Saturday, May 24, 2008

အမေရိကန် ၀င်လို့ ရနိင်ပြီ ။ မျှော်လင့်ချက် ရောင်ခြည် “စ” ပါပြီ ။(Click)

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု


အေအက်ဖ် ပီ
မေ- ၂၃

-ဘန်ကီမွန်းနဲ့ ထမင်းတလုပ်ကျွေး တုတ်တစ်ချက်ရိုတ်သေား ကကျေးဇူးရှင်များနှင့်
ဆွေးနွေးအပြီး ကယ်ဆယ်ရေးလုပ်သားတွေ အားလုံးဝင်လို့ 
ရပြီလို့ ကြေညာပြီးနောက်ပိုင်းမှာ အားလုံးက သံသယဖြစ်နေကြတယ်။
- ဒါပေမဲ့  ဒီနေ့ ညနေပိုင်းမှာ ဆက်လက် ထွက်ပေါ်လာတဲ့သတင်းအရ
ကယ်ဆယ်ရေးလုပ်သားတွေဆိုရင် ဘယ်နိင်ငံဘယ်လူမျိုးကိုမဆို
ဝင်ခွင့်ရမယ်လို့ သိရပါတယ်။
-အမေရိကန်အစိုးရ လူမှုထောက်ကူပြု အဖွဲ့ ကတော့သောကြာနေက
ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပါတယ်။
-သတင်းပြန်ကြားရေးတာဝန်ခံ ရီဘက်ကဂူစတပ်ဆန် - USAID - က
ဒီသတင်းကို အေအက်ဖ်ပီကို ပြောလိုက်ပါတယ်။
-အသေးစိတ် အချက်အလက်တွေကိုဆက်လက်စုံစမ်းဦးမယ်လို့ ဆိုပါတယ်။
-ကျမတို့ အနေနဲ့  ကူညီနိင်ဖို့ နည်းလမ်းပေါင်းစုံကို ကြိုးပန်းခဲ့ပါတယ်။
-ဒီသတင်းကတော့ သတင်းကောင်းပါပဲလို့ 
ဘန်ကောက်သတင်းစာရှင်းလင်းပွဲမှာသူမကပြောခဲ့ပါတယ်။
-DRAT-( Disaster Assistance Response Team )- ကို
အမြန်ဆုံးစေလွတ်မယ်လို့ လည်းပြောပါတယ်။
-သိတဲ့အတိုင်းပါပဲရှင်ကျမတို့ အမေရိကန်အစိုးရမှာ လူတွေကို
ကယ်တင်နိင်ဖို့ အတွက်စွမ်းရည်တွေအပြည့် အ၀ရှိနေပါတယ်။
-အမြန်ဆုံးကူညီမှုတွေလုပ်သွားပါမယ်။
-နိင်ငံတကာနဲ့ ကျမတို့ ပူးပေါင်းလုပ်ဆောင်သွားမှာ အခိုင်အမာပါပဲလို့ 
သူမက ဆက်လက်ပြောဆိုပါတယ်။
-သူမက ဆက်ပြောတာက မြန်မာရေပိုင်နက်မှာ အမေရိကန် ရေတပ်မှာ
ကယ်ဆယ်ရေးပစ္စည်းတွေအပြည့် တင်ထားပါတယ်။
-အလျင်မြန်ဝင်ရောက်ကယ်တင်ဖို့  အသင့်အနေထားမှာအမြဲရှိနေတယ်။
-စစ်အစိုးရက မီးစိမ်းပြလိုက်တာနဲ့ ဝင်ချလိုက်မှာပါလို့ ဆိုပါတယ်။