{ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ပြန်လွှတ်ပေးရမယ်}
{ ဇေယျာအိုပေမဲ့ အဖွားအိုရဲ ရင်ဖွင့်သံ }

Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ by thargyi74
- ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။
- ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။
- ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။
- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။
- မတွေ့ရတာကလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီလာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ် ... တဲ့
- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။
- မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။
(အထဲကနေ တိုက်ရိုက်ပို့လိုက်တာကတော့ ဒီလိုပါ ။)
မီးထဲကကြာ ပေး မေတ္တာစာ

၅:၄၅ လောက်မှာ စကားပြောတယ်၊ ၁၀ မိနစ်လောက် လူထု ငြိမ်အောင်စောင့်လိုက်ရတယ်၊ သူ ပြောတာက
အားလုံးကြားအောင် အသံမထွက်ဖို့ ငြိမ်နေဖို့ပြောတယ်။ အသံထွက်ရမယ့် အချိန်ကျမှ ငြိမ်မနေနဲ့တဲ့။
ရှေ့က လူတွေပဲ ကြားရရင် နောက်က လူတွေကိုပြန်ပြောပြပေါ့ တဲ့၊ တကတည်းကို စစချင်းနိုင်ငံရေး သင်ခန်းစာပေးနေရတာပဲတဲ့၊ အခြင်းခြင်းနားလည်မှု ရှိပါ၊ လက်ညီတက်ညီ ရှိပါတဲ့ မတွေ့ရတာ ကြာတော့ ပြောစရာတွေ အများကြီးရှိတယ်တဲ့ အခုက လော်စပီကာမရှိတော့ မကြားရဘူးတဲ့ ဒါကြောင့် မနက်ဖြန် ရုံးမှာ စကားပြောမယ်။
မီးထဲကကြာ ပေး မေတ္တာစာ
မောင်လွမ်းဏီ
မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။
ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။
တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။
၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။
ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။
မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။
မောင်လွမ်းဏီ