
ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသော နိုင်ငံပေါင်းစုံမှ လုပ်အားပေးများ။
ဒဏ်ရာရသူများထဲတွင် ကလေးများလည်း ပါဝင်သည်။
နိုင်ငံစုံမှ ဆေးပညာရှင်များက အသက်မသေဘဲ ကျန်ရစ်သူများကို ကုသမှု ပေးနေကြပုံ။
နံရံကိုကပ်ပြီး နားစွင့်ကာ အဆောက်အအုံပျက်များအတွင်း အကူအညီတောင်းဆိုသံများ ရှိမရှိ စူးစမ်းနေသူများ။ ပိတ်မိနေသူတို့အား ရှာဖွေစဉ် အသံဆူညံခြင်း မပြုရန် အချက်ပေးနေသူတဦး။ ငလျင်ကြောင့် သေဆုံးသူတချို့။ ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်း ၄ သောင်းကျော်ကို မြှုပ်နှံပြီး ဖြစ်သည်ဟု ဟေတီ ပြည်ထဲရေး ၀န်ကြီးက Reuters သတင်းဌာနသို့ ပြောသည်။
နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်အားပေးများက ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက် အနံ့ခံခွေးများကို ယူဆောင်လာကြသည်။
အနံ့ခံခွေးတို့၏ အကူအညီဖြင့် အသက်မသေဘဲ ကျန်ရစ်သူများ၊ သေဆုံးသွားသူများကို ပိုမို လျှင်မြန်စွာ ရှာဖွေတွေ့ရှိသည်ဟု ဆိုသည်။
ရုပ်အလောင်းများအနီးမှ ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေသော လုပ်အားပေးတဦး။ အဆောက်အဦးပျက်အနီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ဟေတီနိုင်ငံသားများ။
ယာယီဒုက္ခသည်စခန်းအတွင်းမှ ဟေတီမိသားစု တစု။ အပျက်အစီးများကို ဖယ်ထုတ်နေသော ဟေတီအမျိုးသား တချို့။
နယူးယောက်တွင် ဟေတီငလျင် အလှူငွေ ရရှိရေး လှုံ့ဆော်နေသော အမေရိကန် အနုပညာရှင် David Blaine နှင့် ပြင်သစ် အမျိုးသမီး အဆိုတော် Alizee Guinochet ဘိုလီးဗီးယား အစိုးရကလည်း ဟေတီငလျင်ဒုက္ခသည်များအတွက် သွေးလှူဒါန်းမှု အစီအစဉ်များကို ၎င်းတို့၏ နိုင်ငံတွင် ချက်ချင်း အကောင်အထည်ဖော်နေသည်။
အမေရိကန် လေယာဉ်တင် သင်္ဘောမှ ထွက်ခွာသွားသည့် ရဟတ်ယာဉ်များ။ ထိုရဟတ်ယာဉ်များက ငလျင်ဒဏ် အကြီးအကျယ် ခံလိုက်ရသည့် ပို့အော်ပရင့်စ်မြို့တော်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။