{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Saturday, November 22, 2008

The Blog affect.( Click)

( ဒီနားမှာ ထားတဲ့ ကျွှန်တော် တို့  သားအဖနှစ်ဦး ရေကူနေတဲ့ပုံ ပြောက်သွားပါသည်။ )
- ကျွှန်တော် အခု့ တလေား စိတ်တွေ လောကြီးနေသည်။ အကြောင်းက မိတ်ဆွေတစ်ယောက် ဇတ်လမ်းစပြီး ဟုတ်သလိုလို လုပ်သွားတဲ့ ကိစ္စ မိတ်ဆွေကလဲ ဟိုအဝေးမှာ ဆိုတော့ ဒီအင်တာနက်ပဲ အားကိုပြီး တစ်နေ့ တစ်နေ့  ထိုင်စောင့်နေရတော့ စိတ်တွေတိုပြီး အရာရာဖြစ်ချင်ဇောနဲ့  လောကြီးပြီး လုပ်မိနေသည်။ သတိလက်လွတ်ပြီး ဖြစ်ချင်တာတွေ စွတ်လုပ်နေတာတော့ မဟုတ် - တကယ်ကို ဖြစ်ချင်ဇောနဲ့  မြန်မြန်ဇောနဲ့  လောကြီးပြီး လုပ်မိနေခြင်းသာဖြစ်သည်။
- ကျွှန်တော် တို့  ဘ၀ဟာ တစ်ခါတစ်လေမှာ မျှော်တော်ဇောနဲ့  မောနေရတဲ့ ဘ၀အခြေအနေပါလားလို့  ပိုပိုပြီး သဘောပေါက်လာရတယ်။ ကိုယ့်ရဲ့  ကုသိုလ်ပဲ နဲခဲ့လို့ လား၊ ကိုယ့်ရဲ့  ရှေဘုန်းရှေကံပဲ နဲခဲ့လို့ လား၊ ကိုယ့်ရဲ့ ဘ၀ကံကိုပဲ ဆိုးခဲ့လို့ လားတော့ မပြောတတ်ပါ။ ဟုတ်မလို လို၊ ဟုတ်မလို လိုနဲ အဟောသိကံ ဖြစ်ပြီးတော့ပဲ ကျန်ခဲ့ရတဲ့ အနေအထားတွေနဲ့ ပဲ ကြုံနေရတာများလှပါတယ်။ တခါတလေမှာ (Mr.BEAN) ကတောင် အဖေ ခေါ် ရလောက် အောင် ကျွှန်တော် စိတ်တွေ ဥဒ္ဒိစ္စတွေနဲ့  ဇဝေဇ၀ါဖြစ် ဖြစ်သွားရတယ်။
( ဒီနားမှာ ထားတဲ့ Mr.BEEN ပုံ ပြောက့်သွားပါသည်။ )
- ဒါပေမဲ့လဲ ကျွှန်တော့်မှာ အားကိုစရာစူပါမင်း တစ်ယောက်က ဘွားဆိုပေါ်လာတယ်။ အဲဒီ ဆရာသမားကို လေးစားတယ်၊ လေးစားရတဲ့ အကြောင်းက ဆရာသမားက ပညာ စုံတယ် ၊ ဘ၀ စုံတယ်၊ တရား ပြည့်တယ်။ ဒါကြောင့် ကျွှန်တော့် စိတ်ကို လမ်းဖြောင့်ပေးနိင်တယ်။ ကျွှန်တော် ငယ်ငယ်ကတည်းက ဖြတ်သန်းခဲ့တဲ့ ဘ၀ စရိုတ်လက္ခဏာတွေဟာ ယနေ့ အထိ အဲဒီ ဆရာသမားကို အနည်းအကျဉ်းတောင် မမှီဘူး ။ အဲဒီ ဆရာသမားက ယခု့  လက်ရှိ ကမ္ဘာမြေပေါ်မှာ ရှင်သန်နေတယ်၊ ကောင်းကင် စင်္ကြာဝဠာကြီးထဲမှာ ပျံသန်းနေတယ်။ ခင်ဗျားတို့  ကျွှန်တော် တို့  အတွက် နေစဉ် အသက်ရှင်လျှက် ရှင်သန်နည်းပေါင်း မြောက်များစွာကို ပေးနေတယ်။


- ကျွှန်တော် ပြောတာကို အခြေခံ ဘ၀ တူတွေတော့ နာလည်းလွယ်မယ် ထင်ပါတယ်။ ကျွှန်တော် ညွှန်းတဲ့ ဆရာသမားကိုတော့ ခင်ဗျားတို့  စာများများဖတ်နေရင်တွေ့  ကြရမှာပါ။ အဲဒီ့ ဆရာသမားရဲ စာတွေကို ဖတ်ပြီး ခင်ဗျားတို့  တွေ အင်အားတွေရှိပြီး ဘ၀တွေကို ပိုမိုနားလည်လွယ်ကြမယ်လို့ လဲ ယုံကြည်ပါတယ်။ ကိုယ်လျှောက် နေတဲ့ ၀ိုးတိုး ၀ါတားလမ်းတွေကိုလည်း ပြန်လည်ပြီး တည့်မတ်အောင် ထိန်းကျောင်းနိင်လိပ်မည်လို့ လည်း ယုံကြည်ပါတယ်။ သူကတော့ မွေးရာပါ ဆရာဂုဏ်နဲ့  ပြည့်စုံသူပါ။
- ဘာဖြစ့်လို့ လဲဆိုတော့ ကျွှန်တော့် မိတ်ဆွေ ဇတ်လမ်းစလိုက်တဲ့ ကိစ္စက အချိန်ပိုင်း အတွင်မှာကို စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်ဖြစ်ရအောင် စွဲစောင်နိင်ခဲ့တော့ စားမ၀င်အိပ်မပျော်ဖြစ်ပြီး ကျန်းမာ ရေး ထိခိုက်လာလို့  အခု့ န ကျွှန်တော့် ဆရာသမားရဲ့  ဘ၀ရဿ စာလေးတွေ ဖတ်ပြီး ကျွှန်တော် တို့  မိသားစု့  ဒီညနေ အိမ်နားက ကမ်းခြေမှာ လမ်းလျှောက်ထွက်ရင် ပင်လယ်ထဲ သားသား နဲ့  ဆော့ကစားနေတဲ့ ပုံလေးပါတွဲ တင်လိုက်ပါတယ်။
- ဆရာသမားတို့ တတွေအားလုံးလည်း ( The Blog affect.) ကို သတိလေးထားပြီး မိမိ၏ ကျန်းမာရေး ကို လည်း ဂရုစိုက်ဖို့  ဒီနေရာလေးမှနေပြီး တိုက်တွန်းနိုးဆော်လိုက်ပါသည်။ ။
( ကျွှန်တော် ဆရာသမားစီကို အပေါ်ခေါင်စီးက(Click)ကိုနိုပ့်ပြီး အလယ်သွားလို့ ရပါတယ် ခင်ဗျာ)
´