{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Thursday, July 30, 2009

ဒီမှာ ဒီလို......ဒီလို။

ဒီလို လုပ်ရင် - ဒီလို ဖြစ်မယ်။


ဒီလို ဖြစ်ရင် - ဒီလို လုပ်မယ်။


ဒီလို လုပ်ပြီးရင် ဒီလို သာယာမယ်။


ဒီလို ပေါက်တယ်နော် အားလုံး ဒီလို ကျိုးစားကြရအောင်။

Monday, July 27, 2009

တက္ကသိုလ်စိန်တင် - ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (အပိုင်း - ၁)

{ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အကြောင်း တင်ဆက်ပေးရန် တောင်းဆိုလာသည့် မျိုးဆက်သစ် ညီငယ်/ ညီမငယ်များသို့ ... ရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါသည်။ တထိုင်တည်း ဖတ်ဖြစ်စေ လိုသည့် ရည်ရွယ်ချက်ဖြင့် အပိုင်းခွဲတင်ဆက်ပေးခြင်း ဖြစ်ပါသည်။}

U-Thant-1

U-Thant-2

Saturday, July 25, 2009

{ သူတော်ကောင်း နတ်ကောင်းမပါစေ } Click

သူတော်ကောင်း နတ်ကောင်းမပါစေ


ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံမလာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေတွေ တွေ့ဆုံ ခွင့်ရကြတယ်။ အင်းစိန်မှာ လက်ရှိတရားရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ပါ။ ဘန်ကီမွန်းလာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြဖို့ အကြံပြုပြောကြားတဲ့အခါမှာ တော့ ဒေါ်အောင်ဆန်းစုကြည်က သူ့လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး လုံးဝဆွေးနွေးမှာမဟုတ်ကြောင်း၊ တိုင်း ပြည်ပြန်လည်တည်ဆောက်ရေးအတွက် နအဖနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့သာ ဆွေးနွေးမှာဖြစ် ကြောင်း ပြန်လည်ပြောပါတယ်။

တိုင်းပြည်နဲ့ ပြည်သူလူထုအရေးအတွက် မိမိကိုယ်ကျိုးအတ္တကို လုံးဝမြှုပ်နှံထားတယ်ဆိုတာ ထပ်ဆင့်သက် သေပြလိုက်တာပါပဲ။ ဒီမိုကရေစီလှုပ်ရှားမှုတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အသက်ကိုတောင် မငဲ့ကွက်ဘဲ ပြည်သူအတွက် ပေးဆပ်ထားတယ်ဆိုတာ အများအသိပါ။ ဒါကြောင့်လည်း နိုင်ငံတကာက လေး စားကြ၊ ချီးကျူးကြ၊ ဂုဏ်ပြုကြတာပါ။ ကျနော်တို့ပြည်သူတွေအဖို့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လေးစား စရာ၊ ဂုဏ်ယူစရာထက် ပိုပါတယ်။ ကြည်ညိုစရာ၊ အားထားယုံကြည်စရာ ပုဂ္ဂိုလ်ထူးပါ။ ကျနော်တို့ရဲ့ အလင်း ရောင်ပါ။

တခါတလေတော့ ကျနော်တို့ပြည်သူလူထုဟာ သူနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် နှစ်ရှည်ထောင်ကျခံနေရသူတွေ၊ ယုံကြည်မှုပြင်းထန်တဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နေကြသူတွေရဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်ကောထိုက်တန်ရဲ့လားလို့ စဉ်းစားမိတယ်။

ဒီမိုကရေစီတော်လှန်ရေး မအောင်မြင်ရသေးတောင် သူနဲ့ ဒီမိုကရေစီဘက်သားတွေ ထောင်အကျဉ်းကျနေမှု ကနေ လွတ်မြောက်အောင် ဘယ်သူ ဘယ်လိုများလုပ်နိုင်မလဲဆိုတာ စဉ်းစားမိတယ်။ ဂမ်ဘာရီနဲ့ ဘန်ကီမွန်း ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း မြန်မာပြည်လာတဲ့ အခေါက်ရေများလာတာပဲ အဖတ်တင်တယ်။ ဘာတခုမှ ဆုပ်ကိုင် ပြနိုင်တဲ့ ရလဒ်ထွက်မလာခဲ့ဘူး။ ဒီမိုကရေစီရေး ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း အကြမ်းမ ဖက်တဲ့နည်းကို ကိုင်စွဲထားတာမို့ အရေးအခင်းတခုပြီးတိုင်း တဖက်သတ်အသေအပျောက်နဲ့ ထောင်ကျသူများ လာခဲ့တယ်။

ရလဒ်အနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ နားလည်စာနာမှုနဲ့ ဂရုဏာတွေ ရရှိခဲ့တယ်။ ဒါပေမယ့် ကုလ သမဂ္ဂအနေနဲ့တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေး ကောင်းလာဖို့ဆိုတာမပြောနဲ့ ထောင်ကျနေသူတွေ လွတ် အောင်၊ မတရားအမှုဆင် ဖမ်းဆီးထားတာကို ရပ်တန်းကရပ်အောင်တောင် မလုပ်နိုင်ဘူး။ ယုတ်စွအဆုံး မြန် မာနိုင်ငံကို လာတဲ့အခိုက် အတိုက်အခံခေါင်းဆောင်နဲ့ တွေ့ခွင့်ရအောင်တောင် မစွမ်းဆောင်နိုင်ဘူး။ ကုလရဲ့ အခန်းကဏ္ဍ ကြီးလေစွ။

ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာလည်း လက်ခံပါတယ်။ သို့သော်လူတဦးချင်း၊ နိုင်ငံတနိုင်ငံချင်း၊ အစိုးရနဲ့ ပြည်သူအတွင်း ပြဿနာဆိုတာ ရှိစမြဲပါ။ ဒါ တွေကို ဖြေရှင်းဖို့အတွက် တရားရုံး၊ နိုင်ငံတကာခုံရုံး၊ ကုလသမဂ္ဂ စတာတွေ ပေါ်လာရတာပါ။ ကိုယ့်အားကိုယ် ကိုး ကိုယ့်ကိစ္စကိုယ်ရှင်းရမှာပဲဆိုပြီး ကြားဝင်စေ့စပ်၊ လိုအပ်ရင် အဆုံးအဖြတ်ပေးရမယ့် သူတွေက လျစ်လျှူရှု ကြမယ်ဆိုရင်တော့ တရားရုံး၊ ခုံရုံးဆိုတာတွေ ထားဖို့မလိုတော့တဲ့အပြင် ကုလသမဂ္ဂဆိုတာလည်း ကမ္ဘာပေါ် မှာ ပိုနေတဲ့ အဖွဲ့အစည်းဖြစ်နေမှာပဲ။ နိုင်လိုမင်းထက်တွေ၊ အဓမ္မမှုတွေ၊ မငြိမ်သက်မှုတွေသာ လွှမ်းမိုးလာမယ်။ ဒီတော့ ယဉ်ကျေးတဲ့၊ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေက အမှန်တရားဘက်ကိုလိုက်ပြီး ထိထိရောက်ရောက် ဖြေရှင်းပေး မှသာ ငြိမ်းချမ်းမှုကို ရနိုင်မယ်။

ဒါပေမယ့် အခုတခါလည်း နအဖက ဘန်ကီမွန်းကို ကျောခိုင်းလိုက်ပြန်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းတာကို တရားစီရင်ရေး အနှောက်အယှက်ဖြစ်မှာစိုးတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်တယ်။ ကမ္ဘာပေါ် မှာ အဆင့်မြင့်ဆုံး အဖွဲ့အစည်းကြီးရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်ရဲ့ တောင်းဆိုချက်ကို မျက်ကန်းတစ္ဆေမကြောက် ပယ်ချလိုက်တယ်။ ဦးအောင်ခင် ရေးခဲ့သလို လက်တွေ့အရေးယူမယ့်သူ မရှိသရွေ့ ဗမာစစ်သူခိုးက အမြဲတမ်း လူ လူဟစ်” ပြီး မိုက်ရိုင်းနေဦးတော့မှာပဲ။

ကုလသမဂ္ဂကို အားကိုးနိုင်ရပုံမပေါ်လို့ နိုင်ငံတကာရောက် ဒီမိုကရေစီသမားတွေကိုအားကိုးမယ်ကြံမိတယ်။ တနင်္ဂနွေနေ့ (၅.၇.၀၉) နေ့ ဘီဘီစီ မြန်မာ့အရေးဆွေးနွေးပွဲကို နားထောင်လိုက်မိတော့ ရှင်းသွားတယ်။ တ ရုတ်ပြည်က မြန်မာ့အရေးမှာ ကုလထက် ပိုအရေးပါတယ်၊ သြဇာရှိတယ်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး ဦးတင်ဝင်း ဆိုတဲ့သူ ပြောဆိုသွားတာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ကလည်း တရုတ်ပြည်ကို အကူအညီတောင်း ဖို့သွားခဲ့တာပဲ ဆိုတာက အစချီပြီး ပြောသွားလိုက်တာ သိပ်ရှင်းတာပဲ။ နအဖရဲ့လူမှန်း သိသာတယ်။

NCGUB ရဲ့ ဒေါက်တာသောင်းထွန်းကိုတော့ သူပြောတာကို နားထောင်ရင်းနဲ့ နအဖလူလား။ နအဖကို ဆန့် ကျင်သူလား ကျနော်တော့ဖြင့် မခွဲခြားတတ်တော့ဘူး။ ပြန်ပြီးတော့သာ နားထောင်ကြည့်ကြပါတော့။ ပြည် တွင်းက NLD ရုံးချုပ်နဲ့ ပြည်သူတွေကတော့ အနှောက်အယှက်အမျိုးမျိုးအပြင် လူမဆန်တဲ့ အုပ်ချုပ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတာမို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြပါဘူး။

ဒီတော့ မြန်မာပြည်သူတွေအရေးဟာ မေခလာ ကယ်နိုင်ဖို့ဝေးတဲ့ အနေအထားလား။ ဒီအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်းနားလည်တယ်။ ပြည်သူတွေ ခံစားနာကျင်နေရတာတွေကိုလည်း သူ သိတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ခံစားနေရတာဟာ သူ့ထက်ပိုဆိုးကြောင်းကိုလည်း စာနာပြောဆိုလေ့ ရှိတယ်။ အင်းစိန်မှာ တရားရင်ဆိုင်နေရစဉ် အစောပိုင်းရက်ကလည်း သူနဲ့ပတ်သက်ပြီး တခြားသူတွေ ထိခိုက် နစ်နာသွားအောင် ထွက်ဆိုချေပမှုမျိုး မပြုလုပ်ရန် သူ့ရဲ့ရှေ့နေများကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလုပ်ရာမှာ အတ္တကို ပယ်နိုင်စွန့်နိုင်တယ်။ သူ့ကို ပုဂ္ဂိုလ်ရေးအရ ထောက် ခံတာ၊ ရိုင်းပင်းတာတွေထက်၊ သူလုပ်နေတဲ့ လမ်းစဉ်အပေါ် အားပေးကူညီမှုကိုသာ လိုလားကြောင်း အကြိမ် ကြိမ်ပြောခဲ့တယ်။ သူ့ရဲ့ စွန့်လွှတ်မှုဟာ သူ့အတွက်မဟုတ်၊ ကျနော်တို့ ပြည်သူတွေအတွက်သာမဟုတ် လူ သားအားလုံးရဲ့ ဒီမိုကရေစီလမ်းစဉ်ကြီး တခုလုံးအတွက်ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေပဲဖြစ်ဖြစ်၊ ဘယ်သူ တွေပဲဖြစ်ဖြစ် လုပ်ရပ်ဟာ ကျေနပ်စရာမရှိရင်တောင် ခွင့်လွှတ်နေဦးမှာ အသေအချာပဲ။ ပုဂ္ဂလဓိဌာန်ကို ကျော် လွန်နိုင်တဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါ။

တဖက်မှာတော့ နအဖဟာ ပြန်လမ်း၊ အဆန်လမ်းမရှိတော့တဲ့ အခြေကို ဆိုက်နေပါပြီ။ ယုတ်မာရိုင်းစိုင်းပြီး မိုက်ချက်ကတော့ ကမ်းကုန်နေတဲ့ နအဖဟာ မြင့်မြတ်စိတ်ထားတဲ့ မေတ္တာဝါဒီ ဒေါ်အောင်ဆန်းစုကြည် အပါအ ၀င် အတိုက်အခံခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ဆိုတာ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့တာမျိုး မို့ မဖြစ်နိုင်ပါဘူး။ သဘာဝတရားကိုက လက်မခံပါဘူး။ ဆင်သေကောင်သားကို တသက်တာအစာအဖြစ် အ ထင်ရောက် စားသောက်ဖက်တွယ်ရင်း သမုဒ္ဒရာအနက်ပိုင်းကို စုန်ဆင်းမျောပါသွားရတဲ့ ကျီးမိုက်လို သူတို့ပြု လုပ်ထားတဲ့ အကုသိုလ်က နအဖ ဗိုလ်ချုပ်တသိုက်ကို လွတ်လမ်းမမြင်တဲ့ ဒုက္ခတိဘုံဆီ ဆွဲခေါ်လို့နေပါပြီ။ မ ကြာခင် စုန်းစုန်းမြုပ်တော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အာဇာနည်သူတော်ကောင်းအပေါင်းတို့ကို မကြာခင် နတ်ကောင်းမတော့မှာပါလို့ ဆိုချင်ပါတယ်။ အားတင်း၊ တောင့်ခံ၊ စည်းလုံးရန်တော့ လိုပါကြောင်း …။

မြင့်သိန်းကြူး

http://drlunswe.blogspot.com/

Sunday, July 19, 2009

{ (၆၂) နှစ်မြောက် အာဇာနည်နေ့ } အမှတ်တရ - {ဘဝထဲက အောင်ဆန်း၊ ရင်ထဲက အောင်ဆန်း ။ }




ဘဝထဲက အောင်ဆန်း၊ ရင်ထဲက အောင်ဆန်း ။


(မင်းဒင် ရေးသည်)


ကျနော်ဒုတိယတန်းအောင်ပြီး တတိယ တန်းတက်ရတော့မယ်ဆိုတော့ ကျောင်းမဖွင့်ခင် ကျနော့်လက်ထဲကို တတိယတန်းဖတ်စာတွေရောက်လာပါတယ်။ကျောင်းတွေ မဖွင့်သေးပဲ စာအုပ်တွေကြိုရောက်လာတာက အဲဒီခေတ်က ကျောင်းသုံးစာအုပ်တွေကို ကျောင်းတွေ မဖွင့်ခင် ကုန်သွယ်ရေးအရောင်းဆိုင်တွေမှာကျောင်းသုံး စာအုပ်တွေ ဝယ်နိုင်လို့ အဖေက ကြိုဝယ် ပေးထားတာပါ။ တတိယတန်းဖတ်စာထဲက ဗိုလ်ချုပ်အောင်ဆန်း ကဗျာထဲမှာ ..ဇာတိ နတ်မောက် မကွေးခရိုင် ၊ သိကြများခုတိုင် .. ဆိုတဲ့ စာသားကိုတွေတော့ ကျနော် တော်တော် စိတ်ဝင်စားသွားပါတယ် ။
ကျနော်မွေးတဲ့မြို့မှာ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူဟာ ဘယ်လိုလူလဲ ၊ ဘာတွေ လုပ်ခဲ့လို့ ဒီစာ အုပ်ထဲမှာ သူ့အကြောင်းကဗျာထည့် စပ်ထားရသလဲသိချင်စိတ် ပေါ်လာ ပါတယ်။ကဗျာ တနေရာမှာ မျက်ရည်ဖြိုင်လို့ဘဝင်ညှိုး ဇူလိုင်တဆယ့်ကိုး ဆိုတာလည်းဖတ် မိတယ်။ ဘာကြောင့် ဇူလိုင်တဆယ့်ကိုးမှာ ဘဝင်ညှိုးပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရတာလဲ ဆိုတာပါ သိချင်စိတ်စောခဲ့ ဘူးပါတယ် ။


……………………………….

တဖြည်းဖြည်း အတန်းတွေတက်လာတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကို ကျောင်းစာမှာကော ပြင်ပစာအုပ်နဲ့သတင်းစာတွေ မှာပါ တွေ့ရဖန် များလာတော့ကျနော်ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တစစသိလာပါတယ်။
အာဇာနည်နေ့နီးလာရင် ကျောင်းမှာ အကြိုဟောပြောပွဲတွေ နှစ်စဉ်လုပ်တော့ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေအကြောင်းကို ခြေရာခံမိလာပါ တယ်။ရေဒီယိုကနေလွှင့်တဲ့ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းတွေ ၊ဒေါ်မေလှမြိုင်သီချင်းတွေကြောင့် ကြက်သီးတွေထ ၊မျက်ရည်ကျ ရတဲ့ အကြိမ် ပေါင်း မနည်းလှပါဘူး။သတင်းစာ၊ဂျာနယ်မျက်နှာဖုံးတွေမှာ အာဇာနည်နေ့ အထူးထုတ်ဆိုပြီး ဝေဝေဆာဆာပုံတွေနဲ့မြင်ရ ။ ဆယ့်ကိုးဇူလိုင် မမေ့နိုင် ဆို တာမျိုး စာလုံးမည်းကြီးတွေ အာဇာနည်ကြီးတွေရဲ့ ဓာတ်ပုံ ရောင်စုံကြီး တွေကိုလည်း အာဇာနည် နေ့တိုင်းမှာ တွေ့နေရတော့ ပိုပိုသိလာပြန်ပါတယ် ။
ဗိုလ်ချုပ်ရဲ့အကို ဦးအောင်သန်းရေးတဲ့ အောင်သန်းရဲ့အောင်ဆန်း ၊ဗိုလ်ချုပ်ရဲ့ကိုယ်ရေး အရာ ရှိ အဖြစ်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)ရဲ့အမှတ်တရဗိုလ်ချုပ်အောင် ဆန်း ဆိုတဲ့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ စာအုပ်တွေသာမက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေး ထားတဲ့စာအုပ်မှန်သမျှ ကျနော်မလွတ်တမ်း ဖတ်ပြီးချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျနော့်ဘဝရဲ့ သူရဲကောင်းကြီး ဖြစ်လာပါတော့ တယ် ။သူဟာသူ့လိုပဲ နိုင်ငံချစ်သူမျိုးချစ် လူငယ် တစုနဲ့ မြန်မာ့တပ်မတော်ကြီးကို ထူထောင်ပြီး နှစ်ပေါင်းတရာကျော် တိုင်းတပါး လက်အောက် ရောက်နေခဲ့တဲ့ မြန်မာပြည်ကြီးကို လွတ်လပ်စေခဲ့တယ် လွတ်လပ်ရေးကို သူ့အသက်နဲ့လဲပြီး ဦးဆောင်ရယူပေးခဲ့တယ်ဆိုတာ ခရေစေ့ တွင်းကျ သိလာပါတော့တယ် ။
………………………………………….

အာဇာနည့်နေ့ရောက်လို့ ဗိုလ်ချုပ်တို့ကျဆုံးချိန် ၁၀နာရီ ၃၇ မီးနစ်မှာ စက်ရုံတွေ ဥသြဆွဲ အထပ်သားစက်ရုံ။ အမှတ်၁၀ သစ်စက် ။ကားတွေ ရပ်၊ လူတွေက ရောက်လေရာနေရာမှာ ရပ်ပြီး ငြိမ်သက်အလေးပြုကြပါတယ်။ ကျနော်ခြောက်တန်းခုနှစ်တန်းအရွယ် ရောက်တော့ဗိုလ်ချုပ်တို့ ကျဆုံးချိန်မှာ တပြိုင်နက်ဆွဲလိုက်တဲ့ ဥသြသံတွေကို ကြားတာနဲ့ ဝမ်းနည်းခြင်း ကြီးစွာနဲ့ ရောက်ရာနေရာမှာ လက်ကလေးနှစ်ဘက်ဘေးချ ၊ခေါင်းငုံ့ဦးညွှတ်ပြီး အလေးပြု တတ်နေခဲ့ပါပြီ ။အိမ်တိုင်းရုံးတိုင်းမှာ တဝက်လွှင့်ထူထားတဲ့ နိုင်ငံတော်အလံတွေကို ရင့်နင့်နင့် နဲ့ ကြည့်ပြီး ဗိုလ်ချုပ်နဲ့အတူပြည်ထောင်စုကြီး ထူထောင်ရေးအတွက် အသက်ပေးခဲ့ကြ တဲ့ အာဇာနည်ကြီးတွေဟာလည်း လေးစားထိုက်သူများအဖြစ် နားလည်သဘော ပေါက်နေခဲ့ပါပြီ ။

ကလေးဘဝက ဗိုလ်ချုပ်အောင်ဆန်းကို မြတ်နိုးလေးစားလွန်းတာကြောင့် ဗိုလ်ချုပ်အောင် ဆန်း လူ့ပြည်ပြန်ရောက်ပြီး မြန်မာပြည်မှာ ဘယ်လို နည်း နဲ့များ ပြန်ပေါ်လာလေမလဲ ဆိုတာ ကလေးအတွေးနဲ့ တွေးခဲ့တဲ့ အကြိမ်ပေါင်း မနည်းလှပါဘူး။သူငယ်ချင်းတွေနဲ့ ဗိုလ်ချုပ်အောင် ဆန်း အကြောင်း စကားစပ်မိရင် “ဗိုလ်ချုပ်အောင်ဆန်းဟာ အခု လူဝင်စား ဘဝနဲ့ လူပြန်ဖြစ် နေပြီကွ“ ဆိုပြီး အလွမ်းဖြေရတာလည်းအမောဗျာ။ ဒီကြားထဲ သတင်းစာတစောင်မှာ ဗိုလ်ချုပ် ပုံ မှိုပွင့်ကြီး တပွင့်ဟာ ပိုင်ရှင်ဒေါ်စု ဆိုသူ အဘွားအိုရဲ့ခြံထဲမှာပေါက်ဘူးတာလည်း ဖတ်ဘူး ရော ကျနော်တို့ စိတ်ကူးဟာ တကယ်ဖြစ်လာတော့လေမလား ဆိုပြီး ကျိတ်ဝမ်းသာနေခဲ့ကြ ဘူး ပါတယ် ။ထူးဆန်းတာက မူလတန်းကျောင်းသား ဘဝက ကျနော်နဲ့တည့်တဲ့ သူငယ်ချင်း ရော ၊ မတည့်တဲ့  သူငယ်ချင်းတွေပါ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတဲ့နေရာမှာတော့ သွား တူ နေကြတယ် ဆိုတဲ့ အချက်ပါပဲဗျာ ။
…………………………….

ဒါဟာတကယ်တော့ မထူးဆန်းလှပါဘူး။ ဗိုလ်ချုပ်ဟာ မွေးရာကနေ သေသည်အထိ မြန်မာ့ လွတ်လပ်ရေးတခုတည်းအတွက် စိုက်လိုက်မတ် တတ် လုပ်ခဲ့ပြီး သူမတူတဲ့ ရိုးဂုဏ်နဲ့ပြည့်စုံ နေလို့ပါပဲ ။ဗိုလ်ချုပ်ဟာ သေသည်အထိ ကိုယ်ကျိုးတပြားသားမှ ရှာခဲ့သူ မဟုတ်ပါဘူး ။လွတ်လပ် ရေးရရင်တောင် ရာထူးကြီးကြီးယူပြီး ဇိမ်ခံနေဘို့ စိတ်ကူးမျိုးမရှိပဲ နိုင်ငံရေးက ထွက်ပြီး စာရေးဆရာလုပ်ဘို့ မျှော်မှန်း စိတ်ကူးခဲ့သူပါ ။ဗိုလ်ချုပ် တို့ စိတ်နှလုံးဖြောင့်စင်းပုံများ သူ့ဇနီး ဒေါ်ခင်ကြည်ကို ပဲပြုတ်နဲ့နံပြားစားချင်လို့ စာရေးပြီး ပူဆာသတဲ့ဗျာ ။ဒါတင် ဘယ်ဟုတ် အုံးမလဲ၊ လွတ်လပ်ရေး အတွက် အရေးဆိုဘို့အင်္ဂလန်သွားတဲ့ ခရီးမှာ အိန္ဒိယနိုင်ငံ နယူးဒေလီ လေဆိပ်အရောက် ၊ အင်္ဂလန်မှာ ဝတ်ဘို့ အဝတ်အစား အပြည့်အစုံပါရဲ့လားလို့ နေရူးက ဗိုလ်ချုပ်အောင်ဆန်း ကိုမေးသတဲ့ ။ အမှန်တော့ နေရူးဟာ အင်္ဂလန်မှာ ကျောင်းသား ဘဝနဲ့ နှစ်ရှည်နေဘူး တော့ အင်္ဂလန်ရာသီဥတုက အေးလွန်းလို့ အနွေးထည် ထူထူပါမပါ မေးတာပါ ။ ထုံးစံအတိုင်းသာမန် အဝတ်အစားနှစ်စုံ၊သုံးစုံလောက်နဲ့ တဘဝလုံး နေထိုင်လာခဲ့တဲ့ဗိုလ်ချုပ် မှာ အနွေးထည်မပါမှန်း လည်း သိရော ၊နေရူးဟာ ချက်ချင်း လောင်းကုတ်ရှည်ကြီး တထည် ချုပ်ပြီး လက်ဆောင်ပါး လိုက် ပါသတဲ့ ။ဗိုလ်ချုပ်အောင်ဆန်းကို ဓာတ်ပုံထဲမှာခန့်ခန့်ကြီး လောင်းကုတ်ရှည်ကြီးနဲ့တွေ့ရတာ ဟာ နေရူးကြီးရဲ့ ကျေးဇူး ပေါ့ဗျာ ။
……………………………..

ဒီနေ့ဒီအချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်နဲ့ ရင်းပြီး ရယူပေးခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဟာ မြန်မာ လူမျိုးတွေ အတွက် မြင်သာမြင်ရ မကြင်ရတဲ့ ဘဝပါပဲ ။ကိုယ့်အမျိုးကိုယ့်ညှင်းတဲ့ မြန်မာစစ်ခေါင်း ဆောင်တွေလက်ထဲမှာ လူထုတရပ်လုံး မလွတ်မလတ် အနေကြပ် အသေကြပ်၊ အရှင်လတ်လတ် ငရဲကျနေခဲ့ကြရပါပြီ ။ စစ်ဝါဒီတွေ အာဏာတည်မြဲရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဂန္တဝင်ပုံရိပ်ကို ဆေးမဲ သုတ်ခဲ့ကြပါပြီ ။
အခု ဖူးခက်အိမ်မှာ ကျနော်နဲ့အတူ နေတဲ့ အသက်နှစ်ဆယ်အရွယ် မောင်ဖြိုးဆိုတဲ့ လူငယ်လေးက ကျနော်ကွန်ပြူတာကနေ ဒေါင်းလုပ်လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ ဖွင့်တာကို ဘေးက ရပ်နားထောင်ရင်း .. ဟာ ။ သူပြောတာတော်တော်မိုက်တယ် ဦးလေးရ ။ ဘယ်သူ တုန်းတဲ့ ။ကောင်းကြရောပေါ့ဗျာ ။မောင်ဖြိုးကို ကျနော်အပြစ်မဆိုသာပါဘူး။


သူ ဗိုလ်ချုပ်အောင်ဆန်း အသံကို ဘယ်သိပါ့မလဲ ။ဗိုလ်ချုပ်ရာဇဝင်သမိုင်းကို မြန်မာ စစ်ဝါဒီတွေက စံနစ်တကျဖျက်စီးနေကြတာကိုး။ငွေစက္ကူပေါ် တွေက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေကို ဖယ်ရှား၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အထောက်အထား မှတ်တမ်းမှန် သမျှ ဖျောက်ဖျက် နေတဲ့ မဟာဥာဏ်ကြီးရှင်တွေရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကတော့ ဘယ်ပန်းချီရေးမမီ လောက်အောင်ပါပဲ ဒေါ်အောင်ဆန်း စုကြည်နဲ့စစ်အစိုးရ ဟာ သဘော ထား ကွဲတာ၊ အမြင်မတူတာ တွေ ရှိနေနိုင်ပါတယ် ။ အမြင်တွေကွဲတာ သဘောထားမတူတာ အဆန်းမဟုတ်ပေမဲ့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင် ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေကို မှေးမှိန်အောင်လုပ်တာ ကတော့ တော်တော့်ကို အောက်တန်းကျပြီး ဆင်ခြင်တုံတရား မရှိတဲ့ လုပ်ရပ်ပါပဲ။
…………………………………..

ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေ သွေးနဲ့ရင်းပြီး ရယူပေးခဲ့တဲ့ နေရာကို အဆင်သင့် တက်ထိုင်ပြီး ထင်တိုင်းကြဲနေကြတဲ့ မြန်မာစစ် ခေါင်းဆောင်တွေကတော့ ဘယ်အချိန် ထမေး မေး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို အကန်းလမ်းသွား ဆက်လက်ချီတက် နေကြ တုန်းပါပဲ ။
အကန်းလမ်းသွားဆိုလို့ ”အကန်းရေတွင်းကျ“ဆိုတဲ့ စကားရဲ့မူရင်း ပုံပြင်လေးကို သွားသတိရ မိပါတယ် ။ရွာတရွာမှာ ကြောင်တောင်ကန်းနေ တဲ့လူတယောက်ဟာ သူစုံလုံးကန်းနေတာကို တရွာလုံးက သိပေမဲ့ သူကိုယ်တိုင်က ဘယ်သောအခါမှ ဝန်မခံခဲ့ဘူး။ တနေ့ ရွာမှာမီး လောင် တော့ ပြေးကြလွှားကြဖြစ်နေတုန်း အဲဒီကြောင်တောင်ကန်းက ခွေးကို တက်နင်းမိရော ။ဒီတော့ ဘေးကရွာသားက မင်းကန်းနေလို့ခွေးတကောင် လုံးကို မမြင်တာဆိုတော့ ကြောင်တောင်ကန်းက အဲဒီခွေး ၊ သူ့ကိုဟောင်ထားလို့ လက်စားချေတာလို့ ပြန်ပက်သတဲ့ ။

ဒါနဲ့ရှေ့ဆက်ပြေးရင်း ရေတွင်းထဲပြုတ်ကျတော့ မီးရှိန်ဟတ်လို့ ရေဆင်းစိမ်တယ် လုပ်ပြန် သတဲ့ ။အမြင်မတော်လွန်းလို့ ရေတွင်းထဲကနေ ပြန်တက်နိုင်အောင် ရေတွင်းထဲလှေခါးချပေး ပြန်တော့လည်း လှေခါးနဲ့မြေကြီးထိတဲ့ နေရာမှာ မဆင်းတတ်ပဲ လှေခါးထိပ်ထိ ဆက်တက် သွား ပြန်ရောတဲ့ ။ဒီတော့ဘေးက ရွာသားက ဒီတခါ မင်းကန်းတာ ဝန်ခံပြီလားဆိုတော့ ကိုယ်တော်ချောက မီးညွှန့်ကျိုးမကျိုး တက်ကြည့်တာဆိုပြီး နောက်ဆုံးအချိန်အထိ အကန်း ဟာ ကန်းတယ်လို့ ဝန်မခံခဲ့ပါဘူးတဲ့ ။စစ်အစိုးရလည်း အဲဒီကြောင်တောင်ကန်း နဲ့တထပ် တည်းပါပဲဗျာ ။ စစ်အစိုးရဗိုလ်ချုပ်ကြီးတွေဟာ မီလျံနာတွေချည်းဖြစ်ကုန်ကြလို့ကြောင်တောင် ကန်းကုန်ကြတယ် ထင်ပါရဲ့။
…………………………………………………

ဖြစ်များဖြစ်နိုင်မယ်ဆိုရင် ကျနော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို သေရာကနေ ရအောင်သွားနိုး၊ ကလေးတယောက်လို ဗိုလ်ချုပ်လက်ကိုဆွဲပြီး ဒီပဲယင်းကို ခေါ်သွားလိုက်ချင်ပါတယ်။“ဗိုလ်ချုပ်ထူထောင်ထားခဲ့တဲ့ စစ်သည်ဗိုလ်ပါတွေနဲ့ ကြံရာပါတွေ ဒီနေရာမှာ ဗိုလ်ချုပ်သမီးကို ဝိုင်းရိုက်ကြ တာပဲဗျ၊ ပွဲချင်းပြီးသေသူသေ၊ မသေသူတွေ ထောင်ထဲရောက်ခဲ့တာ ဒီနေရာပေါ့ဗျာလို့ တိုင်ပြောပြောလိုက်ချင်ပါတယ် ။အချိန်ရသေးရင် တပြည် လုံး လူတန်းမစေ့တော့တာ၊ မုန်တိုင်းကျခဲ့တဲ့ အချိန်မှာ အလောင်းတွေတောင် မြေမမြှုပ်နိုင်ခဲ့တာ၊လူမိုက်တွေ တန်ခိုးထွားနေတာ၊ကမ္ဘာ့ လူမိုက် မြောက်ကိုးရီးယားလို နိုင်ငံမျိုးနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေကြတာ၊တရုပ်ကို ဒူးထောက်ပြီး သူခိုးနွားကောင်းမသိ တိုင်းပြည် အဆီအနှစ်မှန်သမျှ ထိုးအပ်နေတာ၊အနာဂတ်ခေါင်းဆောင် ၊တိုင်းရင်းသားခေါင်းဆောင်တွေကို ထောင်ထဲလှိမ့်သွင်းထားတာ ၊နိုင်ငံတကာမှာ မြန်မာပြည်ဖွားတွေ ကျွန်သံသရာလည်နေတာ...၊ ...... တာ၊ ......တာ ၊ ..... တာ တွေကို မျက်ရည်လည်ရွဲ ထမင်းမေ့ဟင်းမေ့ ပြောပြလိုက်ချင်ပါရဲ့ ။
ဒါတွေကိုသာ ဗိုလ်ချုပ်ကြားရ မြင်ရရင် ဘယ်လိုမှတ်ချက်များ ပေးလေမလဲ ကျနော် သိချင်လှပါတယ် ။မဖြစ်နိုင်ဘူးဆိုတာလည်း ကျနော်သိပါရဲ့၊
..............................

တကယ်တမ်း အသိဥာဏ်နဲ့စဉ်းစားကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်ရုပ်ပုံလွှာ ဟာ မြန်မာလူထုရဲ့ နှလုံးသည်းပွတ်မှာ ကမ္ဗည်းတင် ရေးထိုး ထားတာကြောင့် ပုံနှိပ်စာလုံး ဓာတ်ပုံစက္ကူနဲ့ ၊ကျောက်သားရုပ်ထုတွေကို ရိုက်ချိုးဖျက်ဆီးရုံနဲ့ မှေးမှိန်ပျောက်ကွယ်သွားစရာ အကြောင်း မရှိပါဘူး ။လူထုဟာ တရေးနိုးထမေးလဲ ဗိုလ်ချုပ်ကို မြတ်နိုးလေးစားကြဆဲပါပဲ ။ဝမ်းနည်းနေရုံ တောင်တောင်အီအီ ကြံစည်နေရုံနဲ့ အောင်မြင် ပြီးမြောက်တာ မဟုတ်လေတော့ ၊ကျနော်တို့ဗိုလ်ချုပ်ကို လေးစားကြည်ညိုရိုးမှန်ရင် ဗိုလ်ချုပ်ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို မြန်မာစစ်ဘီလူးတွေ လက်က ပြန်ပြီးရယူနိုင်အောင် အားထုတ်ကြရပါလိမ့်မယ် ။
ဗိုလ်ချုပ်မိန့်ခွန်း ထဲက ဟိုလူ့မျက်နှာချိုသွေး၊ ဒီလူ့ မျက်နှာချိုသွေးနေရပြီး ၊ အဝှာနိုင်ငံထက် ဆိုးနေတဲ့ ဘဝကနေ ပြန်လည် လွတ်မြောက်ဘို့ အတွက် ၊ကျနော့်ရဲ့ အကျင့်ဆိုးအကျင့် ဟောင်းတွေ သောက်ကျင့်တွေကို ပြင်ကြရပါလိမ့်မယ်။
ဒီတော့ ကျနော်တို့အားလုံး တိုင်းပြည်ပြန်လည် ထူထောင်ရာမှာ သုံးရမဲ့ အင်အားတွေကို ဗမာဗမာချင်း ချတဲ့နေရာမှာ တလွဲဆံပင်မကောင်း တော့ပါဘူး ။တဂိုးသွင်းထားပြီး ဘေးချော်ကန်နေသလို ၊ ဘောလုံးမကန်ပဲ လူချနေသလို ၊နည်းနည်းလေး ရှေ့ရောက်တာနဲ့ တက်ထောင်တဲ့ လှေသမားလိုမလုပ်တော့ပါဘူး ။ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းရှိပါတော့မယ် ။စည်းလုံးညီညွတ်မှု ရှိပါတော့မယ် ။ပြဲနေအောင် ကုန်းရုန်းပြီး ဝိုင်းဝန်း ကြိုးပမ်းပါ့မယ၊အနီးကပ်ဆုံး ပြည်သူ့ရန်သူကို ရှာပြီး တိုက်ကြပါမယ်လို့ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများကို (၆၂)နှစ် မြောက် အာဇာနည်နေ့မှာ ကတိကိုယ်စီ ပေးကြပါစို့ဗျာ ။

ဓာတ်ပုံ၊ ။ ဂျစ်တူး(မုံရွာ)

Wednesday, July 15, 2009

မင်းကိုနိုင်၊ မိုးသီးဇွန် မှသည် ‘သီးလေးသီး’ သို့ … (ဟာသ)

မင်းကိုနိုင်၊ မိုးသီးဇွန် မှသည် ‘သီးလေးသီး’ သို့ … (ဟာသ)


ဒီနေ့ မိုးက ရွာနေလိုက်တာ မနက်မလင်းခင်ကတည်းက လမ်းတွေပေါ်ရေတွေတက်၊ ကျောင်းဘေးက လယ် ကွင်းတွေမှာလည်း ရေအဖွေးသားနဲ့ပေါ့။ မိုးအေးလို့ထင်ပ၊ ကျောင်းထဲက ကလေးတွေ သွေးအေးပြီး ငြိမ်ချက် သားကောင်းနေကြလေရဲ့။

ကလေးတွေကို မိုးအေးအေးနဲ့ မပျင်းရလေအောင် သူ့တို့ စိတ်ဝင်စားမယ့်အကြောင်းတွေ ရယ်စရာတွေ ပြောပြ နေရင်းနဲ့ ရှစ်လေးလုံးအရေးတော်ပုံအကြောင်းကို ရောက်သွားပါလေရော။ ရှစ်လေးလုံးဖြစ်တုန်းက ဒီကလေး တွေက ဘယ်လာမွေးဦးမလဲ၊ ခုမှ သူတို့က ကိုးတန်းကျောင်းသားအရွယ်တွေ။

အဲဒီကာလတုန်းက ကျောင်းသားအရေးတော်ပုံ စတင်ဖြစ်ပေါ်လာတာ၊ နေ၀င်းစစ်အစိုးရက ကျောင်းသား ကျောင်းသူတွေကို အင်လျားကန်ဘောင်မှာ ရိုက်သတ်၊ ရေနှစ်သတ်လုပ်ခဲ့တာတွေ၊ ပြည်သူတွေတရပ်လုံး အ ရေးတော်ပုံထဲ ပါလာတာတွေ၊ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ရှစ်လေးလုံးည စစ်တပ်က ရက်ရက်စက်စက် မောင်းပြန်သေနတ်တွေနဲ့ ပစ်သတ်တာတွေကို ပြောပြနေချိန်မှာ အကြောင်းအရာအလိုက် ကျောင်းသားတွေရဲ့ မျက်နှာမှာ ရှစ်လေးလုံးကာလ ပုံရိပ်တွေကို သူတို့စိတ်ကူးလေးတွေနဲ့ ဖမ်းယူထင်ဟပ်နေကြတယ်ပေါ့။

ဒီအရေးတော်ပုံကြီးကပဲ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသားခေါင်းဆောင်တွေ၊ ရဲရဲတောက် ကျောင်းသား ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တယ်ဆိုတာကို ဆက်ပြီးရှင်းပြနေရင်း အတန်းထဲက ကျောင်းသူကျောင်း သားကလေးတွေကို ရှစ်လေးလုံးအကြောင်း သူတို့ဘယ်လောက်သိထားသလဲ၊ သိနေပြီလဲဆိုတာ စမ်းကြည့် ချင်တာနဲ့ သူတို့ကို အဲဒီကာလက ဦးဆောင်ခဲ့တဲ့၊့ ဒီနေ့အထိလည်း ဦးဆောင်နေဆဲဖြစ်တဲ့ ကျောင်းသားခေါင်း ဆောင် နာမည်တွေကို မေးကြည့်လိုက်တော့ တတန်းလုံးက ‘မင်းကိုနိုင်’ လို့ ထအော်ကြတယ်။ ငါ့တပည့်တွေ တယ်ဟုတ်ပါလားပေါ့။

ဒါနဲ့ဆက်ပြီး နောက်ထပ် ကျောင်းသားခေါင်းဆောင်တယောက်ရဲ့ နာမည်ကို ထပ်မေးလိုက်တော့ အားလုံးငြိမ် ပြီး စဉ်းစားနေလိုက်တာ နည်းနည်းကြာသွားတယ်။ ဖြေနိုင်တဲ့သူ တယောက်တလေများ ပေါ်လာမလားလို့ ကျောင်းသားတွေကို လှမ်းကြည့်မိတော့ ခေါင်းငုံ့တဲ့လူကငုံ့ အကြည့်လွှဲတဲ့သူကလွှဲနဲ့ ကိုယ့်တပည့်တွေ ဖြစ်နေ လိုက်တာ …

“ငါ့တပည့်တွေ မင်းကိုနိုင်ကိုတောင် သိသေးတာပဲ၊ သူက ရှစ်လေးလုံးကာလမှာ ကိုမင်းကိုနိုင်နဲ့ ခေါင်းနဲ့ပန်းလို ဖြစ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ကွာ။ မင်းတို့ ဒီမှာကြားဖူးနေတဲ့ ကျောင်းသားအဖွဲ့တခုမှာ သူက ခေါင်းဆာင်လည်း လုပ်ခဲ့သေးတယ်လေ။ ကျောင်းသားဆန္ဒပြပွဲတွေမှာ ပြည်သူလူထုကြီးကိုယ်တိုင် ပူးပေါင်းပါ ၀င်လာအောင် သူ့အပြောအဟောတွေနဲ့ လှုံ့ဆော်စည်းရုံးခဲ့သူလည်းဖြစ်တယ်လေ”

အဖြေမပေးနိုင်သေးသော ကျောင်းသူကျောင်းသားလေးများကိုကြည့်ရင်း ကျနော် စိတ်မရှည်ဖြစ်လာမိတယ်။ ဒါနဲ့ …

“ကဲ .. ကဲ .. ငါ့တပည့်တွေ စဉ်းစားရခက်နေရင် အစဖော်ပေးမယ် သူ့နာမည်မှာ ‘သီး’ ပါတယ်” လို့ ပြောလိုက် တော့ ကျောင်းသားတွေအားလုံး အားရ၀မ်းသာနဲ့ တခဲနက်ပြန်ဖြေလိုက်တဲ့ အသံဟာ ဟိန်းကနဲ ထွက်ပေါ်လာ ပါတယ်။

“သီးလေးသီးပါ ဆရာ” တဲ့ …။

“ပျော်ရွှင်ကြစေ … ပြည်သူတွေ … အေးချမ်းကြစေ … မိတ်ဆွေတို့ရေ … သာယာမှုနဲ့ ပြည့်စုံပါစေ … တည်ငြိမ် မှုနဲ့ … ပြည့်စုံပါစေ … ဆေးရောင်စုံ အဖွဲ့သားတွေ … ဆုတောင်းမေတ္တာခြွေ …”

ကျောင်းသူကျောင်းသားတွေရဲ့ တခဲနက် အားရပါးရ ဖြေဆိုလိုက်သံကြောင့် အဆိုပါသီချင်းသံနဲ့အတူ လူရွှင် တော်အ၀တ်အစားဝတ်ပြီး မိန့်ခွန်းပြောဖို့ စင်ပေါ်ကိုတက်လာနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကို ကျနော့်အတွေးထဲ မြင်ယောင်နေမိပါတော့တယ်ဗျာ …။

ခန့်အောင်




- သားသားတို့  ပိတ်နေတဲ့ အတားအစည်းတွေကို ပြိုင်တူတွန်းလိုက်ကြရအောင် လူတိုင်းကျောင်းနေဖူးကြတယ် ၊ ကျောင်းသားလုပ်ဖူးကြတယ် ဒါကိုလူတိုင်း တကယ်မမေ့ကြပါဘူး မေ့ခြင်ယောင်လည် ဆောင်မနေတတ်ကြကောင်းပါဘူး အားလုံးပါဝင်ကြပါ။




- သားသားတို့  မိသားစု့ လေက သားမာန်မြန်မာလူမျိုးမိသားစု့ လေပါ၊ ဘ၀ကို ရိုးရိုးသားသားနှင့် ကြိုးစားလုပ် ကိုင်နေရတုန်းပါ၊ မြန်မာပြည်နဲ့  မြန်မာလူမျိုးတွေအတွက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်နေကြတဲ အရပ်ဆယ်မျက်နှာမှ့  ပုဂ္ဂိုလ်များ အားလုံးကို ဒီနေရာမှ့  ဂါရ၀ပြုပါတယ် ခင်ဗျာ...။

Thursday, July 09, 2009

{ မြန်မာသည် အထီးကျန် မဟုတ်ပါ } Click

{ မြန်မာသည် အထီးကျန် မဟုတ်ပါ } (ဘန်ကီမွန်း၏ မိန့်ခွန်း ဘာသာပြန်)



မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 08 ရက် 2009 ခုနှစ် 15 နာရီ 15 မိနစ်


(ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မိန့်ခွန်း)

အစိုးရမဟုတ်သော အဖွဲ့အစည်းများ - NGO ၊ သံတမန်များ၊ ပြည်တွင်း သတင်းထောက်များ စုစုပေါင်း ၅ဝဝ ခန့် တက်ရောက်ခဲ့သည့် ရန်ကုန်မြို့ ဟံသာဝတီ မူးယစ် ဆေးဝါးပြတိုက်၌ ယခုလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို ဒေါက်တာ မောင်မောင်လှကြိုင်မှ ဘာသာပြန်ဆို ပေးပို့ခြင်း ဖြစ်ပါသည်။

"ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များနှင့် ရောင်းရင်းမိတ်ဆွေများ ခင်ဗျား"

ဒါဟာ တနှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပါတယ်။ နှစ်ကြိမ်စလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အချိန်များပင် ဖြစ်ပါတယ်။

ပထမ ကျနော် လာရောက်တဲ့အချိန်ဟာ နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးချိန်အတွင်း ဖြစ်ပါတယ်။ ဒီ ကြောက်မက်ဘွယ် သဘာဝဘေးအန္တရာယ်ဟာ အသက်ပေါင်းများစွာကို ယူသွားခဲ့တယ်၊ ကြမ်းတမ်းတဲ့ အခြေအနေတွေကိုလဲ ဖန်တီးခဲ့တယ်၊ တကမ္ဘာလုံးရဲ့ နှလုံးသည်းပွတ်တွေကိုလဲ ခံစားရအောင် လှုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်နေချိန်မှာ ကမ္ဘာက ရက်ရက်ရောရော တုံ့ပြန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရန် ကြိုးပမ်းချက်ဖြစ်တဲ့ သင်တို့ရဲ့ ထင်ရှားတဲ့ ပံ့ပိုးကူညီမှုများအတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဒီနေ့ ဒီနေရာကနေ ပုဂ္ဂိုလ်ရေးအရ ကျနော် ပြောကြားလိုပါတယ်။

သင်တို့ဟာ အသက်ပေါင်းများစွာကို ကယ်ခဲ့ပါတယ်၊ လူ့အသိုင်းအဝိုင်းကို ပြန်လည်ရှင်သန်လန်းဆန်းစေပါတယ်၊ ထောင်ပေါင်းများစွာသော ပြည်သူတွေကို သူတို့ရဲ့ နေထိုင်မှုဘဝများအား ပြန်လည်အသက်ဆက်စေနိုင်ခဲ့ပါတယ်။

"ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား"

အာရှတိုက်သားတယောက်အနေနဲ့ရော အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ပါ နာဂစ်မုန်တိုင်းဒဏ်ကို ကြေကွဲစွာ ခံစားရမိပါတယ်။

ကျနော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ပါ။ ပထမမြောက် ပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံသား ဦးသန့်ပါ။ သူ့ရဲ့ မှတ်ဉာဏ်ကို ကျနော် မြတ်နိုးကြည်ညိုပါတယ်။ သူရဲ့ ပညာရှိစကားကိုလဲ အမှတ်ရပါတယ်။

ဦးသန့်က ဆိုမိန့်ခဲ့ပါတယ်။ “လူသားတဦးချင်းစီရဲ့ တန်ဖိုးဟာ ကျနော်တို့ရဲ့ အဖိုးတန် ပိုင်ဆိုင်မှုတွေအနက် အလွန်ထူးခြားပြီး အလွန်တန်ဖိုးရှိလှပါတယ်။ အစိုးရများ၊ စံနစ်များ၊ အတွေးအခေါ်များနဲ့ အသင်းအပင်း၊ အဖွဲ့အစည်းများ ဝင်လိုက် ထွက်လိုက်နဲ့ ဖြစ်နေပေမင့် လူသားဂုဏ်ရည်ကတော့ ဆက်လက်တည်ရှိနေမှာပါ” တဲ့။

ဒါကြောင့် ကျနော် ပြန်လာခဲ့တာဖြစ်ပါတယ်။

အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ သူတို့ရဲ့ တရားဝင်ဆန္ဒပြင်းပြမှုများ ရရှိစေနိုင်ရန်အတွက် ဒီနိုင်ငံပြည်သူများအား ကူညီနိုင်ရေးကို အရေးအကြီးဆုံးအဖြစ် ကျနော် ဦးထိပ်ပန်ဆင် သယ်ဆောင်လာပါတယ်။

ကုလသမဂ္ဂဟာ လူအများရဲ့ အခွင့်အရေးများ၊ ချမ်းသာသုခများ၊ ဂုဏ်အရှိန်အဝါများအတွက် ဆောင်ရွက်ပေးနေပါတယ်။ ဒါဟာ စိတ်ကြိုက်ရွေးချယ်လုပ်ပေးနေခြင်း မဟုတ်ပါ။ ဒါဟာ ကျနော်တို့ရဲ့ တာဝန်ပိုင်းပါ။

ကုလသမဂ္ဂရဲ့ ပြတ်သားပြီး တာဝန်ခွဲဝေကာ ပြဋ္ဌာန်းနှစ်မြှုပ်ဆောင်ရွက်ခြင်းကို မြန်မာပြည်သူများအား ပြသရန် ကျနော် လာရောက်တာဖြစ်ပါတယ်။

ဒီနေ့ ဒီနေရာမှာ ကျနော် ပြောပါရစေ။" မြန်မာ - သင်သည် အထီးကျန် မဟုတ်ပါ။"

စည်းလုံးညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ပေါကြွယ်ဝတဲ့ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် သင်တို့နဲ့အတူ အလုပ်လုပ်ရန် ကျနော်တို့ လိုလားပါတယ်။

ဆင်းရဲတွင်းမှ ရုန်းထနိုင်ရန် သင်တို့ကို ကျနော်တို့ ကူညီလိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လေးစားခံရတဲ့ တာဝန်သိတဲ့ အဖွဲ့ဝင်နေရာကို သင်တို့နိုင်ငံ ရယူနိုင်ရန်အတွက် သင်တို့နဲ့အတူ ကျနော်တို့ လုပ်ဆောင်လိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကျနော်တို့ သင်တို့ကို ကူညီလိုပါတယ်။

ဒါပေမင့် ကျနော် အလေးအနက်ပြု ပြောပါရစေ -" ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု မရှိလျှင် ငြိမ်းချမ်းရေးသော်၎င်း၊ ဖွံ့ဖြိုးတိုးတက်မှုသော်၎င်း ရှင်သန်မှာ မဟုတ်ပါဘူး။"

မြန်မာနိုင်ငံဟာ ခြွင်းချက်မဟုတ်ပါ။

"ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား"

စိန်ခေါ်မှုတွေက အများကြီးပါ။ ဒါပေမင့် ကျော်လွှားလို့မရနိုင်တာတော့ မဟုတ်ပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီစံနစ်ရှိတဲ့ သာယာဝပြော ပေါကြွယ်ဝတဲ့ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရမယ့်ကိစ္စဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း အတွေ့အကြုံများအရ ကျနော်တို့ သိရှိရပါတယ်။

မြန်မာနိုင်ငံအတွက် မည်သည့် စိန်ခေါ်မှုကိုမဆို မြန်မာနိုင်ငံချည်းသက်သက် မဖြေရှင်းနိုင်ပါ။ "ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူအခွင့်အရေးဟာ အပြန်အလှန် နွယ်ယှက် ဆက်စပ်နေပါတယ်။"

ဒီအချက်တွေကို တူညီတဲ့အာရုံစိုက် အလေးထားမှုမရှိဘဲ ပြောဆိုဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီရေး၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ရဲ့ အလားအလာကောင်းခြင်းကို မှေးမှိန် သေးသိမ်စေပါတယ်။

ဒါပေမင့်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ ဆန္ဒရှိမယ်ဆိုရင် အခက်အခဲ အားလုံးကို ကျော်လွှားအောင်မြင်မှာပါ။

"အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ အလေးထားရေးအတွက် စောင့်ဆိုင်းဘို့ မြန်မာဟာ အချိန်ဘယ်လောက်ကြာကြာ ကြိုးပမ်းနိုင်မှာလဲ’ ဆိုတာဟာ ယနေ့ မေးခွန်းဖြစ်ပါတယ်။"

ကျနော် ရှင်းလင်းပြောပြပါရစေ။ အမျိုးသားရေးအတွက် မြန်မာနိုင်ငံသားအားလုံး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနဲ့ အပစ်အခတ်ရပ်စဲရေး လေ့လာနေတဲ့ လက်နက်ကိုင်အုပ်စုများနဲ့ ယမန်နေ့က တွေ့ခဲ့စဉ်မှာ ကျနော် ပြောခဲ့တာပါ။ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးအတွက် သူတို့ရဲ့ ပြဋ္ဌာန်းကြိုးပမ်းမှုကို ဂုဏ်ပြုရန်အတွက် သီးခြားစီ ကျနော် ပြောကြားအားပေးခဲ့တာပါ။

သို့သော်၊ မြန်မာနိုင်ငံကို မျှော်မှန်းထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိရန် "အဓိကတာဝန်မှာ နိုင်ငံ့အစိုးရပေါ် ကျရောက်လျက် ရှိနေပါတယ်။"

ဒီတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသားများအား သူတို့ရဲ့ ‘စွမ်းရည် အပြည့်အဝကို နားလည်သဘောပေါက်ခြင်း’ မှ ဟန့်တားထားရာ ရောက်ပါလိမ့်မယ်။

ဒီတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသားများရဲ့ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ခွင့်နဲ့ ပိုမို လွတ်လပ်မှုဖြင့် သာလွန်ကောင်းမွန်တဲ့ လူမှုအဆင့်အတန်းများ ခံစားခွင့်ကို ငြင်းပယ်ရာ ရောက်ပါလိမ့်မယ်။

ဒီ အခြေခံစည်းမျဉ်းများဟာ ‘ကျွန်ုပ်တို့သည် ပြည်သူများဖြစ်ကြသည်’ ဆိုတဲ့ စကားများဖြင့် အဖွင့်နိဒါန်းချီထားတဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းရဲ့ ကျောရိုးအတွင်းမှာ တည်ရှိနေပါတယ်။

ဒီ မွန်မြတ်တဲ့ စကားများကို လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ "စတင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကလဲ" ပဲ့တင် ထပ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဒီစည်းမျဉ်း စည်းကမ်းများကို အကောင်အထည်ဖော်ဘို့ သေချာစေရေးအတွက်လဲ ကျနော်တို့ အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ဒီအချက်ကို ကျွန်တော်စိတ်ထဲမှာ ထည့်ထားပြီး" အမှာစကား ၃ ခုကို သယ်ဆောင်ခဲ့ပါတယ်။"

ပထမဦးစွာအနေနဲ့ ဘယ်ဒေသမှာမဆို လူသားဂုဏ်ရည်ကို အလေးထားလေးစားခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမ စတင်လက်ခံခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှာ တနိုင်ငံ အပါအဝင် ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေး၊ စီးပွါးရေးနဲ့ လူမှုရေးတိုးတက်မှုများအတွက် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုများအား လေးစားဘို့ အများဆုံးဖြတ်ချက်ဆန္ဒကို မြန်မာနိုင်ငံက စောစီးစွာ ထောက်ခံခဲ့ပါတယ်။

ကံမကောင်း အကြောင်းမလှစွာဘဲ ဒီပြဋ္ဌာန်းကြိုးပမ်းမှုဟာ အမှန်တကယ်မှာ အံဝင်ခွင်ကျမှု မရှိခဲ့ပါ။ မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းဟာ အလွန်အမင်း စိုးရိမ်သောကဖြစ်စရာ အကြောင်းအရာအနေနဲ့ တည်ရှိနေလျက်ပါ။

မြန်မာအစိုးရဟာ သူ့ရဲ့ရည်မှန်းချက်များဖြစ်တဲ့ တည်ငြိမ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့ကို ပြောဆိုနေပါတယ်။

အနှစ် ၂ဝ အတွင်း ပထမဆုံးအနေနဲ့ ကျင်းပမှာဖြစ်တဲ့ လာမယ့်ရွေးကောက်ပွဲဟာ ဂုဏ်ထယ်တင့်တယ်စေလိုလျှင် အားလုံးပါဝင်ပြီး အမြင်ကြည်လင်မှု ရှိရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့်ခရီးမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု အမြစ်တွယ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရမယ်လို့ ကျနော် ပြောခဲ့တာပါ။

ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ မနေ့ကနဲ့ ဒီနေ့ တွေ့ရတဲ့အခါ ဒေါ်စုကြည်ကိုတွေ့ဘို့ တောင်းဆိုခဲ့ပါတယ်။ သူက ငြင်းပယ်လိုက်တဲ့အတွက် ကျနော် များစွာ စိတ်ပျက်ခဲ့ရပါတယ်။

"မြန်မာအစိုးရဟာ နိုင်ငံရေးပွင့်လင်းမှုရဲ့ ကဏ္ဍသစ်မှာ ပြဋ္ဌာန်းကြိုးပမ်းမှုကို ပြသနိုင်မယ့် အခွင့်အရေးထူးတခု ဆုံးရှုံးသွားပြီလို့ ကျနော် ယုံကြည်လိုက်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးလိုက်ခြင်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို အများယုံကြည်လက်ခံနိုင်မှု ရှိစေရေးအတွက် အရေးကြီးတဲ့ အဓိပ္ပာယ်ရှိသော ဆောင်ရွက်မှုကို စတင်လုပ်ဆောင်ရန် အစိုးရက ဆန္ဒရှိကြောင်းကို ဖော်ပြတဲ့ အရေးကြီးတဲ့ ပြယုဂ်ဖြစ်ပါလိမ့်မယ်။

ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ပြည့်ဝတဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့်အား မြန်မာနိုင်ငံသားအားလုံးကို အမှန်တကယ် ပေးရမှာဖြစ်ပါတယ်။

ပါဝင်ဆောင်ရွက်လိုသူများအားလုံး လွတ်လပ်တက်ကြွစွာ ပါဝင်မှုမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မပြည့်စုံနိုင်ပါ။

သက်ဆိုင်တဲ့ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအုပ်စုများနဲ့ လူနည်းစုများအားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံဟာ စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြည်သူအများဟာ နိုင်ငံရေးဆွေးနွေးမှုမှာ လွတ်လပ်စွာ အခြေအတင် ပြောနိုင်ရမယ်၊ လွတ်လပ်စွာ ပါဝင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် သတင်းအချက်အလက်များကို လွတ်လပ်စွာ သိရှိရယူနိုင်ရမှာ ဖြစ်ပါတယ်။

"ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား"

အသွင်ကူးပြောင်းမှုတိုင်းဟာ ခက်ခဲလှပါတယ်။ မြန်မာနိုင်ငံဟာ သက်ဦးဆံပိုင်စံနစ်ကနေ ကိုလိုနီစံနစ်၊ အခုတခါ လွတ်လပ်တဲ့နိုင်ငံအဖြစ် အသွင်ကူးပြောင်းခဲ့ပါတယ်။

သမိုင်းဟာ လတ်တလောမှာ နာကျင်ဘွယ် ဖြစ်ရပ်များ အပါအဝင် ‘အမွေ’ နှစ်မွှာပူးကို သန္ဓေဆောင်ခဲ့ပါတယ်။

လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေပါ။

အချုပ်အခြာပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားညီညွတ်ရေးတို့ဟာ နိုင်ငံတိုင်းရဲ့ တရားဝင် စိုးရိမ်သောကများ ဖြစ်ပါတယ်။

နိုင်ငံရေးဝန်းကျင်ကို ဖွင့်ပေးခြင်းနဲ့ ချဲ့ထွင်ခြင်းဟာ ပိုမိုကြီးမားတဲ့ စုပေါင်းဆောင်ရွက်ခြင်းရဲ့ အစိတ်အပိုင်းအဖြစ် အုပ်စုတစုချင်းနဲ့ လူတဦးချင်း ပါဝင်နိုင်မှုအတွက် အာမခံရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ကျနော်တို့ ရဲရဲကြီးပြောနိုင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးအဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားလူနည်းစုများ၊ အများပြည်သူနဲ့ သက်ဆိုင်သော အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံရဲ့ သားသမီးတိုင်း အမှန်တကယ်ကို နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ပါဝင်ကြရမှာ။

အပြန်အလှန် အပေးအယူလုပ်ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုတို့သာလျှင် ကြာရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အခြေခံအုတ်မြစ် ချပေးနိုင်မှာ ဖြစ်ပါတယ်။

ကျနော်ရဲ့ "ဒုတိယ အမှာစကား" ကတော့ မြန်မာနိုင်ငံသားများရဲ့ လူသားချင်းစာနာတဲ့ လိုအပ်ချက်များကို ဖော်ပြလိုပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဖြစ်ထွန်းခဲ့တဲ့ တိုးတက်မှုများကို ကြည့်မြင်နိုင်ရန် ပြန်လည်ရောက်ရှိလာနိုင်စွမ်းအတွက် ကျနော် ဝမ်းသာလှပါတယ်။

အလိုချင်ဆုံးကတော့ နာဂစ်မုန်တိုင်းဒဏ်ကို တုံ့ပြန်ခြင်းဟာ သီးခြားခွဲခြားထားခြင်းအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းရဲ့ တန်ဖိုးကို သက်သေပြနိုင်တာပဲ။

အလှူရှင်အသိုင်းအဝန်းရဲ့ ကူညီပံ့ပိုးမှုဖြင့် ‘သုံးပွင့်ဆိုင် ကျောရိုးအုပ်စု’ အဖြစ် မြန်မာ၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အတွင်း မကျုံ စဖူး ပူးပေါင်းဆောင်ရွက်ခြင်းဟာ လူသားချင်း စာနာမှု အရေးပါခြင်းနဲ့ အချုပ်အခြာ အာဏာပိုင်မှုရဲ့ စည်းမျဉ်းစည်းကမ်းတို့ဟာ ပဋိပက္ခ မဖြစ်ကြဘူးဆိုတာ သက်သေပြသွားပါတယ်။

မြန်မာနိုင်ငံနဲ့ မည်သည့်နေရာတွင်မဆို လူသားချင်းစာနာမှု အကူအညီဟာ နိုင်ငံရေးအတွက် တုံ့ပြန်ရမယ့် ဓားစာခံ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုနဲ့ တိုးတက်မှု အထောက်အကူများ လိုအပ်နေသူအားလုံး ရရှိနိုင်ရေးအာမခံချက်ရှိအောင် ကျနော်တို့ အတူတကွဆောင်ရွက်နိုင်ရမယ်၊ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။

အခုဟာကတော့ ကျနော်ရဲ့ "တတိယ အမှာစကား" ဖြစ်ပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ သူရဲ့ စီးပွားရေးစွမ်းအင် အလားအလာကောင်းများကို ထုတ်ဖော်ဘို့ အချိန်ဖြစ်ပါတယ်။

‘အာရှစီးပွါးရေးအံ့ဘွယ်’ အလယ်မှာ မြန်မာနိုင်ငံဟာ ရပ်တည်နေပါတယ်။ နိုင်ငံတဝှန်းမှာ လျင်မြန်တဲ့ တိုးတက်မှုများအတွက် မြန်မာကို ‘ကကြိုးဆင်စေခြင်းဟာ’ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အသေချာဆုံးနည်းလမ်း ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ကုန်သွယ်မှုအတွက် ပြင်ပကို လမ်းဖွင့်ပေးခြင်းဝါဒ၊ ထောင်စုဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ရရှိအောင် ကြိုးပမ်းမှု၊ အိတ်ခ်ျအိုင်ဗီ ဝေဒနာ ထိန်းချုပ်မှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ဘိန်းထုပ်လုပ်မှု အဆုံးသတ်ရေးတို့ကို ကျနော် ကြိုဆိုပါတယ်။

ဒါပေမင့် "အမှန်လက်တွေ့မှာတော့ ပြည်သူသန်းပေါင်းများစွာဟာ ဆက်လက်ဆင်းရဲနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာ အာရှရဲ့ အနိမ့်ဆုံးထဲမှာ ပါဝင်နေတုန်းပါ။"


ဒီမြန်မာပြည်သူများဟာ အလုပ်များ လိုအပ်နေပါတယ်။ စားနပ်ရိက္ခာဖူလုံမှုတွေ လိုအပ်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်ခံယူနိုင်မှုတွေ လိုအပ်နေပါတယ်။

ဒေသဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးမှ အကျိုးအမြတ် ရနိုင်အောင်နဲ့ ပါဝင်ပံ့ပိုးပေးနိုင်ရေးအတွက် မြန်မာပြည်သူများကို အာမခံရဘို့ ကျနော်တို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

တည်ငြိမ်ပြီး သာယာဝပြောပေါကြွယ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံမှ ဒေသနဲ့ ကမ္ဘာက အကျိုးအမြတ်တွေ ပိုမိုရရှိလာမှာကို ကျနော်တို့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် ကျနော်တို့ ဆောင်ရွက်ပေးရပါ့မယ်။

မြန်မာအစိုးရကလဲ ဒီအချိန်အခါကို အမိအရ ရယူရမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းက မြန်မာနိုင်ငံပြည်သူများကို လက်ကမ်းရန် ပြင်ဆင်နေသည့် အခွင့်အလမ်းများရဲ့ အကျိုးသက်ရောက်မှုကို မြန်မာအစိုးရက ရယူရမှာ ဖြစ်ပါတယ်။

"ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား"

ကျနော် ဒီကို မိတ်ဆွေတဦးအဖြစ် ရောက်လာခဲ့တာပါ။

ကျနော့်တာဝန်က ကုလသမဂ္ဂပဋိဉာဉ်ရဲ့ အကောင်းဆုံးစံများနဲ့ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းဘို့ပဲ ဖြစ်ပါတယ်။

ကျနော့်အခန်းကဏ္ဍကတော့ သင်တို့အားလုံး - အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအုပ်စုများ၊ လူမှုအဖွဲ့အစည်းများ - ကို ပြည်သူတရပ်အနေနဲ့ နိုင်ငံတခုအနေနဲ့ အတူတကွ ရှေ့ဆက်ရွေ့လျားဘို့ အားပေးရန် ဖြစ်ပါတယ်။

ကဏ္ဍအားလုံးရဲ့အပေါ်မှာ ပြည်သူ့အကျိုးကို ထားရှိလိုက်တဲ့အခါ မကျော်လွှားနိုင်တာ သို့မဟုတ် မဖြစ်နိုင်တာ ဆိုတာ မရှိပါဘူး။

ဒေသနဲ့ ကမ္ဘာဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းမှ၊ ပြီးတော့ မိမိကိုယ်တိုင် ပြောင်းလဲမှုကို စတင်လုပ်ခြင်းမှ အကျိုးဖြစ်ထွန်းဘို့ မြန်မာဟာ ရပ်တည်လို့သာ နေပါတယ်။

မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ နိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ထပ်ခါတလဲလဲ ပြောလျက်ရှိပါတယ်။

"စကားတွေနဲ့ အလုပ်တွေ ကိုက်ညီဘို့အတွက် ကျနော်တို့ တောင်းဆိုပါတယ်။"

သူ့ပြည်သူများရဲ့ လိုအပ်ချက်များနဲ့ ပြင်းပြတဲ့ဆန္ဒများကို တုံ့ပြန်ဘို့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမိုပူးပေါင်းလုပ်ဆောင်လေ နိုင်ငံရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို အခိုင်အမာပြုနိုင်လေ ဖြစ်ပါတယ်။

ဒီအတူပါပဲ။ ကျနော်တို့်ရဲ့ ဝေမျှခံယူထားတဲ့ ရည်မှန်းချက်များဖြစ်တဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားခြင်းနဲ့အတူ ညီညွတ်တဲ့ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံ လက်လှမ်းမီနိုင်အောင် ကူညီရန် အတူတကွ လုပ်ဆောင်ဘို့ နိုင်ငံတကာ အသိုင်းအဝန်းမှာလဲ တာဝန်ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။
(ဇူလိုင်လ ၆ ရက်၊ ၂ဝဝ၉ ခုနှစ်)
´