Friday, May 30, 2008

တွယ်ရာမဲ့နေသည့် ကလေးဝိညာဉ်(Click)

-ဒုက္ခသည်များကြား ကင်မရာတလုံးနှင့် မှတ်တမ်းလိုက်ယူနေရင်း ကြုံခဲ့ရ သည့် အဖြစ်အပျက်တခုဖြစ်ပါသည်။ -ပုံတွင်ပါရှိသည့် ဒုက္ခသည်မိသားစုကို ကင်မရာ ဖြင့်  ချိန်ကာ ရိုက်လိုက် အစဉ်အချိန်က အနီးအနားတွင် ကလေး များတဦးတလေ မှရှိမနေပါ… မှတ်မှတ်ရရ ပါ။ ထိုဒုက္ခသည် မိသားစု များနှင့်စကားပြောဆိုနေချိန်တွင် လည်း မည်သည့်ကလေးငယ်မျှ အနီးအနားသို့ ရောက်မလာ ပါ…။ ကျနော် အိမ်ပြန်ရောက်၍ ကွန်ပြုတာဖြင့် ပုံ ကြီးချဲ့လိုက်သောအခါတွင်မျှ ခြေထောက်တဖက်မပါသည့်  ကလေးငယ်တဦး၏ ၀ိုးတ၀ါးပုံရိပ် ပေါ်ပေါက် နေပါသည်။ ကျနော်ထိုပုံကိုအထပ်အခါခါ စမ်းစစ်ကြည့်ပါသည်။ သေချာပါသည်။ မကျွတ်မလွတ်သေးသော။ သေဆုံးသွားသည့် ကလေးငယ်၏ပုံ ဖြစ်နေပါသည်။


-ယခုဓါတ်ပုံအား ကျနော် စာတန်းရေးယုံ က လွဲ လို့  ပြုပြင်ပြင်ဆင်ထားခြင်း လုံးဝမရှိပါကြောင်း ရဲရဲဝံ့ဝံ့ အာမခံ နိုင်ပါသည်…။ကင်မရာ ရှပ်တာအနှေးဖြင့် လဲရိုက်ထားခြင်း လဲမဟုတ်ပါ॥။ကျနော်တို့အနေဖြင့်  အသက်ရှင် ကျန်နေခဲ့သူများအား ကူညီကယ်ဆယ် နေခြင်းအပြင် သေဆုံးသွားကြသူများကိုလဲ အမျှအတမ်း ပေးဝေကာ ကောင်းမှု ကုသိုလ်ပြုပေးကြပါရန် သတိပေးလိုက်သကဲ့သို့  ဖြစ်နေပါတော့ သည်…။

( မှတ်ချက် ) …ဤပုံသည် နာဂစ်မုန်တိုင်း ဖြစ် ပြီးလေးရက် မြောက်နေ့ တွင် ကွမ်းခြံကုန်းမြို့ပေါ်ရှိ ဒုက္ခသည် စခန်းတခုတွင် ရိုက်ကူးထားသော ပုံ ဖြစ်ပါသည်။

စိတ်ဝင်စားစရာလို့သတ်မှတ်တင်ပြပါတယ် မူရင်းကို http://burmesepeople.blogspot.com/ ဖတ်နိုင်ပါတယ်