက်ပိုင်းတော့ တို့ကျောင်းလည်း အစောင့်အရှောက်တွေများ နေတယ်ဟေ့" ဟု ဆရာတော်က သူ့ကိုပြောသည်။ သူ ရုတ်တရက် နားမလည်။ နောက်မှ ဆရာတော့်ဘေးမှ ဦးပဉ္စင်းက စကားဖြည့်၍ ပြောသည်။ အာဇာနည်နေ့ နီးလာ၍ ဆရာတော့်ကျောင်းကို ထောက်လှမ်းရေးများ စောင့်ကြည့်နေကြသည်ဟု။ သည်တော့မှ သူလည်း ဆရာတော်နှင့်အတူ ရယ်မိမောမိတော့သည်။ ဟုတ်သည်။ ဆရာတော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော အာဇာနည်နေ့၊ နှစ်ပတ်လည်နေ့များဆိုင်ရာ ဘာသာရေး အခမ်းအနားများသို့ တက်ရောက် ချီးမြှင့်လေ့ရှိသည်။ သာမှုနာမှု အလှူအတန်း ကိစ္စအဝဝကိုလည်း လက်ခံ ကျင်းပပေးလေ့ ရှိသူဖြစ်သည်။

သူပြန်ခါနီး ဝတ်ဖြည့်တော့ ဆရာတော်က ပေးမြဲဆုကို ပေးသည်။ "အမျိုး ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ" ဟု။ ဆရာတော်ပေးသော ဆုက သာမန်နှင့်မတူ ကွဲကွဲပြားပြား ရှိလှသည်ဟု သူ ထိုဆုကို ခံယူတိုင်း ခံစားမိခဲ့ပါသည်။


၂၀၀၀ ပြည့်လွန်နှစ်များတွင်တော့ ဆရာတော်ကို မြို့ထဲရှိ သူတို့အိမ်နှင့် ရွှေဂုံတိုင်ရှိ သူ့အဒေါ်ခြံတွင် ဆွမ်းကပ်ဖြစ်သည်။ အရွယ်အတန်ငယ် ရလာသော်လည်း ဆရာတော်က နဂိုအတိုင်း။ ယုံကြည်ရာကို ယုံမြဲယုံလျက်။ သည်ဘက် နှစ်ပိုင်းတွင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အရေးကြီးပုံကို ဆရာတော်က စကားအလျဉ်းသင့်တိုင်း အလေးအနက် ပြောကြားလာသည်ကို သူ သတိထားမိသည်။ တွေ့ရဆုံရသော ဒကာ ဒယိကာမတိုင်းကိုလည်း နိုင်ငံရေးရာ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်လုပ်ကိုင်ကြရန် အစဉ် တိုက်တွန်းလေ့ ရှိသည်။ တိုင်းရေးပြည်ရေး နိုင်ငံရေးအတွက် ဆရာတော်သည် တရက်ကလေးမျှ ရတက်အေးဟန်မရှိဟု သူကတော့ ထင်မြင်မိသည်။

တရက်တွင်တော့ သူတို့ ဟိုဟိုသည်သည် ပြောကြဆိုကြရင်း အသစ်ဖွင့်လှစ်ထားသော ရွှေတိဂုံဘုရား အောက်ဘက်နားရှိ "သူရဲကောင်း စစ်သည်ဗိမာန်" အကြောင်း ရောက်သွားကြသည်။ သည်တွင် ဆရာတော်က "ညီအကိုချင်း သတ်တာ သူရဲကောင်းလားကွ" ဟု ရုတ်တရက် ပြောချလိုက်သည်။ ထို့နောက်မှ ဆက်၍ "ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရန် အရေးကြီးကြောင်း၊ မည်သည့်ဘက်မှ သေကြေပျက်စီးသည်ဖြစ်စေ ညီအကိုချည်းမို့ တိုင်းပြည် အထူးနစ်နာကြောင်း" ပြောသည်။ ဆရာတော့်စကား အဆုံးတွင်တော့ သူတို့အားလုံး သက်ပြင်းဖွဖွ ချမိကြပါသည်။

ဆရာတော်နှင့် သူ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့သည်က ၂၀၀၆ ခုနှစ် အလယ်ပိုင်းလောက်တွင် ဖြစ်သည်။ သည့်နောက်တော့ သူနိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည်။ နောက်တကြိမ် ဆရာတော့်အား ပြန်လည်ဖူးတွေ့ခွင့် ရသည်က မဇ္ဈိမ စာမျက်နှာပေါ်တွင် ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခမ်းအနားကို ဆရာတော်၏ သာသနာ့သိပ္ပံ ကျောင်းတိုက်တွင်ပင် ကျင်းပသည်။ ဆရာတော်က ၈၈ ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော။ သံရုံးတာဝန်ခံများနှင့် စကားပြောနေပုံ၊ တရားချီးမြှင့်နေပုံတို့ကို အတော်စုံစုံလင်လင် သူ မြင်တွေ့ရသည်။

နောက်တလအကြာ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည်။ ဘုန်းဘုန်းတို့နှင့် ပြည်သူတို့၏ ဆန္ဒပြပွဲသတင်းများကို သူ ရင်တခုန်ခုန်၊ ဖိုဖိုလှိုက်လှိုက် ကြည့်ရင်းရှုရင်း ဆရာတော့်ကို အထူးတလည် သတိရမိသည်။ ဆရာတော် ဘယ်လိုများနေပါလိမ့်။ သိပ်မကြာ။ စက်တင်ဘာလကုန်တွင်ပင် ဆရာတော့်သတင်းက သူ့ဆီ ရောက်ရှိလာသည်။ ဆရာတော်နှင့်တကွ သာသနာ့သိပ္ပံကျောင်းရှိ သံဃာတော်များအား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းကို သူ ဖတ်ရှုရသည်။ ဆက်တိုက် ဆိုသလိုပင် နောက်ဆက်တွဲ သတင်းများ ကြားရပြန်သည်။ ဆရာတော့်ကို အင်းစိန် ဂျီတီအိုင်ဝင်းတွင် ချုပ်နှောင်ထားကြောင်း၊ ဆရာတော် ကျန်းမာရေး အလွန် ဆိုးရွား ကျဆင်းနေကြောင်း စသည်။

သူ အိမ်နှင့် ဆက်သွယ်ရန် အမြန် ကြိုးစားသော်လည်း မရ။ ရပြန်တော့လည်း စကား လွတ်လွတ်လပ်လပ် ပြော၍ မရပြန်။ သည်လိုနှင့် ၃-၄ လကြာမှ ဆရာတော့်သတင်းကို သူ ပြန်ကြားရသည်။ သတင်းကောင်းနှင့် သတင်းဆိုး ရောယှက်လျက်။ ဆရာတော် ပြန်လည် လွတ်မြောက်လာပြီ။ သို့သော်…।ဆရာတော့်တွင် ကင်ဆာရောဂါ စွဲကပ်နေခဲ့ချေပြီ။

ဆရာတော် ပြန်လည် လွတ်မြောက်လာသော်လည်း ဆရာတော့်ကျောင်းမှ သံဃာတော် ၅ ပါးနှင့် လူ ၆ ဦးကို ပုဒ်မ ၅၀၅ (ခ) ငြိမ်ဝပ် ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြားရန် သွေးထိုး လှုံ့ဆော်သည့်ပုဒ်မနှင့် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ပြီ ဖြစ်ကြောင်း မတ်လအတွင်းတွင် သူ ဖတ်ရှုရပြန်သည်။ သင်္ကြန် မတိုင်မီ သူ့အိမ်နှင့် စကားပြောခွင့် ကြုံသောအခါတွင်တော့ သူ ဆရာတော့် သတင်းကို မေးမိသည်။ ဆရာတော့် အခြေအနေမှာ ထူးထူးခြားခြား သက်သာလာခြင်း မရှိတော့ကြောင်း သူ့အိမ်က ပြောသည်။ နှစ်ဆန်း တရက်နေ့တွင် ဆရာတော့်ကို ဝတ္ထုငွေ သွားရောက်ကပ်လှူမည် ဖြစ်ကြောင်းလည်း ပြောသည်။ ဆရာတော့်အတွက် သူ့အနေနှင့်ပါ ဝတ္ထုကပ်လှူပေးရန် သူ့အမေကို ပြောသည်။ သည်တကြိမ်သည် နောက်ဆုံးကပ်လှူခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဇွန်လ ဒုတိယပတ်တွင် သူ့အိမ်နှင့် စကားပြောသေးသော်လည်း ဆရာတော့်သတင်းကို ဘာမှမပြော။ ဇွန်လ ၁၆ ရက်နေ့တွင်တော့ သူ မဇ္ဈိမ သတင်းကို ဖတ်ရှုမိချိန်တွင် "သာသနာ့သိပ္ပံကျောင်း ချိတ်ပိတ်ခံရကြောင်း" သတင်းကို ဖတ်ရသည်။ သတင်းတနေရာတွင်က "လစ်လပ်သွားသော ကျောင်းထိုင်ဆရာတော်" ဟူသော စာသား။ "လစ်လပ်သွားသော" ဆိုပါလား …. ဆရာတော် ပျံလွန်သွားပြီလား … လှုပ်ရှားနေသော စိတ်ကိုထိန်းရင်း အခြားသတင်းများကို လိုက်ရှာသည်။ မူလစာမျက်နှာသို့ ပြန်သွားသည်။ ဓာတ်ပုံဆလိုက်ရှိုး နေရာသို့ ကြည့်လိုက်မှ ဆရာတော့် ဓာတ်ပုံအား တွေ့လိုက်ရသည်။ "သာသနာ့သိပ္ပံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ဇွန်လ ၇ ရက် ၂၀၀၈ ခုနှစ်က ကျင်းပစဉ်" တဲ့။ ဆရာတော့်ဓာတ်ပုံအား ဦးဉ္စင်းနှစ်ပါးက ကိုင်ဆောင်လျက်။ ဟုတ်သည်။ ဆရာတော် ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါသည်။


"လူကို လေ့လာပါ၊ ပတ်ဝန်းကျင်ကို လေ့လာပါ" ဟု သူ့ကို ပြောကြားသော ဆရာတော်၏ နောက်ဆုံးသြဝါဒကို သူ ယခု ပြန်လည် ကြားယောင်သည်။ "တယောက်နဲ့ တယောက် အပြစ်မရှာစတမ်း၊ ရန်သတ္တရု မပြုစတမ်း၊ တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့ တို့တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းကြရမယ်။ ဒီအချိန်မှာ ဒီ့ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူး" ဟု ဆရာတော်၏ ယုံကြည် လေးနက်စွာ ပြောနေသော အသွင်ကို သူ ပြန်လည်မြင်ယောင်သည်။ မေတ္တာနှလုံးနှင့် ရွှင်ရွှင်ပြုံးပြုံး နေတတ်ထိုင်တတ်၊ သူ့တိုင်းသူ့ပြည်အတွက် အမြဲတစေ စိုးရိမ်ပူပန် နေတတ်သော ဆရာတော့်ကို ပြန်ပြောင်းအောက်မေ့သည်။

သည်စာကို ရေးနေချိန်တွင်ပင် သူ့အမေထံမှ စာရောက်လာသည်။ "သားလေး ဗဟန်းဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သား စိတ်မကောင်းမှာ စိုးလို့ အမေ မပြောဘဲ ထားတာပါ။ ဗဟန်းဘုန်းဘုန်းဟာ လူသားတယောက် အနေနဲ့ မွေးဖွားလာပြီး သူ့တာဝန် သူ ကျေပွန်အောင် ဆောင်ရွက်သွားပါတယ်။ တိုင်းပြည်အတွက်၊ အများကောင်းကျိုး အတွက်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါပဲ။ သူ့ရဲ့ ပျံလွန်တော်မူတဲ့ နာရေးသတင်းကို သတင်းစာထဲမှာ ထည့်ခွင့်မပြုဘူး။ အခုလည်း သူ့ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ကြားပါတယ် …॥" အမေ့စာကို ဖတ်၍ သူငိုင်နေမိသည်။


သူ့ အသည်းနှလုံးကို တစုံတရာက ဆုပ်ကိုင်ဖြစ်ညှစ်ထားသလို သူ ခံစားရသည်။ ဆရာတော် သာသိလျှင် ဘာများမိန့် မြွက်ဦးမလဲ….သူ ဝမ်းပန်းတနည်း စဉ်းစားနေမိသည်။ ဆရာတော်ဖြတ်သန်းခဲ့ရာ ဘဝက ရိုးသားရဲရင့်မှုတို့ဖြင့် ပြည့်လျှမ်းလျက်။ ဖြူဖြူစင်စင် လျှောက်လှမ်းခဲ့ရာ လမ်းဖြစ်သည်။ ချော့သော်လည်း မပျော့ခဲ့၊ ခြောက်သော်လည်း မကြောက်ခဲ့။ နကမ္ပတိ တည်ကြည်သော စိတ်ဖြင့်သာ နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူ အလေးဂရုပြုရာ၊ သူမြတ်နိုးရာ အမျိုးဘာသာ သာသနာအတွက် မြှုပ်နှံဆောင်ရွက်ခဲ့သူဖြစ်သည်။ မည်သို့ဆိုစေ ဆရာတော်၏ မျှော်လင့်ချက်တို့က သည်မျှဖြင့်တော့ နိဂုံးမချုပ်တန်ရာ၊ နိဋ္ဌိမတံ တန်ရာဟု သူ ယုံကြည်နေမိပြန်သည်။ နောက်တကြိမ် …. ဟုတ်သည် ….. အနည်းဆုံး နောက်တကြိမ်တော့ ဆရာတော်သည် သူ့ယုံကြည်ချက်တို့ကို သူ အကောင်အထည်ဖော်ခွင့် ရနိုင်ပါလိမ့်ဦးမည် …. ဆရာတော် ထာဝစဉ် လိုလားခဲ့သော ပြည်သစ်ကိုတည်၍ ကျီသစ်ကို ဆောက်နိုင်ပါလိမ့်မည်။ ထိုသောအခါတွင် …. သူ့ပြည်သူ့ရွာသည် အထွေထွေ အထူးထူးသော ပန်းပေါင်းတရာတို့၏ ရနံ့ဖြင့် မွှေးကြိုင် သင်းပျံ့နေပါလိမ့်မည် ။ ။


မဇ္ဈိမ( ဆောင်းပါး )

ဗြိတိန်ဘုရင်မကြီးနှင့် ဟယ်ရီပေါ်တာ ၀တ္တုရေးသူ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမ ဂျေကေရိုးလင်းတို့ မြန်မာနိုင်ငံ လေဘေးအတွက် လှူဒါန်းမည်။


မြန်မာနိုင်ငံလေဘေးသင့်ဒေသများအတွက် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အယ်လီဇဘက်နှင့် ကမ္ဘာကျော်ဟယ်ရီပေါ်တာဝတ္တုတွဲများ ရေးသားသူ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမ ဂျေကေရိုးလင်းတို့ သည် ထူးခြားသော ထည့်ဝင်လှူဒါန်းမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဘုရင်မကြီး အယ်လီဇဘက်မှ လှူဒါန်းမည့်ပမာဏကို အတိအကျမပြောနိုင်သေးသော်လည်း ပမာဏ တော်တော်များများလှူဒါန်းမှုဖြစ်နိုင်ကြောင်း ဘက်ကင်ဟန်နန်းတော်မှ အတည်ပြု ပြောကြားပါတယ်။

Britain's Disasters Emergency Committee (DEC) မှတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။



Saturday, June 21, 2008

မြန်မာပြည်မုန်တိုင်းဘေးဒုက္ခသည်များအတွက် ဆန် အမှန်တကယ် လှူဒါန်းရန် ဒီ game လေး ကစားပေးကြပါ။(Click)


ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးကနေတစ်ဆင့် ဘေးဒုက္ခရောက်နေကြသူများအတွက် ဆန်လှူဒါန်းနိုင်ရန်အတွက် အခမဲ့  game ကစားခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား တိုးတက်စေမှုကို ဖြစ်ပေါ်စေကာ တစ်ဘက်မှလည်း ဆုချီးမြင့်သည့်အနေဖြင့် ဆန်လှူဒါန်းနိုင်စေရန် စီစဉ်ထားဖြင်း ဖြစ်ပါတယ်။

ဒီ game ကို ကစားသူတစ်ဦးဟာ မေးထားတဲ့ အင်္ဂလိပ်စာလုံးအဓိပါယ် အဖြေမှန်ရင် မှန်သလို ဂ၇မ်ပမာဏနဲ့  ဆန်အရေအတွက်ကို လှူးဒါန်းခွင့်ရမှာ ဖြစ်ပါတယ်။

http://www.freerice.com/




ယခုကာလတွင် မြန်မာနိုင်ငံ မုန်တိုင်းဘေးသင့်သူ ဒုက္ခသည်များအတွက် ဆန်လှူဒါန်း အထူးလှုံ့ ဆော် တိုက်တွန်းထားပါတယ်။ ဒီ game ကို ကမ္ဘာတစ်ဝှမ်းလုံး အင်တာနက်ပေါ်ကနေ ကစားနိုင်ပါတယ်။

ကမ္ဘာ့နာမည်ကျော် TIME မဂ္ဂဇင်းကြီးကနေတောင် ရွေးချယ်ဖေါ်ပြပေးခဲ့တဲ့ အင်တာနက် game ဖြစ်ပြီး၊ ရရှိလှူဒါန်းသော ဆန်ပမာဏလှူဒါန်းမှုကို အစားအစာဘေးဒုက္ခရောက်နေတဲ့ ကူဂန်ဒါနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ဘင်ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံနဲ့ ဘူတန်နိုင်ငံက ပြည်သူတွေကို ကူညီခဲ့ပါတယ်။


ဒီအင်တာနက် game ကစားခြင်းဖြင့် ရရှိလာသော ဆန်လှူဒါန်းမှုအား ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးအား ဒီအင်တာနက်ကို sponsor တာဝန်ယူ လုပ်ပေးနေကြသောအဖွဲ့ အစည်း စေတနာရှင် အလှူရှင်များက game ကစားသူများကိုယ်စား ဆန်လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ဒီဆန်လှူဒါန်းမှုအား ၂၀၀၇ ခှစ်ကတည်းကနေ စတင်ခဲ့တာ အခုဆိုရင် ဆန် ကီလို (၁၅) သန်းအား နိုင်ငံအသီးသီးသို့  လှူါးန်းခဲ့ပြီး ဖြစ်ပါတယ်။


မြန်မာပြည်အတွက် အခုဇွန်လ (၁၇) ရက်နေ့ ကနေ စတင် ဆန်လှူဒါန်းတဲ့ game စတင် ကစားနိုင်ကြပါပြီ။ မြန်မာပြည်မှ မုန်တိုင်းဘေးဒုက္ခရောက်သူပေါင်း (၇) သိန်းခွဲကို ဆန်လှူဒါန်းနိုင်ဖို့  ရည်ရွယ်ထားပါတယ်။




ဒီဆန်လှူဒါန်းနိုင်တယ့် game လေးမှာ ပါဝင်ဆင်နွဲပေးကြပါလို့  မြန်မာပြည်မှာ အစားအစာနဲ့ ဆန်ရှားပါးမှုကို ကြုံတွေ့ နေရတဲ့ ဒုက္ခရောက်နေကြသော မုန်တိုင်းဘေးဒုက္ခသည် ပြည်သူများအတွက် အထူးမေတ္တာရပ်ခံပါတယ်။

ဒီမှာ ဒီ game လေးကို ကစားကြပါ။ ကိုယ်လည်းအကျိုးရှိ မြန်မာမုန်တိုင်းဘေး ဒုက္ခသည်တွေလည်း အကျိုးရှိပါတယ်။


http://www.freerice.com/

ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ကြီးကနေ ပြောပြထားတဲ့ ဒီ FreeRice အကြောင်းပါ။


http://www.wfp.org/english/?ModuleID=137&Key=2873

(ရေးသားဖေါ်ပြသူ - နစ်နေမန်း)။





Wednesday, June 18, 2008

သံမဏိမြင့်မိုရ် မိသားစု့ မှ့ မွေးနေ့ လက်ဆောင်


'' သံမဏိမြင့်မိုရ် ''


အမေဆိုတာ-အရာရာကို အခါခါလဲခွင့် လွှတ်တယ် ၊

အမေဆိုတာ-သမုဒယဆေးဖေါ် သမားတော်လည်း ဖြစ်နိုင်တယ် ၊

အမေဆိုတာ-သမုဒ္ဒရာကို ပြာကျအောင်လဲမီရှို့နိင်တယ် ၊

အမေဆိုတာ-လောကကျောင်းမှာ ခေါင်းလောင်းထိုးနိင်တဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်နိင်တယ်

For you

Tuesday, June 17, 2008

ယနေ့  အားလုံး အတွက် ကားလက်ဆောင်ပါ ။


ဒီဇယ်ဆီနှင့် မောင်းသေားကားပါ ၊
နှစ်မျိုးစလုံး မျှော်လင့်ချက်တွေရှိသေား သူများအားလက်ဆောင်ပေးဝေပါသည် ။ ။

Sunday, June 15, 2008

မြန်မာပြည်သူ ပြည်သားများ ဘေးအန္တရယ်စိုးများမှ့ လွှတ်ကင်းနိင်ကြပါစေ..။(Click)


“ ပဋိပတ္တိပူဇာ ဘုရားရှိခိုး ”

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေးမိ ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေးမိ ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ သံဃံ ပူဇေးမိ ။

“အရပ်ဆယ်မျက်နှာမှ မြန်မာလူမျိုးများအားလုံး”

ဘေးရန် ကင်ကြပါစေ၊
စိတ်ဆင်းရဲ ကင်ကြပါစေ၊
ကိုယ်ဆင်းရဲ ကင်ကြပါစေ၊
ကျန်မာကြပါစေ၊
ချမ်းသားကြပါစေ။ ။

သားသားတို့ မိသားစု့ လေးမှနေ၍ မေတ္တာပို့ သပါသည် ။ ။

အဖေများနေ့  အမှတ်တရပါ ။


“မေမေ သားသား ၊Dolphin လေး”

တစ်နေသေားအခါ သားအမိနှစ်ဦး အတူတူ ထမင်းစားနေကြသည် ၊
မေမေက သားသားကို ထမင်းကျွေးနေရင်း စချင်သေားကြောင့်
သားသား၏ ဗိုက်ကို ကိုင်ကြည့်ပြီး -
“ သားသားဗိုက်ထဲမှာ Fish တွေ ,Egg တွေ,Chicken တွေ, Banara တွေ အများကြီးပဲ ၊မေမေတွေ့ နေရတယ် ” ဟု မေမေက ဆိုလိုက်ရာ
သားသားက မေမေဗိုက်အားကြည့်ပြီး “ မေမေဗိုက်ထဲမှာ Dolphin တွေ ” ဟုပြန်ဆိုလိုက်သည်။ ။


“ မိဘကျင့်ဝတ် ၅ ပါး ”

မကောင်း မြစ်တား ၊ ကောင်းရာ ညွန်လတ် ၊ အတတ် သင်စေ ၊ ပေဝေး နှီးရင်း ၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ၊ ဖခင်မယ်တိုတာ။

Friday, June 13, 2008

HAPPY FATHER'S DAT

-သားသား၏ မွေးနေ့  သုံးနှစ် ငါးလ ပြည့် အဖေများနေ့ အမှတ်တရပါ ။

ဒီနေ့ ကျောင်းမှာဆွဲးလာသေား ပန်ချီကားလေးပါ ။

ငွေကျေးအားဖြင့်တန်ဖိုး မရှိပေမဲ့ သား အဖနှစ်ယောက်၏ မေတ္တာကတော့

ဘာနဲမှတန်ဖိုးဖြတ်လို့ မရတာကတော့ အမှန်ပါ ။

သားသား၏ ဤပန်ချီ အနုပညာလက်ရာလေးကို တန်ဖိုးထား၍

လေးစားဂုဏ်ယူပါသည် ။

-သားသား စူပါမင်းသည် ယနေ့ မှစ၍ အသက်ဆုံးသည့်တိုင်အောင်

ဘာသာ အကျိုး ၊ သာသနာ အကျိုး ၊ တိုင်းကျိုး ပြည်ကျိုးတို့ ကို

ကာကွယ်စောင့်ရှောက်နိင်သေား စစ်မှန်သေား မြန်မာလူမျိုး

ယောက်ကျားကောင်း ယောက်ကျားမြတ် တစ်ယောက်ဖြစ့်ပါစေဟု့ 

မေတ္တာပေးဝေပါသည်။ ။

Thursday, June 12, 2008

“ မိဘမကောင်း သားသမီးခေါင်း ”


“ မိဘမကောင်း သားသမီးခေါင်း ”


- အစဉ်အလာကို ဆန့် ကျင်ချင်လို ပါ ။
- တမင်တကာ စတန့် ထွင်ချင်လို့ မဟုတ်ပါ ။
- ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်က
စကားပုံ အသစ်ကို သက်သေပြလိုက်ပါပြီ ။

- သားသမီးတွေ မကောင်းတဲ့အခါ မိဘတွေ နာမည်ပျက်ပါတယ် ။
- မိဘတွေမကောင်းတဲ့အခါမှာတော့ သားသမီးတွေ အားလုံး ဘဝပါပျက်တယ် ။

-“အတ္တနဲ့ တစ်ဘက်ချို့ နေတဲ့ မျက်လုံး”
-“မကြားချင်ယောင်ဆောင်ထားတဲ့ နား”
-“ဥာဏ်နီဥာဏ်နက်တွေ စုပြုံထည့်ထားတဲ့ မဟာဦးနှောက်”
-“ဒုက္ခရောက်သူတွေအချင်းချင်း ချနင်းချင်တဲ့ ခြေထောက်”
-“လောဘနဲ့ ထွင်းထားတဲ့ ပေတံ”
-“တဆတ်ဆတ်တုန်နေတဲ့ ဒူး
-“လည်စင်းခံဖို့ ဆို အမြဲ အဆင်သင့်ဖြစ်နေတတ်တဲ့ သတ္တိ”
-“အဲဒါတွေဟာ ကျွှန်တော်တို့ ရရှိခဲ့တဲ့ အမွေအနှစ်တွေပေါ့ ။”

ကိုမျိုးချစ် ဘလော့ဂ်မှ့  စားသားနှင့် အဓိပ္ပါယ်ကို မြတ်နိုး၍ ရယူဖေါ်ပြပါသည် ။ ကျေးဇူးတင်ပါသည် ခင်ဗျာ ။

သို့ ပေမဲ့ ၀မ်းနင့်လွယ်မွေးထားသေား မေမေနှင့်ဖေဖေကတော့ “သံမဏီမြင့်မိုရ် ”ကဲသို့ မြင့်မြတ်သေားစိတ်ထားအပြည့်အ၀ပေးလျှက်ပါ။ နေ့ စဉ်မေတ္တာပေဝေပါသည်။

ထူးဆန်းသေား ညောင်ဖြူပင်လေးပါ(Click )


မန္တလေးတိုင်း မတ္တရာမြို့ အနီးတွင် အဖြူရောင် ညောင်ပင် တစ်ပင်
ပေါက်နေကြောင်း
ဓါတ်ပုံနှင့်တကွ သတင်းရရှိပါသည် ၊
ဓါတ်ပုံအား မည်သူမဆို ကူးယူ ဖေါ်ပြနိုင်ပါသည်၊
ဓါတ်ပုံအား Click လုပ်ပြီး ပုံကြီးကြည့်နိုင်ပါတယ် ။

(မန္တလေးမြို့မှရသောသတင်း)

ဖေါ်ပြပေးသေား မိတ်ဆွေအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာလေးမှ့  ဂါရ၀ ပြု့ ပါသည် ။

Tuesday, June 10, 2008

ယနေ့  အမှတ်တရပါ ၊



“ မကောင်းမှူ ပြုသေားသူသည် ဤဘ၀၌ စိုးရိမ်ရ၏ ၊ တမလွန် ဘ၀၌ စိုးရိမ်ရ၏ ၊ ပစ္စုပ္ပန် ၊ တမလွန် နှစ်တန်သော ဘ၀တို့ ၌ စိုးရိမ်ရ၏ ၊ ထိုသူတို့ သည်မိမိ၏ ညစ်နွမ်းသေား “ ကံ ” ကို သိ့မြင်၍ စိုးရိမ်ရ၏ ၊ ပူပန်ရ၏ ”

( ယမက၀ဂ် ၊ ဓမ္မပဒ )

“ မိမိ ကိုယ်ပိုင် စာရိတ္တ အရှိ စာရင်း ”

- ကိုယ့် ကတိကို တည်အောင်ထိန်းပါ ။
- အားလုံးကို ကြင်နာသနားပါ ။
- ကိုယ့် ကို ကိုယ်ညှာတာပါ ။
- ရိုးသားပါ ။
- အားမာန်သစ်မွေးပါ ။
- မိမိ၏ ပင်ကိုစွမ်းရည်ကို ဖော်ထုတ်ပါ ။


ယနေ့  အမှတ်တရပါ ၊



“ သေားက ပူပင်ခြင်းဆိုသည်မှာ အမိုး သက်သက်ဖြစ်လျှက် အသက်ကို အန္တရာယ်ဖြစ့်စေ၏ ”

“ မိမိ ကိုယ်ပိုင် စာရိတ္တ အဖျက်စာရင်း ”

- ကိုယ့် ကတိကို ချိုးဖောက်ပါ ။
- အပေါင်းအသင်း မထားနှင့် ။
- တစ်ယောက်ထည်းနေပါ ။
- ကိုယ့် ကို ကိုယ် မညှာပါနှင့် ။
- မရိုးသားပါနှင့် ။
- ခြေကုန်လက်ပန်း ကျသည့်အတိုင်းသာ နေပါ ။
- မိမိ၏ ပင်ကိုယ်စွမ်းရည်ကို ပစ်ထားလိုက်ပါ ။

Monday, June 09, 2008

ကရုဏာအသင်း မလေးရှားမှ့  ဆောက်နေတဲ့အိမ် (Click )

ဘလော့ဂ်ဂါတွေ ဆောက်နေတဲ့အိမ်(Click)

“ မီခိုးဖြင့် အချက်ပြခြင်း ”


“ မီခိုးဖြင့် အချက်ပြခြင်း ”

-ပုဂံ ပြည်မှ့  အကြီးအကဲတစ်ယောက်သည် အနောက်တောင်အရပ်တွင် သူ၏ ကာဒီလာစ်ကားကို မောင်နှင်နေသည်။ ရုတ်တရက် သူ၏ ကားစက်ချို့ ယွင်း သွားသည်။
သူက စက်ကို စစ်ဆေးကြည့်ပြီး စက်ပြင်ဆရာ ခေါ်ရမည်ကို သိ့သွားသည်။ သို့ သော် သူတွင် ပိုက်ဆံ ၄ ဒေါ်လာသာပါပြီး အကြွေးဝယ်ကဒ်လည်း မပါခဲ့ချေ။
ထိုကြောင့် ထင်းခြောက်များကို သူစု့ ယူပြီး မီဖို ဖို၍ သူ၏ လူမျိုးများကို မီးခိုးဖြင့် အချက်ပြလေသည်။


“ ဟိတ် တစ်ယောက်ယောက် ငါ့ဆီကို ဒေါ်လာ ၁၀၀၀ ပို့ လိုက်စမ်း ”

သူ၏ လူမျိုးများက ထိုအချက်ပြကို သိ့ရှိပြီး လက်ခံကြသည်။ သို့ သော် အဓိပ္ပါယ်ကို သေချာစေရန်အတွက် မီးခိုးဖြင့်ပြန်လည် အချက်ပြကြသည်။

“ OK အကြီးအကဲး ၊ ဒါပေမဲ့ ဘာကြောင့် ဒီလောက်များနေရတာလဲ ”

ထိုအခိုက်အတန့် ၌ အကြီးအကဲး၏ အနီးအနားရှိ နြူးကလီးယား လက်နက်စမ်းသပ်သေား ကွင်းပေါ်တွင် နြူးကလီယား ဗုံးတစ်လုံးကို စမ်းသပ်လိုက်ကြသည်။ မှိုပွင့်ကြီးနှင့်တူသေား မီးခိုးတမ်တိုက်ကြီးသည် ကောင်းကင်ပေါ်သို့  လွင့်ပျံတက်လာသည်။ သူ၏ လူမျိုးများက ဤသို့  အချက်ပြလိုက်သည်။

“ OK OK အကြီးအကဲး ဘာဖြစ့်လို့  ဒီလောက်ဒေါသကြီးနေရတာလဲ ”

Sunday, June 08, 2008

က.. မျှော်လင့်ချက်တွေ နဲ့  အသက်ရှင်နေပါသေား...



ကျွှန်တော်တိုရဲ့  မုန်တိုင်း ဘ၀ တွေ သံလွင်ချောင်ခြားသွားပါပြီးလား ခင်ဗျာ....။



ကိုထီးရဲ မေတ္တာက ဒီတောင်ကို ဖြိုကာချပြပါမယ် မြင့်မိုရ်မို့ လားပါတဲ့ ခင်ဗျာ...။ ရောက်ရာ ဘ၀ ကနေပြီးတော့ ဖြိုချပေးနေမှာပါ ။




ရောခ်-က ဟော့- ပေးထားပါတယ် သင်္ဘေားတွေနဲ့ ဝေးရင် အသဲလေးတော့ဖျားပါမယ်တဲ့ ခင်ဗျာ..။




ရောခ်-က ၊ ဆက် ဟော့- ပေးထားပါတယ် အားလုံးအတွက့် လိုအပ်ချက်က တစ်ခု့ ထည်းပါတဲ့ ခင်ဗျာ..။
´