{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Saturday, May 24, 2008

မြင့်မြတ်တဲ့ စိတ်ထားနှစ်လုံးလှပိုင်ရှင် ဘင်ကြီးကို လေးစားပါ၏ ။(Click)


သတင်း- (RFA News -မေ ၂၃- နံနက် ၀၇)

-ကမ္ဘာကျော်အကြမ်းဖက်သမားကြီးလို့ ကျော်ကြားနေတဲ့ ဘာလင်ဒင် ( ဘင်ကြီး) က မြန်မာလေဘေးဒုက္ခသည်တွေကို သူကိုယ်တိုင်ကယ်တင်ခြင်တယ်လို့ ဆိုပါတယ်။

-သူတို့ အနေနဲ့  ဂျူးတွေနဲ့ ခရစ်ယန်တွေကိုကို တိုက်ခိုက်ဖို့  အရေးကြီးတဲ့လုပ်ငန်းလို့  ယူဆပေမဲ့ မြန်မာလေဘေးဒုက္ခသည်တွေကို ကူညီရမဲ့ လုပ်ငန်းဟာ ပိုပြီးအရေးကြီးတယ်
လို့ သူကဆိုပါတယ်။

- သူက အလာရှင်ဟာ ဒုက္ခရောက်သူတွေကို ကယ်တင်ဖို့ အတွက် သွန်သင်ချက်တွေရှိတယ်။ အာရပ်မူစလင်တွေ နေထိုင်တဲ့နိင်ငံတွေဟာ ရေနံနဲ့ ကြွယ်ဝချမ်းသားသူတွေဖြစ်တယ်။

-ဒီကြွယ်ဝချမ်းသားမှုတွေဟာ ဆင်းရဲသားတွေကိုကူညီဖို့ ဖြစ်တယ်။

-(ဘာသာမတူပေမဲ့လည်း ဒုက္ခရောက်သူတွေကိုကူညီတာဟာ အလွန်မွန်မြတ်တဲ့လုပ်ငန်း) ဖြစ်တယ်။

-သူအနေနဲ့ မြန်မာလေဘေးဒုက္ခသည်တွေကို သူကိုယ်တိုင်ဝင်ရောက်ကူညီခြင်ပါတယ်လို့ 
သူရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

-သူဗွီဒီယိုကို မေလ ၂၀ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၂၃ရက်နေ့ www।rfa।org နံနက်ပိုင်း (၀၇) အစီအစဉ် မှာနားထောင်နိင်ပါတယ်။

-သူရဲ့ ကြေညာချက်ကိုကြည့် ရင် မြန်မာလေဘေးဒုက္ခသည်တွေကိုကူညီဖို့ ကိစ္စမှာ
( ဘာသာမခြား၊ လူမျိုးမခြား တစ်စိတ်တမ်းတည်း ရှိနေကြတယ်ဆိုတာကို ပြသတာ ) ဖြစ်ပါတယ် ။

-လေဘေးဒုက္ခသည်တွေအပေါ်မှာ စာနာမှုကင်းမဲလှတဲ့ ထမင်းတလုပ်ကျွေး တုတ်တစ်ချက်ရိုတ်သေား ကျေးဇူးရှင်များ နဲ့ နိင်ငံရေးအမြတ်ထုတ်တဲ့ အချောင်သမား အာဆီယံနိင်ငံတွေ ရှက်တတ်ရင်သေဖို့ ကောင်းပါတယ်။

by Zena
´