| ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း | | |
| Sunday, 08 May 2011 22:42 |
| Flicker ဓာတ်ပုံဝက်ဘ်ဆိုက်တွင် လူကြည့်အများဆုံး ဖြစ်ခဲ့သော ဤဓာတ်ပုံသည် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်သည်။ စစ်ဆင်ရေးကို တိုက်ရိုက် ကြည့်ရှုနေကြသော အမေရိကန်သမ္မတနှင့် တာဝန်ရှိသူများ၏ ဓာတ်ပုံသည် လူမျိုးရေးအခန်းကဏ္ဍ၊ အမျိုး သမီးများ၏ အခန်းကဏ္ဍနှင့် အမေရိကန်သမ္မတ ဆိုသော ပြယုဂ်တို့နှင့် ပတ်သက်သော နိုင်ငံ၏ သဘောထား ၂၁ ရာစုတွင် မည်သို့ ရှိနေပြီကို ဖော်ပြသည်ဟု သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များက သုံးသပ်သည်။ လူမည်းတစ်ယောက်က ကာကွယ်စောင့်ရှောက်သူ အကြီးအမှူး ဖြစ်လာခြင်း အာဏာ၏ဗဟိုချက်မှ အမျိုးသမီး ယခုပုံတွင် မူဟီလာရီနှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေးညွှန်မှူး အော်ဒရေတိုမာဆင်ကိုပါ မြင်တွေ့ရပြီး အမျိုးသမီးနှစ်ဦးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပြီ ဆိုခြင်းကို ဖော်ပြနိုင်ခဲ့သည်။ သမ္မတ၏ ဂုဏ်မာန်ကြီးဟန် |

+046.jpg)