Friday, September 26, 2008
သေချင်လောက်အောင် အထိ ကံဆိုးနေစမ်းပါစေ။ ၀သဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်
ရဝေနွယ်( အင်းမ)
၁။ ''၀သဘ ၏ သာမန်ဘ၀''
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင်
သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့
တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘ အမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့
ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက
သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့သူအားလုံးကို သတ်စေလို့ မိန့်ပါတော့တယ်။
PDF created with pdfFactory Pro trial version www.pdffactory.com
၂။ အသက်ဘေးက လွတ်ပြီ။
ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေနေတဲ့ ၀သဘ ကို မင်းဆီအပ်ဖို့ မိန်းမလုပ်သူကို
ပြောပါတယ်။ သူရာထူးတိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက
ဝသဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ခေါ်သွားတာ
ဆိုတာကို သိတဲ့စစ်သူကြီးကတော်က ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့
ကွမ်းကို ထည့်ပေးလိုက်ပါတယ်။
စစ်သူကြီး နန်းတော်တံခါးဝရောက်လို့ ကွမ်းစားမယ်လုပ်တော့ ထုံးပါမလာတာတွေ့ပြီး
ဝသဘကို အိမ်ပြန်ထုံးယူစေပါတယ်။ ၀သဘက အိမ်ရောက်တော့ စစ်သူကြီးကတော်က
သူ့အကြံအစည်အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ '' ၀သဘ၊ သင့်ဦးကြီးက သင့်ကို
မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ''
ဆိုပြီး ထွက်ပြေးခိုင်းလိုက်ပါတော့တယ်။
၃။ စစ်သည်စုရုံးပြီ။
ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။
ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှုထားပါတယ်။
ဒီလိုနေရင်နဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကို ကြည့်ပြီး ''
သင်.. မင်းဖြစ်လိမ့်မယ် '' လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ ၀သဘဟာ
ဝမ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိရှိတဲ့နောက်လိုက်ယောက်ျားတွေကို စုရုံပါတယ်။ အတော်အတန်
စုမိတော့ '' မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည် '' ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး
မြို့စွန်ရွာစွန်ကစပြီး သိမ်းပါတယ်။ လိုရင်းပြောရရင်တော့ နောက်ဆုံးမှာ ၀သဘ
မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။
၎။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့
ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ
ဘယ်နှနှစ်လောက် နန်းစံရမလဲ ဆိုပြီး တွက်ခိုင်းပါတော့တယ်။ ဟူးရားပညာရှိတွေက
တွက်ချက်ပြီး '' ၁၂ နှစ် နန်းစံရမယ် '' လို့ ဟောလိုက်ပါတယ်။ ၀သဘမင်းက
ဟူးရားပညာရှိတွေကို အသပြာ၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး
ပြန်လွှတ်လိုက်ပါတယ်။
၅။ ကုသိုလ်တွေ ပြုပြီ။
အဲဒီနောက် ၀သဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး ''
အရှင်ဘုရားတို့၊ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှုများ မရှိဘူးလား ဘုရား .. ''
လို့ လျှောက်ထားပါတယ်။
ဒီတော့ သံဃာတော်တွေက -
PDF created with pdfFactory Pro trial version www.pdffactory.com
'' ၀သဘမင်းမြတ် ၊
၁။ ရေစစ်လှူပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ် '' လို့ မိန့်လိုက်ပါတယ်။
ဝသဘမင်းလည်း ရဟန်းတော်တွေလမ်းညွှန်တဲ့အတိုင်း ကောင်းမှုတွေပြုပါတယ်။
စာထဲမှာတော့ ၀သဘမင်းပြုတဲ့ကုသိုလ်တွေကောင်းမှုတွေ အများကြီးပဲ ပြထားတယ် (
စာရှည်နေမှာစိုးလို့ ရေးမပြတော့ဘူး။ )
လိုရင်းပြောရရင်တော့ ၀သဘမင်းဟာ ( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ်
နန်းစံခဲ့ရပါတယ်။
၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ
ဒီ ၀တ္ထုမှာ အဓိက ပြောချင်တာကတော့ ၀သဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာ
နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ ၄၄-နှစ်တောင်
နန်းစံခဲ့ရပါတယ်။ အပိုကြေးအနေနဲ့ ၃၂နှစ် နန်းစံသက်ပိုရခဲ့ပါတယ်။
ဝသဘမင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်းကုသိုလ်တွေပါ။
သူ့အနေနဲ့ကတော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။ အဲဒီကုသိုလ်-၆မျိုးကို
အောက်ပါလင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။
ဗဟုသုတ အဖြစ်ပေါ့။
ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်
'' ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှု ၆-အင်
အခွင့်စိုက် ပြုလိုက် ထာဝစဉ်။ ''
ဝသဘမင်းကတော့ သူနဲ့ အသုံးတည့်မယ် အသက်ရှည်ကြောင်း ကုသိုလ်တွေကို
ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။
၇။ သင်နှင့် ကောင်းကံ ဆိုးကံ
အခု စာဖတ်သူတွေကတော့ တခြားသော ဘ၀လိုအပ်ချက်တွေ တခြားသော
အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။
-- လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
PDF created with pdfFactory Pro trial version www.pdffactory.com
-- စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ
ကံဆိုးနေစမ်းပါစေ။ ၀သဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက်
ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။
၈။ ဘယ်လိုပြုပြင်မလဲ ...
အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ.. ?
အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်။
တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ်
၅မျိုးနဲ့ နေ့စဉ်ပြုပြင်ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ '' နင်နေ ငါသွား '' ဖြစ်သွားပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ
တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။
၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
၉-၁။ ဒါန
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။
ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း
ကပ်လိုက်မယ်ဆိုလည်း ဒါနဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက
လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို
ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ်လောက်နဲ့တော့
မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ်စာလောက်
စာကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့မျှတဲ့ ဒါနဖြစ်နေတာပါ။
PDF created with pdfFactory Pro trial version www.pdffactory.com
၉-၂။ သီလ
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက်
ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်းလိုက်နိုင်တယ်ဆိုရင်ပဲ တော်တော်
လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို
စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း
ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။
၉-၃။ ဂုဏ်တော်
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို
ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ ...
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
လို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့
ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ
ပါလိမ့်မယ်။
၉-၄။ မေတ္တာ
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့
သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာအတွေးများစာအုပ်မှာလည်း ပွားပုံ
ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။
မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာတော့ ပထမ
ကိုယ့်အပေါ်ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း
ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်းနတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ်ကစပြီး၊
လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်တွေအားလုံး
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ... စသည်ဖြင့်ပေါ့လေ။
၉-၅။ ၀ိပဿနာ
PDF created with pdfFactory Pro trial version www.pdffactory.com
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ
သန်ရာ ကိုယ့်အာစရိယ၀ါဒအတိုင်း မှတ်ယူလို့ရပါတယ်။
( မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့
အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-
လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင်
ဝင်လာသည်ဟုသိပေး၊ ထွက်လေထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို
ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမလေ့ကျင့်ကြလျှက် ၇ရက်စခန်း-
၁၀ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ကြိုးစားကြသင့်ပေသည်။ )
၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ
ကဲ ... စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။
၁၀-၁။ အိပ်ရာထ
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှ
မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။
ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )
အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်းလုပ်နိုင်လောက်မယ် ထင်ပါတယ်။
( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံးပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ခွန်အားအလိုက်
သဒ္ဓါတရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု
နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက်
ကျက်သရေရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ
ကုသိုလ် ၅မျိုးပြုပြီးမှ မိသာစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။
၁၀-၂။ နေ့လည်
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့အခါ ဆန်လက်တစ်ဆုတ်စာယူပြီး ခြံရှေ့မှာ
ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။
ကျွေးပြီးသွားရင် အဆစ်အနေနဲ့ '' ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုးကိုလည်း
အမျှပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု '' ဆိုပြီး
နတ်ကောင်းနတ်မြတ်များနဲ့တကွ ဝေနေယျအပေါင်းကို အမျှပေးဝေလိုက်ပါဦး
PDF created with pdfFactory Pro trial version www.pdffactory.com
၁၀-၃။ ညပိုင်း
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း
ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ
ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ်ထပ်လုပ်လိုက်ပါဦး
၁၁။ နေ့စဉ်ပြုအပ်သည်
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။
တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍
လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ
မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ်အင်အားကောင်းလာတာနဲ့အမျှ ကုသိုလ်အင်အားကို
ကြည့်ပြီး လန့်ပြေးသွားမှာပါ။
ဒါက ကံဆိုးနေတဲ့သူတွေကို ပြောတာပါ။
ကံကောင်းနေတဲ့သူတွေ အတွက်လည်း အမြဲတမ်းကံကောင်းနေအောင် ကုသိုလ်၅မျိုး
နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။
ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင်လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘဝ
စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။
၁၂။ ဒုက္ခကြံရင် သစ္စာဆို။
ဒီကုသိုလ်၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု
အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ်အတွင်းမှာပဲ ဘ၀အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို
ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ်အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို
တိုင်တည်ပြီး သစ္စာဆိုလို့လည်း ရပါတယ်။
'' ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းနတ်မြတ်များကိုလည်း
နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော
အခက်အခဲများ ပြေပျောက်ပါစေသတည်း။ နတ်ကောင်းနတ်မြတ်တို့က ကူညီမစတော်မူပါ ''
စသည်ဖြင့်ပေါ့လေ.....
၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
PDF created with pdfFactory Pro trial version www.pdffactory.com
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ်
တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က
ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ ... ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့
တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့လုံးဝမပျော်တဲ့အဆင့် ချက်ခြင်း
ထလုပ်လိုက်မှ အိပ်ပျော်တယ်အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် ...
ကဲ .... စာဖတ်သူ ... ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။
ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ်ပြုပြင်လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
- မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်
http://kabarmakyay.blogspot.com/
(မှ အများကုသိုလ်ပြုနိင်ကြရန် အတွက် ကူယူဖေါ်ပြပါသည်။)
Wednesday, September 24, 2008
သာသနာ လူစွမ်းကောင်း အာဇာနည် တစ်ပါး။



- ကျွှန်တော် ရင်ထဲးမှာ မိဘက သားသမီးကို မေတ္တာ ဂရုဏာ အပြည့်နဲ ကြည့်နေတဲ့ သဏ္ဌန်မျိုးပေါက်နေပါတယ်
- ပြီတော့ ရေခြားမြေခြား နိင်ငံခြား လူမျိုးခြား ဘာသာခြား နိင်ငံခေါင်းဆောင် ဇနီးမောင်နှံနှင့် အဖွဲ့ က ဘာဖြစ့် လို့ များ မြန်မာနိင်ငံသား ဗုဒ္ဓဘာသာ ရဟန်တော် အရှင်ကေားဝိဒ ကိုယ်တော်မြတ်ကို ဘာအတွက်ကြောင့် အကျွမ်းတ၀င် လက္ခံ စကားပြေားနေတာပါသလည်း။
- အဖြေက ရှင်းရှင်းလေးလို့  ထင်မိပါတယ် ရေခြားမြေခြား ဘာသားခြား လူမျိုးခြားသေား နိင်ငံခေါင်းဆောင် ဇနီးမောင်နံ နှင့် အဖွဲ့ က မေတ္တာစိတ်ရင်အခံရှိလို့  အရှင်ကေားဝိဒ အပါအ၀င် ဗုဒ္ဓဘာသာ ရဟန်သံဃာတော် တွေ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ အားတွေအင်တွေ အပြည့်အ၀ရှိကြရအောင် ဗုဒ္ဓ သဿနာတော် နှင့် တကွ မြန်မာ ပြည်သူပြည်သားအားလုံးအပေါ်မှာ တကဲ့စေတနာ မေတ္တာအမှန်ဖြင့် ချစ်ခင်လေးစားကြောင်းကို သက်သေပြလိုက်ခြင်း ဖြစ့်ပါသည်ဟု့  မြင်ပါသည်။
- တယူသန်ပြီး အယူဝါဒ အစွဲးကြီးနေကြသေား လူပုဂ္ဂိုလ်များ အမြင်မှန်ရသင့်သေား အချိန်ကာလ တခု့ ဖြစ့်ကြောင်း သတိပေးအပ်ပါသည် ။
- " ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု "
Monday, September 22, 2008
ဆိုင်ဘာမှသုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်
တေဇာတေ
တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ .. ။ ဘာလို့သူများ password ကို သိချင်ကြမှန်းမသိဘူး .. ။ ဘာမှ ကောင်းကျိုးမရှိဘူး ။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ .. ။ ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ .. ။ အင်း ...အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။
အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ ... ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။
ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc(or)Ctrl+Atl+
အချက်အလက်တွေကိုရီကော့လုပ်တာလဲ
မိတ်ဆွေတစ်ယောက်ကကျောက်မြောင်း
Sunday, September 21, 2008
Friday, September 19, 2008
စိုးနေလင်း
ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုက တရားဝင် ရွေးကောက်တင်မြှောက်ခဲ့တဲ့ လူထုက အုပ်ချုပ်ခွင့် အခွင့်အာဏာ ပေးထားခဲ့တဲ့ တရားဝင်အစိုးရ (dejure government) တရပ် မရှိခဲ့တာ အခုဆို ၄၆နှစ်ရှိခဲ့ပါပြီ။ ရာစုနှစ်ထက်ဝက်နီးပါးကို တရားဝင်မဟုတ် လူထုက အခွင့်အာဏာ ပေးထားတာမဟုတ်တဲ့ အစိုးရ (defacto government) တနည်းအားဖြင့် စစ်အာဏာရှင်တွေ လက်လွှဲလက်ပြောင်းလုပ် မတရားအုပ်ချုပ်တာကို ခံခဲ့ကြ ရ၊ ခံနေကြရဆဲ ဖြစ်ပါတယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို အဖောက်ဖောက် အပြန်ပြန် အလွဲသုံး စားပြုထားရုံသာ မဟုတ်ဘဲ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင် သတင်းစာနဲ့ စာနယ်ဇင်း မီဒီယာတွေ အားလုံးရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးပြီး ပြည်သူတွေကို နား မျက်စိပိတ်၊ တိုင်းပြည်ကို သံမဏိကန့်လန့်ကာ နောက် ပိတ်ဆီးကာရံထားခဲ့တာ ကာလကြာလာတာနဲ့အမျှ တိုင်းပြည်ရဲ့ အခြေခံစီးပွားရေး အဆောက်အအုံ ကြီး အမှားမှား အယွင်းယွင်းနဲ့ ချွတ်ခြုံကျဖြစ်ခဲ့ရပါတယ်။
အဲဒီတော့ တခြား ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေဟာလည်း ချို့ယွင်းအား နည်း တစစ ပျက်စီးယိုယွင်းလာခဲ့တယ် ဆိုတာကတော့ သာမန်တွေးခေါ်နိုင်စွမ်းရှိတဲ့ သူတွေတောင် မြင်သာ ထင်ရှား ဖြစ်ခဲ့ပါပြီ။ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတဲ့သူတိုင်း ကြေကွဲဝမ်းနည်းမဆုံး နှမျော တသ ယူကျုံးမရ ဖြစ်မဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအဆိုးသံသရာကြီးဟာ မပြီးဆုံးသေးပါဘူး။ အဆုံးစွန် ဆုံး ပျက်သုဉ်းမှုဆီကိုတောင် ဦးတည်စပြုနေပြီလို့ ပြောလို့ရနေပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာရဲ့ အဓိကလက်သည် တရားခံကတော့ တိုင်းပြည်ကို ခုထိ အတင်းအဓမ္မ အုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဓိက တရားခံကိုပဲ ကျနော် ဆိုလိုတာပါ။ တခြားဆက်နွယ် တရားခံတွေ၊ ကြံရာပါတွေ၊ ချို့ယွင်းအားနည်းချက် တွေလည်း အများကြီးရှိနေမှာပါ။ ဒါတွေကိုလည်း ပညာရှင်တွေ၊ စာရေးဆရာ ကဗျာဆရာတွေ၊ နိုင်ငံရေးသ မားတွေက အခါအခွင့်သင့်တိုင်း ဝေဖန်သုံးသပ် ထောက်ပြခဲ့ကြပါတယ်။
ကျနော်ကတော့ ကိုယ့်အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံရေး ဖြစ်စဉ်တွေကို တစေ့တစောင်း စောင့်ကြည့် လေ့လာရင်း၊ တခြားနိုင်ငံတကာ နိုင်ငံရေးအလှည့်အပြောင်းနဲ့ ဖြစ်စဉ်တွေကို စိတ်ဝင်တစား ဖတ်ရှူလေ့လာ ရင်းနဲ့ ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာအတွက် စိတ်မသက်မသာ ဖြစ်ရသလို မခံချိမခံသာလည်း ဖြစ်နေ မိပါတယ်။ တကယ်တော့ တိုင်းပြည်တပြည်ကို အုပ်စိုးနေတဲ့ အစိုးရနဲ့ အဲဒီအစိုးရကို ကျောထောက်နောက်ခံ ပေး ထားတဲ့ စစ်တပ်၊ ရဲနဲ့ အကျဉ်းထောင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သိပ်အရေးကြီးပါတယ်။
ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စံနစ်ကို စတင်ကျင့်သုံးပြီး ဒီမိုကရေစီ အစိုးရတရပ်နဲ့ ဒီမိုကရေစီ နိုင်ငံတခုအ ဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်လာခဲ့တာ နှစ်ပေါင်း (၇၆) နှစ်ရှိခဲ့ပါပြီ။ ကြားမှာ ဒီမိုကရေစီလမ်း ကြောင်းကနေ တိမ်းစောင်းသွေဖီ ပျက်ယွင်းသွားတာ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ဒီမိုကရေစီစံနစ်ရဲ့ အဆင့်အခြေအ နေတရပ်ကနေ နိမ့်ကျတဲ့ အဆင့်အခြေအနေတရပ်ကို လျှောကျခဲ့ရဖူးခဲ့ပြီ။ ဒါပေမယ့် တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့ရော၊ အစိုးရအဖွဲ့ ကို ကျောထောက်နောက်ခံပေးထားတဲ့ စစ်တပ်ရော မှားယွင်းခဲ့ကြပေမယ်။
ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အာဏာရေးထက် ဦစားပေး အလေးအနက် ထားခဲ့ကြပါတယ်။ အစောပိုင်းကာလ (၇၀ စုနှစ်ကာလ/၁၉၉၂) ကသောင်းကနင်း ဖြစ်ရပ် တွေမှာ ပြည်သူလူထုနဲ့ ကျောင်းသားတွေ သေကြေပျက်စီးဒဏ်ရာရ ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်ခဲ့ပါ တယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်း ဖြစ်ရပ်တွေမှာတော့ အစောပိုင်းက ရရှိခဲ့တဲ့ သင်ခန်းစာတွေကို ဆင်ဆင်ခြင်ခြင် အသုံးချပြီး ရှေ့ကအမှားမျိုး မမှားရအောင်၊ ရှေ့ကအဖြစ်ဆိုးမျိုး မကြုံတွေ့ကြရအောင် သတိကြီးကြီးနဲ့ ရှောင်ရှားနိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ၂၀၀၆ခုနှစ် စက်တင်ဘာ ၀န်ကြီးချုပ် မစ္စတာတပ်ဆင် လက်ထဲကနေ စစ်တပ်က အာဏာသိမ်းယူမှုကို အနီးဆုံး ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် ဒီမိုကရေစီစံနစ်ရဲ့ အဆင့်တရပ် ကနေ နောက်ဆုတ် လျှော့ကျသွားခဲ့တာ မှန်ပေမယ့် အာဏာသိမ်းယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟာ ပြည်သူလူထုကို ရန်သူလို သဘောမထားခဲ့သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအောင် ဘာတခုမှမလုပ် ခဲ့ပါဘူး။ ဆန့်ကျင်ဖက်အားဖြင့် ကာကွယ်စောင့်ရှောက်ပေးသွားခဲ့တာ တွေ့ရပါတယ်။
ဒီအပြင်မှာ အများပြည်သူရဲ့ ဆန္ဒသဘောထားနဲ့ တောင်းဆိုချက်ကို လေးစားလိုက်နာပြီး တနှစ်အတွင်း ပြည်သူလူထုလက်ထဲကို အာဏာပြန်အပ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲခဲ့တာ ရှိခဲ့ပေမယ့် တတ်နိုင်သမျှ အာဏာသိမ်း စစ်ကောင်စီက ပါဝင်စွက်ဖက်မှု မလုပ်ရ အောင် ရှောင်ရှားခဲ့တာ တွေ့ရပါတယ်။ နောက် ပေးထားတဲ့ ကတိစကားအတိုင်း (အာဏာသိမ်း စစ်ဗိုလ်ချုပ် ကြီး တယောက်အနေနဲ့ အာဏာကို ဆက်ပြီးရယူဖို့ ကြိုးစားရင် ရယူနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တာတောင်) ပြည်သူလူထု လက်ထဲကို အာဏာပြန်အပ်ဖို့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သလို ဂုဏ်သိက္ခာရှိရှိ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ၀င်မစွက်ဘဲ နောက်ဆုတ်ပေးခဲ့ပါတယ်။
အာဏာသိမ်းကာလ တနှစ်နဲ့တင် တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့တာ တွေ့ရပါ တယ်။ ကောက်ချက်ချရရင် အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟာ တိုင်းပြည်နဲ့ ပြည်သူလူထု ထိခိုက် နစ်နာမှာကို အမှန်တကယ် စိုးရိမ်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာ အမှန်တကယ် ရှိခဲ့ပါတယ်။ လူကြီးလူကောင်း ပီသသလို စစ်သားကောင်း ပီပီသသနဲ့ သူပေးထားခဲ့တဲ့ ကတိစကားကို ထိန်း သိမ်းခဲ့ပါတယ်။ တခြားစစ်တပ်အရာရှိ ကြီးငယ်တွေ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကလည်း လူ လိမ္မာသား ယဉ်ပါးဆိုတဲ့အတိုင်း၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတဲ့အတိုင်း ပြည်သူလူထုအပေါ် ယဉ်ယဉ်ကျေးကျေး ပြုမူဆက်ဆံပြီး လုံခြုံရေးကို ထိန်းသိမ်းပေးနိုင်ခဲ့ကြတာ တွေ့ရပါတယ်။
ကိုယ့်ပါတီ အာဏာရရေး၊ ကိုယ့်အာဏာရရှိရေးအတွက် အဓိက အားထုတ်ခဲ့ ခြစားဖောက်ပြန်ခဲ့တဲ့ နိုင်ငံရေး သမားတွေဟာ ပြည်သူလူထုရဲ့ အမျက်ဒေါသသင့်တာခံခဲ့ရပြီး အာဏာသိမ်း ဗိုလ်ချုပ်ကြီးနဲ့ တပ်မတော်သား တွေကို လူထုက အပြုံးနဲ့ ပန်းကုံးနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ခုကျနော်တင်ပြနေတာက ဖြစ်ရပ်ပါ။ (အာဏာသိမ်းတဲ့ ကိစ္စနဲ့ တချို့လူထုရဲ့ တွေးခေါ်ပြုမူပုံတွေနဲ့ ပတ်သက်လို့တော့ ဒီမိုကရေစီရေးအရ စိတ်ဓာတ်ရေးရာအရ ပြော ဆိုဝေဖန် ထောက်ပြစရာတွေ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဘန်ကောက်မြို့မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား စာရေးသူအနေနဲ့ ကျနော်တို့နိုင်ငံနဲ့ အာဏာသိမ်းမှုချင်း၊ စစ်တပ်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံချင်း ယှဉ်ကြည့်ပြီး မြန်မာနိုင်ငံက အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့၊ မတရားတဲ့ အမိန့်အာဏာအတိုင်း နာခံဆောင်ရွက်ပြီး ကိုယ့်ပြည်သူလူထုကို ပြန်ပစ်ခတ်သတ်ဖြတ် နှိပ်စက်ခဲ့တဲ့ တပ်မတော်သား ဆိုသူတွေကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာခဲ့မိပါတယ်။ ကံကောင်းကြတဲ့ ထိုင်းပြည်သူလူထုအတွက် ၀မ်းသာပီတိဖြစ်ခဲ့ရသလို ကံမကောင်း ရှာကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် ၀မ်းနည်းကြေကွဲရပါတယ်။
ခု ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ထပ်တခါ ကြုံတွေ့ရပြန်တဲ့ ထိုင်းနိုင်ငံရေး အလှည့်အပြောင်းကို တစေ့တ စောင်း ကြည့်လိုက်တဲ့အခါလည်း ထိုင်းကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paochinda ရဲ့ ရပ်တည်ချက်၊ စေတနာနဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ၀န်ကြီးချုပ် မစ္စတာ စမတ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုထက် ကိုယ့်ပါတီနဲ့ ကိုယ့်အတ္တ မာန်မာနတွေပေါ်မှာ ပိုပြီးအလေးထား ခဲ့ပါတယ်။ အကျယ်တ၀င့်တော့ ဝေဖန်သုံးသပ် မနေတော့ပါဘူး။ ဝေဖန်သုံးသတ်မယ်ဆိုရင် ပီအေဒီ (People’s Alliance for Democracy) ရဲ့ နိုင်ငံရေးသစ်ဆိုတာပေါ်မှာပါ ဒီမိုကရေစီရဲ့ အခြေခံမူတွေအရ ဝေဖန်သုံး သပ်စရာတွေလည်း ရှိနေပါလိမ့်မယ်။
ဒီနေရာမှာ ကျနော့်ရဲ့တင်ပြလိုရင်းနဲ့ အလှမ်းဝေးသွားမှာစိုးတဲ့အတွက် ကျနော်တင်ပြလိုရင်းကိုပဲ ဆက်ပြီး တင်ပြပါမယ်။ ၀န်ကြီးချုပ် မစ္စတာစမတ်က ဘန်ကောက်မြို့တော်မှာ အရေးပေါ်အခြေအနေ(The State of Emergency) ကြေငြာခဲ့ပေမယ့် ကြည်းတပ် ဗိုလ်ချုပ်ကြီးဟာ အစိုးရအိမ်တော်ဝန်းအတွင်းက ပီအေဒီ အဖွဲ့ဝင် တွေ၊ ထောက်ခံသူတွေနဲ့ ပြည်သူလူထုတွေကို အင်အားသုံး ဖယ်ရှားပစ်ဖို့ မလုပ်နိုင်ဘူးလို့ ယတိပြတ်ငြင်းဆန် ခဲ့တာ တွေ့ရပါတယ်။
အရေးပေါ် အခြေအနေကို အကောင်အထည်ဖေါ် ကြီးကြပ်အုပ်ချုပ်ရတဲ့ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီး တ ယောက်အနေနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အားကို သူ့စိတ်တိုင်းကျ အသုံးပြုခွင့်ရှိသလို လမ်းတွေပေါ်က ငါး ယောက်ထက်ပိုပြီး စုဝေးနေကြတဲ့သူတွေ၊ ဆန္ဒပြပွဲမှာ ပါဝင်ပူးပေါင်းဖို့ ချီတက်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေကို အင်အားသုံး ဖြိုခွဲတားဆီး၊ ဖမ်းဆီးချုပ်နှောင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟာ အဲဒီလို မလုပ်နိုင်ကြောင်း ကြံ့ကြံ့ခံ ငြင်းဆန်ခဲ့ပါတယ်။ သတင်းမီဒီယာတွေက မေးမြန်းလာတာကို ဖြေကြား သွားတဲ့ ဗိုလ်ချုပ်ကြီးရဲ့ အဖြေကို သတင်းစာမှာ ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paochinda ကို ကျနော် အကြိမ်ကြိမ် ဦးညွှတ် အရိုအသေပြုလိုက်ပါတယ်။
ထိုင်းပြည်သူတွေကိုယ်စား “ကျေးဇူးအများကြီး တင်ပါတယ် ဗိုလ်ချုပ်ကြီးခင်ဗျား” လို့ စိတ်ထဲက ကျေးဇူးစ ကား ဆိုခဲ့မိပါတယ်။ ဗိုလ်ချုပ်ကြီးက …
“စစ်တပ်က အာဏာသိမ်းလိုက်ရင် ပြဿနာတွေ ပိုပြီးဖြစ်လာလိမ့်မယ်။ အာဏာသိမ်းဖို့ဆိုတဲ့ တံခါးပေါက်ကို ပိတ်ထားလိုက်ပြီးပါပြီ။”
“တကယ်လို့ စစ်တပ်က အရေးယူဆောင်ရွက်မှု တခုခုလုပ်ရမယ်ဆိုရင် ကျနော်တို့က ပြည်သူတွေဘက်က ရပ်ရမှာပဲ။ ပြည်သူလူထုကို ဆန့်ကျင်ပြီး တပ်အင်အားကို ကျနော်မသုံးဘူး”
“ကျနော်တိုက်တွန်းချင်တာက လွှတ်တော်က ပိုပြီးတာဝန်ယူသင့်တယ်။ နိုင်ငံတကာက စစ်တပ်က၀င်ပြီး ဆောင်ရွက်တာကို လက်ခံမှာမဟုတ်ဘူး” လို့ ပြတ်ပြတ်သားသား ဖြေကြားသွားပါတယ်။ လူထုကို အကြမ်း ဖက်နှိမ်နှင်းဖို့ သေနတ်နဲ့ပစ်ဖို့ သူ့ကို ဘယ်တော့မှ မခိုင်းနဲ့ မလုပ်နိုင်ဘူး။ သူ့တာဝန်က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့သာ ဖြစ်တယ်” လို့ ပြောလိုက်တာပါပဲ။ အခုအိမ်စောင့်ဝန်ကြီးချုပ်ကို အရေးပေါ် အခြေ အနေ ပြန်ရုပ်သိမ်းပေးဖို့ တိုက်တွန်းပြောဆိုခဲ့တာလည်း ဗိုလ်ချုပ်ကြီး Anupong ပါပဲ။
ကျနော်တို့တိုင်းပြည်မှာတော့ ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသား ပြည်သူလူထုတွေကို စစ်တပ်နဲ့ လုံထိန်း တပ်ဖွဲ့ဝင်တွေက ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ပစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ ခုဆို တနှစ်ပြည့် မြောက်ခဲ့ပါပြီ။
စစ်ဗိုလ်ချုပ်ချင်း တူပေမယ့် အသက်ရှူချင်း ကွဲပါတယ်။ စေတနာ မေတ္တာချင်း တခြားစီပါ။ စစ်သားချင်း တူပေ မယ့် အသက်ရှူချင်း ကွာပါတယ်။ စေတနာ မေတ္တာချင်း တခြားစီပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေအပေါ် ဒီလောက်ထိ စေတနာကင်းမဲ့ ရက်စက်ကြမ်းတမ်းတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မျှော်မြင် ပုံတွေကို ကျနော်အများကြီး ထိတ်လန့်အံ့သြရသလို နားမလည်နိုင်အောင်လည်း ဖြစ်ရပါတယ်။
ပေးလိုက်တဲ့ အမိန့်ဟာ တရားမျှတရဲ့လား၊ မှန်ရဲ့လားဆိုတာ လုံးဝမစဉ်းစားဘဲ နာခံပြီး ကိုယ့်မိဘပြည်သူတွေ
ညီအကို မောင်နှမတွေကို ပြန်ပြီးဖိနှိပ်ညှင်းပမ်း ပစ်ခတ်သတ်ဖြတ်နေတဲ့ တပ်မတော်သားဆိုသူတွေရဲ့ စိတ်နေ စိတ်ထားနဲ့ တွေးခေါ်မျှော်မြင်ပုံကိုလည်း ထိတ်လန့်အံ့သြ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမှားကို ပြင်ဆင်တာ၊ အမိုက်ပျောက်ပြီး အလင်းရောက်တာဟာ ကောင်းပါတယ်။ နောက် ကျတယ်လို့ မရှိပါဘူး။ မမျှော်လင့်သင့် မမျှော်လင့်ရဲတော့ပေမယ့် ဗုဒ္ဒဘာသာဝင်ဆိုသူ မြန်မာစစ်ဗိုလ်ချုပ် ကြီးများ အမြန်ဆုံး သတိသံဝေဂရပြီး တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အလိုဆန္ဒကို အလေးဂရုပြု၊ အာဏာကို ပြည်သူတွေလက်ထဲ ပြန်အပ်ပြီး စစ်တန်းလျားကိုပြန်တာ အကောင်းဆုံး ဖြစ်မယ်လို့ တိုက်တွန်းချင်ပါတယ်။
မိဘမကောင်းတဲ့ သားသမီးတွေ၊ ဆရာမကောင်းတဲ့ တပည့်တွေဖြစ်တဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေအနေနဲ့လည်း ကိုယ့်ထမင်းရှင်စစ်စစ်ဖြစ်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားစေတနာထားပြီး ပြည်သူ့ဖက်က ရပ်တည်ခြင်းသည်သာ ဗုဒ္ဒဟောကြားခဲ့တဲ့ မင်္ဂလာတရားတော်နဲ့ ပြည့်စုံပါလိမ့်မယ်။ အချိန်မီ သတိသံဝေဂရ၊ ပြုပြင်တည့်မတ်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
စိုးနေလင်း
Thursday, September 18, 2008
Friday, September 12, 2008
" ဗမာစာသည် ဒို့ စာ " ဒီနေ့  အမှတ်တရပါ။ ( Click )
+034.jpg)
ဗမာစာသည် ဒို့ စာ
ဗမာစာသည် ဒို့ စာ
ဗမာစကားသည်ဒို့ စကား
ဗမာလိုကွန်ပြူတာ ရိုက်တတ်အောင်လုပ်ပါ။
လူငယ်တွေ ဗမာလို မရိုက်တတ်တာရှက်ဖို့ ကောင်းတယ်။ ( မိုးသီးဇွန် )
I am a Burmese. I love Burma.
I am smart. I can type Burmese. ( Moethee Zun)
+049.jpg)
Wednesday, September 10, 2008
Tuesday, September 09, 2008
John McCain - (Click)

Biography
Full Name: John Sidney McCain III
Party: Republican
Political Office: U.S. Senator from Arizona, elected 1986; reelected 1992, 1998, 2004; U.S. Representative from Arizona 1983-1987
Military Service: Pilot, U.S. Navy 1958-1981, retiring as captain; P.O.W. in Vietnam, 1967-1973
Date of Birth: August 29, 1936
Place of Birth: Panama Canal Zone
Education: B.S., United States Naval Academy, 1958; grad., the National War College, 1974
Spouse: married (2d) Cindy Hensley, 1980
Children: adopted sons Douglas and Andrew of first wife, Carol (m. 1965; div. 1980); daughter Sidney (with wife Carol), born 1966; daughters Meghan, born 1984 and Bridget, born 1991, adopted from Bangladesh 1993; sons John IV, born 1986, and James, born 1988
Religion: Episcopalian
Home: Phoenix
Books
By John McCain: Hard Call: Great Decisions and the Extraordinary People Who Made Them [summer 2007]; Character is Destiny: Inspiring Stories Every Young Person Should Know and Every Adult Should Remember [2005]; Why Courage Matters: the Way to a Braver Life [2004]; Worth the Fighting For [2002]; Faith of my Fathers [1999]
About: Man of the People: The Life of John McCain, by Paul Alexander [2002]; Citizen McCain, by Elizabeth Drew [2002]; John McCain: An American Odyssey, by Robert Timberg [1999] (updated from Timberg’s 1995 book, The Nightingale’s Song)
Sarah Palin - ( Click )

Biography
Full Name: Sarah Heath PalinParty: Republican
Political Office: Governor of Alaska, elected 2006; mayor of Wasilla, Alaska, 1996-2002; Wasilla City Council, 1992-1996
Business/Professional Experience: Television sports reporter, 1987-1989; Co-owner of a commercial fishing operation, 1988-2007; owner, sport vehicle rental business, 1994-1997; chairwoman, Alaska Oil and Gas Conservation Commission, 2003-2004
Date of Birth: February 11, 1964
Place of Birth: Sandpoint, Idaho
Education: B.S., University of Idaho, 1987
Spouse: married Todd Palin, 1988
Children: Sons Track, born 1989, and Trig Paxson Van, born 2008; daughters Bristol, born 1990; Willow, born 1994 and Piper, born 2001
Religion: Protestant (nondenominational)
Home: Juneau, Alaska
In a state dominated by the same party – and in many cases the same people – virtually since its inception, Sarah Palin is at the vanguard of a new generation of Alaska Republicans with a reformist bent. The self-described "hockey mom" ousted the incumbent governor in the 2006 primary, and she is both the youngest person and the first woman to serve in the post in Alaska. Senator John McCain, the presumptive presidential nominee of the Republican Party, drafted her as his running mate on Aug. 29, 2008.
Fusing Politics and Motherhood in a New Way - (Click)

Sunday, September 07, 2008
Suicide bomb in northwest Pakistan kills 25-(Click)

ISLAMABAD, Pakistan (CNN) -- A suicide car bomb targeting a security checkpoint in northwest Pakistan killed at least 25 people, including 10 police officers, and wounded 50 others, a Peshawar police spokesman said Saturday.
Most of the wounded are civilians, police said. Hospital officials reported many victims in critical condition.
The explosion happened at the Vanglee checkpoint on the outskirts of Peshawar, police said.
Peshawar is the capital of Pakistan's North West Frontier Province, near the country's border with Afghanistan, and is rife with Islamic extremists.
Friday, September 05, 2008
McCain: 'Fight with me'(Click)

Sen. John McCain tonight told convention delegates that he accepts the GOP presidential nomination and vowed to "shake up Washington." Earlier, Republicans made Sarah Palin their first female VP candidate.
Tuesday, September 02, 2008
ဒေါ်အောင်ဆန်းစုကြည် ဆယ်ရက်ကျော် အစာငတ်ခံနေသည့် (Click)

- နောက်နေကြီး ဦးကြည်ဝင်း ကဲ့သို့သော လုပ်သက်ရှိ နာမည်ကြီး လျှာအရိုးမရှိသော ၀တ်လုံကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဆယ်ရက်ကျော် အစာငတ်ခံနေသည့် သတင်းအား ထိမ်ချန်ခဲ့သည်မှာ အလွန်သိသာ ထင်ရှားသည့် သစ္စာမဲ့မှု ကြီးတရပ် မဟုတ်ပါသလော -
- ကျွန်ုပ် မောင်ကြောက်လုံး၏ ဖြုတ်ဦးနှောက်နှင့် စဉ်းစား ရမည်ဆိုလျှင် ထိုကဲ့သို့ သော သူများအတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘာအတွက်ကြောင့် အဆုံးရှုံးခံမည်နည်း။
- သား နှစ်ယောက်နှင့် ပြန်လည်ကာ အေးအေးဆေးဆေး နေလိုက်လျှင်ပင် သူမ၏ ဘ၀သည် အေးချမ်း သော ဘ၀လေး အနေဖြင့် နောက်ဆုံး နေ၀င်ချိန်ကို လူသားအခွင့်အရေးအပြည့် ဖြတ်သန်းမသွားသင့်ပါသလော -
- ကိုယ့်အတွက်ကိုယ်သိ ၊ ကိုယ့်ထိမှ မချိအောင်နာတတ်သော သူများအတွက် ဘာကြောင့် အဆုံးရှုံးခံမည်နည်း။
- အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ကမ္ဘာ နိုဘယ်ငြိမ်းချမ်းရေးဆု့ ရှင် ပြည်သူခေါင်းဆောင် -
- ဒေါ် အောင်ဆန်းစု ကြည် ၏ ဆက်သွယ်ရေး လမ်းကြောင်း များ အပါအ၀င်၊ နေထိုင် ရပ်တည် စားသောက် ရေး အားလုံး သည်၊ လုံးဝ စိတ်မချ ရ သော အနေအထား တွင် ရှိ နေသည် ဟု ယူဆ မိပါသည်။
http://komoethee.blogspot.com/