Tuesday, July 29, 2008
Monday, July 28, 2008
Tension and Opposite Correction-(Click)
ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း
ရဲရင့်မြင့်မောင် - ခေတ်ပြိုင်ဝက်ဘ်ဆိုက်
ထိုင်းနိုင်ငံသို့ရောက်အောင် လူမှောင်ခိုကုန်ကူးသည့် လုပ်ငန်းအများအပြားတွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခ သည်စခန်းများမှတဆင့် အမေရိကန်နိုင်ငံရောက်အောင် လူကုန်ကူးသည့်လုပ်ငန်းမှာ ၂၀၀၆ ခုနှစ်ကစ၍ ခေတ် စားလာသည်။
အမေရိကန်နိုင်ငံ သွားရောက်အလုပ်လုပ်လိုသူ မြန်မာများအဖို့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရရန် သာမန်အား ဖြင့် ခဲယဉ်းသည်။ ထို့ကြောင့် အမေရိကန်သွားလိုသူ ပြည်တွင်းပြည်ပ မြန်မာအချို့ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ လူကုန်ကူးပြီး ပို့သည့်နည်းလမ်းကို အသုံးချပြီး အမေရိကန်ဝင်ခွင့်ရဖို့ ကြိုးစားသည့် နည်းများ သုံးလာကြသည်။
ဥပမာ-ရန်ကုန်မြို့ရှိ နိုင်ငံရေးနှင့် မပတ်သက်သူတဦးက အမေရိကန်နိုင်ငံသွားလိုလျှင် ပွဲစားအမျိုးမျိုးမှတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ ဒုက္ခသည်အတုလုပ်ပြီး တတိယနိုင်ငံ တခုခုရောက်အောင် လူ ကုန်ကူးကြခြင်းဖြစ်သည်။
ပွဲစားမှာလည်း အမျိုးမျိုးရှိပြီး ရန်ကုန်မှ နယ်စပ်ရောက်အောင် ပို့ပေးသည့်အဆင့် ပွဲစားများတွင်ပင် အမေရိ ကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နှင့် ရောက်နေပြီး နောက်ပိုင်း အမေရိကန်နိုင်ငံသားဖြစ်လာသူ မြန်မာအချို့ပင် ပါဝင်သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ အဆိုပါ အမေရိကန်နိုင်ငံသား မြန်မာပွဲစားများကို ရန်ကုန်ကို အ လည်အပတ် ပြန်စဉ်ကာလအတွင်း အမေရိကန်သွားလိုသူများကို အခကြေးငွေယူပြီး နယ်စပ်ပွဲစားများ ကတ ဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ လူမှောင်ခိုကုန်ကူးခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များ အမေရိကန်အပါအ၀င် တတိယ နိုင်ငံများသို့ ထွက်ခွာသည့်လမ်းကြောင်းမှာ ယခုအခါ ငွေကြေးတတ်နိုင်သူများ၏ စားကျက်ခွင်တခုအဖြစ် ပြောင်းလဲသွား ပြီဟု နို့ဖိုးဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်အောင်က ပြောသည်။
၎င်းက “ငွေကြေးတတ်နိုင်သူတွေကတော့ စိတ်ကြိုက် လုပ်ချင်တာရတဲ့ ခွင်ဖြစ်သွားတာ (၂) နှစ် ကျော်သွားပြီ။ ကျနော်တို့စခန်းမှာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ မြန်မာတယောက် ရန်ကုန်မှာကျန်နေတဲ့ သူ့မိသား စုကိုခေါ်ပြီး ဘတ်ငွေ (၃)သိန်းလောက် အကုန်ခံပြီး ဒုက္ခသည်စခန်းက လူကြီးတွေ ရပ်ကွက်မှူးတွေနဲ့ ညှိလိုက် တာ အခုမိသားစုလိုက်ကို အမေရိကန်ရောက်ကုန်ပြီ။ ဒါက စခန်းအချို့မှာဖြစ်နေတာ၊ အထူးသဖြင့် မဲဆောက် နဲ့နီးတဲ့ စခန်းတွေမှာဖြစ်တယ်” ဟု ပြောသည်။
ရန်ကုန်အပါအ၀င် ဒေသအသီးသီးက မြန်မာများမှာ ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန်ရောက်ရှိရေးအ တွက် ထောင်မြင်ရာစွန့်ကာ မဲဆောက်နှင့် ဒုက္ခသည်စခန်းများရှိ အသိအကျွမ်း ဆွေမျိုးများ၊ ကြားပွဲစား များနှင့် ဆက်သွယ်ကာ ငွေထုပ်ပိုက်လာသူများ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေဘဲ အလိမ်ခံရကာ ဖွတ်မရ ဓားမဆုံး ဘ၀ပျက်၍ မဲဆောက်တွင် သောင်တင်နေသူများလည်း အများအပြားရှိသည်။
ဒုက္ခသည်ပွဲစားများသည် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံကဲ့သို့ မြို့ကြီးတို့မှ လူများကိုဆက်သွယ်ပြီး တဦးချင်းအ လိုက် ဘတ်ငွေ (၅) သောင်း (မြန်မာကျပ်ငွေ ၁၇ သိန်းခန့်)၊ မိသားစုအလိုက် ဘတ်ငွေ (၁) သိန်း (မြန်မာငွေ ၃၅ သိန်းခန့်) အထိ ပွဲခယူကာ လူမှောင်ခိုကူးလျက်ရှိသည်။ မဲဆောက်တွင် နေထိုင်ပြီး ထိုင်းဧည့်နိုင်ငံသား လက်မှတ် ရရှိထားသည့် မြန်မာမိသားစု (၅) ဦးဆိုလျှင် ဘတ်ငွေ (၂) သိန်းခွဲဖြင့် စခန်းဝင်ရန်မလိုဘဲ အမေရိကန် သို့ ရောက်ရှိသွားပြီဖြစ်သည်။
ငွေအလုံးအရင်းနှင့် ပေးနိုင်သူများ ဒုက္ခသည်စခန်းအတွင်း လာရောက်နေထိုင်ရန်မလိုဘဲ ကုလသမဂ္ဂမှ လူ တွေ့စစ်ဆေးမည့်နေ့ရက်၊ ဆေးစစ်မည့်နေ့၊ လေယာဉ်စီးသင်တန်းနှင့် အခြားဗဟုသုတဆိုင်ရာ သင်တန်းတက် ရမည့်နေ့များကို စခန်းအတွင်းရှိ ပွဲစားက ဖုန်းဖြင့်ဆက်သွယ်လာပါက မဲဆောက်မှ ကားငှား၍ သွားရုံသာဖြစ် သည်။
အချို့နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဆိုလျှင် ၎င်းတို့ကိုယ်တိုင် နိုင်ငံခြားမထွက်ကြသော်လည်း ပြည် တွင်းရှိ ၎င်းတို့ဆွေမျိုးသားချင်းများ၊ အသိအကျွမ်းများအား နိုင်ငံကူးလက်မှတ်များပြုလုပ်ကာ ရန်ကုန်မင်္ဂလာ ဒုံလေဆိပ်မှ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်သို့ လာစေသည်။ ထိုမှတဆင့် နယ်စပ်ဒုက္ခသည် စခန်းများသို့ သွားကာ တတိယနိုင်ငံတခုခု ရောက်ရှိရေးအတွက် ကြိုးစားကြသူ အများအပြားရှိသကဲ့သို့ ဒေါနတောင်တန်း ကိုကျော်ပြီး နယ်စပ်မြ၀တီမြို့မှတဆင့် လာရောက်သူများလည်းရှိသည်။
အမေရိကန်ရောက်ရှိသွားသူ အမျိုးသမီးတဦးက “ရန်ကုန်ကနေ လေယာဉ်နဲ့ထွက်တယ်။ ဒေါ်လာ (၂)ထောင် ယူလာတယ်။ ဘန်ကောက်မှာ လာကြိုတဲ့ အသိတွေနဲ့ မဲဆောက်သွားပြီး ပွဲစားနဲ့ တွေ့တယ်။ စခန်းထဲ ၀င်ရဖို့ စောင့်ရတာ (၂) လကျော်ကြာတယ်။ စာအုပ်က ဘန်ကောက်အ၀င် တလနေထိုင်ခွင့်ရတယ်။ ရက်ပြည့်တာနဲ့ မဲဆောက်မှာရှိတဲ့ ထိုင်းလ၀ကရုံးမှာ တလဘတ်ငွေ (၂,၈၀၀) နှုန်းနဲ့ (၂) လ ထပ်ရတယ်။ အဲဒါပြီးရင် စာအုပ်သေပြီ။ ကန့်ထဲကိုဝင်ဖို့ စာအုပ်မသေခင် ပြီးအောင်စီစဉ်ရတယ်။ စခန်းထဲမှာနေဖို့ အိမ်ဝယ်တဲ့ကိစ္စ လူဟောင်းစာရင်းထဲ လူစားထိုးတဲ့ကိစ္စတွေကို ပွဲစားကပဲ အားလုံးစီစဉ်ပေးတယ်။ ဘတ်ငွေ (၁)သိန်းလောက် ကုန်တယ်။ လိုတဲ့ငွေကို အိမ်က အောက်လမ်းကနေ မဲဆောက်ကို ပို့ပေးတယ်။ ငွေလွှဲတဲ့ဆိုင်က ဒုက္ခသည်စခန်း အထိ ငွေလာပို့ပေးတယ်" ဟု ပြောသည်။
ဒုက္ခသည်စခန်း၌ အ၀င်အထွက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအ သင်းမှ အမည်မဖော်လိုသူတဦးက “ဒီကိစ္စ ပြောရရင်တော့ စခန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ယူအန်ကလူတွေ ပါဝင်ပတ်သက်မှုတွေရှိတယ်။ ၂၀၀၅ ခုနှစ်က စခန်းတိုင်းမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်လုပ်ပေးတယ်။ ဓာတ်ပုံရိုက်တယ်။ လက်ဆယ်ချောင်း စလုံး လက်ဗွေနှိပ်ရတယ်။ မှန်ပြားပေါ်မှာ လက်ဗွေနှိပ်ရပြီး ချက်ခြင်းပဲ ကွန်ပျူတာထဲသွင်းတယ်။ ဒါကို ထိုင်းပြည်ထဲရေးက ကိုင်တယ်။ ဒုက္ခသည်တွေ နိုင်ငံခြားထွက်ရဖို့ ဆုံးဖြတ်တာက UNHCR နဲ့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့သံရုံးတွေဖြစ်တယ်။ နိုင်ငံခြားသွားဖို့ စီစဉ်တာက IOM ဖြစ်တယ်။ သူ့ အလုပ်က ဆေးစစ်မယ်။ ယဉ်ကျေးမှုသင်တန်း တက်ရမယ်။ ခရီးသွားသင် တန်း တက်ရမယ်။ နိုင်ငံခြားထွက်မယ့်လူဟာ စခန်းအုပ်ချုပ်ရေးမှူး (ပလာ)က လက်မှတ်မထိုးရင် စခန်းထဲက နေ လုံးဝထွက်ခွင့်မရှိဘူး။ အဲလိုစနစ်တကျ ရှိတဲ့ကြားမှာ နိုင်ငံခြားထွက်ရဖို့ လူသစ်တွေကို လူဟောင်းတွေနဲ့ အစားထိုးတဲ့ကိစ္စမှာ အောက်ခြေကနေစပြီး အထက်အထိ အားလုံးပါဝင်မှုမရှိရင် ဒီကိစ္စ ဘယ်ဖြစ်မှာလဲ” ဟု ပြောသည်။
မဲဆောက်တွင် စီးပွားရေးလုပ်ငန်းတခု လုပ်ကိုင်နေသည့် မူတူးဆိုလျင် အမေရိကန်သွားခါနီးမှ လူတဦးက ဘတ်ငွေ (၅) သောင်းဖြင့် လူစားထိုးရန် လာညှိသဖြင့် အမေရိကန် မသွားတော့ဘဲ ၎င်းငွေဖြင့် ရင်းနှီးပြီး မဲဆောက်မှာပင် စီးပွားရေးလုပ်ကိုင်လျက်ရှိသည်။
၂၀၀၅ ခုနှစ် ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်စဉ်က မဲဆောက်ဒေသအတွင်းမှ လူများ အုန်းဖျန်၊ နို့ဖိုး၊ မယ် လ စသည့်ဒုက္ခသည်စခန်းများသို့သွားကာ သက်ဆိုင်ရာ စခန်းကော်မတီဝင်များ ရပ်ကွက်မှူးများ ပွဲစားများဖြင့် ဆက်သွယ်ကာ မှတ်ပုံတင် ပြုလုပ်ကြသည်။ ရာနှင့်ချီရှိသည့် အဆိုပါလူများသည် မဲဆောက်မြို့ရှိ မြန်မာစီး ပွားရေး အလွှာအသီးသီးတွင် လုပ်ကိုင်နေကြသူ အများစုဖြစ်သည်။
မဲဆောက်ကျောက်ဝိုင်းမှ ကျောက်အရောင်းအ၀ယ် လုပ်ကိုင်ကြသည့် မြန်မာများ အနည်းဆုံး (၁၀၀) ခန့် (၁) နှစ်ကျော်ကာလအတွင်း အမေရိကန်ရောက်ရှိသွားပြီဟု သားသမီးများ အမေရိကန်ထွက်သွားသူ မြန်မာ ကျောက်ကုန်သည်တဦးက ပြောသည်။
၎င်းအဆိုအရ လူတဦး အနည်းဆုံး ဘတ်ငွေ (၅) သောင်းမှ (၁) သိန်းထိ ပေါက်ဈေးရှိကြောင်း ယခု အချိန်ထိ သွားလာလုပ်ရှားသူများ မပြတ်ရှိကြောင်း၊ ပွဲစားများ မဲဆောက်တွင် အမြဲရှိကြောင်း ပြောသည်။
ခါတော်မီများ ငါးပွက်ရာ ငါးစာချနေချိန်တွင် နို့ဖိုးဒုက္ခသည်စခန်းရှိ မြန်မာ့နိုင်ငံရေးဒုက္ခသည် NI နံပါတ် (၁၆၇) ခု၊ လူဦးရေ (၅၀၀)ခန့်သည် သံရုံးအင်တာဗျူးနှင့် ဆေးစစ်အပြီးတွင် ၎င်းတို့အား အကန့်အသတ်မရှိ ဆိုင်းငံ့ ထားကြောင်း သံရုံးမှ အကြောင်းပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခသည်တဦးက ဒုက္ခသည်မဟုတ်သည့် အကြံအဖန်များကိုတောင် လက်ခံလျှင် ဒုက္ခသည် အမှန်အကန်များအတွက် လက်ခံစဉ်းစားသင့်သည်ဟု ပြောပြီး ၎င်းကိစ္စအတွက် အမေရိကန်အစိုးရထံသို့ စုပေါင်းလက်မှတ်ရေးထိုးကာ တောင်းဆိုမှု ပြုလုပ်မည်ဟု ပြောသည်။
ဒုက္ခသည်စခန်းများမှ အမေရိကန်နှင့် တတိယနိုင်ငံတခုခု ထွက်လိုသူများကြောင့် မဲဆောက်ရှိ ပွဲစားများမှာ ဘတ်ငွေ သိန်းချီကာ မြိုးမြိုးမြက်မြက် ပွဲခရသော်လည်း စခန်းလူကြီးများ အပါအ၀င် ဒုက္ခသည်စခန်းရှိ အဓိက စီစဉ်ပေးသူများမှာ သောင်းဂဏန်းခန့်သာ ရရှိကြသည်ဟု ပွဲစားများနှင့် ရင်းနှီးသူများက ပြောသည်။
အမေရိကန်နှင့် အခြားနိုင်ငံများသို့ ရောက်ရှိပြီး ၎င်းနိုင်ငံသားများ ဖြစ်သွားကြသော မြန်မာလူမျိုးအချို့ မဲ ဆောက်သို့ ပြန်လာကာ ဆွေမျိုးသားချင်းများနှင့် တတိယနိုင်ငံတခုခု သွားလိုသူများအတွက် ကူညီမှုများရှိပြီး အချို့မှာ ပွဲစားကဲ့သို့ အခကြေးငွေများယူကာ မက်လုံးပေး စည်းရုံးမှုများကြောင့် မြန်မာအချို့ ခရီးပေါက်သူ များရှိသလို အချို့အလိမ်ခံရရုံမက အမျိုးသမီးအချို့ ဘ၀ပျက် ခဲ့ကြရသည်။
ဒုက္ခသည်စခန်းများတွင်လည်း စခန်းတာဝန်ရှိသူများကိုယ်တိုင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ကြသဖြင့် စခန်းအတွင်း ဒုက္ခသည်အတုနှင့် အစစ်များကြားတွင် မကျေနပ်မှုများ ရှိကြသော်လည်း မပြောရဲကြောင်း၊ ၎င်းအတုများကို စခန်းတာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များကဲ့သို့ ထားကြောင်း၊ သာမန်လူများအနေဖြင့် ကြည့်လျှင် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုများမှ ထွက်ပြေးတိမ်း ရှောင်လာသူများဟု ထင်ရလောက်အောင် ဟန်ဆောင်ကောင်းကြကြောင်း ဒုက္ခသည်တဦးက ပြောသည်။
လူမှောင်ခိုနည်းဖြင့် ရောက်လာသည့် ဒုက္ခသည်အတုတို့သည် အချိန်မှန် ဘီဘီစီ၊ ဗွီအိုအေ နားထောင်ခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ဝေသော စာအုပ်စာတမ်းများကိုင်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းများ အလွတ်ကျက်ခြင်း၊ ၈၈ နောက်ပိုင်း အရေးကြီး မြန်မာ့နိုင်ငံရေး ဖြစ်ရပ်များနှင့် နေ့စွဲများကို အလွတ် ကျက်ခြင်းများ ပြုလုပ်ပြီး ဟန်ဆောင်ကြသည်ဟု သိရသည်။
၎င်းဖြစ်ရပ်များနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းအချို့မှ တာဝန်ရှိသူများနှင့် အန်ဂျီအိုများအား မီဒီယာများက မေးမြန်းကြရာ ကောလာဟလ သတင်းများသာ ဖြစ်သည်ဆိုပြီး အဖြစ်မှန်ကို ဖုံးကွယ်၍ တုံ့ပြန်ဖြေကြားလေ့ ရှိသည်။
သို့သော် ဒုက္ခသည်အစစ်များအား နှစ်ချီ၍ ရိက္ခာမပေးသောကြောင့် မယ်လစခန်းမှဒုက္ခသည် (၂၀) ခန့် မဲဆောက်ရှိ UNHCR ရုံးတွင် ယခင်လက လာရောက်ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများ၏ အဆိုအရ မယ်လဒုက္ခသည်စခန်းတွင် ယူအန်အသိမှတ်ပြု လက်မှတ်ရပြီး ရိက္ခာမရရှိသူ (၁၀၀) ကျော်ရှိသည်ဟု စုံစမ်းသိ ရသည်။
မဲဆောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်တဦးကမူ ဒုက္ခသည်စခန်းမှတဆင့် သွားသော် လည်း ထိုင်းမှာ အသစ်ပြဋ္ဌာန်းသည့် “လူကုန်ကူးမှုကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းဥပဒေ ဘီအီး ၂၅၅၁” အရ လူကုန်ကူးမှု မြောက်သည်ဟုပြောပြီး ယခုဖြစ်ရပ်တွင် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှာလည်း လူကုန် ကူးမှုကျူးလွန်ရန် အားပေးကူညီခြင်း ပုဒ်မ-၇ အရ အကျုံးဝင်သည်ဟု ပြောသည်။
ယခုဖြစ်ရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းတကျ ဖြေရှင်းမှုမပြုဘဲ ထားမည်ဆိုပါက ဒုက္ခသည်စခန်းအချို့သည် မသမာသူများ ကြီးစိုးရာဒေသနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့သည့် ပတ်ဝန်းကျင် ဖြစ်လာပြီး မလိုလားအပ်သော ပြဿနာများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်သည်ဟု ဒုက္ခသည်စခန်းမှ ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။ ။
Friday, July 25, 2008
Tension and Opposite Power-(Click)
- အသင်မိတ်ဆွေ အသင်ဟာ မြင့်မြတ့်တဲ့ မြန်မာလူမျိုး တစ်ဦးဖြစ်ချင်ရင် ယခု ဆောင်းပါးလေးကို ပြီးဆုံးအောင် ဖတ်ကြည့်စေချင်ပါသည် ။


Wednesday, July 23, 2008
Tension and Opposite Order

- ဆင်းဆင်းရဲးရဲး နှင့် ၀မ်ရေးအတွက့်ရှာဖွေနေကြရသေား တိုင်ပြည်နဲ့  လူမျိုးတွေမပေါ် အနိင်ယူ ချင်တဲ့ စိတ်ဓါတ့် ရှိနေတဲ့သူတွေအတွက်တော့ ဒီလိုလုပ်ဆောင်နိင်နေကြတာကို ဂုဏ်ယူနေကြပါတယ် ။
- မြန်မာပြည်ကြီ နှင့် မြန်မာလူမျိုးတွေအတွက့် ချမ်းသားအောင် ကယ်တင်နိင်မည့် စာရိတ္တကောင်းသော ၀န်ထမ်းကောင်းများကို ဒီနေရာလေးမှ့ နေ၍ လေးစား ဂုဏ်ပြု့ လိုက်ပါသည် ။
Tuesday, July 22, 2008
Tension and Opposite Boddy (Click)

ကျွန်တော်တို့က နိုင်ငံတော် ခေါင်းဆောင်များကို ဂုဏ်ပြု နေသော်လည်း အောက်ပါ နိုင်ငံခြားသားများ ကတော့ ဘာတွေ စဉ်းစားနေမလဲ မသိဘူး။
ဖခင် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော် လွတ်လပ်ရေး အတွက် ပေးဆပ်ခဲ့သော အသက်၊ နှမတော် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် ကောင်းစားဖို့ပေးဆပ်နေသော ရာသက်ပန်လွတ်လပ်ခွင့် တို့ကို လည့်မကြည်ဘဲ အမေရိကန်နိုင်ငံသား ခံယူပြီး နအဖ စစ်အစိုးရ သန်းရွှေနဲ ပူးပေါင်းနေသော Mr. Aung San Oo (မြန်မာလိုခေါ်ရန်မထိုက်တန်ပါသဖြင့်)
ဖခင်ဆရာကြီး ဒေါက်တာဦးဖေမောင်တင် ကမြန်မာနိုင်ငံသားများအား "မြန်မာစာအရေးအသားတိုးတက်စေနည်း" သင်ကြား ပေးခဲ့သော်လည်း ပြင်သစ်စာပေ၊ ပြင်သစ်ဘာသာ ကိုမှတိုးတက်စေခြင်သော ဗြိတိသျှနိုင်ငံသူ လန်ဒန်မြို့နေ Brenda (ယခင်မြန်မာ အမည်ကတော့ ဒေါ်တင်တင်မြိုင် ပါ။)
မိမိ၏အဖိုး၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း၊ မြန်မာနိုင်ငံသားများ သာမက အာရှတိုက်သား အားလုံးက ဂုဏ်ယူသော ဆရာကြီး ဦးသန့် ကတစ်ချိန်က
"ဟေ့ ... မြန်မာဟာ မြန်မာပဲ။
မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။
မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့်
ရေမြေခြားကိုရောက်နေရပေမယ့်
တစ်နေ့ မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့်
နိုင်ငံခြားသား လုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့ ။"
ဟုပြောခဲ့သည်ကို နားမထောင်၊ မိမိ၏ မိထွေးနိုင်ငံ အမေရိကန်ပြည်ထောင်စု ကိုသာချစ်ပါတယ် ဆိုတဲ့ ဦးသန့်၏ မြေးတော်၊ ကုလသမဂ္ဂ ၏ အမေရိကန်အရာရှိ Thant Myint-U (မြန်မာအမည်ကို ချစ်လွန်းသည် တော့မဟုတ်၊ အဖိုး ”ဦးသန့်”ဟုသော အမည်ဖြင့် လုပ်စားရန် ဖြစ်ပါသည်။)
မြန်မာနိုင်ငံ တွင်ကာလကြာရှည်စွာ နေထိုင်ခဲ့ပြီး (မြန်မာနိုင်ငံသား များကို မဆိုလိုပါ၊) ယခုနိုင်ငံခြား သားခံယူပြီးသူများ သို့မဟုတ် ခံယူရန် စိတ်အား ထက်သန်နေသူများ (မိမိကိုယ်ကို မြန်မာနိုင်ငံသား ဟုမသတ်မှတ်ခဲ့ရင်တော့ ကိစ္စ မရှိပါ။) ၊ မိမိ ကိုယ်ကို မြန်မာ လူမျိုးဟု ဖော်ပြရမှာ ရှက်နေသူများ၊ မိမိတို့ ၏ မြန်မာအမည်များကို အခြားလူမျိုးများသတိမထားမိစေရန် Anglicize ၊ Sinicize လုပ်နေသူများကိုသာ ပြောလိုခြင်းဖြစ်သည်။
အာဇာနည်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ချစ်ကြသလို အထက် ဖော်ပြပါ နိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးများလည်း သူတို့ နိုင်ငံသားခံယူထားသော နိုင်ငံများကို ချစ်နိုင်ကြပါစေ ဟု ဆုတောင်းလျှက်......။ ။
စိုင်း
(မြန်မာနိုင်ငံသား)
မြန်မာ မဟုတ်သော နိုင်ငံခြားသား များသို့
အောက်ပါကောမန့်လေး တစ်ခုကို ကျွန်တော့်ရဲ့ အာဇာနည်နေ့ တို့မမေ့ ဆိုတဲ့ ပိုစ့်လေးမှာ ကိုစိုင်းဆိုသူက ရေးသွားခဲ့တာပါ။ စိတ်ဝင်စားစရာ ဖြစ်သလို ကျွန်တော်လည်း သင့်တော်သည်ဟု ယူဆပါသည်။ အားလုံး လေ့လာနိုင်စေရန် ပိုစ့်တစ်ခု အနေနှင့် ပြန်လည် တင်ဆက်လိုက်ပါသည်။
မင်္ဂလာ“တီး” ဘလောက့်ခ် မှ စာသားတွေတန်ဖိုးရှိ၍ ကူးယူဖေါ်ပြပါသည် ။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ။
Monday, July 21, 2008
မန္တလေးက ပေါ်တော်မူဘုရား နဲ့နောက်ဆက်တွဲသတင်း(Click)
- July 18 နေ.အထိ ဆယ်ရတဲ. ဘုရား ၅ ဆူရှိသွားပြီ
ဆယ်တဲ့သူတွေရဲ. feedback အရ အကြီးဆုံး ကျောက် ဆင်းတု ကိုတော်ကြီး ကိုတွင်းက ဌာပနာတွေ ဆယ်ပြီး မှ ဖေါက်ထား ပြီး cement နဲ.ပြန်ပိတ် ထားတယ်လို.ပြောတယ်.နအဖ လက်ချက်လို.ပြောနေတယ်..
နေ.တိုင်းလိုလို မန်းလေးက ရဲမှူး က ဆရာတော်တွေနဲ. ဘုရားမှာ တွေ.ရတယ်...( ၂ခေါက် ရောက်တယ် ၂ခါစလုံး ဒီကေါင်တွေ နဲ.တိုးတယ် )
- ထူးဆန်းတာတခုက တော. ၆ဆူမြောက် မတ်ရပ် ကိုတော်ကြီး ဆယ်နေချိန်မှာ လာကြည်.တဲ. ဘိုမှူးက အဲဒီ ကိုတော်ကြီးကို ကြပ်ပြေး ပင်.ဘို. အမိန်.ရထားတယ် ပြောတော. ရေထဲပြန်ကြသွားတာ ယနေ.ထိ ပြန်ဆယ်လို. မရတော.ဘူးပြောတယ်...
- အားလုံး ၉ဆူ တဲ. ၅ဆူဆယ်ပြီးတော. ၄ဆူ ရေအောက်မှာရှိ အုန်းမယ်....အတိကျတော.မသိဘူး....အလှူငွေကတော. ၁၈ ရက်နေ.ထိ ကျပ်သိန်း ၁၃၀၀ ကျော်ပြီ...
-နောက်တခုက မန္တလေး မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖေါက်တာ ရဲမြင်.ကြီး က သန်းရွှေ အတွက် ဖေါက်ပေးတာပြောတယ်....ကိုယ်တိုင်ဖေါက်တဲ.ဦးရွှေမောင်က တော. ဖေါက်ပြီး တလ အတွင်းသွေးအန်ပြီး သေသွားတယ်တဲ.....ဘိုခင်ညွန်. မကျခင်က ဖြစ်ခဲ.တာ...
-စနေထောင်.က သန်းရွှေ ရဲ.ကျောက်စိမ်းဘုရားကတော. ကန်တော.တဲ.သူတောင်မရှိဘူး... အလှူခံပုန်းကြည်. ခါလီဘဲ
- တခြား ထူးခြားတဲ့သတင်းကတော. ၂ခုကြားတယ် သွားပြီး ဓါတ်ပုံ မရိုက်လိုက်ရဘူး
( ၁ ) မန္တလေး အထက် ( ဧရာဝတီ မြစ် အတိုင်း သဘောံနဲ.သွားရတယ်..မင်းကွန်းခေါင်းလောင်းကြီး ရဲ. အထက် ပိုင်း ၁နာရီလောက် သဘောံ ထပ်စီးရတယ် ) ထုံးဘို ဆိုတဲ.ရွာလေးမှာ လွန်ခဲ.တဲ.အနှစ်၃၀ကျော်က ပြန်လွန်တော် မူသွားတဲ. ၀ါဆို ဆရာတော်ကြီး ရဲ. ရုပ်ကလပ် က မပုတ်မသိုးတဲ. အပြင် တလ တခါ လက်သဲချေသဲ နဲ.ဆံတော် တွေ ကိုဒေသခံ ရွာက ဖြတ်ပေးရိပ်ပေးရတယ်...ကျောက်တောင်ထွင်းပြီး မှန်ခေါင်းနဲ. ထားတယ်......နောက်ဆုံး သတင်းကတော. သာမည ဆရာတော် ဘုရားကြီး ရုပ်ကလပ် အခိုးမခံ ရခင်မှာ ဘဲ မှန်ခေါင်းကို ရိုက်ဖျက်ပြီး အခိုးခံ လိုက်ရလို. ဒေသခံတွေ အတော်လေး စိတ်မကေါင်းပြီး....ဒေါသလည်းဖြစ်နေကြပါတယ်...သူတို.ကတော. နအဖ လက်ချက်ဘဲ လို.ပြောကြတယ်...
( ၂ ) မန္တလေး အထက်ဘဲ ကါးနဲ.သွားရတယ် မတ္တရာ က ရွာတရွာ ရဲ. အဖိုးကြီးလင်မယားး နေတဲ. အိမ်ဝင်းထဲမှာ ညောင်ပင်က တပင်လုံးဖြူ နေတယ်....
အဲဒီသတင်းကြားတော. နအဖ က ညောင်ဖြူကို ပိုင်ရှင်ဆီမှ ကျပ်သိန်း ၁၀၀၀ ပေးဝယ်ထားပြီး လောလောဆယ် အဲဒီလင်မယား ကညောင်ပင်ကို စောင်.ရှောက်နေရတယ်ကြားတယ်....အနီးနားက ရွာတွေနဲ.မြို.က လာကြည်.တဲ.သူတွေ တနေ.နေ. မနည်းဘူးပြောတယ်...
- တိုင်းပြည်ကတော. စုတ်သထက်စုတ်နေပြီ....နာဂစ် အပြီး တပြည်လုံး နီးပါး - အလုပ်မဖြစ်ကြဘူး....ငတ်တဲ.သူတွေလည်းများလာပြီ...
- ဗိုလ်ပြုတ်တွေကလည်း လုံးဝ ဘောမရှိဘူး ပြောရုံသက်သက်ဘဲ...ကျောင်းသားတွေလောက်သတ္တိမရှိသလို - အနစ်နာလည်းမခံ ကြဘူး...နအဖ အကျန်အကြွင်း နဲ.အရိုးကိုက်ဘို. ဘဲချောင်းနေကြတယ်.....
- လက်နှက်ကိုင် ငြိမ်း တွေလဲ နအဖ ဆီက ပေးတဲ. အကြွင်းအကျန်နဲ.ဘဲ ပြည်တွင်းမှာ လုပ်ချင်တာလုပ်နေကြတယ်..
- နာဂစ်အပြီး high voltage tower တွေလဲနေတာက ဘာမှ ပြန်မလုပ်ရသေးဘူး..နောက်တခုက UN ကလူတွေ ရန်ကုန်မှာ ရှိနေတယ်....အဲဒါကြောင်. ရန်ကုန်မှာ ၂၄ နာရီ မီးမှန်နေတာ....ကြပ်ပြေးက လွဲ လို. တခြားမြို့တွေမှာ ၆နာရီ ( ၂၄ နာရီ တရက် မှာ ) ဘဲမီးရတယ်...
- ဗမာပြည် တပြည်လုံး electricity demand က 1900 Megawatt တဲ. ဒါပေမဲ.ထုတ်နေတာ က 900 megawatt တဲ.....
- Gas turbine တွေတော်တော်များများရပ်ထားရတယ်....ဘာကြောင်.လဲဆိုတော. gas ကို Total ဆီကနေ USDနဲ.ပြန်ဝယ်နေရလို. မ၀ယ်ဘဲထားတဲ. အချိန်တွေမှာ Gasturbine တွေ တော်တော်များများ ရပ်ထားရတယ်....အခုလည်နေတာက ရေအားလျှပ်စစ်တဲ....
ရွှေလီဘက်က ရေအားလျှပ်စစ်ကလည်း တရုတ်က လုပ်ချင်သလို လုပ်တာ နအဖ ကခံနေရတယ်ပြောတယ်....
- တို.ပြည်သူတွေ ဘယ်လောက်ထိ ခံနေကြရအုန်းမှာလဲ.........ဘာဆက်လုပ်ကြမလဲ.......
ရေးသားပေးပို့သူ-အဘ
Posted by မျိုးချစ်မြန်မာ at 2:49 AM
Saturday, July 19, 2008
၆၁ကြိမ်မြောက် အာဇာနည်နေ့အား လေးစားစွာဖြင့်(Click)


ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)(Click)

၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက် - မြန်မာအလယ်ပိုင်း၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မွေးဖွား။
၁၉၃၂ - မက်ထရစ်စာမေးပွဲကို မြန်မာနှင့် ပါဋိ နှစ်ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်။
၁၉၃၅-၃၈ - ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖြစ် အရွေးချယ်ခံရ။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာဖြစ်လာခဲ့။
၁၉၃၈ အောက်တိုဘာ - တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။
၁၉၃၈ မှ ၁၉၄၀ သြဂုတ် - တို့ဗမာ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃ဂ-၃၉ - ၁၃၀၀ ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သည်။
၁၉၃၉ - မော်လမြိုင်တွင် ကျင်းပခဲ့သော တို့ဗမာ အစည်းအရုံး ညီလာခံတွင် စစ်အတွင်းတွင် ဗြိတိသျှကို မကူညီရေး အဆိုတင်သွားခဲ့သည်။
၁၉၄၀ - ဗြိသိသျှ အစိုးရ၏ ဖမ်းဆီးမိန့်ကြောင့် မြေအောက်လှုပ်ရှားမှုအတွက် ပုန်းလျှိုးခဲ့။
၁၉၄၀ သြဂုတ် ၈ - တရုတ်နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ထို့နောက် ဆက်လက်ပြီး ဂျပန်နိုင်ငံတိုကျိုသို့ ထွက်ခွာခဲ့သည်။
၁၉၄၁ မတ်လ ၃ - မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့သည်။ ဂျပန်မှ ငွေကြေးနှင့် လက်နက် ထောက်ပံ့မှုများ ရခဲ့သည်။
၁၉၄၁ - ရဲဘော် သုံးကျိပ်နှင့် ဂျပန်ပြည်သို့ ထွက်ခွာခဲ့သည်။ ဟိုင်နန်ကျွန်းတွင် ရဲဘော်သုံးကျိပ်ကို ခေါင်းဆောင်ပြီး စစ်ပညာသင်ယူခဲ့သည်။
၁၉၄၁ ဒီဇင်ဘာ ၂၆ - ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့သည်။
၁၉၄၂ မတ် - ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ခေါင်းဆောင်ပြီး (ဂျပန်နှင့်အတူ) မြန်မာနိုင်ငံကို ချီတက် တိုက်ခိုက်ခဲ့သည်။
၁၉၄၂ မတ် ၈ - ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့ လွတ်လပ်ရေး တပ်မတော်က ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။
၁၉၄၂ ဇူလိုင် - ဗမာ့လွတ်လပ်ရေး တပ်မတော် BIA ကို ဗမာ့ ကာကွယ်ရေး တပ်မတော် BDA အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
၁၉၄၂ စက်တင်ဘာ ၈ - ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။
၁၉၄၃ မတ် - ဘီဒီအေ၏ ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။
၁၉၄၃ သြဂုတ် ၁ - ဂျပန်အစိုးရက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေး ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေး ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။
၁၉၄၃ - ဘီဒီအေကို ဗမာ့ အမျိုးသား တပ်မတော် ဘီအန်အေ အဖြစ် အမည်ပြောင်းခဲ့။
၁၉၄၄ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ချုပ်ကို လျှိုဝှက်စွာ ဖွဲ့စည်း။
၁၉၄၅ မတ် ၂၇ - ဗမာ့ တပ်မတော်ကို ဦးဆောင်ပြီး ဖက်ဆစ်ကို တော်လှန်ခဲ့သည်။
၁၉၄၅ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့သို့ အမည်ပြောင်းခဲ့သည်။
၁၉၄၅ - ဘီအန်အေကို PBF မျိုးချစ်ဗမာ့ တပ်မတော်အဖြစ် အမည်ပြောင်းခဲ့။
၁၉၄၆ ဇန်န၀ါရီ - ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့၏ ဥက္ကဌအဖြစ် ရွေးချယ်ခံရ။
၁၉၄၆ စက်တင်ဘာ - အစိုးရ ၀န်ကြီးများ အဖွဲ့၏ ဒုတိယ ဥက္ကဌနှင့် ပြည်ပ ဆက်ဆံရေးတာဝန်းများ ယူခဲ့သည်။
၁၉၄၇ ဇန်န၀ါရီ ၂၇ - အောင်ဆန်း အက်တလီ စာချုပ်ချုပ်ပြီး တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးရန် ကတိရရှိခဲ့သည်။
၁၉၄၇ ဖေဖော်ဝါရီ ၁၂ - ပင်လုံ စာချုပ် ချုပ်ဆိုပြီး တိုင်းရင်းသားများ၏ စည်းလုံးမှုနှင့် လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားပဲ အလိုရှိကြောင်း ပြသနိုင်ခဲ့သည်။
၁၉၄၇ ဇွန် ၁၆ - ပထမ တိုင်းပြည် ပြု လွှတ်တော်တွင် အချုပ်အခြာ အာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သည်။
၁၉၄၇ ဇူလိုင် ၁၃ - မြို့တော် ခန်းမတွင် (နောက်ဆုံး) မိန့်ခွန်း မြွက်ကြားကာ လူထုကို စည်းကမ်းလိုက်နာရန် ပြောကြားခဲ့သည်။
၁၉၄၇ ဇူလိုင် ၁၉ - ၀န်ကြီးများရုံးတွင် နံနက် ၁၀:၃၇ နာရီတွင် အစည်းအဝေး ကျင်းပနေစဉ် ၀န်ကြီး ချုပ်ဟောင်း ဦးစော၏ ဦးဆောင် လုပ်ကြုံမှုဖြင့် ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်နှင့် အတူ အခြား ၀န်ကြီး အဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ၉ဦး ကျဆုံးခဲ့သည်။
Friday, July 18, 2008
အောင်ဆန်းပေးတဲ့ မြန်မာပြည် ။(Click)

Friday, July 18, 2008
အောင်ဆန်းပေးတဲ့ မြန်မာပြည်
အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။
လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။
ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။
- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။
Posted by မျိုးချစ်မြန်မာ at 9:03 AM
Labels: ကဗျာ
Tuesday, July 15, 2008
“ ဘာကြောင့် ဒီလောက် သတ်ပုတ်ရတာလဲ ”
“ ဘာကြောင့် ဒီလောက် သတ်ပုတ်ရတာလဲ ”
- လူဆိုးနှစ်ယောက်၏ လုယက်မှုကိုခံရသေား လူတစ်ယောက်က အကြီးအကျယ် ခုခံတိုက်ခိုက်နေသည်။
- နောက်ဆုံး၌ လူဆိုးများက သူကို ဖမ်းချုပ်ပြီး သူ၏ ပိုက်ဆံအိတ်ကို ယူလိုက်သည် ။
- ပိုက်ဆံအိတ်ထဲတွင် ပိုက်ဆံ နှစ်ဒေါ်လာသာရှိသည်ကို တွေ့ မြင်ရသေားအခါ သူဆိုးများအံ့သြသွားကြပြီး တစ်ယောက်က ပြေားသည် ။
- “ မင်း ဘာဖြစ်လို့  ဒီလောက်တောင် သတ်ပုတ်နေရတာလဲ ”
- ထိုအခါ ထိုလူက ချက်ချင်း ပြန်ပြေားလိုက်သည် ။
- “ ကျွှန်တော် ခြေအိတ်ထဲမှာ ဖွှက်ထားတဲ့ ဒေါ်လာနှစ်ရာကို ခင်ဗျားတို့ တွေသွားမှာ စိုးလို့ ပါ။
- ဒီစာသားလေးတွေကို မိမိ အမြင် ကိုယ်စီဖြင့်မြင်ကြည့်လိုက်ရင် အဓိပ္ပါယ် အမျိုးမျိုးရမယ်လို ကျွှန်တော် ထင်ပါတယ် ။
- လှိုဝှက်အပ်စွာ အရာရာကို ၊ မာတာပိတ မိ နှင့် ဖထား ၊ မယားသော်မှ့  မပြေားရ ။ ဖတ်ဖူးတဲ့ ကဗျာ တစ်ပုဒ်ပါဗျာ ။
- မြန်မာပြည်ကြီ နှင့် မြန်မာလူမျိုးတွေအတွက့် ချမ်းသားအောင် ကယ်တင်နိင်မည့် ပြည်သူ့  ၀န်ထမ်း အာဇာနည် နှင့် ပြည်သူ့  ၀န်ထမ်း လူစွမ်းကောင်းများကို ဒီနေရာလေးမှ့ နေ၍ လေးစား ဂုဏ်ပြု့ လိုက်ပါသည် ။
FBI ကို အလုပ်ပေးခြင်း
FBI ကို အလုပ်ပေးခြင်း
- FBI ဌာနချုပ်၌ တယ်လီဖုန်းသံ မြည်သွားသည် ။
- “ ဟလို ကျွှန်တော့်ရဲ့  အိမ်နီးချင်း ကလစ်ဖိုဒ် အကြောင်း ကျွှန်တော်သတင်းပို့ ချင်လို့ ပါ၊ သူ ထင်းတုံးတွေထဲမှာ ဆေခြောက်တွေကို ဖွှက်နေတယ် ”
- “ ဖုန်းဆက်သတင်းပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျာ ”
- နောက်တစ်နေ့ တွင် FBI မှ လူများ အိမ်နီးချင်း၏ အိမ်ဆီသို့  ရောက်လာကြသည် ။ ထင်းတုံးများထားသည့် ဂိုဒေါင်ရုံကို သူတို့  ရှာဖွေကြသည် ။ ပေါက်ဆိန်များကို အသုံးပြု့ ၍ ထင်းတုံးအားလုံးကို သူတို့ အားလုံး ခွဲကြသည် ။ သို့ သော် ဆေးခြောက်ကို မတွေ့ ကြရချေ ။ သူတို့ ဆဲဆိုရေရွတ်ပြီး ထွက်ခွာသွားကြသည် ။
- အိမ်နီးချင်းအိမ်၌ တယ်လီဖုန်းသံမြည်လာသည် ။
- “ ဟေ့ ကလစ်ဖိုဒ် FBI တွေလာသွားပြီလား ”
- “ အေး ”
- “ မင်းရဲ့  ထင်းတုံတွေသူတို့  ခွဲသွားလား ”
- “ အေး ”
- “ ကောင်းတယ် ၊ အခု ဖုန်းဆက်ဖို့  မင်းအလဲ့ပဲ ၊ ငါ့ခြံထဲမှာ မြေကြီးတွေ တူချင်တယ် ”
- ဒီစာသားလေးတွေကို မိမိ အမြင် ကိုယ်စီဖြင့်မြင်ကြည့်လိုက်ရင် အဓိပ္ပါယ် အမျိုးမျိုးရမယ်လို ကျွှန်တော် ထင်ပါတယ် ။
- ယခု့  ဖူတွေ့ ရသေား ဘုရားကြီးမှာ အရှေ့ တောင် အာရှမှာ အကြီးဆုံး ဗုဒ္ဓ ဆင်းတု့ တော်ကြီးဖြစ်ပါတယ် ၊ မြန်မာပြည် ထဲသို့  သီဟိုကျွှန်း မှ ဗုဒ္ဓသာဿးနာ ပင်ဆောင်ရာ လမ်းကြောင်းမှာပါဝင်တယ်လို့  သိ့ရပါတယ် ၊
ဘုရာဆင်းတု့ တော်ကြီး၏ ပါတ်ဝန်းကျင်တလျှောက်မှာ လျှောင်းတော်မူ ဘုရာတွေ၊ ရပ်တော်မူ ဘုရာတွေ၊ စေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆရာတော်တွေ ၊ဘုန်းကြီးတွေ၊ ကိုရင်ငယ်လေးတွေ၊ အလှူလုပ်နေတဲ့ တကာ တကာမတွေ အများကြီးကိုဖူတွေ့  ရပါတယ် ၊ ရေခြားမြေခြား ၊ ဘာသာခြား လူမျိုးခြား တိုင်ပြည် တခု့ မှာ ယခု့ ကဲ့သို့  ဗုဒ္ဓသာ ဿနာကို အမှတ်မထင်ပဲး တွေရှိလိုက်ရတဲ့အတွက် အလွန်မတန်မှ့  အံသြ ၀မ်းသာမိ့ပါတယ် ။
- အမှတ်တရအဖြစ် ကျွှန်တော်တို့ သားအဖ နှစ်ဦး စော့ကစားနေတဲ့ ပုံလေးပါ ၊ အသင်တို့ မှာ အခွင့်ကြုံခဲ့ရင် သွားရောက့် ဖူးမျှော်ကြပါလို့  တိုက်တွန်း နိုးဆော်ပါတယ် ခင်ဗျာ ။
- မြန်မာပြည်ကြီ နှင့် မြန်မာလူမျိုးတွေအတွက့် ချမ်းသားအောင် ကယ်တင်နိင်မည့် သာဿန အာဇာနည် နှင့် သာဿန လူစွမ်းကောင်းများကို ဒီနေရာလေးမှ့ နေ၍ လေးစား ဂုဏ်ပြု့ လိုက်ပါသည် ။
Monday, July 14, 2008
မြန်မာပြည်မှာ အစဉ်မပြည်လို့  နိင်ငံခြားကို သွာမယ်ဆို ။
“ ပလွေသံမစဲနိင်ကြလွန်းလို့ ပါ ”
- အန်ဂူး ဟု့ ခေါ်သော စကော့တလန် လူမျိုး ကောင်လေးတစ်ယောက်သည် သြစတြေလျ၌ နေထိုင်ရန် ဆုံးဖြတ်လိုက်သည် ။ သေးငယ်သေား အဆောက်အဦးတစ်ခု့ တွင် တိုက်ခန်းတစ်ခန်ရှာပြီး နေထိုင်သည် ။
ရက်သတ္တပတ် ၊ တစ်ပတ် ၊ နှစ်ပတ် ကြာသေားအခါ သူ၏အမေက သူမ၏သား ဘ၀အသစ်တွင် မည်ကဲ့သို့ နေထိုင်သနည်းဟုသ်နိင်ရန် အာဘာဒင်မြို့ မှ ဖုန်းလှမ်းဆက်သည် ။
- “ ကျွှန်တော် အဆင်ပြည်ပါတယ် ” အန်ဂူး က ပြေားသည်။ “ ဒါပေမယ့် ဒီတိုက်ခန်းတွေမှာနေတဲ့ သူတွေကတော့ တကယ်ကို ထူးဆန်းတယ် ၊ အမျိုးသမီးတစ်ယောက်ကတော့ တစ်နေ့ လုံးငိုနေတယ် ၊ နောက်တစ်ယောက်ကတော့ ကြမ်းပြင်ပေါ်မှာလှဲပြီး ညည်းညူးနေတယ်။ ကျွှန်တော်နဲ့  အခန်ချင်းကပ်လျှက်လူကတော့ တချိန်လုံး နံရံကို ခေါင်းနဲ့  ဆောင့်နေတယ် ”
- “ ငါသား မင်း အဲသလိုလူတွေနဲ့  အပေါင်းးအသင်း မလုပ်နဲ့ နော် ” သူအမေကပြေားသည် ။
“ အို အမေ ကျွှန်တော်သူတို့ နဲ့  အပေါင်း အသင်း မလုပ်ဘူး ” အန်ဂူး ကပြေားသည်။ “ ကျွှန်တော် တစ်ညလုံး အခန်ထဲမှာနေပြီး လေပိုက်ပလွေ မှုတ်နေတာပါ ”
- ဒီစာသားလေးတွေကို မိမိ အမြင် ကိုယ်စီဖြင့်မြင်ကြည့်လိုက်ရင် အဓိပ္ပါယ် အမျိုးမျိုးရမယ်လို ကျွှန်တော် ထင်ပါတယ် ။
-အခက့်အခဲးတွေ အမျိုးမျိုးကြားထဲမှ့ နေပြီး စွန့် စွန့် စားစား နေထိုင် လုပ်ကိုင်နေကြရသေား နိင်ငံခြားရောက် မြန်မာ လူမျိုးများအား လေးစား ဂုဏ်ပြု့ ပါသည် ၊ အားလုံးအောင်မြင်ကြပါစေ ။
- မြန်မာပြည်ကြီ နှင့် မြန်မာလူမျိုးတွေအတွက့် ချမ်းသားအောင် ကယ်တင်နိင်မည့် အေးဂျင်း နှင့် အလုပ်ပိုင်ရှင်ကို ဒီနေရာလေးမှ့ နေ၍ လေးစား ဂုဏ်ပြု့ လိုက်ပါသည် ။
Sunday, July 13, 2008
ဗုဒ္ဓ သာသနာ ရောင်ဝါနေသို့  လင်းစေသော် ။
“ လုပ်ရက်တယ်ကွယ် ”
- လုပ်ငန်းတစ်ခု့  မအောင်မမြင်ဖြစ်ပြီးနောက် ငွေအကြပ်အတည်းဖြစ်သွားသေား ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်သည် ပိုက်ဆံအလွန်အမင်းလိုအပ်နေသည်။ ငွေကြေးရှာလိုသေား သူမသည် ကလေးတစ်ယောက်ကို ပြန်ပေးဆွဲ၍ ပိုက်ဆံတောင်းရန် ဆုံးဖြတ်လိုက်သည် ။
- အနီးအနားရှိ ကစားကွင်းစီသို့  သူမသွာ၍ တွေ့ ရာ ကလေးတစ်ယောက်ကို ဖမ်းဆွဲပြီး အဆောက်အဦးနောက်သို့ ခေါ်သွားကာ ပလေးမလေးကို ပြောပြသည် ။
- “ မင်းကို ငါ ပြန်ပေးဆွဲးလိုက်ပြီ ”
- ထို့ နောက်တွင် သူမက စာတစ်စောင်ကို ဤသို့ ရေးလိုက်သည် ။
- “ ရှင်တို့ ရဲ လလေးကို ကျွှန်မ ပြန်ပေးဆွဲထားတယ်၊ မနက်ဖြန်နံနက်ကြရင် ဒေါ်လာတစ်သောင်းကို စက္ကူအိတ်ထဲထည့်ပြီး ကစားကွင်းတောင်ဘက် ခြံတခါးပေါက်အနီးက ပန်းသီပင်အောက်မှာ ချထားခဲ့ပါ ၊ ပုံ ရွှေဝါရောင်ဆံပင်နှင့်အမျိုးသမီး ”
- အမျိုးသမီးက ထိုစာကို ကလေး၏ အင်္ကျီတွင် တွယ်ချိတ်နှင့် ချိတ်ပေးပြီး သူမ၏ မိဘများကို ပြသရန် သူမအိမ်သို့  လွှတ်လိုက်သည်။ နောက်တနေ့  နံနက်တွင် အမျိုးသမီက စစ်ဆေးကြည့်သေားအခါ အသေအချာပင် ပန်းသီးပင်အောက်၌ စက္ကူအိတ်တလုံး ရှိနေသည် ။ အမျိုးသမီးက အိတ်ထဲကို ကြည့်လိုက်သေားအခါ စာတစ်စောင်နှင့်အတူ ဒေါ်လာတစ်သောင်းကို တွေရသည်။ စာတွင် ဤသို့ ရေးထားသည် ။
- “ ရွှေဝါရောင်ဆံပင်ရှိတဲ့ မိဘတွေကို မင်းဘယ်လို လုပ်လိုက်တာလဲ ”
- ဒီစာသားလေးတွေကို မိမိ အမြင် ကိုယ်စီဖြင့်မြင်ကြည့်လိုက်ရင် အဓိပ္ပါယ် အမျိုးမျိုးရမယ်လို ကျွှန်တော် ထင်ပါတယ် ။
- ကို့  ဘ၀ ကိုမေ့ ၊ ကို့  ဂုဏ် ကိုယ်မောက်နေတဲ့ ပါတ်ဝန်းကျင်က လူတွေအတွက်ကတော့ တစ်နေ့ ကျ ၊ ကို့ ပါတ်ဝန်းကျင်ကပဲ ပြန်ပြီဆုံးမ သွားမှာလို့  ထင်ပါတယ် ။
- မြန်မာပြည်ကြီ နှင့် မြန်မာလူမျိုးတွေအတွက့် ချမ်းသားအောင် ကယ်တင်နိင်မည့် လုပ်အားပိုင်ရှင်ကို ဒီနေရာလေးမှ့ နေ၍ လေးစား ဂုဏ်ပြု့ လိုက်ပါသည် ။
Saturday, July 12, 2008
“ လမ်းကြောင်းပြောင်းပေးပါ ”
“ လမ်းကြောင်းပြောင်းပေးပါ ”
- ၁၉၉၅ ခုနှစ် အောက်တိုဘာလ နယူဖေါ်လန် ကမ်းခြေအနီးတွင် အမေရိကန် ရေတပ်သင်္ဘေားနှင့်
ကနေဒါအာဏာပိုင်တို့  အမှန်တကယ် ရေဒီယိုဆက်သွယ် စကားပြေားခဲ့ပုံများ ဖြစ်သည်။
- ရေဒီယိုစကားပြေားခြင်းကို ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်၌ရေတပ်မှ ထုတ်ပြန်ပြေားကြားခဲ့ခြင်း ဖြစ်သည်။
- အမေရိကန် - တိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက် ခင်ဗျားရဲ့ လမ်းကြောင်းကို မြောက်ဖက်သို့ ၁၅ ဒီဂရီ ရွှေ့ ပေးပါ ။
- ကနေဒါ - နိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက် ခင်ဗျားရဲ့  လမ်းကြောင်းကို တောင်ဖက်သို့  ၁၅ ဒီဂရီ ရွှေ့ ပေးရန်
အကြံပြု လိုပါတယ် ။
- အမေရိကန် - အမေရိကန်စစ်သင်္ဘောမှ ကပ္ပတိန်စကားပြေားနေပါတယ်။ ခင်ဗျားရဲ့ လမ်းကြောင်းကိုပြောင်းပေးဖို့ 
ကျွှန်တော်ထပ်ပြေားပါမယ် ။
- ကနေဒါ - မပြောင်းနိင်ပါဘူး ၊ ခင်ဗျာရဲ့  လမ်းကြောင်းကို ပြောင်းဖို့  ကျွှန်တော်ထပ်ပြေားပါမယ် ။
- အမေရိကန် - အမေရိကန် ပြည်ထောင်စု့ ရဲ့  အတ္တလန်န္တိတ် ရေတပ်က ဒုတိယအကြီးဆုံး သင်္ဘေားဖြစ့်တဲ့
လေယာဉ်တင် သင်္ဘေားယူအက်စအက်စ် လင်ကွန်း စကားပြေားနေပါတယ် ၊ ကျွှန်တော်တို့ မှာ ဖျက်သင်္ဘေား ၃ စင်း ၊
ကဂူဘာ ၃ စင်း နဲ့  ထောက်ပံရေးယာဉ်များစွာပါပါတယ် ။ ခင်ဗျားရဲ့ လမ်းကြောင်းကို မြောက်ဘက်သို့  ၁၅ ဒီဂရီ ရွှေ
့ပေးဖို့  ကျွှန်တော်တောင်းဆိုပါတယ် ။ နိုမဟုတ်ရင် ဒီသင်္ဘေားရဲ့  လုံခြုံရေးအတွက် တန်ပြန်လုပ်ဆောင်မှုတွေ
လုပ်ရပါလိမ့်မယ် ။
- ကနေဒါ - အခု့  စကားပြေားနေတာ မီးပြတိုက် ဖြစ်ပါတယ် ။ ခင်ဗျားပဲ လမ်းရွှေ့ ရပါလိမ့်မယ် ။
- မြေကြီးလိုမာတဲ့ တိုင်ပြည်နဲ့  လူမျိုးတွေမပေါ် အနိင်ယူ ချင်တဲ့ စိတ်ဓါတ့် ရှိနေတဲ့သူတွေအတွက်တော့ ဒီတလမ်းကိုပဲ ရွှေ့ ပြီး သွားရမှာလို့  ထင်ပါတယ် ။
- မြန်မာပြည်ကြီ နှင့် မြန်မာလူမျိုးတွေအတွက့် ချမ်းသားအောင် ကယ်တင်နိင်မည့် အတွေးပိုင်ရှင်ကို ဒီနေရာလေးမှ့ နေ၍ လေးစား ဂုဏ်ပြု့ လိုက်ပါသည် ။
“ ထူခြားသေားဆောင်ရွက်ချက် ”
“ ထူခြားသေားဆောင်ရွက်ချက် ”
တပ်ထဲသို့  ၀င်ခါစရှိသေးသေား အစ္စရေးစစ်သား တစ်ယောက်သည် ဦးစီးအရာရှိကို ခွင့် ၃ ရက် တောင်းလေသည်။
- ဦးစီးအရာရှိက ပြေားသည်။
“ မင်း ရူးနေသလား ၊ မင်း မခုမှ အစ္စရေးစစ်တပ်ထဲကိုဝင်ခါစရှိသေးတယ် ၊ခွင့် ၃ ရက် လိုချင်နေပြီလား ၊ မင်း ဒီအခွင့်အရေးရဖို့ အတွက် ထူခြားမှုတစ်စုံတရာ လုပ်ရလိမ့်မယ် ”
- ထိုကြောင့် နောက်တစ်ရက်ကြာသေားအခါ အာရပ် တင့်ကားတစ်စီးဖြင့် ပြန်လားသည်။
- ဦးစီးမှူး အလွန်သဘေားကျသွားပြီး သူကို မေးလိုက်သည်။
“ မင်း အဲဒါကို ဘယ်လိုလုပ်လိုက်သလဲ ”
“ ကျွှန်တော် တင့်ကားတစ်စီးပေါ်ခုန်တက်ပြီး အာရပ်နယ်စပ်ဆ်ီကိုသွားတယ် ၊ နယ်စပ်အနား ကျွှန်တော်ချဉ်းကပ်လာတဲ့အခါ အာရပ်တင့်ကားတစ်စီးကို တွေ့ တယ် ၊ ကျွှန်တော် အလံဖြူထောင်ပြလိုက်တယ် ၊ အာရပ်စစ်သားကို “ မင်းခွင့် ၃ ၇က် လိုချင်သလား ” လို့ ပြေားလိုက်တယ် ၊ အဲဒါနဲ့ ပဲ ကျွှန်တော်တို့  တင့်ကားချင်း လဲလာကြပါတယ် ”
-ဒီစာသားလေးတွေကို မိမိ အမြင် ကိုယ်စီဖြင့်မြင်ကြည့်လိုက်ရင် အဓိပ္ပါယ် အမျိုးမျိုးရမယ်လို ကျွှန်တော် ထင်ပါတယ် ။ မြန်မာပြည်ကြီ နှင့် မြန်မာလူမျိုးတွေအတွက့် ချမ်းသားအောင် ကယ်တင်နိင်မည့် အတွေးပိုင်ရှင်ကို ဒီနေရာလေးမှ့ နေ၍ လေးစား ဂုဏ်ပြု့ လိုက်ပါသည် ။
Friday, July 11, 2008
ကျွှန်တော် ဘလောခ့် ၊ ဘ၀ ၊ ဆန္ဒ မှတ်တမ်း ၊(Click)


- ဒီပုံလေးကတော့ “ ဒေါင်းဖြူလေး ” ကနေတဲ့ပုံပါ ။ကျွှန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ တိရစ္ဆာန် ဥယျာဉ် တစ်ခု့ ထည်းမှာ ယနေ့ လက်ရှိ့ အသက်ရှင်သန်နေပါတယ် ။
- မြန်မာနည်းအရ ပြေားရရင်တော့ ထူခြား ၊ ဆန်းပြားသေား ဘုန်းတန်ခိုး ရှိသေား အရာ ၀တ္ထု ၊ ဘုန်းရှင် ကံ ရှင်ဟု့  အဓိပ္ပါယ် ရပါတယ် ။ ဒီလို ဖြူစင်သေားအရာမျိုး ပိုင်ဆိုင်လိုကြပါတယ် ။
- သိပ္ပံနည်း အရ ကြည့်ခဲ့ရင်တော့ ပုံမှန်ရှိသင့်သေား အရောင် ရှိရမည့်အစား အဖြူရောင်က ပိုများနေတဲ့သဘေားပါ ၊ ရေားဂါတခု့ ခု့ ဝင်ရောက်နေတဲ့ သဘေားလို့  အဓိပ္ပါယ် သတ်မှတ်ပါတယ်။
- ဒါပေမဲ့ ကျွှန်တော်အနေနှင့် ယနေ့ အသက်ရှင်နေတဲ့ အမှတ်မထင်ပဲ ရရှိလိုက်တဲ့ ဒီပုံလေး နှစ်ခု့ က ကျွှန်တော် ဘလောခ့် အတွက် ရှင်သန်ခြင်း လို့ ယုဆပါတယ် ၊
- ကျွှန်တော်၏ ဘ၀ မှာလည်း ယခု့ ကဲ့သို့ ဖြူဖွေးတဲ့ ဘ၀ နဲ ရှင်သန်ခြင်းမျိုးကို မျှော်လင့်ပါတယ်၊
- ယနေ့ လက်ရှိ့ အသက်ရှင်ရပ်တည်နေသေား ဒီလိုဖြူစင်သေား “ညောင်ပင်ဖြူလေး” လို စစ်မှန်သေား မြန်မာလူစွမ်းကောင်းတွေ၊ ဒီလိုဖြူစင်သေား “ ဒေါင်းဖြူလေး ” လို စစ်မှန်သေား မြန်မာဒီမိုကရေစီခေါင်းဆောင် လူစွမ်းကောင်းတွေ များများ ပေါ်ပေါက်လာနိင်ရပါစေ မြန်မာပြည်ကြီး အမြန်ဆုံး အမိစုံ အဖစုံ ဖြင့် မိခင်နှင့် တူသေား စိတ်ထားတွေ များများ ထားနိင်ကြပြီး အေးချမ်းရပါလို၏ ဟုလည်းဆန္ဒပြုပါသည် ။
- ဤ ပုံလေးများအား ( တစ်ဦးနှင့် တစ်ဦး မသိ့ရှိပေမဲ့) အားလုံးသိ့ရှိရအောင် ဖေါ်ပြပေးသေား ဘလောခ့် ပိုင်ရှင် ဆရာ ၊ ဆရာမ များအားလုံးတို့ အား ကျွှန်တော်က ဒီနေရာလေးမှ့ နေ၍ ဂါရ၀ပြု့ ပြီးကျေးဇူးအထူးတင်ရှိ အပ်ပါကြောင်း ပြေားကြားပါရစေ ။ အားလုံးကိုကျေးဇူးတင်ပါသည် ခင်ဗျာ..။ ။
သဘာဝကျတဲ့ မြန်မာခေါင်းဆောင်၏ “ မင်္ဂလာ ”ထမင်းစားပွဲ ဘိတ်ကြားစာ ။

ဗိုလ်ချုပ်ကြီး တေဇ နှင့် ဒေါ် ခင်ကြည် တို၏ “ မင်္ဂလာ ”ထမင်းစားပွဲ ဘိတ်ကြားစာ

ပေးပို့သူ - ကိုထက်အောင်
Posted by မျိုးချစ်မြန်မာ
( ဖေါ်ပြပေးသေား ဆရာသမားများ အားလုံးကို ကျေးဇူး အထူတင်ရှိပါသည် ။)
မြန်မာလူမျိုး တစ်ဦးဖြစ်သေား ကျွှန်တော်အတွက့် ဂုဏ်ယူ အားကျ အတု့ ယူဖွယ်ရာ ဖြစ်သေားကြောင့် ထပ့်ဆင့်ဖေါ်ပြလိုက်ပါသည် ခင်ဗျာ ၊ အားလုံးကိုကျေးဇူးတင်ရှိပါသည် ။
မြန်မာလူမျိုးတွေအပေါ် ဘယ်တော့မှ့  ကောင်းမှာမဟုတ်တဲ့ ထိုင်းနိင်ငံပါ ။ ( ကိုယ်တွေ့ ကျုံခဲ့ရလို့ )Click
နာပဒွန် ပတ်တမာ တော့ သွားပြီ၊ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျ အလှည့် ကတော့ မကြာခင် လာတော့ မယ်

ဆောင်ပါး- (m.s)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန် ပတ်တမာ ဟာ ထိုင်း စီးပွားရေးအကျိုးအမြတ် တခုတည်းကိုကြည့်ပြီး၊ အာဏာရှုး နေတဲ့ ဒေ၀ဒတ် န၀တစစ်အုပ်စုကို ကိုးကွယ်သော ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျရဲ့ အဆင်မြင့်ဝန်ကြီးတဦးဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာကအရေးယူပြစ်ဒဏ်ချမှတ်မူ့တွေကို အကာအကွယ်ပေးနေသူ၊ လမ်းမှား ရောက်နေသော သူတဦးလည်းဖြစ်ပါတယ်။
အခုတော့ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေ တိုးတက်မူ့ကိုမလိုလားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာ မိစ္ဆာတကောင်တော့ သူ့အကုသိုလ် သူအကျိုးပေးသွားရှာပြီ။
သူ့ရဲ့ နုတ်ထွက်ခဲ့မှုဟာ ထိုင်း-ကမ္ဘောဒီးယား အကြား နယ်စပ်ဒေသရှိ သမိုင်းဝင် Preah Vihear ဘုန်ကြီးကျောင်းပိုင်ဆိုင်မှုကို အငြင်းပွားခဲ့ရတဲ့ပြသနာ ကစခဲ့တာပါ။ ထိုင်းပြည်သူတွေနှင့်အတိုက်အခံကတော့ သူဟာ ကမ္ဘောဒီးယားရှိ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ထိုင်းနိုင်ငံကိုရောင်းစားခဲ့တာလို့စွပ်စွဲခဲ့ကြပါတယ်။
အခုတော့ ဒီသမိုင်းဝင် Preah Vihear ဘုန်ကြီးကျောင်းကို ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံ အဆိုပြု တင်သွင်းကာ၊ ကုလသမဂ္ဂ ရှိ UNESCO က ကမ္ဘာသမိုင်းဝင်အမွေအနှစ် အဖြစ် ကျေညာပြီး တရားဝင်အသိအမှတ်ပြုလုပ်ပါပြီ။
ဒီလိုဆုံးဖြတ်ခဲ့မူ့အပေါ် သက်ဆိုင်ရာ အထောက်အထားတွေကို သူက ထိုင်း အမျိုသားလွှတ်တော်ကိုအသိမပေး၊ မတင်သွင်းခဲ့ပါဘူး။ ခွင့်ပြုချက်လည်းမယူခဲ့ပါဘူး။ ဒီကိစ္စအကြောင်း ထိုင်း-ကမ္ဘောဒီးယား-UNESCO အကြား ဆွေးနွေးစဉ်မှာ ထောက်ခံပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို လွှတ်တော်မတင်သွင်းဘဲ ဆုံးဖြတ်မှုဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် သူဟာပြစ်မူ့ထင်ရှားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာဟာ ကနေဒါနိုင်ငံရှိ UNESCO ဘုတ်အဖွဲ့ ဌာနသို့လိုက်သွားပြီး၊
ဒီကိစ္စကို ဆိုင်ငံ့ထားဖို့ ကျိုးစားတောင်းဆိုခဲ့ပေမဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ဘုတ်အဖွဲ့က လက်မခံခဲ့တာကြောင့်၊
ရှက်ရှက်နဲ့ထိုင်းနိုင်ငံပြန်လာခဲ့ရပါတယ်။
ဆုံးဖြတ်ချက်ပြန်လည် ပြင်ဆင်ချင်ပေမဲ့၊ အလာကောင်းပေမဲ့ အခါနှောင်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာဟာ အပြန်လမ်းမှာဘဲ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကနေ နုတ်ထွက်သွားပါတယ်။
ထိုင်းအတိုက်ခံပါတီ ကိုယ်စလှယ်တွေက သူ့ကို လွှတ်တော်မှာနုတ်ထွက်ဖို့ အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ စတင်ပြုလုပ်နေစဉ်မှာဘဲ ဒီလိုနုတ်ထွက်မူ့ကို ကျေညာလုပ်တာ ဖြစ်ပါတယ်။
န၀တစစ်အုပ်စု ဒေ၀ဒတ်ကို ကျေးဇူးရှင်ဆရာလို့ ကိုးကွယ်ခဲ့တာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာတယောက် ကံ ကံ၏အကျိုး၊ မကောင်းမူ့ ပြု လုပ်သူဟာ မ ကောင်းတာ အရှင် လတ်လတ် ခံစား နေရတာပါဘဲ။
Once Thailand's Foreign Minister Noppadon on Burma's notorious Junta
It is amazing that Thailand's foreign minister should be able to make such ridiculous comments with a straight face. Perhaps I am being too hard on Mr. Noppadon since any foreign minister would say this. It is Thailand's policy and a foolish one.
From AFP:
Thailand's foreign minister said Monday he hoped Myanmar's upcoming referendum on a new constitution would be "credible", on the eve of a visit by the country's prime minister.
Noppadon Pattama said the neighbours may discuss the referendum, which Myanmar's military rulers say will pave the way for elections in 2010, during General Thein Sein's visit.
"The democracy process could be brought up at the talks as Thailand wants the May 10 referendum to be successful and credible," Noppadon told reporters.
"We want to see Myanmar on a good development track."
(A Supporter of Burmese Military Thugs - Thai FM Noppadon)
Posted by Moethee Zun at 11:32 0 comments
Labels: သတင်း