{အသင်မြန်မာ}

{ဤခေတ် ဤအခါ၌ စိတ်ထားမူမှန်၍ တာဝန်သိတတ်သူ မည်သူမဆို}

{မြန်မာပြည်သူ ပြည်သားများအတွက် ကိုယ်စွမ်း ညဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ကြမည် ဖြစ်သည်။}

{“ ဒီမိုကရေစီဆိုတာ အခြေခံစည်းမျဉ်းကတော့ရှင်းပါတယ်။ မလိမ္ဘူး၊ မညာဘူး၊ မခိုးဘူး၊ လိမ္ညာခိုး၀ွက္တဲ့
သူတွေကိုလဲ သည်းမခံဘူး…”
}

ရန်ကုန်မြို့  မိုးလေ၀သ အခြေအနေ

Click for Yangon, Myanmar Forecast

Sunday, October 19, 2008

ချင်ချင်တူတူ မူးပြီရေား

" ဘလော့ခ် မဂ္ဂဇင်း ဖတ်သူ၊ ရေးသူ၊ လေ့လာသူ၊ တီတွင်ထုတ်လုပ်သူ၊ သံဃာတော် အရှင်မြတ်များ၊ ၀မ်းရေးအတွက် ကျိုးစားရှာဖွေနေကြရသူများ နှင့် ကိုကျိုးစွန့်  အနစ်နာ ခံနေကြသေား ပြည်မြန်မာ ညီအကို မောင်နှမ များအားလုံးအတွက် " ကျွှန်တော် ယနေ့ ရင်ဆိုင်နေရတဲ့ ဒုတ္ခလေး တခု့ ကို မျှဝေ အသိပေးပါရစေ။

ကျွှန်တော် ဒီဘလော့ခ်ကို မတင်ဖြစ်ခဲ့တာ ( ၂-၁၀-၀၈ )နေကတဲက ဖြစ်ပါတယ်၊ ကိစ္စကတော့ ကျွှန်တော် ကျောက်ကပ်ရောင်ပြီး ကျောက်ကပ်မှ့  ဆီးအိမ်သို့  ဆင်းတဲ့ လမ်းမှာ ကျောက်တယ်ပြီး ပိတ်နေသေားကြောင့် ဆေးရုံတက်ပြီး ပိတ်နေသေား ကျောက်ရောဂါကို ကုသနေရသေားကြောင့် ဖြစ်ပါတယ်။

ကျွှန်တော်ဟာ လူလတ်ပိုင် တစ်ယောက်ဖြစ်ပါတယ်၊ တစ်လနေလို့  ဆေးလိပ် တစ်လိပ်သောက်ဖြစ်ခဲးပါတယ် အရက်လည်း ဒီိလိုပါပဲ တစ်ခါတစ်လေး မိတ်ဆွေရင်များနှင့် ကျုံခဲ့ရင်တော့ သောက်ဖြစ်ပါတယ်၊ ကျန်းမာရေးလဲ အမြဲးလေ့လာလိုက်စားပါတယ်၊ ကိုခန္ဓာက ပေါင် ၁၃၀ ၀န်းကျင်ပါ အရပ်က ၅.၆ ရှိပါတယ်၊ ပင်ပင်ပန်းပန်း အလုပ်တွေ တော်တော်လုပ်နိင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဘလော့ခ် စပြီးရေမိတဲ့ အချိန်ကစပြီးတော့ နေတွေညတွေ ထမင်းစားချိန်တွေ ဘာတွေညာတွေကို သတိမထားမိတော့ပဲ ဒီကွန်ပြူတာ ဒီအင်တာနက်ထဲးမှာပဲ မျေားနေခဲ့တာ နဲနဲကြာသွားခဲ့ပါတယ်၊ ပြီးတော့ ကျွှန်တော်ဟာ ဒီဘလော့ခ်လောကကို မြတ်နိုးမိနေခဲ့ပါတယ်၊ တင်နေတဲ့ ဘလော့ခ်တွေဟာ အားလုံးအတွက် တော်တော် တန်ဖိုးလည်း ရှိပါတယ်။

ကျွှန်တော် ကျောက်ကပ်ရေားဂါ စဖြစ်ပြီး သိရတဲ့ ပုံလေးက ဆန်းသလိုရှိ့ မလား မသိဘူး ခင်ဗျာ.၊ (၂၁-၉-၀၈) နေ တနင်္ဂနွေနေ့ မနက် အလုပ်နားရက် ၊ ကျွှန်တော် သားသားနဲ့  မနက်အိပ်ယာထမှာ အိပ်ယာထဲးမှာ စော့ကြပါတယ် စော့ရင် ကစားရင်နဲ့  သားသားက ကျွှန်တော် ဗိုက်ပေါ်ကို ရောက်လာပြီး မြင်းစီးသလို ခုနှစ်ခါ ခုန်လိုက်တာမှာ ဗိုက်အောင့်ထွက်သွာပြီး ခါးနာသလိုမျိုး ခံစားလိုက်ရပါတယ်။

ကျွှန်တော် သားသားက ဘယ်အရွယ်ရှိလိုလည်းဆိုရင် ၃ နှစ် ၉ လ သားပဲရှိပါတယ် ၊ ဒါပေမဲ့ ပေါင်ချိန်က ၆၅ ပေါင် ရှိပြီး အရပ်က ၃ ပေ ၈ လက်မ ရှိပါတယ်၊ တခါတလေး ချစ်လို့  ကျွှန်တော်ကို ပြေးပြီးဖက်လိုက်ရင် ယိုင်ထွက် သွားပါတယ်၊ သားသားရဲ့  အပြေားအဆို အမူအရာ နှင့် အသိ့ညဏ်လေးတွေက အံသြစရာ ကောင်း လို့  သားသားကို အလွန်ချစ်မိပါတယ်၊ သားသားကိုမွေးပေးတဲ့ ကျွှန်တော်ဇနီးသည်ကို ကျေးဇူးအလွန် တင်မိပါတယ်။
အခု့ နက ခါးနာသလို ဖြစ်သွားလို့  သားသားနဲ ဆက်မကစားတော့ပဲ ရပ်လိုက်ရပါတယ်၊ အဲဒီ့နေ့ တစ်နေ အမှူ့ မဲ့ အမှတ်မဲ့ နေလိုက်ပါတယ်၊ နောက်တစ်နေ့  တနင်္လာနေ့  ညနေ ဇနီးသည်ကို ကျောင်းမှ့ ကြိုပြီးပြန်အလာ လမ်းမှာ တလက်စထဲး ထမင်းဝင်စားကြပါတယ်၊ ထမင်းဆိုင်ရဲ နောက်ဖက်မှာ ခလေးကစားကွင်း လုပ်ထား ပါတယ် အဲဒါကို သားသားက မြင်တော့ သွားကစားရာကို ကျွှန်တော်လိုက်သွားပြီး စီးစေား ကစားတဲ့နေရာမှာ ရေးတွေဆိုနေလို့  ခလေးကို ပေကုန်မှာဆိုးရိမ်ပြီး မလိုက်တာမှာ မနေ့ က နာတဲ့နေရာတည့်တည့်မှာ ထပ်ပြီးတော့နာလာပါတယ်။

ခဏကြာတော့ တော်တော်နာလာပါတယ် ဒါနဲ သားသားကိုပြန်ခေါ်ပြီး ဇနီးသည်ထံပို့ ပြီး နာလွန်း၍ ကားထဲး ၀င်ပြီးတော့ ဗိုက်ကို ခွေပြီးတော့ ညိမ်ညိမ်လေးနေနေလိုက်ရပါတယ်၊ ခဏနေတော့ ဇနီးသည်နဲ့  ခလေးပါ ရောက်လာပြီး နာလွန်းလို့  အိမ်ပြန်ကြရအောင်ဆိုပြီး အိမ်ပြန်လာခဲ့ကြပါတယ်၊ အိမ်ရောက်တော့ ဦးစိုင်း ဒဏ်ကြေ လိမ်းဆေးကို ဇနီးသည်က လိမ်းပေးပြီး ခဏ နားလိုက်တာ သက်သာသလိုရှိသွားပါတယ်။

ဒါနဲ့ ၂၃ ရက်နေ့  မနက်မှာ သားသားကိုကျောင်းပို့  ဇနီးသည်ကို ကျောင်းပိုပြီးပြန်အလာမှာ ကားက ခုန် သွားလို့ လားမသိဘူး မနေ့ ကနာတဲ့နေရာမှာ ပြန်ပြီးတော့ နာလာပါတယ်၊ဒါနဲ့  အိမ်အရောက်ပြန်လာပြီး အိမ်အောက် ထပ်က ဆိုဖာခုံမှာ ခဏလှည်းနေလိုက်ရပါတယ်၊ ခဏကြာနားနေသော်လည်း ဆက်ပြီး မခံနိင် တော့သဖြင့် ဇနီးသည်ထံဖုန်းဆက်၍ ခါးထဲးမှ့  အလွန်နာနေကြောင်း ပြေားပြမိပါတယ်။

ခဏကြာတော့ ဇနီးသည်မှ့  ကျောင်းသို့ လိုက်လာပြီး ကျောင်းဆေးခန်း၌ပြရန်ခေါ်ရာ ကျွှန်တော်မှာ ထ၍ မရအောင် နာနေပါတော့တယ်၊ ဒါနဲ တက္ကစီကားခေါ်တာ တနာရီလောက် စောင့်သော်လည်း ရောက်မလာ သဖြင့် ကိုယ်တိုင် နာနာနှင့် ကြိတ်ပြီး ကားကိုမောင်ကာ ၁၆ ကီလိုဝေးသေား ဇနီးသည် ကျောင်းကို ရောက် သွားပြီး ကျောင်းဆေးခန်းမှာ ပြပါတယ်၊

ဆေးခန်းက ဆရာဝန်က အခြေအနေတွေကို မေးပြီး ဆီးစစ်ကြည်လိုက်ရာ ကျွှန်တော်၏ ဆီးမှာ နီရဲးပြီး သွေး ဖတ်တွေပါနေတာကို တွေလိုက်ရာ ကျွှန်တော်လည်း အလွန်အံသြးသွားရပါတယ်။ ဒါနဲ့  ဆေးရုံ တင်ရန် စီစဉ် ပါတယ်၊ ဆီးစစ်တဲ့ အဖြေကို စောင်နေတုန်း ဆရာဝန်က ( မက်ချာပိုတက်စီရန် နှင့် လိုဝေါးလ်တနိပ့် )လို့ ခေါ်တဲ့ ကျောက်ကပ်ဆေး ကိုတိုက်လို့ သောက်လိုက်ရာ ခဏနေဆီးသွားပြီး တော်တော်သက်သာသွားပါတယ်။

ဒါနဲ့  ဆရာဝန်ကို ကျွှန်တော် သက်သာသွားပါပြီ ဆေးရုံကို မတက်ပါရစေနဲ ခင်ဗျာလိုပြေားပြပါတယ်၊ ဆရာဝန် က အခုလိုနာတာကို ၁။ အတွင်းဒဏ်ရာရပြီးတော့ သွေးယိုထွက်နေတာ ၂။ ကျောက်ကပ် ၃။ အူအတက် တခုခု ဖြစ်တာလို့ ဆုံးဖြတ်ပြီး နောက်ထပ် တခု့ ခု့ ဖြစ်ခဲ့ရင် ဆေရုံတန်းတက်ရန်မှာလိုက်ပြီး ဆေရုံတက်ရန် ထောက်ခံ စာကိုပါ တပါတည်း ထည့်ပေးလိုက်ပါတယ်။

ဆရာဝန်က မျိုးသမီးပါ၊ ဒေါက်တာ နော်ယာလို့ ခေါ်ပါတယ်၊ စိတ်ထား တော်တော် ကောင်းပါတယ် ပညာလည်း တော်တော် နာလည် တတ်ကျွှမ်း ပါတယ်။ ဆက်စံရေးလည်း ပြည်ပြစ်ပါတယ်၊ ကျွှန်တော်အတွက် လိုအပ် တဲ့ ဆေးဝါတွေကို တပါတ်စာထည့်ပေးပြီး နောက်တစ်ပါတ်ကျရင် ပြန်လာပြရန် ပြေားလိုက်ပါတယ်၊

ကျွှန်တော်တို့ လည်း ပြန်လာပြီး ပေးလိုက်တဲ့ ဆေးကို ၆ နာရီး တစ်ကြိမ် ပုံမှန်သောက်ပြီး နောက် တစ်နေ့  ရောက်ခဲ့ပါတယ်၊ ဒါပေမဲ့လည်း ခါးထဲးမှနာနေသည်မှာ သက်သာလိုက် နာလိုက်နှင့် တစ်နေ ကုန်ဖြစ်နေပါတယ်၊ ဒါကြောင့် ပြည်သူဆေးရုံမှ တာဝန်ကျနေတဲ့ ဒေါက်တာ နှင်းအေးသင်း နှင်းတိုင်ပင်ပြီး ဆေးရုံမှာ သွေး စစ် ဆီး ထပ်စစ်ပြီး ဓါတ်မှန်ရိုတ် အတ်ထရာစောင်းဓါတ်မှန်ပါ ရိုတ်ပြီး စစ့်ကြည့်ရာ ကျောက်ကပ်ရောင်ပြီး ကျောက်တွေ့ံ့ရှိကြောင်ကို သိရှိရပါတယ်။
ကျွှန်တော် ရောဂါအခြေအနေက တဖြေးဖြေးနဲ စိုးရိမ်စရာဖြစ်လာပါတယ်၊ ဒါနဲ တဆက်တည်း ဇနီးသည်၏ ကျောင်းမှ ဆရာဝန်ကြီးများနှင့်တိုင်ပင်ကြပြီး သက်ဆိုင်ရာ ဌာနတွေကို အသိ့ပေးကြရပါတယ်၊ ဌာနမှူး ပရော်ဖက်စာ ဒါတို့ ဒေါက်တာ တာရိုတ် နှင့် ဇနီး ပရော်ဖက်စာ ဒါတင် ဒေါက်တာ နော်ရီယာ ၊ ဒေါက်တာ ဦးလှခိုင် ၊ ဒေါက်တာ ခေါက်စာ စတဲ့မိတ်ဆွေများ အားလုံးက ရောဂါအတွက် အမြန်ဆုံးပြောက်ကင်အောင် နည်းလမ်းကောင်းများ ပေးပြီး ဂရုစိုက်ကြပါတယ်။

နောက်နေ့  ၂၅ ရက်နေ့ မှာ ရောဂါအတွက် သေသေခြာခြာမဖြေရရန် ခန္ဓာကိုယ်ထဲးသို့  ဆေးထိုးသွင်းပြီး ဓါမှန်ထပ်ရိုတ်ဖြစ်ပါတယ်၊ ညာဘက် ကျောက်ကပ်မှာ ရေများပြည့်နေပြီး ကြီးနေပါတယ်၊ ကျောက်ကပ် အောက် မှ ဆီးအိမ်သို့  သွားသေားလမ်းမှာလည်း ကျောက်များဖြင့်ပိတ်နေပြီး ဆီးအိမ်သို့  ဆီးများ ကျရောက်ရန် နဲးနေ သည်ကို တွေရပါတယ်။
ကျွှန်တော် ခါးအတွင်းမှလည်း သိ့သိ့သားသား ဂဲ စူးသလိုမျိုး စူးစူးပြီးပို နာနာလာပါတယ်၊ ဒါကြောင့် ဒေါက်တာ နှင်းအေးသင်း မှ့ ဒေါက်တာ ဦးကျော်တင်လှ နှင့်တိုင်ပင်ရန်တိုက်တွန်းသဖြင့် သွားရောက်ပြသ တိုင်ပင် ခဲ့ရ ပြန် ပါတယ်၊ (၃-၁၀-၀၈)နေမှာ ပြည်သူဆေးရုံသို့  သွားရောက်ပြသပြီး (၂၃-၁၀-၀၈) နေတွင် ဆေရုံတက်ပြီး ညာဘက် ကျောက်ကပ် ပိတ်ပြီး အလုပ် မလုပ်တော့မည်ကို ဆိုးရိမ်သဖြင့် ကျောက်ကပ်အား ဆီးပိုက်ထဲ့ရန် စီစဉ်ခဲ့ပါသည်။

အဲဒီ အချိန်မှာ အိမ်သို့ ကျွှန်တော်တို့ ၏ အမကြီး ဒေါက်တာဒေါ်ခင်ဝင်းမာ နှင့် မသားစု့ အလည်အပါတ် ရောက် လာပြီး စကားစပ်မိကား အကျိုးအကြောင်း ပြေားပြ တိုင်ပင်မိပါတယ်၊ အဲဒီအချိန်မှာ အမကြီးက သူ၏ မိတ်ဆွေ ကျောက်ကပ် မထူးကု့  ဆရာဝန် ဒေါက်တာ ဦးသီဟထွန်း ဆိုသူတစ်ယောက်ရှိကြောင်း ကျွှန်တော် ရေားဂါ အခြေမနေကို ပြသကြည့်စေချင်ကြောင်းတိုက်တွန်း သဖြင့် ဆရာ တာဝန်ယူရသေား ဆေးရုံသို့  ပြောင်ရွှေ့ ကုသရန်အတွက် လိုအပ်သေားစာရွက်စာတန်း အထောက်အထားများကို ဆေးရုံမှ့  ကူညီးထောက်ခံပေးသေား ဒေါက်တာ ဦးစိုးထွန်း၊ ဒေါက်တာ ဦးဟန်ဝင်းအောင်၊ ဒေါက်တာ ဦးတင်ထွန်း တို၏ လွဲစာဖြင့် သွားရောက်ခဲ့ပါတယ်။

( ၁၄-၁၀-၀၈)နေမှာ ဒေါက်တာ ဦးသီဟထွန်း နှင့် ပြသဖြစ်သွားပါတယ်၊ ဆရာက ကျောက်ကပ်မှာ ကျောက် တည်နေတယ် ဆီသွားလမ်းကြောင်းမှာပိတ်နေတယ် ပိတ်နေတာကြာသွားရင် ပိတ်နေတဲ့ ကျောက်ကပ် အလုပ် မလုပ်နိင်တော့ပဲ သေသွားနိုင်တယ် ဒါကြောင့် ကျောက်ကို လေဆာရောင်ခြည်နှင့် ခွဲထုတ်မယ် ပြီးရင် ကျောက် ကပ်မှာ ရေတွေမကျန်နိင်အောင် ကျောက်ကပ်နဲ့  ဆီးအိမ်ကို ဆက်သွယ်တဲ့နေရာမှာ ပိုက်ထဲ့ ပေးထား လိုက် မယ် အခု့ ချက်ချင်းဆေရုံတင်ပါမယ် ဆိုပြီးရှင်းပြပါတယ်။

(၁၄-၁၀-၀၈)နေ ညနေ ၅း၃၀ နာရီမှာ ဆရာဝန်ကြီးတွေ ကျောက်ကပ်ရောဂါဆောင်မှ လူနာများကို တစ်ဦးချင်း လိုက်လံ စစ်ဆေးပါတယ်၊ ကျွှန်တော်လို့  ဆေးရုံတက်နေသေား လူနာ ၆၀ ခန့် ရှိမည်လို့  ခန့် မှန်းရပါတယ်၊ ည ၁၂ နာရီမှ့  စပြီး မနက်ဖြန် ခွဲစိတ်ခန်းဝင်ရန်အတွက် ကျွှန်တော်အား ရေတောင် မသောက် ရတော့ပါ၊ ( ၁၅- ၁၀-၀၈ ) နေ့  ကျွှန်တော်လို ခွဲစိတ်ခန်း ၀င်မည့် လူနာတွေ များနေပါတယ်၊ ကိုအလှည့် ရောက်နိုးရောက်နိုးနဲ့  တစ်နေ့ ကုန်ပြီး ညနေရောက်လာပါတယ်။

ကျွှန်တော် ဆေးရုံ၌ ခွဲးစိတ်ကုသခံခဲ့ရပုံကို ဆက်လက်ဖေါ်ပြပါမယ်- ယခု့  ကြာကြာထိုင်မရ၍ နားလိုက်ပါဦးမယ် ခင်ဗျာ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ........။ ။


Wednesday, October 01, 2008

နတ်မစိမ်းဘဲ အယူတိမ်းကြခြင်း (Click)

နတ်မစိမ်းဘဲ အယူတိမ်းကြခြင်း

ရေ၀တီ

ရင်းနှီးတဲ့ မိတ်ဆွေတဦးနဲ့ ညစာစားကြရင်း သူပြောလိုက်တဲ့ အဖြစ်အပျက်ကို နားထောင်လိုက်တော့ ရင်ထဲမှာ ပျို့တက်လာပြီး အန်ချင်သလိုလို ဖြစ်လာမိပါတယ်။ သူကတော့ အေးအေးဆေးဆေးနဲ့ ဘာမှရေးကြီးခွင်ကျယ် မဟုတ်သလို ရုပ်ရှင်ကားတကားအကြောင်း ပြောသလို ပုံမှန်ပြောနေကျပုံစံနဲ့ ပြောပြတာပါ။ ဒါပေမယ့် အဖြစ်က ရုပ်ရှင်ကားမဟုတ်သလို ရုပ်ရှင်ကားတကား ဖြစ်ခဲ့ရင်တောင် အတော်အော်ဂလီဆန်ချင်စရာ ပြကွက်တကွက်မျိုး ဖြစ်နေတဲ့အတွက် စာလုံးတွေနဲ့ မှတ်တမ်းတင် ရေးချင်စိတ်ပေါက်လာမိပါတယ်။

ဒီနေ့ ၂၈ စက်တင်ဘာ၂၀၀၈ မှာ ကျွန်မရဲ့ မိတ်ဆွေက အယ်လ်အေမြို့က ဗုဒ္ဓဘာသာ မြန်မာကျောင်းတကျောင်းကို နံနက်ပိုင်းသွားပါတယ်။ အဲဒီကျောင်းမှာ ကျင်းပတဲ့ မွေးနေ့ပွဲအလှူရှိလို့ ဖြစ်ပါတယ်။ အဲဒီ ဗုဒ္ဓဘာသာ မြန်မာကျောင်းက မကြာသေးခင်ကမှ နေရာပြောင်းသွားလို့ လမ်းမှာ လမ်းမှားတဲ့အတွက် မနက်တုန်းက ကားပေါ်ကနေ ကျွန်မဆီ ဖုံးဆက်မေးလို့ အွန်လိုင်းကနေတောင် ကျွန်မလိပ်စာသစ် ရှာပေးလိုက်ရပါသေးတယ်။ ပွဲမှာ လူအတော်စည်ပါတယ်တဲ့။ စားကြသောက်ကြ တီးကြဆိုကြရင်း စင်ပေါ်က ရုတ်တရက် ကြေညာလိုက်တဲ့ စကားတခွန်းကြောင့် သူလည်း ရုတ်တရက်တော့ အလွန်ကြောင်အန်းအန်း ဖြစ်သွားတယ်တဲ့။

အဲဒီစကားက ဘာလဲဆိုတော့ ဒီနေ့ကျင်းပတဲ့ ဗုဒဘာသာမြန်မာကျောင်းက မွေးနေ့ပွဲက နိုင်ငံရေးလှုပ်ရှားမှုတွေ မပါပါဘူး။ နိုင်ငံရေးသမားတွေနဲ့ မပတ်သက်ပါဘူး ဆိုတာပါပဲ။ မိုက်ခွက်ကို ကိုင်ခဲပြောတဲ့ လူကြီးမင်းက မွေးနေ့ရှင်ရဲ့ အမျိုးသား ဖြစ်ပါတယ်တဲ့။ အဲဒါနဲ့ လူတွေကလည်း ပြာပြာသလဲ ခွေးကြည့်ကြောင်ကြည့် တယောက်နဲ့တယောက် ကြည့်ကြ၊ တောင်တောင်မြောက်မြောက် အရပ်ရှစ်မျက်နှာလည်းနှံ့ရော သူ့ဆီမှာ အဲဒီမျက်လုံးတွေအားလုံး လာပေါင်းဆုံကြပါတယ်တဲ့။ သူဝတ်ထားတာက အနီရောင်တောက်တောက်ပေါ်မှာ အ၀ါရောင်စာလုံးကြီးကြီးနဲ့ Free Burma ဆိုတဲ့ စာရေးထားတဲ့ အင်္ကျီ၊ သူဆောင်းထားတာက အကျီနဲ့ဆင်တူ Free Burma ဦးထုပ်။ (အယ်လ်အေမှာ ခုချိန်နေ့ခင်းပိုင်းဆို နေခြစ်ခြစ်တောက် ပူပါတယ်)။

ကျွန်မက မေးကြည့်ပါတယ်။ အဲဒီလို မိန်းမမွေးနေ့မှာ နိုင်ငံရေးမပါပါဘူးလို့ဆိုတဲ့ လူကြီးမင်းက အသက်ဘယ်လောက်များ ရှိပြီလဲဆိုတော့ တတိယအရွယ်နီးပါး ရှိနေပြီတဲ့။ ကျွန်မရဲ့ မိတ်ဆွေကို ဘာပြန်ပြောလိုက်သလဲ ဘယ်လိုတုန့်ပြန်လိုက်သလဲ မေးကြည့်တဲ့အခါ သူက အေးအေးဆေးဆေးပါပဲ။ ‘ ဘာမှ မပြောပါဘူးဗျာ။ သူတို့ကြောက်တဲ့ အကျီ ကျွန်တော်က ၀တ်သွားမိတာကိုး။ ကျွန်တော်လည်း သူတို့အဲလောက် ကြောက်လိမ့်မယ် မထင်လို့ပါ။ နောက်ဆို ကျွန်တော် ၀တ်တာစားတာ ဆင်ခြင်ရမယ်။ အံ့သြတာတခုတော့ ရှိတယ်။ ကျွန်တော် သူတို့ပွဲကို ဘာအနှောက်အယှက်မှမပေးဘဲ ဘာလို့ အဲဒီလိုစင်ပေါ်တက် ကြေညာတဲ့အထိ အသည်းအသန် ဖြစ်သွားသလဲဆိုတာ’တဲ့။ သူက သူ့ရဲ့ ပြောနေကျဟန်ပန်အတိုင်း ပြုံုးပြီး အေးအေးဆေးဆေး ပြောပါတယ်။ (မဲ့ပြုံးမဟုတ်သလို နှစ်နှစ်ခြိုက်ခြိုက် အပြုံးမျိုးလည်း မဟုတ်ပါ။ သူစကားပြောရင် ပြုံးနေကျ ပုံမှန်အပြုံးမျိုးသာ ဖြစ်ပါတယ်)

‘အဲဒါနဲ့ အကိုပြန်လာရောလား’ ကျွန်မက မေးတော့ ‘ကျွန်တော်လည်း ထပြန်ရကောင်းမလား စဉ်းစားသေးတယ်။ လူတွေကလည်း ဟိုဟိုဒီဒီ ကြည့်ကြတယ်လေ။ ဒါပေမယ့်လေ သူများကို ကျွန်တော်တို့က နှောက်ယှက်ဖို့လာတာ မဟုတ်သလို စီးပွားလာရှာတာလည်း မဟုတ်ဘူးလေ။ လူမှုရေးကိစ္စတွေ လုပ်နေကျအတိုင်း လုပ်နေတာ။ ဒါနဲ့ကိုယ်လုပ်စရာရှိတာ လုပ်ပြီးမှ ပြန်လာပါတယ်’ တဲ့။

ကျွန်မ တွေးကြည့်မိတယ်။ မြန်မာလူမျိုးတွေ သုံးနေကျ ‘ပြီးတော့လည်း ပြီးတာပါပဲကွာ’ ‘နေပါစေတော့’ စတဲ့ စကားလုံးများ …။ နောက်ပြီး ဉာဏ်မီသလောက် စဉ်းစားမိတာတွေပါ။ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကားရောက် ရွှေ့ပြောင်းမြန်မာအမေရိကန်တွေအကြောင်း …။

အမေရိကန်ပြည်ထောင်စုဆိုတာ (သူတပါးကို မထိခိုက်ရင်) လွတ်လပ်စွာပြောဆို၊ လွတ်လပ်စွာရေးသားနိုင်တဲ့ ဒီမိုကရေစီနိုင်ငံတဲ့။ မြန်မာအချို့ အမေရိကားကို ရွှေ့ပြောင်းလာတာ တတိယအရွယ်ရောက်တဲ့အထိ နှစ်တွေလည်း မနည်းကြာမြင့်လာကြပြီိ။ ဒီပုံအတိုင်းဆို (သူတပါးကို မထိခိုက်လျှင်) ဦးထုတ်အကျီ လွတ်လပ်စွာဝတ်ဆင်ခွင့် ရှိတယ်ဆိုတာကို ဒီနေ့ထိ လက်မခံနိုင်ကြသေးတဲ့ မြန်မာအမေရိကန်တွေ ရှိသေးတယ်လို့ ယူဆလိုက်ရမှာပေါ့နော်။ နောက်တခုက ‘နိုင်ငံရေး’ ‘နိုင်ငံရေးသမား’ ဆိုတာကို ‘ရာဇ၀တ်မှု’ ‘ရာဇ၀တ်ကောင်’ ဆိုတဲ့ စကားလုံးတွေနဲ့ သိပ်မသဲကွဲကြသေးတာလား။ မသဲကွဲချင်ယောင် ဆောင်နေကြတာလား။

ကမ္ဘာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲနေပုံအကြောင်း နေ့စဉ်အာရုံထားတဲ့ အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့ထိပ်သီးနိုင်ငံမှာ အရိုးဆွေးနေအောင် အသက်ဆက်နေထိုင်ခဲ့ကြ လက်ရှိနေထိုင်နေကြပြီး ‘နိုင်ငံရေး’ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘယ်လိုများ နားလည်လက်ခံခဲ့ကြသလဲ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုများ သတ်မှတ်ခဲ့ကြသလဲ ကျွန်မအလွန်သိချင်ပါတယ်။ Free Burma ဆိုတဲ့စာလုံးနဲ့ အနီရောင်ကိုမြင်တာနဲ့ ပျာပျာသလဲ ခါးခါးသီးသီးကို ယောက်ယက်ခတ်သွားရတဲ့အကြောင်းက ဘယ်လိုအာမေဋိတ်မျိုး ရွတ်ဆိုရမှန်း မသိရလောက်အောင် ကျွန်မ တော်တော်အံ့သြရပါတယ်။

အမေရိကန်နိုင်ငံမှာ ‘နိုင်ငံရေး’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုသိသိ မသိသိ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် ယုံကြည်ခွင့်ရှိပါတယ်။ ဥပမာ - အတိုက်အခံဘက်ကို ထောက်ခံသူတွေရှိသလို စစ်အစိုးရကို နှစ်နှစ်ခြိုက်ခြိုက် ယုံကြည်သူတွေ လက်ခံသူတွေလည်း ရှိမှာပါပဲ။ လူတဦးချင်းစီရဲ့ ခံယူချက်နဲ့ဆိုင်တာမို့ ဒါဟာပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်စွက်ဖက်စရာ မဟုတ်ပါ။ ဒါပေမယ့် ဘာကိုယ်ပိုင်ခံယူချက် တခုတလေမှမရှိဘဲ ‘မြန်မာပြည် မပြန်ရဘဲနေမယ်။ ကြောက်စရာကြီး’ ဆိုတဲ့ စကားမျိုးတွေ ပြောတတ်ကြတဲ့ လူတွေထဲမှာ အမေရိကားမှာ နှစ်ချို့အရိုးဆွေးအောင်နေ စီးပွားရေးအရလည်း အဆင်ပြေ၊ နိုင်ငံသားတွေလည်း ဖြစ်ပြီးသား၊ ဘ၀ကို ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် အခြေချပြီးသား တတိယအရွယ် ဇရာထောင်း မြန်မာအမေရိကန်များတွေ ပါနေတာတော့ တော်တော်ခံစားလို့မရတဲ့ ကိစ္စပါ။

သူတို့ဟာ ကျွန်မတို့ အရွယ်တွေကို မျိုးဆက်နှစ်ဆက်စာလောက် နှစ်ပြန်မွေးလို့ရပြီး ကျွန်မတို့ထက် ဘ၀အတွေ့အကြုံရော ဥာဏ်ပညာအရည်အချင်းရော နိုင်ငံတကာနဲ့ဆိုင်တဲ့ အသိပညာတွေပါ သာလွန်လိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။ (လူတယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ကိုယ်အလေးချိန်ဖွံ့ဖြိုးမှု၊ အသက်အရွယ်ကြီးရင့်မှုနဲ့ အထိုက်အလျောက် ဆိုင်တယ်လို့ ကြားဖူးလို့ပါ။) သူတို့တွေဟာ ကျွန်မတို့ ပြည်ပရောက် မြန်မာလူငယ်တွေကို ကောင်းကောင်းကြီးကို ဦးဆောင်သင်ပြနိုင်မယ်လို့လည်း လေးလေးစားစား ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကိုယ်တိုင်လူပုံအလည်မှာ စင်ပေါ်တက်ပြောလိုက်တဲ့ စကားတခွန်းဟာ ဘာကိုရည်ရွယ်တယ်၊ ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိတယ်၊ တဘက်သားကို ဘယ်လိုအကျိုးဆက် သက်ရောက်မှုရှိမယ် ဆိုတာမျိုးတွေကို အဲဒီလိုအသက်အပိုင်းအခြားနဲ့ (ရွှေ့ပြောင်းအဆင့် ကျော်လွန်ပြီး) မြန်မာအမေရိကန် လူကြီးမင်းများဟာ တင်းပြည့်ကျပ်ပြည့် နားလည်ပြီးသား ဖြစ်လိမ့်မယ်ဆိုတာ အားလုံးသိပြီးသား ကိစ္စမျိုးပါ။

ကျွန်မ တခုမေးချင်ပါတယ်။ ‘နိုင်ငံရေး’ ‘နိုင်ငံရေးသမား’ ဆိုတဲ့ စကားတွေကြားရင် နှာစေးချင်သလို ရင်ကျပ်ချင်သလိုလို ဖြစ်လေ့ရှိတဲ့ ‘နိုင်ငံရေးတွေနဲ့ မပတ်သက်ဘူး’ ဆိုတဲ့ စကားကို ဖက်ရှင်တခုလို ကွမ်းငုံသလို ငုံငုံထားပြီး လူများပြီဆို ပြစ်ကနဲ ထွေးထွေးထုတ်ပြတတ်တဲ့ လူကြီးမင်းများကိုပါ။ မြန်မာနိုင်ငံဆိုတာနဲ့တွဲပြီး ဗိုလ်ချုပ်နေ၀င်းကို ကြားဖူးကြသလို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို ကြားဘူးပါသလား။ မြန်မာနိုင်ငံဆိုတာနဲ့တွဲပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာကို ကြားဘူးပါသလား။

အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ အတွင်းဝန်ရုံးမှာ စီးပွားရှာရင်း ရုတ်တရက် သေဆုံးသွားတာမဟုတ်ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အစည်းအဝေးထိုင်ရင်း သူတပါး လုပ်ကြံခံသွားရတယ်ဆိုတာလောက်ကိုရော နားစွန်နားဖျားလောက် ကြားဘူးပါသလားလို့ပါ။ လွန်ခဲ့တဲ့အပတ်က နှစ်၂၀ ကြာ ထောင်ထဲကလွတ်လာတဲ့ အပြည်ပြည်ဆိုင်ရာက ဆုတွေဝိုင်းပေးကြတဲ့ အသက် ၈၀ အရွယ် ဟံသာဝတီဦးဝင်းတင်ဟာ သူ့ကိုယ်သူ ဒီနေ့ထိနိုင်ငံရေးသမားပါတဲ့။ မြန်မာအမေရိကန်များ အလွန်ပတ်သက်ချင်ကြတဲ့ မြို့တော်ဝန်၊ ကောင်စီလူကြီးကစလို့ အထက်လွှတ်တော် အောက်လွှတ်တော် အမတ်မင်းများဟာလည်း ‘နိုင်ငံရေး’နဲ့ အကျွမ်းတ၀င်မရှိတဲ့သူ တဦးမှမရှိကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်များကို အလွန်နှစ်နှစ်ခြိုက်ခြိုက် ၀တ်လေ့ရှိတဲ့ ကျွန်မသူငယ်ချင်းရဲ့ အသက် ၇ နှစ်အရွယ် တူကလေး ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ တော်တော် စိတ်ထိခိုက်သွားရပါတယ်။ ‘သားနောက်ဆိုရင် ဘွားဘွားစုနဲ့ ဒေါင်းပုံပါတဲ့ တီရှပ်တွေဝတ်တော့ဘူးတဲ့’ ‘ဘာဖြစ်လို့လဲ သားရဲ့’လို့ မေးတော့ ‘ဟာ အန်တီကလဲ။ ဟိုဦးဦးလို လူတွေဝိုင်းကြည့်ခံရရင် ရှက်စရာကြီး’တဲ့။ ကျွန်မ ရုတ်တရက် ဆွံ့အသွားရပါတယ်။ ကလေးလေးက အမေရိကန်ပြည်ထောင်စုမှာ မွေးထားတဲ့ ပထမမျိုးဆက် မြန်မာအမေရိကန်ကလေး ...။ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့တဲ့ Freedom from Fear စာအုပ်နဲ့ ပြည်တွင်းမှာ ပြည့်လျှံကျပြီး ပြည်ပက ဒီမြေပေါ်မှာ စတင်ပျံ့ကျဲစပြုလာတဲ့ အကြောက်တရားမျိုးစေ့တွေ …။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တချို့ကလည်း ဒီလိုသုံးသပ်ကြပါတယ်။ အဲဒီ့ ဗုဒ္ဓဘာသာမြန်မာကျောင်းမှာ လုပ်တဲ့ အလှူဆိုတော့ ကျောင်းရဲ့မူဝါဒနဲ့ မကိုက်ညီလို့ နေမှာပေါ့တဲ့။ ကျွန်မကတော့ အဲဒီဗုဒ္ဒဘာသာ မြန်မာကျောင်းက သာသနာ့အနွယ်ဝင် သူတော်စင်များကို မသိဘူး မမြင်ဘူးတာမို့ ဘာမှမပြောလိုပါဘူး။ ဗုဒ္ဓက‘ငါ့သာသနာမြေမှာ နိုင်ငံရေးမလုပ်ရ။ ငရဲအိုး ဇောက်ထိုးကျမယ်’လို့ ဘယ်တုန်းကမှ မဟောထားတဲ့အတွက် ကမ္ဘာမှာ သာသနာပြုနေတဲ့ အမေရိကားရောက် ဗုဒ္ဒဘာသာ(မြန်မာ) သာသနာ့အနွယ်ဝင် သူတော်စင်တွေမှာ အဲဒီလိုအတွေးမျိုး ရှိလိမ့်မယ်လည်း မမျှော်လင့်ပါဘူး။ နောက်ပြီး ကျွန်မမိတ်ဆွေက သာသနာ့မြေမှာ အရက်သောက်ပြီး အော်ဟစ်ဆဲရေးနေတာမျိုးမှ မဟုတ်တာ။

ဗုဒ္ဓဘာသာတိုင်း အခြေခံသိကြတဲ့ ငါးပါးသီလမှာ မုသာဝါဒကံဆိုတာ အမှန်တရားကိုဖျောက်ပြီး လိမ်လည်ပြောဆိုခြင်းပါတဲ့။ သူတပါးအကျိုးအပြစ်ကို မရည်ရွယ်ဘဲ အမှန်ကို အမှန်ပြောပြီး အမှားကို အမှားပြောဆိုတာလည်း မုသာဝါဒကံ စောင့်ထိန်းရာ ရောက်ပါတယ်တဲ့။ အဲဒါနဲ့ဆန့်ကျင်ရင်တော့ မုသာဝါဒကံ ထိုက်ပါတယ်တဲ့။ ပြီးခဲ့တဲ့နှစ် ၂၀၀၇ က ခုလိုစက်တင်ဘာမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေ ဖိနပ်မပါဘဲ လမ်းလျှောက်ပြီး မေတ္တာသုတ် ရွတ်ခဲ့ကြပါတယ်။ အဲဒီလို ဘာလက်နက်တခုမှမပါ လက်အုပ်ချီပြီး ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တဲ့ ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်တွေကို ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ မြန်မာစစ်အာဏာပိုင်တွေက မျက်ရည်ယိုဗုံးခွဲ၊ ဦးခေါင်းပြောင်ပြောင်ကို တုတ်နဲ့ ရက်ရက်စက်စက် ရိုက်၊ ခြေထောက်နဲ့ ကန်၊ သေနတ်နဲ့ ရက်ရက်စက်စက် အနီးကပ်ကို ပစ်ပြီး ဖြိုခွဲခဲ့ဖူးပါတယ်။

ချက်ချင်း ပျံလွန်တော်မမူတဲ့ သံဃာတော်တွေကိုလည်း ထောင်ထဲမှာ လူမဆန်စွာ နှိပ်စက်၊ အတင်းအဓမ္မ သင်္ကန်းဆွဲချွတ်ခဲ့ဖူးပါတယ်။ အဲဒီအော်ဂလီဆန်စရာ မြန်မာနိုင်ငံအရေးကိစ္စဟာ အခြားဘာသာဝင်တွေပါ လှိုက်လှိုက်လှဲလှဲ ခံစားရပြီး တကမ္ဘာလုံးလည်း ပျက်ပျက်ထင်ထင် သိပြီးသားကိစ္စပါ။ အဲဒီကိစ္စအတွက် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ကိုယ်တိုင်ဦးဆောင်ပြီး ‘သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ သံဃာအဖွဲ့အစည်းကြီး’ ကို အမေရိကန်ပြည်ထောင်စုရဲ့ ဟောဒီအယ်လ်အေမြေမှာပဲ တရားဝင် ဖွဲ့စည်းခဲ့ပါတယ်။

သာသနာ့ဥသျှောင် အဖွဲ့အစည်းကြီးဟာ ဒီနေ့ထိ မြန်မာနိုင်ငံရေးသမားတွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံ အရေးက္စိမှန်သမှ မငြိုမငြင် တာဝန်ထမ်းနေပါတယ်။ (မြန်မာဗုဒဘာသာမှာ ဘိက္ခူနီ အမျိုးသမီးရဟန်းတော်များသာ ရှိခဲ့ရင် ဘိက္ခူနီ မြန်မာအမျိုးသမီး ရဟန်းတော်များအဖွဲ့ဆိုတာ ပေါ်ပေါက်လာခဲ့ဦးမှာပါ) အဲဒီသာသနာ့ဥသျှောင် အဖွဲ့အစည်းကြီးကပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်ခဲ့တဲ့ ဗုဒ္ဓဘာသာရဟန်းတွေ ရက်ရက်စက်စက် အသတ်ခံရ အဖြိုခွဲခံခဲ့ရတဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကို သင်္ကန်းရောင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

မနှစ်က ဒီအချိန်ဆို ကမ္ဘာအရပ်ရပ်မှာ မြန်မာပြည်က အနှိပ်စက်ခံရတဲ့ သံဃာတော်တွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနီရောင်တီရှပ်တွေ တပတ်လောက် ၀တ်ခဲ့ကြပါတယ်။ ၀မ်းပန်းတနည်းနဲ့ ဆုတောင်းပွဲတွေ မီးထွန်းပွဲတွေ ကျင်းပခဲ့ကြတယ်။ ဘာသာကြီး ၄ ရပ်က ဘာသာရေး ခေါင်းဆောင်တွေကလည်း အဖိနှိပ်ခံ ဗုဒ္ဓဘာသာ သံဃာတော်တွေအတွက် မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းပေးခဲ့ကြတယ်။ ကျွန်မရဲ့ မိတ်ဆွေကလည်း သင်္ကန်းရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အနီရောင် Free Burma တီရှပ်ကို သတိတရနဲ့ တပတ်လောက် ၀တ်ပစ်လိုက်မယ် စိတ်ကူးထားဟန်တူပါတယ်။ အဲဒီသာသာနာ့မြေ ဗုဒ္ဓဘာသာမြန်မာကျောင်းကို ကျွန်မမိတ်ဆွေ Free Burma တီရှပ်ဝတ်သွားတဲ့နေ့က ၂၈ စက်တင်ဘာ၂၀၀၈ ဖြစ်ပါတယ်။

ဗုဒ္ဓသာ ဒီနေ့ထိ သက်တော်ထင်ရှားရှိဦးမယ်ဆိုရင် ဒီအဖြစ်အပျက်ကို အကြောင်းပြုပြီး ဘယ်လိုတရားတော်တွေ ဟောကြားတော်မူမလဲ ကျွန်မ အလွန်သိချင်ပါတယ်။

ရေ၀တီ
၂၉ စက်တင်ဘာ ၂၀၀၈
နံနက် ၃ နာရီ ၄၅ မိနစ်

´