Friday, March 04, 2011

{ အလှုငွေ လက်ခံမိတဲ့ LSE ကျောင်းအုပ် နှုတ်ထွက်၊ PhD အတုများ ဆင်ခြင်စရာ ဗွီဒီယို }(Click)

အလှုငွေ လက်ခံမိတဲ့ LSE ကျောင်းအုပ် နှုတ်ထွက်၊ PhD အတုများ ဆင်ခြင်စရာ ဗွီဒီယို

E-mail Print PDF

ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကြီးမားသော London School of Economics ကျောင်းအုပ်ကြီး ဟာဝါ့ဒ်ဒေးဗစ် မှာ ကဒါဖီသား လှုဒါန်းတဲ့ အလှုငွေ ပေါင် ၁.၅ သန်းကို လက်ခံမိတဲ့အတွက် နောင်တရမဆုံး ဖြစ်ပြီး

တက္ကသိုလ်မှ နှုတ်ထွက်ကြောင်း ကြာသာပတေးနေ့က ကြေငြာခဲ့သည်။

ဟာဝါ့ဒ်ဒေးဗစ်က “တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားတဲ့အတွက် ကျနော်မှာ တာဝန်ရှိလို့ ရာထူးက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျနော် လူပုဂ္ဂိုလ် အကဲခတ် မှားခဲ့ပါတယ်။ တက္ကသိုလ် အတွက် အကျိုးရှိမယ် ထင်ပြီး အလှုငွေ လက်ခံခဲ့တာပါ” လို့ တောင်းပန်စကား ပြောခဲ့သည်။

LSE တက္ကသိုလ် ကောင်စီက ထိုငွေကို မြောက်အာဖရိက ကျောင်းသားများအတွက် စကော်လားရှစ် ရန်ပုံငွေ ထားရှိမည်ဟု ဆုံးဖြတ်လိုက်သည်။ ကဒါဖီ မိသားစုနဲ့ ပတ်သက် ခဲ့သမျှကိုလည်း ဆက်လက် စုံစမ်းစစ်ဆေး သွားမည်ဟု ကြေငြာခဲ့သည်။

လစ်ဗျား အာဏာရှင် လူဆိုးလူမိုက် ကဒါဖီ ရဲ့သား ၇ ယောက်အနက် အချစ်ဆုံးသား ဆေးဖ် အယ် အစ္စလာမ်မှာ LSE မှ ၂၀၀၃ ခုနှစ်တွင် ဖလော်ဆော်ဖီ၊ ပေါ်လစီ၊ လူမှုဗေဒ ဘာသာရပ်များဖြင့် မာစတာဘွဲ့ရရှိခဲ့ပြီး၊ ၂၀၀၈ တွင် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ သူ့ရဲ့ ၇၂၈ မျက်နှာရှိ PhD စာတမ်းကို ရှဲဒိုးအငှားဖြင့် ရေးခိုင်းခဲ့ကြောင်း The Economist ဂျာနယ်မှ မကြာခင်က ဖော်ထုတ်ခဲ့သည်။

စာတမ်းအတုဖြင့် PhD ဒေါက်တာဘွဲ့ ရရှိခဲ့တဲ့ ကဒါဖီသားမှာ ယခုရက်ပိုင်းအတွင်း လစ်ဗျားလူထုကို သတ်ဖို့ လက်နက် များထုတ်ပေးနေပြီး၊ “လစ်ဗျားမှာ တစ်ဦးထဲသော ဂေါ့ဒ်၊ ပါပါ ကဒါဖီက လွဲလို့ ဘယ်သူမှ အုပ်ချုပ်စရာမလို။ ရွံရှာ စက်ဆုပ် ဖွယ် အယ်လ်ဂျားဇီးယား ရုပ်သံ အလိုမရှိ” စသဖြင့် အော်ဟစ် အမိန့်ပေး နေတဲ့ ဗွီဒီယိုကို ပူးတွဲ တင်ပြလိုက် ပါသည်။ PhD အတုများ ဆင်ခြင်နိုင်ဖို့ ဖြစ်ပါသည်။

မောက္ခနိုင်ငံတကာသတင်း Sourceး FP & CNA