ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ရွှေတိဂုံဘုရားဖူး ဓာတ်ပုံသတင်း |
<> |
---|
မင်္ဂလာအပေါင်းနဲပြည့်စုံနိင်ကြပါစေ စုတောင်းမေတ္တာပေးဝေပါသည်။
ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ရွှေတိဂုံဘုရားဖူး ဓာတ်ပုံသတင်း |
<> |
---|
၁၀ရက်အကြာမှာတော့ သားဖြစ်သူကိုထိန်လင်းနှင့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ယနေ့မနက် ၈နာရီ၊ ၄၅မိနစ်မှာ
သားငယ်ဖြစ်သူကို ရန်ကုန်လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တာကို မြင်တွေ့ခဲ့ရကြောင်း အေအက်ပီ
သတင်းထောက်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
အခုလို မိသားစုပြန်ပြီးတွေ့ရတာ ကျမတော်တော်ကိုဝမ်းသာရပါတယ် လို့ AFP သတင်းထောက်ကို
ဒေါ်အောင်ဆန်းကြည်ကပြော ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ် ကိုထိန်လင်း ဟာ
ယမန်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက် သံရုံး ကနေ ပြည်ဝင်ခွင့် ဗီဇာရလို့  ရန်ကုန် မြို့ ကို ဒီနေ့ မနက်
အစော ပိုင်း မှာ ထိုင်းလေကြောင်း လိုင်း နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
၅:၄၅ လောက်မှာ စကားပြောတယ်၊ ၁၀ မိနစ်လောက် လူထု ငြိမ်အောင်စောင့်လိုက်ရတယ်၊ သူ ပြောတာက
အားလုံးကြားအောင် အသံမထွက်ဖို့ ငြိမ်နေဖို့ပြောတယ်။ အသံထွက်ရမယ့် အချိန်ကျမှ ငြိမ်မနေနဲ့တဲ့။
ရှေ့က လူတွေပဲ ကြားရရင် နောက်က လူတွေကိုပြန်ပြောပြပေါ့ တဲ့၊ တကတည်းကို စစချင်းနိုင်ငံရေး သင်ခန်းစာပေးနေရတာပဲတဲ့၊ အခြင်းခြင်းနားလည်မှု ရှိပါ၊ လက်ညီတက်ညီ ရှိပါတဲ့ မတွေ့ရတာ ကြာတော့ ပြောစရာတွေ အများကြီးရှိတယ်တဲ့ အခုက လော်စပီကာမရှိတော့ မကြားရဘူးတဲ့ ဒါကြောင့် မနက်ဖြန် ရုံးမှာ စကားပြောမယ်။
မောင်လွမ်းဏီ
မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။
ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။
တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။
၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။
ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။
မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။
မောင်လွမ်းဏီ
၁၉၄၆ ခုနှစ် တခုသောညနေတွင် ရန်ကုန်မြို့၊ အိစ်တင်းကလပ်ခေါ် ဂုဏ်သရေရှိ အနောက်တိုင်းသားတို့၏ အဖွဲ့အစည်းတခုက ရန်ကုန်မြို့ရောက် အိန္ဒိယဘုရင်ခံချုပ် လော့ခ် လူဝီမောင့်ဘက်တန် ( Lord Louis Mountbatten) အား ဂုဏ်ပြုသော ညစာ စားပွဲကြီးတွင်ဖြစ်သည်။ ဘုရင်ခံချုပ် မောင့်ဘတ်တန် ပြောသွားသော မိန့်ခွန်းထဲတွင်
( Politics is the refuge of scoundrels )
" နိုင်ငံရေးလောကဆိုတာ လူယုတ်မာတို့၏ ခိုလှုံရာဒေသ ဖြစ်တယ်" ဟူသော စာကြောင်းပါခဲ့သည်။
ဘုရင်ခံချုပ်က ထိုသို့မိမိဂုဏ်ပုဒ်နှင့် မလိုက်လျော့သည့် စကားတွေပြောပြီး ထိုင်ချလိုက်တော့ နယ်ချဲ့အလိုတော်ရိ မင်းပရိသတ်တို့က လက်ခုပ်သံတွေ တဖြောင်းဖြောင်းနှင့် သြဘာပေးကြလေ၏။ သို့သော်....
လက်ခုပ်သံများ ကြားရ၍ မဆုံးမီမှာပင် ချောင်ကျသောနေရာမှာထိုင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း က ရုတ်တရတ် နေရာမှတရပ် နေရာမှထရပ်လိုက်သည်။ ဗိုလ်ချုပ်သည် စောစောက ဘုရင်ခံချုပ်စကားပြောခဲ့သော နေရာသို့ ခပ်သုတ်သုတ်ကလေး လျှောက်လာသည်။
ပြီးတော့ အောက်ပါ အတိုင်း အစီအစဉ်တွင် မပါဘဲ မိန့်ခွန်းတရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောချလေတော့သည်။
"ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးတို့ခင်ဗျား၊ အစီအစဉ်ထဲမှာ မပါဝင်တဲ့ လူတစ်ယောက်က ယခုလိုထပြီး ပြောလိုက်တော့ ခင်ဗျားတို့ထုံးစံအရ အလွန်ရိုင်းပျတယ်လို့ ထင်ကြမှာဘဲ။ ရိုင်းတယ်လို့ ထင်ရုံမကဘဲ လဲလို့ဘဲသေသေ၊ ကျုပ်ကတော့ဖြင့် ပြောစရာရှိတဲ့ စကားကိုပြောရမှာဘဲ။ ကျုပ်ပြောမှာကလည်း တခြားတော့မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းလှတဲ့ အဘိဓမ္မာကို ဝေဖန်ပြမယ့် အချက်ဖြစ်ပါတယ်။"
" နိုင်ငံရေးလောကဆိုတာ လူယုတ်မာတွေ ခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်က ပြောသွားပါတယ်။ ဒါဟာ ဥရောပနိုင်ငံများမှာတော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ကျုပ်တို့ အရှေ့နိုင်ငံများ အယူအဆကတော့ ဘုရင်ခံချုပ်ကြီးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္တစရိယ ကျင့်ကြံ အားထုတ်တဲ့ လုပ်ငန်း၊ ဒါဟာ ဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်တဲ့ တိဟိတ်ပုဂ္ဂိုလ်များ၊ ဘုရားလောင်းများသာ လုပ်နိုင်တဲ့လုပ်ငန်းဖြစ်တယ်။
"အဲဒီလို အလွန်မွန်မြတ်တဲ့အထဲမှာ တခါတရံ လူယုတ်မာတွေ ပါလာကောင်းပါလာပါမယ်။ အဲဒါကြောင့် နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ ဥပမာတခု ပြောပါရစေ။ ဒီအဆောက်အဦးကြီးဟာ (အိုရီယင့်ကလပ် ကိုဆိုလိုသည်) လူအများစုဝေးဖို့ ဆောက်လုပ်ထားတယ်၊ အစောင့်အကြပ်ကင်းမဲ့ချိန်မှာ တခါတရံ ခွေးတွေ တက်အိပ်နေကြတယ်ဆိုပါစို့။ အဲဒီလို ခွေးတွေတက်အိပ်နေတာကိုကြည့်ပြီး ဒီအဆောက်အဦးကြီးကို ခွေးတွေအိပ်ဖို့ဆောက်ထားဆိုရင် မှန်ပါ့မလား။ မမှန်ပါဘူး။"
" အဲဒါကြောင့် နိုင်ငံရေးဟာလည်း ဒီလိုပါဘဲ။ အလွန်မြင့်မြတ်ပါတယ်။ ဒီအဆောက်အဦးကြီးပေါ်မှာ ခွေးတွေ တက်အိပ်နေသလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေးလောကထဲ ဝင်လာတတ်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြေမပြတ် ဟန့်တား ဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေးလောကြီးဟာ သန့်ရှင်းစင်ကြယ် မွန်ုမြတ်လာပါလိမ့်မယ်။ ဒါဘဲ ကျုပ်ပြောချင်တာ။"
ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ပြောချလိုက်ပြီး သူ့နေရာသူ ခပ်တည်တည်ဖြင့် ပြန်လာကာထိုင်နေလေသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုပြီးသွားသည်နှင့် အိန္ဒိယဘုရင်ခံချုပ် လော့ခ်လူဝီ မောင့်ဘတ်တန်သည် နေရာမှထရပ်ပြီး လက်ခုပ်တီး၊ သြဘာပေးသည်။ ဘုရင်ခံချုပ်က စတင်၍ လက်ခုပ်တီးတော့မှ ကြွရောက်လာသော ပရိသတ်ကြီးလည်း၊ လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် ကောင်းကောင်းကြီး သြဘာပေးကြတော့သည်။ ထို့နောက် ဘုရင်ခံချုပ်က...
" ဒီနေ့ည စကားပြောကြတဲ့အထဲမှာ အစီအစဉ်ထဲမပါဘဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းဟာ အဖိုးတန်ဆုံးပါဘဲ၊ ကျွန်တော် ပြောချင်တာကတော့ ခပ်ပေါ့ပေါ့နိုင်ငံရေးလောကကို ပြက်ရယ်ပြုတဲ့စကားပြောမိပါတယ်။ အလွန်ဝမ်းနည်းပါတယ်။ ကျွန်တော်ပြောမိတဲ့ အချက်အလက်တွေကို ရုတ်သိမ်းပါတယ်ခင်ဗျာ" ဟု ပြောလေသည်။
ဒီအကြောင်းလေးကို ကျွန်တော် တွေးမိစဉ်းစားမိတာလေးကတော့ လူတွေဟာ နိုင်ငံရေးဆိုတာနဲ့ ယုတ်မာသောအလုပ်၊ မကောင်းသောလုပ်ဟု ထင်မြင်ယူဆ နေကြဖြင်းဖြစ်ပါတယ်။ နိုင်ငံရးနဲ့ ပတ်သတ်ပြီး ကျွန်တော် အမြဲမှတ်မိနေသော စာကိုးလေး နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့…
ဂရိပညာရှင်ကြီး ပလေတို (Plato) ပြောဖူးတဲ့
" If good men are not willing to join politics, then they should be willing to be governed by scoundrel."
လူတော်လူကောင်းတွေ နိုင်ငံရေးမှာ မပါချင်ဘူးဆိုရင်၊ သူတို့ဟာ လူပေလူတေတွေရဲ့ အုပ်ချုပ်မှုကို ခံချင်လို့ဘဲဖြစ်ရမယ်။
နှင့်
မာတင်လူသာကင်း (Martin Luther King Jr) ပြောခဲ့ဖူးတဲ့…
“The ultimate tragedy is not the oppression and cruelty by the bad people but the silence over that by the good people.”
ဝမ်းနည်းကြေကွဲစရာအကောင်းဆုံးက လူဆိုးလူသွမ်းတွေရဲ့ ရက်စက်ယုတ်မာမှု မဟုတ်ဘဲ လူကောင်းတွေရဲ့ ငြိမ်ခံနေခြင်းသာ ဖြစ်ပါတယ်။
ဆိုတာဘဲဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့တော့ နိုင်ငံရေး ဆိုတာတွေ၊ နိုင်ငံရေး သဘောတရား သီအိုရီတွေ၊ နိုင်ငံရေး အခင်းအကျင်း ဆိုတာတွေ၊ ဗျုဟာတွေ စတာတွေကို နားလည်လို့ဖြစ်စေ၊ မတရားဖိနှိပ်မှုတွေကို မခံနိုင်လို့ဘဲဖြစ်စေ မြန်မာ့နိုင်ငံရေးကို အသက်၊ သွေး၊ ချွေး၊ စည်းစိမ်၊ ရာထူး စတာတွေကို စတေးပြီး အမှန်တရားအတွက် လုပ်ခဲ့ကြသော၊ လုပ်နေကြသော အာဇာနည် အပေါင်းကိုလေးစားပါတယ်။ အထူးသဖြင့် မှန်ကန် ခိုင်မာသော ယုံကြည်ချက်တွေဖြင့် အကျဉ်းထောင်တွေ၊ တောထဲတောင်ထဲတွင် ဘဝတွေ၊ စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင် ရင်ဆိုင်ရဲသော လူသိနည်းသော သူရဲကောင်းအပေါင်းတို့ကိုလည်း လေးစားဦးညွှတ်လိုက်ရပါတယ်။
သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" ဆောင်းပါးကို ပြန်ဖတ်လိုသော်….
http://alinsek.blogspot.com/2010/09/blog-post_23.html
ဘလော့ခ်ဂါ အလင်းဆက်
လူဆိုး သူခိုး ကြီးစိုးတော့မယ့် ဒို့နိုင်ငံ - အပိုင်း - ၁ ရွှေပြည်စိုး နိုဝင်ဘာ ၂၊ ၂၀၁၀ နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု၊ သို့မဟုတ် ဆင်းရဲမွဲတေမှုဟာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူများ အပေါ်မှာ မူတည်နေပါတယ်။ အုပ်ချုပ်တဲ့ ခေါင်းဆောင်ကောင်းရင်၊ သို့မဟုတ် ဉာဏ်ပညာရှိရင်၊ ရှေ့နောက် စဉ်းစားဆင်ခြင် တတ်တဲ့ အသိဉာဏ်ရှိရင်၊ အကျင့်စာရိတ္တ ကောင်းမွန်ရင်၊ တကိုယ်ကောင်းမဆန်ပဲ မျှတတဲ့ ကိုယ်ချင်းစာတရားရှိရင် .. စတဲ့ အရည်အချင်းတွေရှိပါက အဲဒီနိုင်ငံဟာ ချမ်းသာကြွှယ်ဝမှာ ဖြစ်ပါတယ်။ @font-face { font-family: "Times New Roman"; }@font-face { font-family: "Zawgyi-One"; }p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0in 0in 0.0001pt; font-size: 12pt; font-family: "Times New Roman"; }a:link, span.MsoHyperlink { color: blue; text-decoration: underline; }a:visited, span.MsoHyperlinkFollowed { color: purple; text-decoration: underline; }table.MsoNormalTable { font-size: 10pt; font-family: "Times New Roman"; }div.Section1 { page: Section1; }ol { margin-bottom: 0in; }ul { margin-bottom: 0in; } ဒါမှမဟုတ် အသိအတတ်ပညာမရှိ၊ စဉ်းစားဆင်ခြင် တွေးခေါ်မျှော်မြင်မှု နည်းပါး၊ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးပြီး၊ တကိုယ်ကောင်းဆန်ရင် အဲဒီနိုင်ငံဟာ ဆင်းရဲမွဲတေပြီး၊ တိုင်းသူပြည်သားများဟာလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ကြာလေ ဆင်းရဲတွင်းနစ်မွန်းလေ ဖြစ်မှာသေချာပါတယ်။ ဒါမျိုးကို အာဏာရှင်နိုင်ငံတွေမှာ ပိုတွေ့ရပြီး၊ ပိုဆိုးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတွေမှာ အဆိုးဆုံးပါ။ မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ( ၇ ) ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ နအဖ က ကြေညာထား ပါတယ်။ ဒီရွေးကောက်ပွဲမှာ လူဆိုးသူခိုးတွေကြီးစိုးဖို့ သေချာသလောက်ဖြစ်နေပါပြီ။ အကြောင်းမှာ နအဖ က ကျောထောက် နောက်ခံပြုထားတဲ့ ကြံ့ဖွတ်အဖွဲ့ ကို ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီအဖြစ်ပြောင်းပြီး၊ ရှေ့တန်းတင်ထားလို့ ဖြစ်ပါတယ်။ ကြံ့ဖွတ်အဖွဲ့ဝင်တွေ ရှေးဦးစွာ ကြံ့ဖွတ် အဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို ကြည့်ပါ။ ၁၉၉၃ ခုနှစ်က ဗိုလ်သန်းရွှေ နာယက အဖြစ်ဖွဲ့စည်းခဲ့တဲ့ ကြံ့ဖွတ်ဟာ “ လူမူရေးအဖွဲ့အစည်းဖြစ်တယ် ” လို့ ဆိုပေမယ့်၊ လူမှုရေးလုပ်ငန်းတွေကို လုပ်တာမတွေ့ရပဲ မင်းမဲ့စရိုက်အလုပ်တွေကိုသာ လုပ်တာကို တွေ့ရတယ်။ အဖွဲ့ဝင် အများစုဟာ မြို့စွန်မြို့ဖျားနေ သူခိုး၊ လူဆိုး၊ လူမိုက်တွေ၊ အလုပ်အတည်တကျမရှိတဲ့ ပျံကျတွေ၊ မရှိဆင်းရဲသားတွေ ဖြစ်တယ်။ သူတို့ဟာ စစ်အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက် လက်မရွံ့ အာဏာသားအဖြစ် အကြမ်းဖက်လုပ်ငန်းတွေမှာ အသုံးချခံအဆင့်သာဖြစ်တယ်။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ကျွေးတာစားရတဲ့ ဘဝ လောက်သာ ရှိပါတယ်။ ကြံ့ဖွတ်ခေါင်းဆောင်တွေ ကြံ့ဖွတ်အဖွဲ့ ခေါင်းဆောင်ပိုင်းမှာတော့ “ အကောင် ” တွေချည်းပါပဲ။ နဝတ၊ နအဖ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က နာယက အဖြစ်ပါဝင်ပြီး၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က နဝတ၊ နအဖ ဗိုလ်ချုပ်ကြီးတွေဖြစ်ကြတယ်။ ပြည်နယ်အသီးသီးတွေမှာ ပြည်နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေကလည်း စစ်တပ်က အနည်းဆုံး ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တိုင်းမှူးတွေ ဖြစ်ကြတယ်။ ဌာနဆိုင်ရာတွေမှာလည်း ဌာနဆိုင်ရာအကြီးအကဲတွေပဲ ကြံ့ဖွတ်တာဝန်ခံတွေ ဖြစ်နေပါတယ်။ အာဏာတည်မြဲရေးနဲ့ ချမ်းသာကြွယ်ဝရေးအတွက်ကိုသာ အဓိကထားတဲ့ အကျင့်စာရိတ္တပျက်စီးနေတဲ့ စစ်အာဏာရှင်တွေနဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ နလပိန်းတုံးတွေနဲ့ ပေါင်းလိုက်မှတော့ အဲဒီ နိုင်ငံမပျက်စီးပဲ ခံနိုင် ပါဦးတော့မှာလား။ သိကြားမင်း ဆင်းကယ်တာတောင်မှ “ ဆလံသ ” ပြီး ပြန်ပြေးရမယ့် နိုင်ငံဖြစ်နေပါတယ်။ ကြံ့ဖွတ်အဖွဲ့ဝင်တွေနဲ့ လုပ်ရပ်များ နဝတ၊ နအဖ တို့ရဲ့ခိုင်းဖတ် ကြံ့ဖွတ်တွေရဲ့ ထင်ရှားတဲ့ အကြမ်းဖက်မင်းမဲ့စရိုက်အချို့ကို ကြည့်ပါ။ ၁။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ပါဝင်တဲ့ မော်တော် ယာဉ်များကို ရန်ကုန်မြို့မှာ တုတ်တွေ၊ ခဲတွေနဲ့ ဝိုင်းထုရိုက်တဲ့ လူ ၂၀၀ ခန့်ဟာ ကြံ့ဖွတ်တွေဖြစ်တယ်။ ( စွမ်းအားရှင်အချို့ အပါအဝင် ) ( New York Times, 1996- Nov-10 ) ၂။ ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့၊ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ NLD လူငယ်များ၊ နယ်ခံ နဲ့ လိုက်ပါလာသူများကို တုတ်၊ ဓါး၊ ဝါးချွန်တွေနဲ့ ဝိုင်းရံတိုက်ခိုက်သတ်ဖြတ်ခဲ့ကြတာလည်း ကြံ့ဖွတ်တွေပဲ။ ( စွမ်းအားရှင်အချို့၊ ငွေပေးငှားလာသူအချို့ အပါအဝင် ) ၃။ ၂၀၀၅ ခုနှစ်၊ ဇွန်လကုန်ပိုင်း က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရုန်းကုန်းကျေးရွာရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းကို မီးရှို့ ဖျက်ဆီးလိုက်တာဟာလည်း ကြံ့ဖွတ်တွေပဲ။ ( ဒီဗွီဘီ၊ ၂၀၀၅-ဇူလိုင်-၂ ) ၄။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလမ်းလျှောက်နေတဲ့ ကာလအတွင်းမှာ သံဃာတော်များနဲ့ လူငယ်များကို မြို့နယ်အသီးသီးမှာ ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်ခဲ့ကြတာလည်း ကြံ့ဖွတ်အဖွဲ့ဝင် တွေပဲ။ ( စစ်တပ်၊ လုံထိန်း၊ စွမ်းအားရှင်များလည်း အပါအဝင် ) ၅။ ၂၀၀၉ ခုနှစ်၊ မေလ အတွင်း နာဂစ်မုန်တိုင်းတိုက်ခတ်ခံရတဲ့ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ ဒုက္ခသည်များထံမှ ပစ္စည်းများကို လုယက်သိမ်းပိုက်ကြတာလည်း ကြံ့ဖွတ်တွေပဲ။ ပြည်တွင်းပြည်ပက ပေးလှူကြတဲ့ အစားအသောက်နဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ကြားဖြတ်လုယူသိမ်းပိုက်တာဟာလည်း ကြံ့ဖွတ်တွေနဲ့အတူ နအဖ စစ်တပ်နဲ့ စွမ်းအားရှင်အချို့ လည်း ပါဝင်တယ်။ ဒီ ကြံ့ဖွတ်အဖွဲ့ဝင်တွေဟာ နဝတ၊ နအဖ စစ်အာဏာရှင်တွေ ခိုင်းသမျှသော အကြမ်းဖက်လုပ်ငန်းရပ်တွေကို လုပ်တဲ့နေရာမှာ သာမန်ပြည်သူတွေကို သာမက၊ ရဟန်းသံဃာတော်များ ကိုပါ အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီး၊ ညှဉ်းပန်းသတ် ဖြတ်တဲ့ အထိ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်ခဲ့ကြပါတယ်။ လိမ်ညာ၊ လုယက်၊ ခေါင်းပုံဖြတ်၊ မိုက်ကြေးခွဲ၊ ဖြတ်စားလာဘ်စား၊ အနိုင်ကျင့်စားတာတွေ ကတော့ ရေတွက်လို့ မရနိုင်အောင် များပြားလှပါတယ်။ ကြံ့ဖွတ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်များ ၁။ ဗိုလ်သန်းရွှေ ကြံ့ဖွတ် နာယက လည်းဖြစ်၊ နအဖ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဗိုလ်သန်းရွှေ ဟာ မြန်မာ့သမိုင်းမှာ အကောက်ကျစ် ဆုံး၊ အကြင်နာတရားအကင်းမဲ့ဆုံး၊ ပြည်သူလူထုကို အနှိပ်စက်ဆုံး၊ အညှဉ်းပန်းဆုံး၊ အသတ်ဖြတ်ဆုံး၊ နိုင်ငံတော် သယံဇာတ နဲ့ ဘဏ္ဍာတော်ငွေ အခိုးဝှက်ဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်လည်းမွဲ၊ ပြည်သူ တွေလည်း ဆင်းရဲဒုက္ခ ရောက်ကြရတယ်။ ထင်ရှားတဲ့ သာဓက အချို့ကို ကြည့်ပါ။ (၁) ကောက်ကျစ်စဉ်းလဲပုံ - - ၂၀၀၁ ခုနှစ်ဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ဆန်းဦး တို့မောင်နှမချင်း သွေးကွဲအောင်၊ အချင်းချင်း မုန်းတီးအောင်၊ နိုင်ငံတကာအလယ်မှာ ဒေါ်စု ဂုဏ်သိက္ခာကျအောင်၊ ဒေါ်စု စိတ်အနှောက်အယှက်ဖြစ် အောင် အိမ်အမွေမှုကို ဖန်တီးပြီး သွေးထိုးပေးတာ ဗိုလ်သန်းရွှေ ပဲ ဖြစ်ပါတယ်။ ( ၂၀၀၈ ခုနှစ်၊ ဇွန်လထုတ် ခေတ်ပြိုင်ဂျာနယ် ပါ ဦးအောင်လင်းထွဋ် ၏ ပြောကြားချက် ) ( ယခုတိုင် အိမ်အမွေမှု မပြီးသေးပါ။ ) - ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော ဝင်ရောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းခံနေရချိန်နဲ့ တရားစီရင်ချက်ချခါနီးအချိန်မှာ ဒေါ်စု ရဲ့မိခင်၊ ဒေါ်ခင်ကြည်ရဲ့ အမ၊ ဒေါ်ခင်ကြီး ရဲ့သား တစ်ဦးဖြစ်သူ ဦးခင်မောင်အေး က၊ “ ဒေါ်စုနေတဲ့ ခြံမြေတစ်စိတ်တစ်ပိုင်းကို ရောင်းထားပြီးပြီ၊ ကန့်ကွက်လို က ကန့်ကွက်ပါ ” ဆိုတဲ့ ကြေးမုံသတင်းစာပါကြေညာချက် ( ဒီဗွီဘီ၊ ၂၀၀၉-ဇူလိုင်-၂၈ ) ဟာလည်း ဗိုလ်သန်းရွှေ ရဲ့ ဒေါ်စု အပေါ်အကောက်ကြံမှု တစ်စိတ်တစ်ဒေသ ဖြစ်တယ်။ ( ၎င်းအမှုမှာ ယခုတိုင် ရင်ဆိုင်ရဆဲဖြစ် ) - နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့ မောင်ဝမ်းကွဲတော်သူ ဦးစိုးအောင် က သူ့ကို အိမ်ဝင်းအတွင်း မဝင်ဖို့ ဒေါ်စုက တားမြစ်တာကို မကျေနပ်လို့ တရားစွဲဆိုမှုအတွက် အနောက်ပိုင်းတရားရုံးက ဒေါ်စုအား ဒဏ်ငွေ ကျပ် ၅၀၀ ပေးဆောင်ရန်၊ မပေးဆောင်နိုင်ပါက ထောင်ဒဏ် ၇ ရက် ကျခံစေရန် အမိန့်ချမှတ်ပါတယ်။ ဒေါ်စုက “ ဒဏ်ငွေမဆောင်ပဲ ထောင်ကျခံမယ် ” လို့ ပြောတဲ့အတွက် တရားရုံးက အမှုကို ရုပ်သိမ်းလိုက်ပါတယ်။ ( ဧရာဝတီ၊ ၂၀၀၃-ဖေဖေါ်ဝါရီ-၂၁ ) - ၂၀၀၉ ခုနှစ်၊ မေလတွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်ခါနီးမှာ မလွတ်စေချင်လို့ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်ထော နဲ့ အပေးအယူလုပ်ပြီး၊ ကန့်သတ်ချက်များကို ဒေါ်စု ချိုးဖေါက်တယ် ဖြစ်အောင် အကွက်ဆင်ပြီး နောက်ထပ်အကျယ်ချုပ်သက်တမ်းတိုးအောင် လုပ်တာလည်း ဗိုလ်သန်းရွှေ ပဲဖြစ်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဗိုလ်သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည် အပေါ် နလံမထူနိုင်အောင် အကောက်ကြံနေတယ် ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ (၂) ပြည်သူတွေကို နှိပ်စက်ညှည်းပန်းသတ်ဖြတ်ပုံများ - ဗိုလ်သန်းရွှေ ဟာ မြန်မာ့သမိုင်းမှာ ပြည်သူတွေကို အနှိပ်စက်ဆုံး၊ အညှဉ်းပန်းဆုံး၊ အသတ်ဖြတ်ဆုံး လူတစ်ယောက် ဖြစ်ပါတယ်။ အထင်ရှားဆုံး သာဓက တစ်ခုမှာ ၂၀၀၇ ခုနှစ်၊ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်း လမ်းလျှောက်နေတဲ့ ကာလမှာ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဟာ သာမန်ပြည်သူတွေကို သာမက၊ မြန်မာ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အထိပ်ထားပြီး ကြည်ညိုကိုးကွယ်ကြသည့် အနန္တောအနန္တ ဂိုဏ်းဝင် ရဟန်းသံဃာတော်များကိုပါ လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးရှိ လူမျိုးခြား၊ ဘာသာခြားများကပါ ဗိုလ်သန်းရွှေ ကို ဓမ္မ န္တရာယ်ကောင် အဖြစ် အကြီးအကျယ်ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ (၃) လူသားချင်း စာနာစိတ်ကင်းမဲ့ပုံများ - ဗိုလ်သန်းရွှေ ဟာ သူတစ်ပါးအပေါ် သနားစိတ်၊ ညှာတာစိတ်၊ ကိုယ်ချင်းစာစိတ် လုံးဝ မရှိပါ။ အထင်ရှားဆုံး သာဓကတစ်ခုမှာ - ၂၀၀၈ ခုနှစ်၊ မေလ က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအတွင်း ဧရာဝတီတိုင်း အတွင်းရှိ ဒုက္ခသည်များကို - (၁) အချိန်မီ ကယ်တင်ခြင်းမရှိ၊ ကယ်တင်မည့်သူများကိုလည်း ဟန့်တားချုပ်ခြယ်ကန့်သတ်ခြင်း၊ (၂) နိုင်ငံတကာက ပေးပို့တဲ့ အစားအသောက်၊ ကယ်ဆယ်ရေးပစ္စည်းများနဲ့ ကယ်ဆယ်ရေးအဖွဲ့များကို လက်မခံပဲ ငြင်းပယ်ခြင်း၊ (၃) အချို့လက်ခံသော ပစ္စည်းများကိုလည်း ဒုက္ခသည်များထံ အချိန်မီဖြန့်ဖြူးမပေးခြင်း၊ (၄) ပြည်တွင်းမှ အလှူရှင်များ၏ လှူဒါန်းပစ္စည်းများကိုလည်း လွတ်လပ်စွာ ပေးလှူခြင်းမပြုနိုင်ရန် အမျိုးမျိုးဟန့်တားခြင်း၊ (၅) နိုင်ငံတကာမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းအချို့ကို ကြားဖြတ် သိမ်းယူခြင်းများကို လူသားမဆန်စွာ ပြုလုပ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဗိုလ်သန်းရွှေ ဟာ သူတစ်ပါးအပေါ်မှာ သနားကြင်နာ ကိုယ်ချင်းစာခြင်းမရှိဘူး ဆိုတာ ထင်ရှားနေပါတယ်။ (၄) နိုင်ငံတော် သယံဇာတ နဲ့ ဘဏ္ဍာတော်ငွေတွေကို ခိုးယူပုံများ - ဗိုလ်သန်းရွှေ ဟာ နိုင်ငံတော်သူခိုးဂိုဏ်းချုပ်ကြီး လို့ ပြောရင် မှားမယ် မထင်ပါဘူး။ သူဟာ နိုင်ငံတော်ပိုင် သယံဇာတ နဲ့ ဘဏ္ဍာတော် ငွေတွေကို အလုံးအရင်းနဲ့ နှစ်ပေါင်းများစွား ခိုးယူပြီး၊ နိုင်ငံခြားရှိဘဏ်ပေါင်းများစွာမှာ လျှို့ဝှက် အပ်နှံထားပါတယ်။ သာဓကများမှာ - - ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရှိ ဘဏ်များစွာမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင်ပေါင်း ( ၅၃၈ ) ယောက်ထဲမှာ ဗိုလ်သန်းရွှေ နဲ့ မိသားစု ( ၁၅ ) ယောက် ပါဝင်ပါတယ်။ ( မိုးမခ၊ ၂၀၀၉-သြဂုတ်-၁၅ ) - အင်္ဂလန်နိုင်ငံရှိ ဘဏ်တွေမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင် ( ၅၁၅ ) ယောက်ထဲမှာ ဗိုလ်သန်းရွှေ နဲ့ မိသားစု ( ၁၃ ) ယောက် ပါဝင်ပါတယ်။ ( ခေတ်ပြိုင်၊ ၂၀၀၉-မတ်-၂၃ ) - သြစတြေးလျှနိုင်ငံရှိ ဘဏ်တွေမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင် ( ၄၆၄ ) ယောက်ထဲမှာလည်း ဗိုလ်သန်းရွှေ နဲ့ မိသားစု ( ၁၃ ) ယောက် ပါဝင်ပါတယ်။ ( Reserve Bank of Australia, 2008-10-22 ) - ကနေဒါနိုင်ငံရှိ ဘဏ်တွေမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင် ( ၄၀ ) ထဲမှာကတော့ ဗိုလ်သန်းရွှေ တစ်ယောက်တည်း တွေ့ရပါတယ်။ ( www . Canada Burma.org ) - စင်ကာပူနိုင်ငံရှိ Overseas Chinese Banking Corporation ( OCBC ) နဲ့ DBS Group တို့မှာ လျှို့ဝှက် အပ်နှံသူ နာမည်အတိအကျမပါပေမယ့်၊ “ သဘာဝဓါတ်ငွေ့ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ( ၄,၈၃၀ ) သန်း ကို စစ်အစိုးရက နာမည်မျိုးစုံနဲ့ လျှို့ဝှက် အပ်နှံထားကြောင်း၊ ဒေါ်လာ ( ၂၉ ) သန်း ကိုသာ နိုင်ငံတော်ဘတ်ဂျက်စာရင်းမှာ ဖေါ်ပြ ထားကြောင်း ” ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်း၊ သတင်းစာရှင်းလင်းပွဲမှာ Earth Rights Internat-ional ( ERI ) အဖွဲ့က တရားဝင် ထုတ်ပြန်တဲ့ စာရင်းမှာ တွေ့ရပါတယ်။ ( အာရ်အက်ဖ်အေ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ မဇ္ဈိမ၊ ဧရာဝတီ၊ ၂၀၀၉-စက်တင်ဘာ-၁၀ ) အခု နောက်ဆုံး ၂၇-၁၀-၂၀၁၀ ရက်နေ့၊ ဧရာဝတီ သတင်းတစ်ပုဒ်အရ ဗိုလ်သန်းရွှေ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တရုတ်ပြည်ခရီးစဉ်အတွင်း၊ တရုတ်ပြည်-ပီကင်းမြို့မှာ အမေရိကန်ဒေါ်လာ သန်း ( ၅၀ ) တန် နေအိမ် ၅ လုံး ဝယ်ယူခဲ့ကြောင်း ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီ ဒေါ်လာ သန်း ( ၅၀ ) ဟာ သူ ခိုးဝှက်ထားတဲ့ ငွေတွေပါပဲ။ ( ဗိုလ်သန်းရွှေ ဟာ တရုတ်ပြည်ရှိ ဘဏ်တွေမှာ နိုင်ငံတော်ပိုင်ငွေတွေကို ခိုးဝှက်အပ်နှံထားတယ် ဆိုတာ ထင်ရှားနေပါပြီ။ ) အထက်ပါ သာဓက အထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် ကြံ့ဖွတ် နာယက၊ နအဖ ဥက္ကဋ္ဌ ဆိုတဲ့ ဗိုလ်သန်းရွှေ ဟာ နိုင်ငံခေါင်းဆောင် အမည်ခံပေမယ့်၊ အမှန်ကတော့ နိုင်ငံသစ္စာဖေါက်၊ ပြည့်သူ့သစ္စာဖေါက်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို လူဆိုးသူခိုးမျိုးက နိုင်ငံခေါင်းဆောင်အဖြစ် ဆက်လက်အုပ်ချုပ်ပါက နိုင်ငံမှာ ပိုပြီးဆုတ်ယုတ်ပျက်စီးပြီး၊ ပြည်သူတွေ ပိုလို့ ဆင်းရဲဒုက္ခရောက်မှာ သေချာပါတယ်။ ဒါကြောင့် .. မကြာမီ မြန်မာနိုင်ငံကို လူဆိုးသူခိုးတွေ ကြီးစိုးတော့မယ့်အခြေအနေရှိကြောင်း တင်ပြလိုက်ရ ပါတယ်။ (Photo Design - From Facebook, Aung Moe Win) |
{ သားသားကို သိပ်ချစ်တဲ့ အန်တီဆွေ ပါ။ ရန်ကုန်မြို့  ဒဂုံ သက္ကသိုလ် ပထ၀ီဝင် ဌာနက (နည်းပြ)ပါ။ ဒါပေမဲ့ လူဘ၀မှာ အခု့  မရှိတော့ပါဘူး ( ၁.၃.၂၀၀၆ ) နေ့ က ဆုံးသွားပါပြီ။}
{သားသားကို သိပ်ချစ်တဲ့ လေးကျော် ပါ။ ဒါပေမဲ့ လူ့ ဘ၀မှာ မရှိတော့ပါဘူး (၂၄.၁၀.၀၉) နေက လူဘ၀ကြီးကနေ အပြီးတိုင်ခွဲသွားပါပြီ။}