{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Thursday, May 26, 2011

{ အရင်းရှင် နှစ်နိုင်ငံ သိပ်ချစ်ကြောင်းပြတဲ့ အိုဘားမားရဲ့ ခရီးစဉ် }(Click)

အရင်းရှင် နှစ်နိုင်ငံ သိပ်ချစ်ကြောင်းပြတဲ့ အိုဘားမားရဲ့ ခရီးစဉ် (ဓာတ်ပုံ)

E-mail Print PDF

မိတ်ဆွေကောင်းနှင့် လောကခရီး အတူ သွားရဖို့ လိုအပ်ကြောင်း ဘားရခ် အိုဘားမား သိသည်။ အမေရိကန်အတွက် မိတ်ဆွေစစ်က ဗြိတိန် ဖြစ်သည်။ အမေရိကန် သမ္မတ ဘာလုပ်လုပ် နောက်က အမြဲ ထောက်ခံပေးနေမည်။

အခု အိုဘားမားရဲ့ လန်ဒန် နှစ်ရက် ခရီးက နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲနေမှုကို ဖော်ပြသည်။ ထူးခြားတဲ့ ဖြစ်ရပ်တွေ မရှိဘူး ဆိုရင်တောင်မှ ဓာတ်ပုံတွေကို ကြည့်ရင် အရင်းရှင် နိုင်ငံကြီး နှစ်နိုင်ငံ သိပ်ချစ် သိပ်အလွမ်းသင့် နေကြတာကို ဖော်ပြသည်။

အထက်ပုံတွင် မေ ၂၄ ရက်နေ့ ဘခ်ကင်ဟမ် နန်းတော် ဥယာဉ်ကြီးအတွင်း အိုဘားမားကို ဂုဏ်ပြုတပ်ဖွဲဖြင့် ခမ်းခမ်းနားနား ကြိုဆိုနေခြင်း ဖြစ်သည်။

ဘုရင်မကြီး အဲလိဇဘက်သ် နှင့် ကြင်ယာတော် ဖိလစ် မင်းသားကြီးတို့က အိုဘားမားတို့ ဇနီးမောင်နှံ ခေတ္တတည်းမည့် ဘခ်ကင်ဟမ် နန်းတော်တွင် ကြိုဆိုနေကြစဉ်။

ဘားရခ်နှင့် မစ်ရှေးလ် အိုဘားမားတို့ မေ ၂၄ ရက်နေ့က မင်းသား ၀ီလျံနှင့် ဇနီး ကက်သရင်း တို့ကို နန်းတော်ထဲတွင် တွေ့ဆုံကြစဉ်။

အိုးဘားမားတို့ နှစ်ဦးကို မေ ၂၃ ရက်နေ့က ဘုရင်မကြီးနှင့် ကြင်ယာတော်က နန်းတော်တွင်းရှိ portrait Gallery ကို လိုက်လံပြသစဉ်။

မေ ၂၄ ရက်နေ့က ၀က်စ်မင်စတာ ဘုရားကျောင်းအတွင်းရှိ အမည်မသိ စစ်သားရဲ့ အုပ်ဂူကို အိုဘားမား လွမ်းသူပန်းခွေ ချနေစဉ်။

ဝက်စ်မင်စတာ ဘုရားကျောင်းအတွင်း ဧည့်မှတ်တမ်းစာအုပ်တွင် အိုဘားမား က ခုနှစ် မှားယွင်းစွာ လက်မှတ် ရေးထိုးထားခဲ့သည်။ ဘာကြောင့်မှန်း မသိ။ စာမှာ “ကျွန်ုပ်တို့ရဲ့ တူညီတဲ့ အမွေအနှစ်၊ တူညီတဲ့ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုဖို့ ကြီးမားတဲ့ အထူးအခွင့်အရေး ရရှိမှုပါပဲ” ဟု ရေးထားသည်။

ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် ဇနီးက အိုဘားမား စုံတွဲကို အမှတ် (၁၀) ဒေါင်းနင်းလမ်း ၀န်ကြီးချုပ် ရုံးနှင့် နေအိမ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။

အိုဘားမားနှင့် ကင်မရွန်း က ဘတ်ဂျက် ခြိုးခြံလျော့ပေါ့ရေး မူဝါဒနှင့် လစ်ဗျား ကိစ္စတို့အပေါ်တွင် သဘောကွဲလွဲမှုများ ရှိခဲ့သည်။ သို့သော် လန်ဒန်ရှိ Globe Academy မူလတန်းကျောင်းရှိ စားပွဲတင် တင်းနစ်ခုံပေါ်တွင် နှစ်ဦး အတူကစားရင် အူတက်နေခဲ့ကြသည်။

အိုဘားမားနှင့် ကင်မရွန်း Globe Academy ကျောင်း သိပ္ပံအတန်းတွင်း ၀င်ကြည့်နေကြစဉ်။ ယနေ့ခေတ် နိုင်ငံခေါင်းဆောင်တိုင်း စာသင်ခန်းတွေထဲ ၀င်ကြည့်ကြလေ့ ရှိသည်။

ဘုရင်မကြီး တည်ခင်းတဲ့ နန်းတော်တွင်း နိုင်ငံတော် ညစာစားပွဲ မစခင် ဓာတ်ပုံ ရိုက်ထားစဉ်။

အိုဘားမား ကို ညစာစားပွဲရဲ့ အထူးဧည့်သည်ဖြစ်ကြောင်း ပြသသည့်အနေဖြင့် ဘုရင်မကြီး နံဘေး ထိုင်ခုံတွင် နေရာချထားပေးခြင်းက ထင်ရှားစေသည်။ ဘုရင်မကြီးဘေး ထိုင်ခွင့်ရလို့ အိုဘားမား မြူးနေသည်။

မေ ၂၄ ရက် ညစာစားပွဲတွင် အိုဘားမားက ဘုရင်မကြီးကို အရိုအသေပေးစဉ် ဧည့်သည်အားလုံး ထရပ်ခဲ့သည်။ ‘God Save the Queen’ သီးချင်း တီးဝိုင်းမှ စတီးစဉ် အိုဘားမားမှ မှားယွင်းပြီး အမျှင်မပြတ် စကားပြောနေခဲ့မိသည်။

ခရီးစဉ် ဒုတိယနေ့တွင် အိုဘားမား စုံတွဲက ကင်မရွန်း လင်မယားနှင့်အတူ ဗြိတိသျှ စစ်တပ် မိသားစုများကို ဂုဏ်ပြုပွဲ လုပ်ပေးခဲ့သည်။ ပုံတွင် ဇနီးနှစ်ဦး စစ်သားများကို စားစရာများ ကျွေးမွေး နေကြစဉ်။

ဒေးဗစ်ကင်မရွန်းနှင့် အိုဘားမား မေ ၂၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့သည်။ နေတိုး တပ်များရဲ့ လစ်ဗျားစစ်ဆင်ရေးကို ထောက်ခံခဲ့ကြပြီး၊ ကဒါဖီကို အာဏာမှ ဖြုတ်ပစ်မည်ဖြစ်ကြောင်း ဆုံးဖြတ် ပြောဆိုခဲ့သည်။

ခင်ပွန်းနှင့်အပြိုင် မစ်ရှေးလ် အိုဘားမားကလည်း အော့စ်ဖဒ် တက္ကသိုလ် Christ Church တွင် ပညာရေးအကြောင်း မိန့်ခွန်းပေးပြီး ခေသူ မဟုတ်ကြောင်း ပြသခဲ့သည်။

အိုဘားမား က ၀က်စ်မင်စတာ ခန်းမရှိ လွှတ်တော်နှစ်ခုစလုံးကို မိန့်ခွန်းပြောကြားတဲ့ စတုတ္ထမြောက် နိုင်ငံရပ်ခြား ခေါင်းဆောင် ဖြစ်သွားခဲ့သည်။ သူ့အရင် သုံးဦးမှာ ပြင်သစ်သမ္မတ ချားလ်စ် ဒီ ဂေါလ်၊ နယ်လ်ဆင် မင်ဒဲလား၊ ပုပ်ရဟန်းမင်း ဘန်နက်ဒစ် (၁၆) တို့ ဖြစ်သည်။

၂၆ ရက်နေ့တွင် အိုဘားမား ဗြိတိန်မှ ထွက်ခွါပြီး၊ ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် G8 ထိပ်သီး အစည်းအဝေးကို ဦးတည်သွားခဲ့သည်။

မောက္ခ နိုင်ငံတကာသတင်း

Monday, May 23, 2011

{ဂျီမေး Password သူခိုးတစ်ယောက်အကြောင်းကို ဖေါ်ထုတ်ပါမယ်။}(Click)


ဂျီမေး Password သူခိုးတစ်ယောက်အကြောင်းကို ဖေါ်ထုတ်ပါမယ်။

ဒီကနေ့ Gmail Account တွေနဲ့ Password တွေကို တစ်နေရာမှာ တွေ့လိုက်ပါတယ်။ ဘယ်လိုဖြစ်တာလဲလို့ တရားခံရှာကြည့်လိုက်တော့ Gmail Login Page ကို မြန်မာလို အတုလုပ်ပြီး User တွေဆီက Password ခိုးထားတာပါ။ Hack တာ မဟုတ်ဘူးနော် ခိုးထားတာ။ ခိုးနည်းက ဘာမှအဆင့်မရှိတဲ့နည်း။ သူလုပ်ထားတဲ့ Gmail Login Page အတုက ဒီမှာပါ။





























http://mail.google.phonenwe.net/mmgmail.htm

ကဲကဲ .. တန်ဆာခံတွေ မတိုးပွားရအောင် ဒီလိုမျိုးတွေ ရှောင်ကျဉ်ဖို့ အများပြည်သူကို ရှဲ လိုက်ပါဦး။

ဆက်လက်ပြီး တရားခံ ဘယ်သူဆိုတာကို တင်ပြပါမယ်။ Gmail Page အတုရဲ့ URL ကို ကြည့်ရင် Domain name က phonenwe.net ဖြစ်ပါတယ် .. အဲဒီကို သွားကြည့်လိုက်တော့ လားလား .. ဘုန်ကြီးတစ်ပါးရဲ့ အမည်နဲ့ Website ဖြစ်နေပါတယ်။





























http://www.phonenwe.net/

ဘယ်လိုဖြစ်တာလဲ ဘုန်းကြီးကတော့ အဲလိုလုပ်စရာ မရှိပါဘူး။ ဝက်ဆိုက်ဖန်တီးသူကို ကြည့်လိုက်တော့ Page အောက်ဆုံးမှာ sayadaw's disciples ဆိုတဲ့ ဟာကို ကလစ်လိုက်ရင် website ဖန်တီးရှင်က little.noah@gmail.com ဆိုပြီး တွေ့ရပါတယ်။



























အဲဒီက little.noah@gmail.com ဆိုတဲ့ ညဏ်ကြီးရှင်လေးကို Facebook မှာ တက်ရှာလိုက်တော့ -































http://www.facebook.com/moethanttin

http://a6.sphotos.ak.fbcdn.net/hphotos-ak-snc6/250354_186026481450167_100001284482881_509393_7180170_n.jpg

လားလား ... တို့ မြန်မာ့တပ်မတော်ကြီးရဲ့ ပြည်ချစ်သား ဂုဏ်သရေရှိ တပ်မတော်အရာရှိကြီး Defence Services Academy က Assistant Lecturer ကြီး Moe Thant Tin ခေါ် Myo Thant Tin ဆိုသူ ဖြစ်နေပါတယ်။

ကောင်းကြသေးရဲ့လားဗျာ။ ခိုးတဲ့သူခိုးက တပ်မတော်မှာ ဆရာ အလုပ်လုပ်နေတဲ့ တပ်မတော်အရာရှိကြီး၊ ပြီးတော့ ဘုန်းကြီး ဝက်ဆိုက်ကို ခုတုံးလုပ်ပြီး ခိုးတယ်။ ကဲကဲ အားလုံးပဲ ဒီသတင်းလေးကို မြန်မာပြည်သူပြည်သားများ သိရအောင် ကြေငြာမောင်းခတ်ပေးကြပါဦး။

နီးစပ်ရာလေးတွေကိုလဲ tag လိုက်ကြပါဦး။ မြန်မာ့တပ်မတော်ကြီးက တာဝန်ရှိသူတွေကလဲ တပ်မတော်ကြီးရဲ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်တဲ့ အဲဒီ ညဏ်ကြီးရှင် သူခိုးလေးကို ထိုက်တန်တဲ့ ရေးယူမှုလေးတွေ လုပ်မယ်လို့ မျှော်လင့်ပါကြောင်း။

ကျော်ဆန်း (မကြီးဆန်း)။

Thursday, May 19, 2011

{စစ်သား တဦး ရဲ့  အောင်ပွဲ မှတ်တမ်း A tale of BURMA SOLDIER - (in Burmese) မကြည့်မဖြစ်ကြည့်ရမဲ့ မှတ်တမ်းဒိုင်ယာယီ ဆိုတာ ညွန်းလိုက်ပါရစေ။}

BURMA SOLDIER - (in Burmese) JOIN THE CLANDESTINE RELEASE INTO BURMA from BURMA SOLDIER on Vimeo.


ပြည်တွင်းစစ်တွေ အမြန်ဆုံးငြိမ်းချမ်းပါစေ။ မြန်မာပြည်ကြီး အမြန်ဆုံး အေချမ်းပါစေ။ ဒုတ္ခတွေကင်းဝေကြပါစေ။

Thursday, May 12, 2011

{၀ီကီလိခ်စ် တည်ထောင်သူ ဩစတြေးလျ ငြိမ်းချမ်းရေးဆု ရရှိ }(Click)

ဝီကီလိခ်စ် တည်ထောင်သူ ဩစတြေးလျ ငြိမ်းချမ်းရေးဆု ရရှိ


လျှို့ဝှက် အမေရိကန် သံတမန် ကေဘယ်လ် ထောင်ပေါင်းများစွာ ဖွင့်ချပြီး ၀ါရှင်တန် အစိုးရကို ဒေါသအမျက် ချောင်းချောင်း ထွက်စေခဲ့တဲ့ ၀ီကီလိခ်စ် ၀ဘ်ဆိုဒ် တည်ထောင်သူ ဂျူလီယန် အဆန်း ကို

‘ရဲစွမ်းသတ္တိ အပြည့်ဖြင့် လူ့အခွင့်အရေး’ ဆောင်ရွက်မှု အတွက် Sydney Peace Foundation အဖွဲ့က ရွှေတံဆိပ်ဆု ချီးမြှင့်လိုက်သည်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် ဆစ်ဒနီတက္ကသိုလ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ၄င်း အဖွဲ့က လန်ဒန်မြို့တွင် သွားရောက်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး၊ ‘အစိုးရတစ်ခုရဲ့ ရာစုနှစ်များစွာ အရိုးစွဲကျင့်သုံးနေသည့် လျှို့ဝှက်ချက်များကို စိန်ခေါ်နိုင်ခဲ့မှု၊ လူထု သိသင့်သိထိုက်တဲ့ အခြေခံ သတင်းရင်းမြစ်များ ပေးစွမ်းနိုင်မှု’ တို့အတွက် ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းမှ ပါမောက္ခ Stuart Rees က “တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း လုပ်ဆောင်တာမှာ ပြဿနာတွေ၊ အငြင်းပွားမှုတွေ မလွှဲသာမရှောင်သာ ရှိနေတတ် ပါတယ်။ ဒါပေမဲ့ ၀ီကီလိခ်စ်နဲ့ ဂျူလီယန် အဆန်း က ဂျာနယ်လစ်ဇင်၊ အင်ဖော်မေးရှင်း လွတ်လပ်မှုနဲ့ ၂၁ ရာစု နိုင်ငံရေး တို့အတွက် အပြောင်းအလဲတွေ အများကြီး သယ်ဆောင်ပေးခဲ့တယ်” ဟု ဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့သည်။

ဆက်ပြီး ပါမောက္ခက ဩစတြေးလျ အစိုးရနှင့် အမေရိကန် အစိုးရတို့ကို အာဏာရှင်နိုင်ငံတို့ရဲ့ အပြုအမူမျိုးတွေ လိုက်မလုပ်ကြဖို့ ဝေဖန်သတိပေး ပြောခဲ့သည်။

အမေရိကန် ကွန်ဆာဗေးတစ် နိုင်ငံရေးသမား အချို့က ၀ီကီလိခ်စ်ကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် အမည်တပ် အရေးယူလိုကြသည်။

ဝီကီလိခ်စ်က ပြီးခဲ့တဲ့ နှစ်တွင် လျှို့ဝှက် ကေဘယ်လ် ၂၅၀,၀၀၀ ကျော် လိခ်စ် လုပ်ခဲ့ပြီး မီဒီယာလောကနှင့် သံတမန်လောကကို အုတ်အော်သောင်းတင်း ပွဲဆူစေခဲ့သည်။ ဆော်ဒီ ခေါင်းဆောင်များက အမေရိကန်မှ အီရန်ကို ၀င်တိုက်ဖို့ တိုက်တွန်းမှုမျိုး ကဲ့သို့ အရေးကြီးတဲ့ လျှို့ဝှက်ချက်များ ဖွင့်ချခဲ့သည်။

ဂျူလီယန် အဆန်း နှင့်အတူ အခြား ဆုရသူနှစ်ဦးမှာ ဒလိုင်းလားမားနှင့် နယ်လ်ဆင် မင်ဒဲလား တို့ ဖြစ်သည်။

မောက္ခ နိုင်ငံတကာသတင်း

Tuesday, May 10, 2011

( စစ်ဆင်ရေးတွင် သုံးခဲ့သော အမေရိကန်၏ ထိပ်တန်းလျှို့ဝှက် ရဟတ်ယာဉ် )

စစ်ဆင်ရေးတွင် သုံးခဲ့သော အမေရိကန်၏ ထိပ်တန်းလျှို့ဝှက် ရဟတ်ယာဉ်

Sunday, 08 May 2011 21:12

w63208

အဖွဲ့(၆) ကွန်မန်ဒိုများသည် ဘင်လာဒင် စစ်ဆင်ရေးတွင် ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော အဆင့်မြှင့်တင်ထားသည့် အသံတိတ် ရဟတ်ယာဉ်များကို အသုံးပြုခဲ့မှုကြောင့် ပစ်မှတ်ရှိရာသို့ တိတ်ဆိတ်စွာ ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ဘင်လာဒင် ခြံဝင်းအတွင်း ဆင်းသက်ရာတွင် ပျက်ကျခဲ့သော ဘလက်ဟော့ ရဟတ်ယာဉ်တစ်စီးကို ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း ကျန်ရစ်ခဲ့သော အစိတ်အပိုင်းများအနက် အမြီးပိုင်းကို ရိုက်ကူးထားသော ဓာတ်ပုံများကို
လေ့လာခဲ့ပြီးနောက် စစ်ဘက်ရေးရာ ကျွမ်းကျင်သူများက ကောလာဟလအဖြစ်သာ ရှိခဲ့သော အသံတိတ်ရဟတ်ယာဉ် စီမံကိန်း ရှိနိုင်ကြောင်း သုံးသပ်စရာ ဖြစ်ခဲ့သည်ဟု အေဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။

အဆင့်မြင့် ပြင်ဆင်ထားသော အမြီးပိုင်းသည် အနောက်ဘက် ပန်ကာဒလက်များကို အသံဆူညံမှု လျော့ချရန် ဖန်တီးထားပြီး အဆင့်မြင့် နည်းပညာကုန်ကြမ်းများကို အသုံးပြုထားကာ အသံတိတ် Stealth တိုက်လေယာဉ်များတွင် အသုံးပြုထားသည့် ကုန်ကြမ်းများနှင့် တူညီကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၀န်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး Lexingtion သိပ္ပံမှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒန်ဂူလီက ပြောကြားခဲ့သည်။ ''ဒါပထမဆုံးပါပဲ။ ခင်ဗျား တည့်တည့်ကို ရောက်လာနေပြီဆိုတာ သိမှာမဟုတ်ပါဘူး။ ခပ်နိမ့်နိမ့်မှာ မြန်မြန်ပျံရတဲ့ အတွက်ကြောင့် ဒါက အရေးကြီးပါတယ်။ ခင်ဗျားဆီကို လာနေတယ်ဆိုတာ အသံမကြားရရင် အချိန်မနှောင်းခင် တုံ့ပြန်နိုင်မှာ မဟုတ်ပါဘူး''ဟု ၎င်းက ပြောကြားသည်။ အထူးစစ်ဆင်ရေး လေကြောင်း ကျွမ်းကျင်သူတစ်ဦးက ပျက်ကျခဲ့သော ယာဉ်၏ ကျန်ရစ်သော အစိတ်အပိုင်းအရ စစ်ဆင်ရေးတွင် အသုံးပြုခဲ့သော ယာဉ်သည် ဘလက်ဟော့ခ် ရဟတ်ယာဉ်ကို အဆင့်မြှင့်ထားသော ရဟတ်ယာဉ် ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်ဟု ပြောကြားခဲ့သည်။ အဘော့တာဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်နီးချင်းများက စစ်ဆင်ရေး ဖြစ်ပွားခဲ့သော ညတွင် ရဟတ်ယာဉ်များ ခေါင်းပေါ် မရောက်ခင် အချိန်ထိ အသံမကြားခဲ့ကြကြောင်း အေဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဖွဲ့ (၆) အထူးတပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံ ဘာဂရမ်လေတပ် အခြေစိုက်စခန်းမှ ဂျာလာလာဘတ်ရှိ အခြေစိုက်စခန်း တစ်ခုသို့ ရောက်ရှိခဲ့ပြီး ပါကစ္စတန်နိုင်ငံ အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေးကို ညလအရောင် အနည်းငယ် ရှိနေချိန်တွင် စီးနင်းရန် စီစဉ်ထားခဲ့သည်။ ရဟတ်ယာဉ်များ အနိမ့်ပျံသန်းပြီး ရေဒါရှောင်ရှားရန် အတွက် ညအချိန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရေဒါကို ရှောင်ရှားပြီး ခြံဝင်းဆီသို့
ပျံသန်းရာတွင် မြေပြင်နှင့် နီးကပ်စွာ ပျံသန်းခဲ့ပြီး တောင်ထူသော နေရာများကို ဖြတ်သန်း ပျံသန်းခဲ့သဖြင့် ပါကစ္စတန်စစ်ဘက်က မသိရှိခဲ့ကြပေ။

ဘင်လာဒင်ကို ၀င်ရောက်စီးနင်းခဲ့သော ထိပ်တန်းအထူးတပ်ဖွဲ့ (၆)
အမေရိကန် ထိပ်တန်း အထူးတပ်ဖွဲ့ဖြစ်သော Navy Seal တပ်ဖွဲ့ဝင်များကို အဖွဲ့(၁) မှ (၅)နှင့် အဖွဲ့ (၇) မှ (၁၀) ထိ ဖွဲ့စည်းထားပြီး အဖွဲ့(၆) မှာ အဖွဲ့အားလုံးတို့မှ ထိပ်တန်း အဖွဲ့ဝင်များနှင့် ပြန်လည်ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည်။ အိုစမာဘင်လာဒင်ကို ဖမ်းဆီးရေးအတွက် သမ္မတ အိုဘားမားက ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့သော အဖွဲ့မှာ ထိုအဖွဲ့ (၆) ဖြစ်သည်။ ရှုပ်ထွေးခက်ခဲသော အခြေအနေအောက်တွင် ထက်မြက်စွာ
ဆောင်ရွက်နိုင်သော အဖွဲ့၏ ကျွမ်းကျင်မှုကြောင့် အထူးတပ်ဖွဲ့ Seal ၏ သမိုင်းတစ်လျောက်တွင် အဖွဲ့ (၆) ကို အဆင့်မြင့်ဆုံးသော စစ်ဆင်ရေးများ အတွက်သာ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း အဖွဲ့ဝင်ဟောင်းများက
နယူးယောက်တိုင်းမ်သို့ ပြောကြားခဲ့သည်။

အဖွဲ့၏ လေ့ကျင့်ရေးမှာ အလွန်ပြင်းထန်ပြီး အသက်ရှင်ကျန်ရစ်ဖွယ် မရှိသည်အထိ ခက်ခဲသည်။ ကယ်လီဖိုးနီးယားပြည်နယ် ကိုရိုနာဒိုတွင် ရေအောက် လေ့ကျင့်ရေး သင်တန်းကို ၆ လထိ တက်ရသည်။ ထိုအခြေခံသင်တန်းတွင် ရေအေးထဲတွင် ငုပ်လျှိုကူးခတ်ရပြီး ရွံ့ထဲတွင် သွားလာရခြင်း၊ မရပ်မနား ပြေးလွှားရခြင်း တို့ကို တစ်ပတ်လျှင် ၅ ရက်ခွဲ ဆောင်ရွက်ရပြီး ထိုအတောအတွင်း အိပ်ချိန်မှာ စုစုပေါင်း လေးနာရီသာ ရရှိသည်။ သင်တန်းသား အဖွဲ့ဝင်လောင်း ၈၀ ရာခိုင်နှုန်းခန့်မှာ ထိုလေ့ကျင့်ခန်းကို မဆောင်ရွက်နိုင်ဘဲ အနည်းဆုံး တစ်ဦးခန့် အသက် ဆုံးရှုံးရတတ်သည်။ ထိုအဆင့်ကို ကျော်လွန်မှသာ အဖွဲ့ဝင် ဖြစ်မည် ဖြစ်သည်။ ထိုနောက် လေ့ကျင့်မှုများ ထပ်မံ ဆောင်ရွက်ရသည်။ အဖွဲ့ (၆) အဖွဲ့ဝင်များသည် မြေပြင်အထက် မီတာ ၉၁၄၀ မှနေ၍ အောက်ဆီဂျင် မျက်နှာဖုံးစွပ် စွပ်ကာ လေထီးဖြင့် ခုန်ချရသည်။ ထို့နောက် ပင်လယ်အတွင်းရှိ စီးနင်းခံထားရသော သင်္ဘောကို ပြန်လည်ရရှိရန် ဆောင်ရွက်ရသည်။ ထိုလေ့ကျင့်မှုကို အဖွဲ့ဝင်များအနက် ထက်ဝက်ခန့်ကသာ ဆောင်ရွက်နိုင်သည်။ အဖွဲ့(၆) သည် အလွန်လျှို့ဝှက်ပြီး အိမ်ဖြူတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနကပင် အဖွဲ့ရှိနေမှုကို တိုက်ရိုက် အသိအမှတ်ပြုမှု မရှိကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ အဖွဲ့(၆) အဖွဲ့ဝင်များသည် ဘော့စနီးယားတွင် စစ်ရာဇ၀တ်သားများကို ရှာဖွေပြီး အာဖဂန်နစ္စတန်တွင် အချို့တိုက်ပွဲများ၌ ၀င်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ်က အမေရိကန် ဓားစားခံတစ်ဦးကို ပြန်လည် ကယ်တင်ရန် ကြိုးပမ်းရာတွင် အသက်ကယ်လှေဖြင့် ထွက်ပြေးသော ဆိုမာလီပင်လယ်ဓားပြ သုံးဦးကို ပစ်သတ်ခဲ့သည်။ အိုစမာဘင်လာဒင်ကို အသေဖမ်းဆီးခဲ့သော အဖွဲ့တွင် ကွန်မန်ဒို ၇၉ ဦးနှင့် ခွေးတစ်ကောင် ပါဝင်ပြီး ဘင်လာဒင်၏ အိမ်ဝင်းကြီး အတွင်းသို့ ၀င်ရောက်ခဲ့သူ နှစ်ဒါဇင်ခန့်သည် စစ်ဆင်ရေး အောင်မြင်မှုအတွက် အဓိက ဖြစ်သည်။

( ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း )

ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း

Sunday, 08 May 2011 22:42


w63211

Flicker ဓာတ်ပုံဝက်ဘ်ဆိုက်တွင် လူကြည့်အများဆုံး ဖြစ်ခဲ့သော ဤဓာတ်ပုံသည် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်သည်။ စစ်ဆင်ရေးကို တိုက်ရိုက် ကြည့်ရှုနေကြသော အမေရိကန်သမ္မတနှင့် တာဝန်ရှိသူများ၏ ဓာတ်ပုံသည် လူမျိုးရေးအခန်းကဏ္ဍ၊ အမျိုး သမီးများ၏ အခန်းကဏ္ဍနှင့် အမေရိကန်သမ္မတ ဆိုသော ပြယုဂ်တို့နှင့် ပတ်သက်သော နိုင်ငံ၏ သဘောထား ၂၁ ရာစုတွင် မည်သို့ ရှိနေပြီကို ဖော်ပြသည်ဟု သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များက သုံးသပ်သည်။

လူမည်းတစ်ယောက်က ကာကွယ်စောင့်ရှောက်သူ အကြီးအမှူး ဖြစ်လာခြင်း
အမေရိကန်သမိုင်းတွင် တစ်ခေတ်တစ်ခါက လူမည်းတို့သည် ဒေါသကြီးသော ပြဿနာတို့ကို ဖန်တီးသော အကြမ်းဖက်မှုတို့ကို ဖြစ်စေသော သူများအဖြစ် သရုပ်ဖော် ခံခဲ့ရသည်။ ယခု Situation Room အတွင်းမှပုံတွင်မူ လူမည်းတစ်ဦးသည် နိုင်ငံကို ကာကွယ်စောင့်ရှောက်သူ အကြီးအမှူးအဖြစ် ရှိနေသည်ဟု ခံစားမိစေပြီး လူဖြူအမေရိကန်တို့၏ လူမည်းတို့အပေါ် ထားရှိသည့် သဘောထားကိုပါ အကောင်းဘက်သို့ ပိုရောက်လာစေခဲ့သည်ဟု သုံးသပ်ကြသည်။

အာဏာ၏ဗဟိုချက်မှ အမျိုးသမီး
အမြင့်ဆုံးအာဏာ ရှိကြသော စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင် အမျိုးသားများ အလယ်တွင် ထီးထီးကြီး ရှိနေသော ဟီလာရီသည် အနောက်ကမ္ဘာတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍကို ဖော်ပြနေသည်။ ယင်းပုံကို နော်မန်ဒီ ကမ်းတပ်တိုက်ပွဲ အောင်ပွဲပုံ (သို့မဟုတ်) အီဝိုဂျီးမား ကမ်းတက်တိုက်ပွဲ အောင်ပွဲပုံတို့နှင့် နှိုင်းယှဉ်နိုင်သည်။ အမေရိက၏ စစ်ဘက် အောင်ပွဲပုံများတွင် အမျိုးသမီးတို့၏ပုံ မပါရှိခဲ့။ သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ကျူးဘား ဒုံးပျံအရေးအခင်းကာလ ဓာတ်ပုံတွင်လည်း အိမ်ဖြူတော်တွင် ယူနီဖောင်းဝတ်များနှင့် မေးရိုးကားကား အမျိုးသားများ ၀န်းရံနေပုံကိုသာ တွေ့ခဲ့ရသည်။

ယခုပုံတွင် မူဟီလာရီနှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေးညွှန်မှူး အော်ဒရေတိုမာဆင်ကိုပါ မြင်တွေ့ရပြီး အမျိုးသမီးနှစ်ဦးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပြီ ဆိုခြင်းကို ဖော်ပြနိုင်ခဲ့သည်။

သမ္မတ၏ ဂုဏ်မာန်ကြီးဟန်
အမေရိကန်သမ္မတ အစဉ်အဆက်သည် ကိုယ့်ပုံစံနှင့်ကိုယ် မိမိတို့၏ ဂုဏ်မာန်ကြီးဟန်ကို ဖန်တီးလေ့ရှိသည်။ သီအိုဒိုရုစဗဲ့လ်က အမဲလိုက်ထွက်သည့်ဟန်ကို ယူသည်။ရော်နယ်ရေဂင်က ကောင်းဘွိုင်ဦးထုပ်နှင့် စတိုင်ရှိသလို ဂျော့ဒဗလျူဘုရှ်က လည်း လေယာဉ်တင် သင်္ဘောပေါ် သွားသောအခါ လေယာဉ်မှူးဝတ်စုံနှင့် ဖြစ်သည်။ သမ္မတတို့၏ ဂုဏ်မာန်သည် လူပုံအလယ်တွင် ထင်ရှားစေလေ့ ရှိသည်။ ဖရန်ကလင်ရုစဗဲ့လ်တွင် ပိုလီယိုရှိသလို ကနေဒီသည်လည်း နှစ်နာရီထက် ပိုမရပ်နိုင်။ သို့ပေမဲ့ သမ္မတတို့သည် ဂုဏ်မာန်ပျောက်နေသောပုံကို ထုတ်ပြန်ပေးလေ့ မရှိခဲ့ကြ။ ယခုပုံတွင်မူ အိုဘားမားကို မသိသူသည် သမ္မတဟုပင် ထင်စရာ မရှိ။ အမြင့်ဆုံးခုံတွင် ထိုင်မနေသလို၊ ဗဟိုချက်တွင် ရှိမနေ။ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ခေါင်းဆောင်မှု အတွက် မည်သည့်နေရာတွင် ရပ်နေ၊ ထိုင်နေသည်က အရေးမကြီးတော့သည် ဆိုခြင်းကိုလည်း ဖော်ပြနေသည်။




Tuesday, May 03, 2011

{The T-Mobile Royal Wedding }



ကြည့်ရတာပျော်ရွှင်စရာကောင်လှပါသည်။ ပေါ့ပေါ့ပါးပါး အင်္ဂလန်ဘုရင်မကြီး၏ မြေး မင်္ဂလာဆောင်ကို ပြန်လည် ပုံဖေါ်သရုပ်ဆောင်ထားကြတာပါ၊ အားလုံး လွတ်လပ်ပျော်ရွှင်နေကြပြီး ကြည်ရှုကြရသော ပရိတ်သပ်ကိုလည်း ပျော်ရွှင်ကြည်နူမှု့ ကိုပေးစေပါသည်၊

ကျွှန်တော်ကတော့ ဒီမိုကရေစီနိင်ငံကြီး၏ အဆင့်အတန်း မခွဲးခြားပဲ အနု့ ပညာကို အနု့ ပညာဆန်စွာ ဖေါ်ပြခွင့်ရကြသေား ဒီမိုကရေစီ၏ လွတ်လပ်ခွင့်ဟု မြင်မိပါသည်။ ကိုပြည်ကို့ ရွာမှာလဲ အယုတ်အလပ်အမြတ်မရွေး ပျော်ရွှင်စရာလေးတွေ အမြန်ဆုံး ဖြစ်ပေါ်လာပါစေလို့ ဆု့ တောင်နေမိပါသည်။




ဒီသီချင်းလေးဆိုကြသလိုမျိုး ကျွှန်တော်တို့ ရွာမှာလည်း လွတ်လပ်ရေးအောင်ပွဲး သီချင်းလေး တစ်ပုဒ်လောက် သံပြိုင် သီဆိုခွင့်ရလိုက်ကြရရင် ဘ၀မှာသေပျော်လောက်အောင် ၀မ်းသာမိလိပ်မည်ဟု ယုံကြည်မိပါသည်။ ပြည်မြန်မာသူ ပြည်မြန်မာသားများအားလုံး ကိုယ်စိတ်နှလုံး သုံးပါလုံး ကျန်းမာ ပျော်ရွှင်နိင်ကြပါစေ..။ ။
´